လယ်ယာမြေ ဥပဒေအကြောင်း

လယ်ယာမြေ ဥပဒေအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
21 Jun 2025 10:53 am တွင် တင်ခဲ့သည်
929 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ထွက်ရှိပြီးနောက်ပိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန်အတွက် မြို့နယ်ဦးစီး ဌာနရုံးသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) လျှောက်ထားရမည်ဖြစ်ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားသူသည် လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော တောင်သူလယ်သမား အိမ်ထောင်စုဝင်ဖြစ်ရပါမည်။ အသက် (၁၈) နှစ် ပြည့်သူ နိုင်ငံသားဖြစ်ရမည်။ လယ်ယာမြေအား မူလလုပ်ပိုင်ခွင့် ပုံစံရရှိထားသော အစိုးရအဖွဲ့အစည်း၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ အသင်းအဖွဲ့များမှလဲ ပုံစံ-၇ လျှောက်ထားခြင်းပြုနိုင်ပါသည်။ လျှောက်ထားသည့် လယ်ယာမြေ၏ ရပ်ကွက်၊ ကျေးရွာအုပ် စုတွင် အခြေချနေထိုင်သူလဲဖြစ်ရန် လိုပါသည်။

လယ်ယာမြေပိုင်ခွင့်လျှောက်ထားရာတွင် ကန့်ကွက်သူ ပေါ်ပေါက်လာလျှင် နည်းဥပဒေ-(၉) အရ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စုံစမ်းစစ်ဆေးပေးမည်ဖြစ်ပါသည်။ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များကို အဆင့်ဆင့်တင်ပြ၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ ဖြေရှင်းဆောင်ရွက်ပြီးမှသာ ပုံစံ(၇) ထုတ်ပေးမည်ဖြစ်ပါသည်။

လယ်ယာမြေအား ပုံစံ (၇)ရရှိပြီးနောက်ပိုင်း လွှဲပြောင်းရောင်းချ၊ လဲလှယ်ခြင်း၊ အမွေဆက်ခံခြင်း၊ ပေးကမ်းခြင်း ဆောင်ရွက်လိုသည့်အခါတိုင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ကာ ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံ တင်ကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေထွက်ရှိပြီးနောက်ပိုင်းတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) အမည်ပေါက်ရရှိသူ သည် အောက်ပါအကျိုးခံစားခွင့်များ ခံစားခွင့်ရှိပါသည်။

- လယ်ယာမြေကို လက်ရှိထားခွင့်၊ စိုက်ပျိုးခွင့်၊

- ခွင့်ပြုပါက ရာသီသီးနှံများ ပြောင်းလဲစိုက်ပျိုးခွင့်၊

- စိုက်ပျိုးသီးနှံများ၏ အကျိုးအမြတ်အား ခံစားပိုင်ခွင့် ၊

- လယ်ယာမြေ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ စည်းကမ်းချက်များအတိုင်း ရောင်းချခွင့်၊ ပေါင်နှံခွင့် ၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းနိုင်သည့် အခွင့်အရေး၊

- အငြင်းပွှားမှုဖြစ်ပေါ်ပါက တရားရုံး၏ ဆုံးဖြတ်ချက်ခံယူပိုင်ခွင့်၊

- ပုဒ်မ-၉(စ) အရ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေနှင့်အညီ အကျိုးတူ လုပ်ပိုင်ခွင့် တို့ရှိပါသည်။

ထို့အပြင် လယ်ယာမြေဥပဒေ ထွက်ရှိပြီးနောက် လယ်ယာမြေ အငြင်းပွားမှုများ၊ မြေယာမှုခင်းများ အမှုဖွင့်လှစ် ဆက်လက်ဆောင်ရွက်ရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ယူပြီး ပုဒ်မ-၁၃ အရ မှတ်ပုံတင်ပြီး မှသာလျှင် တရားဝင်ဖြေရှင်း ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ပါသည်။

လယ်ယာမြေမှာ ဆန်စပါးစိုက်ပျိုးရန်အတွက် ရည်ရွယ်သောကြောင့် အခြားသီးနှံပြောင်းလဲစိုက်ပျိုးလိုခြင်း၊ အခြားနည်းအသုံးပြုခြင်း ဆောင်ရွက်လိုသည့်အခါ ခွင့်ပြုချက်ရရှိမှ ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။ အခြားနည်း အသုံးပြုရန်မှာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက် လိုအပ်ပါသည်။

လယ်ယာမြေအား စီမံခန့်ခွဲရာတွင် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ရပ်ကွက်(သို့) ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဟူ၍ အဆင့် ဆင့်ဖွဲ့စည်းကာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် တောင်သူလယ်သမားကိုယ်စားလှယ် (၅) ဦးပါ ပါဝင်ဖွဲ့စည်းထားကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service