သီချင်းစာသားများ ကဗျာဆန်သောကြောင့်ဟုဆိုကာ စာပေနိုဘယ်ဆု ချီးမြှင့်ခံရသည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန် နေထိုင်ခဲ့သော နယူးယောက်လျှို့ဝှက်ပန်းဥယျာဉ်ထဲမှ နေအိမ်တစ်လုံး ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

သီချင်းစာသားများ ကဗျာဆန်သောကြောင့်ဟုဆိုကာ စာပေနိုဘယ်ဆု ချီးမြှင့်ခံရသည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန် နေထိုင်ခဲ့သော နယူးယောက်လျှို့ဝှက်ပန်းဥယျာဉ်ထဲမှ နေအိမ်တစ်လုံး ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
7 Apr 2025 1:12 pm တွင် တင်ခဲ့သည်
387 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည် ၊ နယူးယောက်မြို့ မန်ဟက်တန်အရပ် အရှေ့ ၄၈ လမ်း၊ အမှတ် ၂၄၁ ရှိ ဂျော်ဂျီယာ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော နေအိမ်တစ်လုံးကို အသေးစိတ် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။ Turtle Bay Gardens အမည်ရှိ သီးသန့်ပန်းဥယျာဉ်တစ်ခုအတွင်း တည်ရှိသည်။ စုစုပေါင်း နေအိမ် ၂၀ ခန့်သာ အသုံးပြုခွင့်ရှိသည့် လျှို့ဝှက်ဥယျာဉ် ဖြစ်သည်။ စတုရန်းပေ ၅၅၀၀ ကျယ်ဝန်းသော စံအိမ်ဖြစ်ပြီး ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်း ဈေးခေါ်ထားသည်။ ၅ ထပ်အိမ်ဖြစ်ပြီး မြေအောက်ခန်းတစ်ခု မကြာသေးမီက ဆောက်လုပ်ပြီးစီးထားသည်။ ခေတ်ပေါ် feature များဖြစ်သော smart home system နှင့် ဓာတ်လှေကားတို့ ပါဝင်သည်။ ထိုသို့ ခေတ်ပေါ် မွမ်းမံမှုများ ပြုလုပ်ထားသော်လည်း ခေတ်ဟောင်း၏ ခမ်းနားသော လက်ရာများကိုလည်း ဆက်လက်ထိန်းသိမ်းထားသည်။

 

(▲ နေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၅၅၀၀ ရှိသည်။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

 

(▲ ခန်းမကျယ်ကြီး။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

 

(▲ ညစာစားခန်းမှတဆင့် နားနေဆောင်နှင့် လျှို့ဝှက်ပန်းဥယျာဉ်တို့ဆီသို့ ပေါက်သည်။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

 

(▲ လျှို့ဝှက်ဥယျာဉ်မှာ ဝန်းကျင်ရှိ နေအိမ် ၂၀ သာ ဝင်ရောက်ခွင့်ရှိသည်။ ဓာတ်ပုံ-Heritage Images via Getty Images)

 

(▲ ပန်းဥယျာဉ်ကို ၁၉၁၉ ခုနှစ်က ရိုက်ကူးခဲ့သည့်ဓာတ်ပုံ။ ဓာတ်ပုံ-Heritage Images via Getty Images)

Turtle Bay Gardens သည် ဒုတိယနှင့် တတိယရိပ်သာလမ်းများအကြား ၊ အရှေ့ ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် တည်ရှိပြီး နှစ်ပေါင်းများစွာ ကာလအတွင်း အကျော်ဒေးယျပုဂ္ဂိုလ်တို့ အခြေချခဲ့ကြဖူးသည်။ ၁၉၂၀ ပြည့်နှစ်တွင် Charlotte Hunnewell Sorchan ဆိုသူက ဝန်းကျင်မြေကွက်များကို ဝယ်ယူပြီး စည်းလုံးသော အသိုက်အဝန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

 

(▲ နေအိမ်၏ နားနေဆောင်မှတဆင့် လျှို့ဝှက်ဥယျာဉ်ဆီသို့ ပေါက်သည်။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

 

(▲ မီးဖိုဆောင်။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

 

(▲ နံနက်စာ စားသည့်နေရာ။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

 

(▲ ဒုတိယထပ် ဧည့်ခန်း။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

 

(▲ ပဉ္စမထပ်တွင် လသာဆောင်တစ်ခု ပါဝင်သည်။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

 

(▲ တတိယထပ်ရှိ အိပ်ခန်း ၂ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Travis Mark for Sotheby’s International Realty)

လျှို့ဝှက်ဥယျာဉ်ရှိ နေအိမ်များတွင် နေထိုင်ခဲ့သူများအနက် အထင်ရှားဆုံးပုဂ္ဂိုလ်မှာ ဘော့ဘ်ဒိုင်လန် ဖြစ်သည်။ ဘော့ဘ်ဒိုင်လန်သည် အရှေ့ ၄၉ လမ်း၊ အမှတ် ၂၄၂ တွင် ဆယ်စုနှစ် ၂ ခုကြာ နေထိုင်ခဲ့သည်။ ကာလအားဖြင့် ၁၉၈၀ ပြည့်လွန်မှသည် ၂၀၀၅ ခုနှစ်အထိ ဖြစ်သည်။ ဘော့ဘ်ဒိုင်လန်၏ နေအိမ်မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ပြီး ဖေဖော်ဝါရီလတွင် အရောင်းအဝယ်တည့်သွားသည်။ (ဆက်စပ်သတင်း) ► သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ https://www.imyanmarhouse.com/news/read/1133076

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com Ref:  NYC townhouse hidden in an ultra-exclusive garden enclave where Bob Dylan once lived asks $11.5M for sale Photo Credit-Travis Mark for Sotheby’s International Realty, Heritage Images via Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service