[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန်းကြယ်သောဖြစ်ရပ်

[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန်းကြယ်သောဖြစ်ရပ် - Property News in Myanmar from iMyanmarHouse.com
20 Mar 2025 10:56 am တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး

သမီးငယ်လေး ကင်ဘလေမှာ မွေးကတည်းက ထူးခြားမှုများနှင့်…။

အနီရောင်ဆံပင်လေးများဖြင့် မွေးလာသူဖြစ်ပြီး ဖွားစ ပထမ ၄ ရက်လုံး မရပ်မနား ငိုကြွေးနေခဲ့ပြီး အိပ်စက်ခြင်းလည်း မရှိ။

ထိုသို့ မနားရသော အခြေအနေဖြင့် လအတန်ကြာရင်ဆိုင်ခဲ့ရသော မိခင်ဖြစ်သူမှာ စိတ်ပျက် ပင်ပန်းမှုဒဏ် မခံနိုင်သည့်အဆုံးတွင် ကင်ဘလေကို သူ၏ အိပ်ရာထဲသို့ ခေါ်ယူအိပ်စက်စေမှသာ အရာရာအဆင်ပြေ သွားသည်။

သမီးငယ် ကင်ဘလေနှင့် မိခင်ဖြစ်သူ အင်ဂျလာတို့မှာ အမေရိကန်ပြည်၊ ဆန်ဒီယေဂိုမြို့တွင် နေထိုင်သူများ ဖြစ်သည်။

အင်ဂျလာက The Ghost Inside My Child အမည်ရှိ အစီအစဉ်တွင် LMN သတင်းဌာနသို့ ပြောသည်မှာ သမိးငယ် ကင်ဘလေမှာ အလွန်နုငယ်စဉ်ကတည်းက ကိုယ်ချင်းစာစိတ် ကြီးမားသူဖြစ်ကြောင်း၊ ဝရုန်းသုန်းကား အခြေအနေမျိုးတွင် စိတ်ရှုပ်တတ်ကြောင်း ပြောပြသည်။

အင်ဂျလာတို့မိသားစုက ကင်ဘလေကို စိတ်ဖြေလျော့မှုရစေရန်နှင့် အသက်ရှူနည်းစနစ်များ သင်ပြပေးရန်အတွက် ကုထုံးဆရာတစ်ဦးထံ ခေါ်ဆောင်သွားခဲ့ဖူးသည်။

“အသေအချာတော့ မပြောနိုင်ပေမယ့် သူ့ရဲ့ အိပ်လို့မရတဲ့ အခြေအနေဟာ ထိရှခံစားလွယ်မှုများတာကြောင့် ဖြစ်နိုင်တယ်လို့ ကျွန်မ ယူဆခဲ့ပါတယ်” ဟု မိခင်ဖြစ်သူ အင်ဂျလာက ပြောသည်။

(▲ သမီးငယ် ကင်ဘလေမှာ အိပ်မရသည့် ပြဿနာနှင့် အမြဲရင်ဆိုင်ခဲ့ရသည်။ ဓာတ်ပုံ-LMN/ YouTube)

“သူအိပ်လို့မရတဲ့ တကယ့်အကြောင်းရင်းကို ကျွန်မ သိလိုက်ရတဲ့အချိန်မှာ ဘာလုပ်ရမှန်း မသိအောင်ဖြစ်သွားခဲ့ရတယ်”

အင်ဂျလာက သမီးငယ် ကင်ဘလေနှင့် ပတ်သက်ပြီး တုန်လှုပ်ခြောက်ခြား ကျောချမ်းခဲ့ရသည့် ဖြစ်ရပ်ကို ပြန်လည်ပြောပြသည်။

ထိုနေ့က သမီးငယ်ကင်ဘလေသည် တစ်ဦးတည်း ဆော့ကစားနေချိန်တွင် တစ်ယောက်ယောက်ကို စကားပြောနေသကဲ့သို့ တွေ့ရသည်။

“ကျွန်မက….ကင်ဘလေ--သမီးဘယ်သူနဲ့ စကားပြောနေတာလဲ…လို့မေးတော့ သူက…ညီမလေးနဲ့ စကားပြောနေတာ မေမေလို့ ပြန်ပြောတယ်။ ကင်ဘလေ အဲဒီအရွယ်တုန်းက သူ့မှာ ညီမ မရှိသေးပါဘူး” ဟု အင်ဂျလာက ပြောသည်။

“ညီမလေးလည်း မရှိဘဲနဲ့ ဘယ်လိုဆော့တာလဲ” ဟု အင်ဂျလာက သမီးငယ်ကို မေးသည်။

“မဟုတ်ဘူးမေမေ။ သမီးရဲ့ အရင်ဘဝက ညီမလေးပါ” ဟု သမီးငယ် ကင်ဘလေက ဆိုသည်။

(▲ မိမိနှင့် ဆော့ကစားနေသူမှာ အတိတ်ဘဝမှ ညီမဖြစ်ကြောင်း ကင်ဘလေက ပြောသည်။ ဓာတ်ပုံ-LMN/ YouTube)

အင်ဂျလာက သမီးငယ်အတွက် ရတက်မအေးဖြစ်သောကြောင့် ကလေးအထူးကုဆရာဝန်တစ်ဦးထံ ပြောပြရာ အဆိုပါ ဆရာဝန်က အလေးမထားခဲ့ဘဲ သမီးငယ်၏ အသိဉာဏ်ထက်မြက်မှု လက္ခဏာတစ်ရပ်သာ ဖြစ်ကြောင်း၊ သမီးငယ်တွင် ကြီးမားသည့် စိတ်ကူးစိတ်သန်းတစ်ခုရှိနေခြင်းသာဖြစ်ကြောင်း ပြောခဲ့သည်။

ထို့နောက် အင်ဂျလာက သမီးငယ် ကင်ဘလေအား အတိတ်ဘဝမှ ညီမငယ်ဆိုသူအကြောင့် ထပ်မံမေးမြန်းခဲ့ပြီး နာမည်မေးခဲ့သည်။

ထိုအခါ ကင်ဘလေက “ဟုတ်ကဲ့မေမေ။ သူ့နာမည်က ဆာရာ..တဲ့။ သူက ဝမ်းနည်းအားငယ်နေလို့ သမီးနဲ့ လာဆော့ချင်နေတာ” ဟု ဖြေသည်။

မည်သည့်အတွက် ဝမ်းနည်းရသနည်းဟု မေးသောအခါ “သမီးတို့ အရင်ဘဝ အတူနေခဲ့ကြတုန်းက သူက သမီးကို မီးထဲကို တွန်းချပြီး သတ်ခဲ့တာ။ ဒါပေမယ့် မတော်တဆဖြစ်တာပါ။ သူက အဲဒါကို အရမ်းခံစားနေ ရတာ” ဟု ကင်ဘလေက ပြောပြသည်။

(▲ အင်ဂျလာက သမီးငယ် ကင်ဘလေကို အတိတ်၏ စိတ်အာရုံများ ဖြတ်တောက်စေလိုသည်။ ဓာတ်ပုံ-LMN/ YouTube)

“ကျွန်မခေါင်းထဲ တွေးနေမိတာက…အိုး…ဘုရားသခင်။ ငါတို့တော့ ပြဿနာပဲ။ ဒါက ပုံမှန်ကိစ္စတစ်ခု မဟုတ်ဘူး..လို့ တွေးနေမိပါတယ်” ဟု အင်ဂျလာက ပြောသည်။

အဆိုပါ ပြဿနာကို မည်သို့ဖြေရှင်းရမည်မသိသောကြောင့် အလွန်စိတ်ပူကြောင်း အင်ဂျလာက ပြောသည်။

ကင်ဘလေ တဖြေးဖြေးကြီးပြင်းလာချိန်တွင် အင်ဂျလာက ဆာရာ၏ အကြောင်းနှင့် ဖြစ်ရပ်အသေးစိတ်ကို မေးမြန်းကြည့်သည်။

ကင်ဘလေက ပြောပြသည်မှာ “သမီးက အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာ ၁၈၆၀ ပြည့်နှစ်ကနေ ၁၈၇၀ ပြည့်နှစ် အကြား နေထိုင်ခဲ့ပါတယ်။ အဖေက ကုန်သည်တစ်ယောက်ပါ။ အစ်ကိုရဲ့ နာမည်က သောမတ်၊ အဲဒီတုန်းက သမီးရဲ့ နာမည်က ခရစ္စတီးနားပါ။” ဟု ဆိုသည်။

“ဆာရာလို့ခေါ်တဲ့ ညီမလေးတစ်ယောက်လည်းရှိတယ်။ အမေ့နာမည်က အင်နာပါ။ မိသားစုက ဆင်းရဲကြတယ်။ အိမ်လေးကလည်း တော်တော်သေးတယ်။ ကောက်ရိုးအိပ်ယာမှာ အိပ်ကြရပါတယ်။ တစ်ညမှာ တစ်အိမ်လုံးအိပ်နေတဲ့အချိန် မီးဖိုကနေ အိမ်ကို မီးလောင်ပါတယ်”

(▲ ဆာရာက မိမိကို အားပေးနှစ်သိမ့်ကြောင်း ကင်ဘလေက ပြောသည်။ ဓာတ်ပုံ-LMN/ YouTube)

“ထုတ်တန်းကို မီးလောင်တော့ ပြုတ်ကျလာတော့မယ်ထင်ပြီး တွန်းလိုက်တာမှာ သမီးကို မီးထဲတွန်းချသလို ဖြစ်သွားတယ်”

ကင်ဘလေမှာ ယခုအခါ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဆာရာနှင့် ပတ်သက်မှုများမှ ရုန်းထွက်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရဆဲ ဖြစ်သည်။

ဆာရာကို မတွေ့မြင်ရတော့သော်လည်း သူရှိနေသည်ကို ခံစားရကြောင်း၊ ဆာရာ မိမိနောက်တွင် ရှိနေမှုအပေါ် စိတ်ကျေနပ်နှစ်သိမ့်မှု ခံစားရကြောင်း ကင်ဘလေက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: My sister accidentally killed me by pushing me into the fire before I was reborn' Photo Credit-LMN/YouTube

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service