လန်ခြားတစ်စီးဖြင့် တစ်ကမ္ဘာလုံးကို ခြေလျင်ခရီးသွားနေသော ဂျပန်နိုင်ငံသား၊ လက်ရှိအားဖြင့် အာဖရိကတိုက်သို့ ရောက်ရှိနေ

လန်ခြားတစ်စီးဖြင့် တစ်ကမ္ဘာလုံးကို ခြေလျင်ခရီးသွားနေသော ဂျပန်နိုင်ငံသား၊ လက်ရှိအားဖြင့် အာဖရိကတိုက်သို့ ရောက်ရှိနေ - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2025 12:38 pm တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကမ္ဘာ့တိုက်ကြီးတစ်ခုလုံးကို ခြေလျင်ခရီးဖြင့် သွားမည်ဟု တွေးတောကြည့်လိုက်ပါ။

အလုပ်အတွက်၊ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားမှုရရုံအတွက်ဖြင့် ထိုသို့ လမ်းလျှောက်သွားမည်ဟု စိတ်ကူးဖြင့်ပင် တွေးကြည့်ဖူးကြမည် မဟုတ်ချေ။

ဂျပန်နိုင်ငံသား စူးစမ်းလေ့လာသူ ဂမ့် ဆူဇူကီးကမူ ထိုသို့ လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သော ၆ လတာကာလအတွင်း ဆူဇူကီးသည် လန်ခြားတစ်စီးကို ဆွဲရင်း အာဖရိကတိုက်ကြီးတစ်ခုလုံးကို ခြေလျင်ဖြတ်သန်းသွားလာနေခဲ့သည်။

သူ၏ စိတ်ထဲတွင် ပန်းတိုင်တစ်ခုတည်းသာရှိသည်။

တောင်အာဖရိကနိုင်ငံ၊ ကိတ်ပ်တောင်းမြို့သို့ ရောက်ရှိရေးဟူသော ပန်းတိုင်ဖြစ်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကမ္ဘာလှည့်ခရီးသွားလမ်းညွှန်အဖြစ်လုပ်ကိုင်ခဲ့သူ အသက် ၃၄ နှစ်အရွယ်ရှိ ဆူဇူကီးသည် အာရှ၊ ဥရောပ၊ သြစတေးလျနှင့် မြောက်အမေရိကဟူသော ကမ္ဘာ့တိုက်ကြီးများကို ဖြတ်သန်းသွားလာခဲ့ဖူးပြီး ဖြစ်သည်။

ယခုအခါ ဆူဇူကီးက အာဖရိကကို ခြေလျင်ဖြတ်သန်းရန် ကြိုးစားနေသည်။

ဆူဇူကီးသည် အာဖရိက ခရီးစဉ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ကင်ညာနိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ပြီး တန်ဇန်းနီးယား၊ ဇမ်ဘီယာ၊ ဘော့စ်ဝါနာနှင့် နမီးဘီးယားနိုင်ငံတို့ကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။

ဆူဇူကီး၏ ခြေလျင်ခရီးရှည်ကြီးများကို TikTok လူမှုကွန်ရက်ရှိ follower ၅၀၀,၀၀၀ ကျော်က စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ဆူဇူကီးက သူ၏ ခရီးစဉ်အကြောင်းနှင့် လမ်းပေါ်မှ အတွေ့အကြုံများကို TikTok တွင် မျှဝေလေ့ရှိသည်။

“ကမ္ဘာ့တိုက်ကြီး ၅ ခုကို ကျွန်တော့်ရဲ့ လန်ချားနဲ့ ခရီးသွားချင်ပါတယ်။” ဟု ဆူဇူကီးက ပြောသည်။

“ကိတ်ပ်တောင်းဟာ ပြီးပြည့်စုံတဲ့နေရာတစ်ခုလို့ ခံစားရပါတယ်။ ဒါက ခရီးသွားနေရုံ သက်သက်မျှ မဟုတ်ပါဘူး။ လမ်းတလျှောက်မှာ တွေ့ရသူတိုင်းဆီကို မျှော်လင့်ချက်နဲ့ အပြုသဘောဆောင်မှုဆိုတဲ့ သတင်းစကား ပျံ့နှံ့စေဖို့လည်း ဖြစ်ပါတယ်”

ဆူဇူကီး၏ ခြေလျင်ခရီးရှည်ကြီးမှာ ပန်းခင်းသောလမ်းတစ်ခုကား မဟုတ်။

ဇမ်ဘီယာတွင် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့ကြောင်း ဆူဇူကီးက ပြောပြသည်။

အဆိုပါ အက်ဆီးဒင့်ကြောင့် သူ၏ လန်ချားလေး ပျက်စီးသွားသည်။

ထိုသို့ အခက်အခဲများရှိသော်လည်း ဆူဇူကီးက ကြံ့ကြံ့ခံသည်။

အနီးဝန်းကျင်ရှိ စက်ဘီးပြင်ဆိုင်တစ်ခုတွင် သူ၏ လန်ချားကို ပြုပြင်သည်။

အက်ဆီးဒင့်ဖြစ်ခဲ့သော်လည်း မိမိမှာ ထိခိုက်မှုမရှိခဲ့ဘဲ အသက်ရှင်နေဆဲဖြစ်ကြောင်း ဆူဇူကီးက ပြုံးရွှင်စွာ ပြောပြသည်။

အာဖရိက အတွေ့အကြုံများအနက် တောရိုင်းတိရ စ္ဆာန်များနှင့် ရင်ဆိုင်ရသည့်ဖြစ်ရပ်တို့လည်း ရှိသည်။

ဘော့စ်ဝါနာသို့ ရောက်ရှိနေချိန်တွင် ဆူဇူကီးသည် လမ်းပေါ်တစ်နေရာ၌ ခြင်္သေ့တစ်ကောင်ကို တွေ့ခဲ့ရသည်။

“ကျွန်တော် တော်တော်လန့်သွားတယ်။ အဲဒါကြောင့် နောက်ကြောင်းပြန်လှည့်ပြီး အနီးဆုံးရွာကို သွားခဲ့ပါတယ်။ အဲဒီမှာ တဲထိုးပြီး ခေတ္တနေထိုင်ခဲ့ပါတယ်” ဟု ဆူဇူကီးက ရယ်မောရင်း ပြောသည်။

လမ်းတလျှောက် တွေ့ရသော ဒေသခံတို့၏ ကြင်နာမှု၊ ပျူငှာဧည့်ဝတ်ကျေမှုတို့မှာ ဆူဇူကီး၏ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့သည်။

တောင်အာဖရိကသို့ ရောက်ရှိချိန်တွင် နိုင်ငံသားများစွာမှာ ဆူဇူကီးကို ၎င်းတို့အိမ်သို့ ဖိတ်ခေါ်ပြီး တည်းခိုနေထိုင်ရန် နေရာပေးကြသည်။

“ဒီကလူတွေဟာ ကျွန်တော့်ရဲ့ နှလုံးသားကို နွေးထွေးစေခဲ့ပါတယ်။ ကြင်နာတတ်တဲ့သူ အများကြီးတွေ့ရတာ မယုံနိုင်အောင်ပါပဲ” ဟု ဆူဇူကီးက ပြောသည်။

(ဓာတ်ပုံ-Gump Suzuki/ Facebook)

ဆူဇူကီးသည် ကိတ်ပ်တောင်းမြို့သို့ ရောက်ရှိရန် နီးကပ်လာနေသည်နှင့်အမျှ သူ၏ ခရီးရှည်ကြီးတစ်ခုကို အဆုံးသတ်နိုင်တော့မည် ဖြစ်သည်။

ကိတ်ပ်တောင်းတွင် ၅ ရက်ကြာနေထိုင်မည်ဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ဂျပန်သို့ ပြန်မည် ဖြစ်သည်။

“ကျွန်တော့်ရဲ့ နောက်ထပ်ခရီးစဉ်ကတော့ တောင်အမေရိကကို လန်ချားနဲ့ ဖြတ်သန်းသွားလာဖို့ပါပဲ။ ပျော်ရွှင်ဖို့နဲ့ စူးစမ်းလေ့လာဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဘဝက တိုတောင်းပါတယ်။ ရရှိတဲ့အချိန်ခဏတာအတွင်းမှာ ဘဝရဲ့အလှတရားတွေကို ခံစား၊ လေ့လာကြရမှာ ဖြစ်ပါတယ်။” ဟု ဆူဇူကီးက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 6000km later: Japanese rickshaw adventurer reaches Cape Town Photo Credit- Gump Suzuki/ Facebook ki/ Facebook

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service