လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
29 Jan 2025 1:41 pm တွင် တင်ခဲ့သည်
1089 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

တရုတ်ပြည်တွင် လေယာဉ်မယ်တစ်ဦးက အလုပ်မှ ထွက်ကာ ဝက်မွေးမြူရေးလုပ်ကိုင်ရာ ၂ လအတွင်း ကန်ဒေါ်လာ ၂၈၀၀၀ ဝင်ငွေရရှိသည့်ဖြစ်ရပ် ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ

တရုတ်ပြည်တွင် လေယာဉ်မယ်တစ်ဦးသည် အလုပ်မှ ထွက်ကာ ဇာတိမြို့သို့ ပြန်သွားခဲ့ပြီး ဝက်မွေးမြူရေးလုပ်ကိုင်ရာ ၂ လအတွင်း ယွမ် ၂၀၀၀၀၀ (ကန်ဒေါ်လာ ၂၈၀၀၀) ရရှိခဲ့သည်။

ယန်ယန်ရှီ အမည်ရှိ အသက် ၂၇ နှစ်အရွယ် မိန်းကလေးသည် တရုတ်ပြည် အရှေ့မြောက်ပိုင်း ဟေးလုံကျန်ပြည်နယ်ရှိ ကျေးလက် မိသားစု တစ်ခုတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်ပိုင်း ရှန်ဟိုင်း လေကြောင်းလိုင်းတွင် လေယာဉ်မယ်အဖြစ် ၅ နှစ်တာ လုပ်ကိုင်ခဲ့သည်။

ထိုသို့ လုပ်ကိုင်ခဲ့စဉ်အတွင်း လစာမှာ ယွမ် ၂၈၀၀ (ကန်ဒေါ်လာ ၃၈၀) သာ ရရှိခဲ့ကြောင်း ယန်က ပြောသည်။

(ယန်ယန်ရှီသည် မိသားစုနှင့်အတူ နေထိုင်နိုင်ရန် လေယာဉ်မယ်အလုပ်မှ နှုတ်ထွက်ခဲ့သည်။ ဓာတ်ပုံ-Weibo)

ပြည်မကြီး သတင်းဌာန တစ်ခုဖြစ်သော Jiupai News သို့ ပြောသည်မှာ ရှန်ဟိုင်းတွင် နေထိုင်စဉ်ကာလအတွင်း တန်ဖိုးကြီးအိမ်များ ဝယ်ယူရန်အတွက် မိဘများထံမှ မကြာခဏ ငွေကြေး တောင်းခံခဲ့ကြောင်း ပြောသည်။

နောက်ပိုင်းတွင်မှ ယန်ယန်ရှီ သိလာသည်မှာ မြို့ပြတွင် သမီးဖြစ်သူ ကျော့ကျော့မော့မော့ နေထိုင်နိုင်ရေးအတွက် မိဘများမှာ အသုံးအစွဲ ချွေတာခဲ့ရသည့်အပြင် ငွေအလုံးအရင်း ကြွေးတင်နေသည်ကို သိလာခဲ့သည်။

မိခင်ဖြစ်သူမှာ အဆီကျိတ်များ လျှို့ဝှက်စွာ အကြိမ်ကြိမ် ခွဲထုတ်နေရသည်ကို သိလာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် လေယာဉ်မယ်အလုပ်မှ ထွက်ကာ အိမ်သို့ပြန်ရန် ယန်ယန်ရှီ ဆုံးဖြတ်ခဲ့သည်။

“မိဘတွေက ကျွန်မကို အမြဲတမ်း သတင်းကောင်းပဲ ပြောတယ်။ သတင်းဆိုးဆိုရင် လျှို့ဝှက်ထားတယ်။ အခုချိန်မှာ သူတို့နဲ့ အတူနေချင်ပါတယ်။ နေအိမ်ရဲ့ အဝေးမှာ မနေချင်ပါဘူး”ဟု ယန်ယန်ရှီက ပြောသည်။

၂၀၂၃ ခုနှစ် ဧပြီလတွင် ယန်ယန်ရှီသည် ဆွေမျိုးတစ်ဦး၏ ဝက်ခြံကို ဝယ်ယူလိုက်ပြီး ဝက်များ စတင်မွေးမြူခဲ့သည်။

 

(ဝက်ခြံတွင် တစ်ရက်တာ နေထိုင်ပြီးနောက် ယန်ယန်ရှီက ပြောသည်မှာ အနံ့များမှာ အလွန် ဆိုးရွားကြောင်း ပြောသည်။ ဓာတ်ပုံ-Weibo)

ယန်ယန်ရှီက သူ၏ ကျေးလက် မွေးမြူရေး လုပ်ငန်းတွင် နေထိုင်ဖြတ်သန်းရသည့်ဘဝကို တရုတ်ပြည်မကြီးရှိ Short Video Platform ဖြစ်သော Weibo တွင် မျှဝေလေ့ရှိသည်။

သူ၏ အကောင့်မှာ Follower ၁ ဒသမ ၂ သန်းရှိသည်။

ဝက်နှင့် အခြား မွေးမြူရေး တိရ စ္ဆာန်များ မွေးမြူခြင်း၊ ရောင်းချခြင်း လုပ်ငန်းမှ ပြီးခဲ့သော ၂ လတာအတွင်း ယွမ် ၂၀၀၀၀၀ (ကန်ဒေါ်လာ ၂၇၀၀၀) ရရှိခဲ့သည်။

ယန်ယန်ရှီက သူ၏ မွေးမြူရေးခြံကို ဆက်လက်ချဲ့ထွင်ရန်၊ ခြံထွက်ပစ္စည်းများ ရောင်းချသည့် စတိုးဆိုင်တစ်ခုဖွင့်ရန်နှင့် ဟိုတယ်တစ်ခုဖွင့်လှစ်ရန် အနာဂတ် အိပ်မက်များ ရှိသည်။

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက “မိဘအပေါ် သိတတ်မှုက လေးစားစရာပါပဲ။ ရဲရင့်ပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ဦးဟာ ဘယ်လိုလုပ်ငန်းကို ရွေးချယ်သည်ဖြစ်စေ ကောင်းကောင်း ရှင်သန်ဖြတ်သန်း ဖြတ်သန်းနိုင်ပါတယ်”ဟု မှတ်ချက်ပြုသည်။

 

(ယန်ယန်ရှီက သူ၏ ဘဝအပြောင်းအလဲကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့ရာ စိတ်ဝင်စားသူ အလွန်များပြားနေသည်။ ဓာတ်ပုံ-Weibo)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China flight attendant quits job, becomes pig farmer, earns US$28,000 in 2 months Photo Credit-Weibo

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service