ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ - Property News in Myanmar from iMyanmarHouse.com
25 Feb 2025 11:25 am တွင် တင်ခဲ့သည်
744 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်နိုင်ငံတွင် သူခိုးတို့သည် ခိုးယူလာသော ဘဏ်ကတ်မှငွေဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ဆုကြီး ထီပေါက်ခဲ့သည်။

သို့သော် ဆုငွေ မထုတ်ယူမီ ပျောက်ကွယ်သွားကြပြီး ယခုအခါ ပြင်သစ်ရဲတပ်ဖွဲ့မှ အလိုရှိဆုံး ဝရမ်းပြေးများ စာရင်းတွင် ပါဝင်နေသည်။

ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ ဘဏ်ကတ် အခိုးခံရသော အမျိုးသား၏ အမည်မှာ Jean-David E ဖြစ်သည်။

Jean က ထီဆုကို ကံထူးသူများနှင့် ခွဲဝေရယူလိုကြောင်း ကမ်းလှမ်းထားသည်။

ထို့အပြင် Jean က သူ၏ ပိုက်ဆံအိတ်ကိုလည်း ပြန်လိုချင်သည်။

သို့သော် သူခိုးများမှာ ဆက်သွယ်ကာ ထုတ်ဖော်ဝန်ခံပါက ဖမ်းဆီးခံရမည့် အန္တရာယ်ကလည်း ရှိသည်။

ပြင်သစ်အစိုးရ၏ ထီဌာနဖြစ်သော La Francaise des Jeux (FDJ) က ပြီးခဲ့သော စနေနေ့တွင် ပြောကြားချက်အရ ဆုရထီလက်မှတ်ကို ဆုငွေထုတ်ရန် တင်ပြလာသူမရှိသေးကြောင်း ထုတ်ပြန်သည်။

“မယုံနိုင်စရာဖြစ်ရပ်ပါပဲ။ ဒါပေမယ့် တကယ်ဖြစ်ခဲ့တာပါ” ဟု Jean ၏ ရှေ့နေဖြစ်သူ Pierre Debuisson က AP သတင်းဌာနသို့ ပြောသည်။

Jean-David သည် ယခုလအစောပိုင်းက ပြင်သစ်တောင်ပိုင်း Toulouse မြို့တွင် ကားထဲမှ ကျောပိုးအိတ် ခိုးယူခံလိုက်ရခြင်းဖြစ်ပြီး ဘဏ်ကတ်များနှင့် အခြားစာရွက်စာတမ်းများ ပါသွားကြောင်း ရှေ့နေက ပြောသည်။

Jean က အဆိုပါဘဏ်ကတ်ကို ပိတ်ပေးရန် ဘဏ်သို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။

သူ၏ ဘဏ်ကတ်ဖြင့် ဒေသတွင်းရှိ ဈေးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ဈေးဆိုင်က ပြောသည်မှာ အိမ်ရာမဲ့ဖြစ်ဟန်တူသော အမျိုးသား ၂ ဦးက ဘဏ်ကတ်တစ်ခုဖြင့် ခဲခြစ် ထီလက်မှတ်ဝယ်ယူသွားရာ ထီဆုကြီး ကံထူးသွားခြင်းဖြစ်ကြောင်း ပြောသည်။

“သူတို့ သိပ်ကို ပျော်ရွှင်သွားခဲ့ကြတယ်။ သူတို့ရဲ့ စီးကရက်ဘူးတွေနဲ့ သူတို့ပိုင်တဲ့ ပစ္စည်းတွေကိုတောင် မေ့ပြီး ထားခဲ့ပါတယ်။ ပြီးတော့ အရူးတွေလိုဖြစ်သွားပြီး ထွက်သွားကြတယ်” ရှေ့နေ Debuisson က ပြောသည်။

Jean က ဘဏ်ကတ်ခိုးယူခံရမှုကို ရဲတပ်ဖွဲ့တွင် တိုင်တန်းထားသည်။

သို့သော် သူခိုးများအနေဖြင့် မိမိကို ဆက်သွယ်လာပြီး ဆုငွေထုတ်ကာ ခွဲဝေပေးမည်ဆိုပါက အမှုဖွင့် တိုင်တန်းထားမှုကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း Jean က ပြောသည်။

“သူတို့ ထွက်မလာရင် ဘယ်သူမှ ဒီဆုငွေကို ရလိမ့်မှာ မဟုတ်ပါဘူး” ဟု Jean က France-2 ရုပ်သံလိုင်းသို့ ပြောသည်။

ရှေ့နေက ပြောသည်မှာမူ တရားမဝင် ထီဆုငွေ ရယူမှုဟု သတ်မှတ်ကာ ဆုငွေကို သိမ်းယူနိုင်ကြောင်း ပြောသည်။

ရှေ့နေက သူခိုးများကို မိမိ၏ ရုံးသို့ ဆက်သွယ်ကာ ညှိနှိုင်းရန် ကမ်းလှမ်းထားသည်။ “ခင်ဗျားတို့မှာ အန္တရာယ်မရှိပါဘူး။ ဆုငွေကို ခင်ဗျားတို့နဲ့ ခွဲဝေ ရယူပါမယ်။ ခင်ဗျားတို့အနေနဲ့လည်း ခင်ဗျားတို့ရဲ့ ဘဝတွေကို ပြောင်းလဲစေနိုင်မှာ ဖြစ်ပါတယ်” ဟု ရှေ့နေက ပြောသည်။

ထီလက်မှတ်မှာ သက်တမ်းကုန်ဆုံးမည့် ကာလရှိကြောင်း ရှေ့နေက သတိပေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thieves used a stolen card to buy a $523,000 lottery ticket. The victim wants to share the winnings (apnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service