နယူးယောက်မြို့တွင် ပါကစ္စတန်အစိုးရပိုင် Roosevelt ဟိုတယ်ကြီး၌ ရွှေ့ပြောင်းဒုက္ခသည်များ ထောင်သောင်းချီ ကွန်းခိုနေပြီး ပိုင်ရှင်က ရောင်းထုတ်လိုနေ၊ ဒုက္ခသည်များ ပြောင်းရွှေ့သွားမည်ဆိုလျှင် ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ရောင်းထွက်နိုင်ကြောင်း ခန့်မှန်း

နယူးယောက်မြို့တွင် ပါကစ္စတန်အစိုးရပိုင် Roosevelt ဟိုတယ်ကြီး၌ ရွှေ့ပြောင်းဒုက္ခသည်များ ထောင်သောင်းချီ ကွန်းခိုနေပြီး ပိုင်ရှင်က ရောင်းထုတ်လိုနေ၊ ဒုက္ခသည်များ ပြောင်းရွှေ့သွားမည်ဆိုလျှင် ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ရောင်းထွက်နိုင်ကြောင်း ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
7 Mar 2025 10:34 am တွင် တင်ခဲ့သည်
492 ကြိမ် ကြည့်ရှု့ပြီး

တန်ကြေး ကန်ဒေါ်လာ ၁ ဘီလီယံခန့်ရှိ၊ နယူးယောက်အုပ်ချုပ်ရေးအဖွဲ့က ဒုက္ခသည်များကို နှင်ထုတ်မည်ဟု ကြေညာထားရာ အိမ်ခြံမြေ developer တို့အကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်နေ

ပါကစ္စတန်လေကြောင်းလိုင်းနှင့် အစိုးရအဖွဲ့ ငွေကြေးပြတ်လပ်နေမှုကြောင့် နယူးယောက်ရှိ ဒေါ်လာ ၁ ဘီလီယံတန် ဟိုတယ်ကြီးကို ရောင်းထုတ်လိုနေသော်လည်း ရွှေ့ပြောင်းဒုက္ခသည် ထောင်သောင်းချီ နေထိုင်လျက်ရှိနေ

အမေရိကန်ပြည်၊ နယူးယောက်မြို့ရှိ ရုစဗဲ့ဟိုတယ် (Roosevelt) မှ ရွှေ့ပြောင်းဒုက္ခသည်များကို ပြောင်းရွှေ့ခိုင်းမည်ဟု မြို့အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ရာ ကူးသန်းရောင်းဝယ်ရေးကဏ္ဍ အိမ်ခြံမြေ developer တို့အကြား လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ရုစဗဲ့ဟိုတယ်၏ ပိုင်ရှင်မှာ ပါကစ္စတန်အစိုးရ၏ နိုင်ငံတကာလေကြောင်းလိုင်း (PIA) ဖြစ်ပြီး ဟိုတယ်ကြီးကို ရောင်းထုတ်လိုနေသည်။

သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ တန်ကြေးကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိနိုင်သည်ဟု ဆိုသည်။

Developer တို့က အဆိုပါခေတ်ဟောင်းဟိုတယ်ကြီးကို ဖြိုချဖွယ်ရှိပြီး မြေအကျယ်အဝန်း စတုရန်းပေ ၄၂၀၀၀ ရှိသော ထိုနေရာတွင် ကြမ်းခင်းဧရိယာ စတုရန်းပေ ၁ ဒသမ ၈ သန်းရှိသည့် မိုးမျှော်တိုက်ကြီး ဆောက်လုပ်ဖွယ်ရာရှိကြောင်း သတင်းရင်းမြစ်တို့က ပြောသည်။

(▲ ရုစဗဲ့ဟိုတယ်အပြင်ဘက်တွင် ကလေးများ ကျောင်းဆင်းပြန်အလာကို စောင့်မျှော်နေသူများ။ ဓာတ်ပုံ-Michael Nagle)

PIA က အရောင်းအပ်နှံထားသော အိမ်ခြံမြေကုမ္ပဏီ JLL အနေဖြင့် တရားဝင် အရောင်းကြော်ငြာ မထုတ်ပြန်ရသေး။

လာမည့်နွေဦးပေါက်တွင် အရောင်းကြော်ငြာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

သို့သော် Tishman Speyer, Related Companies, SL Green နှင့် Vornado တို့ အပါအဝင် အိမ်ခြံမြေ developer တို့နှင့် တရားဝင်အဆင့်မဟုတ်သော ပြောဆိုညှိနှိုင်းမှုများ ရှိခဲ့ကြောင်း အိမ်ခြံမြေလောက သတင်းရင်းမြစ်တို့က Realty Check သို့ ပြောသည်။

ရုစဗဲ့ဟိုတယ်သည် block တစ်ခုလုံးတွင် ဖြန့်ကျက်တည်ရှိပြီး Madison လမ်းနှင့် Vanderbilt လမ်းတို့က ဝန်းပတ်ထားသည်။

(▲ ပဉ္စမရိပ်သာလမ်းပေါ်မှ JP Morgan Chase ၏ ရုံးချုပ် ဆောက်လုပ်နေပုံမြင်ကွင်း။ ဓာတ်ပုံ-Christopher Sadowski)

ပါကစ္စတန်လေကြောင်းလိုင်းနှင့် အစိုးရ၏ ငွေကြေးပြတ်လပ်နေမှုကြောင့် PIA က ရုစဗဲ့ဟိုတယ်ကြီးကို ရောင်းထုတ်လိုနေသည်။

ပါကစ္စတန်အစိုးရသည် IMF ချေးငွေ ဒေါ်လာ ၇ ဘီလီယံ ဖိအားကလည်း ရှိနေသည်။ ရုစဗဲ့ဟိုတယ်ကြီးတွင် ရွှေ့ပြောင်းဒုက္ခသည် ထောင်သောင်းချီ ဝင်ရောက်နေထိုင်လျက်ရှိပြီး အားလုံးမှာ တရားဝင် ဝင်ရောက်လာကြသူများမဟုတ်ဘဲ အချို့မှာ ရာဇဝတ်မှတ်တမ်းရှိသူများဖြစ်သည်။

၎င်းတို့သည် ရုစဗဲ့ဟိုတယ်တွင် နေထိုင်လျက်ရှိသည်မှာ ၂ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။

(▲ နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်မြင်ကွင်း။ ဓာတ်ပုံ-Christopher Sadowski)

(▲ One Vanderbilt ၏ ရှေ့မျက်နှာစာ။ ဓာတ်ပုံ-Helayne Seidman)

(▲ One Vanderbilt ၏ ရှုခင်းကြည့်အဆောင်မှတဆင့် နယူးယောက်မြို့လယ်ရှုခင်းကို ကြည့်ရှုနေသော အမျိုးသမီးတစ်ဦး ဓာတ်ပုံ-Reuters)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: NYC’s Roosevelt Hotel may fetch $1B in sale after migrants move out: sources Photo Credit- Michael Nagle, Reuters, Helayne Seidman, Christopher Sadowski

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service