အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
25 Apr 2025 11:23 am တွင် တင်ခဲ့သည်
854 ကြိမ် ကြည့်ရှု့ပြီး

အယ်လ်ဆာဗေဒေါနိုင်ငံ (El Salvador) မှ အကြမ်းဖက်မှု တန်ပြန်ရေး အကျဉ်းထောင် (CECOT) ၏ Google Earth ဓာတ်ပုံတစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်နေသည်။

ထိုဓာတ်ပုံနှင့် ပတ်သက်သည့် အမှန်တရားကို ဖော်ထုတ်ပေးရန် လူမှုကွန်ရက်သုံးစွဲသူတို့က တောင်းဆိုလျက် ရှိသည်။

Google Maps ၏ ဓာတ်ပုံတစ်ခုတွင် လုံခြုံရေးအမြင့်မားဆုံးဖြစ်သော အကျဉ်းထောင်ကြီးကို drone ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ခု၌ သွေးအိုင်ကြီးတစ်ခုကို ထောင်ဝန်းအတွင်း တွေ့ရသည်။

သွေးအိုင် ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးသော်လည်း ထိုဓာတ်ပုံနှင့် ပတ်သက်ပြီး လူမှုကွန်ရက် သုံးစွဲသူတို့နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအကြား အမျိုးမျိုးအဖုံဖုံ ယူဆပြောဆိုကြလျက် ရှိသည်။

များစွာသောသူတို့က ပြောကြသည်မှာ သွေးအိုင်ကြီးမှာ အကျဉ်းသားတို့၏ သွေးများဖြစ်နိုင်ကြောင်း၊ CECOT ထောင်ကြီးသည် ပြန်လမ်းမဲ့အကျဉ်းထောင်ဟု လူသိများသည့်နေရာဖြစ်ကြောင်း ပြောဆိုကြသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောသည်မှာ အဆိုပါအကျဉ်းထောင်သည် အကျဉ်းသား ၄၀၀၀၀ ခန့်သာ ဝင်ဆန့်ကြောင်း၊ အကျဉ်းသားများကို တစ်သက်လုံး ထိန်းသိမ်းထားရှိပေးနိုင်မည်မဟုတ်ရာ ၎င်းတို့ကို တနည်းတဖုံဖြင့် ရှင်းလင်းခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

(▲ Google ဓာတ်ပုံတွင် သွေးကွက်ကြီး တွေ့မြင်ရပုံ။ ဓာတ်ပုံ-Google Maps)

အယ်လ်ဆာဗေဒေါသမ္မတ နာယစ် ဘူကီလီ (Nayip Bukele) သည် ၂၀၁၉ ခုနှစ်တွင် အာဏာရလာ ခဲ့ပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ ရာဇဝတ်ဂိုဏ်းများကို ဖိဖိစီးစီး နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ ယခုအကျဉ်းထောင် ကြီးမှာ လူဆိုးဂိုဏ်းသားများကို ထားရှိသည့်နေရာ ဖြစ်လာခဲ့သည်။

သမ္မတ ဘူကီလီ အာဏာရလာပြီးနောက် လူဦးရေ၏ ၂ ရာခိုင်နှုန်းခန့်ကို ဖမ်းဆီးကာ ထောင်သွင်းအကျဉ်းချခဲ့သည်။

CECOT ထောင်ကြီးတွင် လူဆိုးဂိုဏ်းသားပေါင်း ၁၂၀၀၀ ကျော် ထိန်းသိမ်းထားပြီး ၄ ထပ်အိပ်စင်များတွင် အပြည့်အသိပ် ရှိနေသည်။

ထောင်ထဲတွင် ဇွန်း၊ ခရင်းများ ခွင့်မပြုသောကြောင့် အကျဉ်းသားများမှာ လက်ဖြင့်သာ စားသောက်ကြရသည်။

အိပ်ထောင်အတွင်းမှ တစ်ရက်လျှင် နာရီဝက်သာ ထွက်ခွင့်ပေးသည်။

ထောင်ထဲတွင် သဘာဝအလင်းမရှိဘဲ လျှပ်စစ်မီးကိုသာ ၂၄ နာရီအသုံးပြုထားသည်။

ထောင်ထဲသို့ ရောက်သူများမှာ စတင်ရောက်ချိန်မှစပြီး သဘာဝအလင်းကို မတွေ့ထိရတော့ချေ။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော Google Maps ဓာတ်ပုံနှင့် ပတ်သက်ပြီး လူအများက စိုးရိမ်ပူပန်နေကြသည်။

အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မှ ၎င်းမောင်းထုတ်လိုသော လူ ၂၀၀ ကျော်ကို ပို့ဆောင်ရန် CECOT မှာ အကောင်းဆုံးနေရာဖြစ်ကြောင်း ပြောလာခြင်းဖြစ်သည်။

အမေရိကန်ပြည် မေရီလန်းပြည်နယ်မှ အပြစ်မဲ့ အမျိုးသားတစ်ဦးဖြစ်သူ Kilmar Abrego Garcia မှာလည်း CECOT ထောင်ကြီးသို့ ပို့ဆောင်ခြင်းခံထားရပြီး ၎င်း၏သတင်းကို မကြားရတော့။

ထရမ့်၏ ရှေ့နေတို့က Garcia ကို မှားယွင်းကာ ပြည်နှင်ဒဏ်ပေးခဲ့မိကြောင်း ဝန်ခံထားသည်။

(▲ CECOT အကျဉ်းထောင်ကြီးမှ အကျဉ်းသားများကို တွေ့ရပုံ။ အဆိုပါထောင်ကြီးတွင် MS 13 နှင့် 18 Street လူဆိုးဂိုဏ်းများမှ ဂိုဏ်းသားများကို ထိန်းသိမ်းထားသည်။ တည်နေရာမှာ Tecoluco မြို့တွင် ဖြစ်သည်။)

 

(▲ CECOT တွင် နေထိုင်ရမှုဘဝမှာ ကြောက်မက်ဖွယ်ကောင်းသည်။ သေလုမျောပါး နာမကျန်းဖြစ်နေသူများကို အစာရေစာ ဝလင်စွာ ကျွေးမွေးရန်နှင့် ဆေးဝါးတိုက်ကြွေးရန် အကျဉ်းသားတို့က တောင်းဆိုကြသည်။)

 

(▲ CECOT ထောင်ကြီးမှ ဆေးမင်ကြောင်ထိုးထားသော အကျဉ်းသားတစ်ဦးကို တွေ့ရပုံ)

 

(▲ အကျဉ်းသားတစ်ဦးက အခြားအကျဉ်းသားတစ်ဦး၏ မျက်နှာတွင် တစုံတခု လိမ်းကျံပေးနေပုံ)

 

(▲ အိပ်ထောင်ခန်းတစ်ခုလျှင် စတုရန်းမီတာ ၁၀၀ အကျယ်အဝန်းရှိပြီး နာမည်ကြီးလူဆိုးလူမိုက် ၇၅ ဦးခန့်မှာ အိပ်စင်များတွင် အိပ်စက်ကြရသည်။ အိပ်ဆောင်အတွင်း အိပ်သာ ၂ ခုနှင့် ရေစိမ်ကန် ၂ ခုသာရှိသည်)

 

(▲ အိပ်ထောင်ကို သံမဏိတိုင်များဖြင့် ကာရံထားပြီး လက်နက်ကိုင် အစောင့်အကြပ်များ ထူထပ်စွာ စောင့်ကြပ်နေသည်။)

 

(▲ CECOT တွင် အကျဉ်းသားများ လေ့ကျင့်ခန်းလုပ်နေပုံ)

 

(▲ လူ့အခွင့်အရေးအဖွဲ့တို့က အကျဉ်းထောင်ကြီး၏ အခြေအနေမှာ အဒေါ့ဖ်ဟစ်တလာနှင့် နာဇီတို့၏ တူနေကြောင်း ပြောကြားကြသည်)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref:

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service