မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ်

မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ် - Property Knowledge in Myanmar from iMyanmarHouse.com
25 Jan 2025 11:38 am တွင် တင်ခဲ့သည်
398 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကိုယ့်အနေနဲ့ ဘယ်လောက်ပဲ ကိုယ်နေတဲ့နေရာကို သန့်ရှင်းရေးလုပ်ပြီး သေသပ်အောင်ထားထား တချို့အနံ့ဆိုးတွေကျ ဘယ်လိုမှလုပ်လို့မရပဲ တဝဲဝဲလည်ပြီး မပျောက်နိုင်ဖြစ်နေတာကို ကြုံဖူးကြမှာပါ။ အိမ်မှာ အနံ့ဆိုးထွက်လွယ်တဲ့နေရာတွေထဲကတစ်ခုကပြောပါဆိုရင်တော့ မီးဖိုချောင် ဘေစင်တွေက ထိပ်ဆုံးကပါနေမှာပါ။ ဒီနေရာဟာဆိုရင် အစာအကြွင်းအကျန်တွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေကြောင့် မလိုလားအပ်တဲ့အနံ့ဆိုးတွေ ပေါက်ဖွားရာ နေရာကြီးဖြစ်နေတာပဲဖြစ်ပါတယ်။ အခု ဒီဆောင်းပါးထဲမှာဆိုရင်တော့ ဘေစင်တစ်ဝိုက်က အနံ့ဆိုးတွေကို တာ့တာလုပ်နိုင်မယ့် အနံ့ဆိုးဖယ်ရှား ပစ္စည်းလေးတွေကို အဓိကထား ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ကော်ဖီအကြမ်းမှုန့်

မီးဖိုချောင်ဘေစင်တွေက ထွက်တဲ့ အနံ့ဆိုးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မယ့် ပစ္စည်းလေးတွေထဲကတစ်ခုကတော့ ကော်ဖီအကြမ်းမှုန့် ပဲဖြစ်ပါတယ်။ ကော်ဖီအကြမ်းမှုန့်တွေကို ရိုးရိုးရှင်းရှင်းပဲ ပန်းကန်လုံးအသေးလေးတစ်လုံးထဲကို ထည့်ပြီးတော့ ဘေစင်အောက်မှာ ထားလိုက်ပါ။ သူတို့က အဲ့ဒီမကောင်းတဲ့ အနံ့တွေကို စုပ်ယူပေးပြီး သင့်ရဲ့မီးဖိုချောင်ကို သန့်ရှင်းမွှေးပျံ့စေမှာပါ။ အိမ်မှာ မသောက်ဖြစ်တော့တဲ့ ကော်ဖီမှုန့်တွေလည်းရှိမယ်၊ သင့်မီးဖိုချောင်မှာ ကော်ဖီရနံ့လေး သင်းနေကိုလည်း ကြိုက်တယ်ဆိုရင်တော့ ဒီနည်းလမ်းက အသင့်တော်ဆုံးဖြစ်မှာပါ။

ရှောက်သီး/ သံပရိုသီးအခွံ

အခြားအနံ့ဆိုးပျောက်စေတဲ့ ပစ္စည်းတစ်ခုကတော့ သံပရိုသီးအခွံတွေပဲဖြစ်ပါတယ်။ သံပရိုသီးတစ်လုံးကိုယူ၊ အခွံပါးပါးလှီးယူပြီး ဘေစင်အောက်မှာ ထားလိုက်ပါ။ ဒီသဘာဝ သံပုရာရနံ့လို သင်းသင်းလေးက အနံ့ဆိုးတွေရဲ့ အာနိသင်ကို ပျက်ပြယ်စေပြီး သင့်မီးဖိုချောင်လေးကို သန့်ရှင်းလတ်ဆက်မွှေးပျံ့စေမှာပါ။ ဒီနည်းလမ်းက လတ်ဆတ်တဲ့ အနံ့လေးတွေကြိုက်တဲ့သူတွေနဲ့ ဟင်းချက်ရင်း သံပရိုသီးအခွံတွေပိုနေတဲ့သူတွေအတွက် အသုံးဝင်စေမှာပါ။

မုန့်ဖုတ်ဆိုဒါ

မြန်မာပြည်မှာဆိုရင် မုန့်ဖုတ်ဆိုဒါကို ဆောင်ထားလေ့ရှိတဲ့အိမ် အတော်နည်းပါတယ်။ လူငယ်တွေလောက်သာ ဆားဝက်ခြံနဲ့ ဝက်ခြံတွေသက်သာစေဖို့၊ အသားအရည်ကြည်လင်စေဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ကို ကြေးချွတ်တာလိုမျိုး အလှအပအတွက် ဝယ်သုံးလေ့ရှိကြပါတယ်။ ဒါဟာလည်း မုန့်ဖုတ်ဆိုဒါရဲ့ အနံဆိုးဖယ်ရှားနိုင်စွမ်းနဲ့ သန့်စင်နိုင်စွမ်းတွေကို မသိကြသေးလို့ဖြစ်ပါလိမ့်မယ်။ တကယ်တော့ မုန့်ဖုတ်ဆိုဒါဟာဆိုရင် သာမန်ဆပ်ပြာတွေထက်တောင် သန့်စင်နိုင်စွမ်းမြင့်မားတဲ့အပြင် သဘာဝအနံ့ဆိုးပျောက်ဆေးလည်းဖြစ်တဲ့အတွက် အနံဆိုးအားလုံးကို အလွယ်တကူ ဖယ်ရှားပေးနိုင်တာပဲဖြစ်ပါတယ်။ သူ့ကို သုံးမယ်ဆိုရင်တော့ ဘေစင်မှာပါတဲ့ ဘီရိုရဲ့ အောက်ခြေက အနံ့ဆိုးထွက်လွယ်တဲ့နေရာတွေကို မုန့်ဖုတ်ဆိုဒါ ခပ်များများ ဖြူးလိုက်ပြီး နာရီတော်တော်ကြာ ဒါမှမဟုတ် တစ်ညသိပ်ထားလိုက်ပါ။ နောက်နေ့မနက်ကျမှ အဝတ်ရေစိုနဲ့ သုတ်ပြီး သန့်ရှင်းလိုက်တာနဲ့တင် အနံ့ဆိုးတွေ ပျောက်သွားစေမှာပါဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်တိုင်းမှာ ရှိထားသင့်တဲ့ ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။

ရှာလကာရည်

ရှာလကာရည်ဟာဆိုရင်လည်း အနံ့ဆိုးတွေဖယ်ရှားရာမှာ ထိရောက်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ရေနဲ့ ရှာလကာရည်ကို ဆတူရော၊ စပရေးဘူးထည့်ပြီး အနံ့ဆိုးထွက်နိုင်တဲ့ မျက်နှာပြင်တွေနဲ့ ဘေစင်တွေထဲကို ဖြန်းနိုင်ပါတယ်။ ရှာလကာရည်က အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးပြီး သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းမွှေးပျံ့စေမှာပါ။

အခုပြောပြပေးသွားတဲ့နည်းလမ်းတွေအပြင် ဘေစင်အောက်မှာ အနံ့ဆိုးတွေစုပုံမသွားအောင် ဒီနည်းလမ်းတွေကိုလည်း လိုက်လုပ်ကြည့်ဖို့ အကြံပေးပါရစေ။ ပထမဆုံးအနေနဲ့ စားကြွင်းစားကျန်တွေကို သေချာလေးစွန့်ပစ်ပါ၊

ဒုတိယတစ်ခုအနေနဲ့ ဖိတ်စင်တာမျိုးတွေ၊ အစွန်းတွေကို ပုံမှန်လေး သုတ်ပေးပါ၊ ပြီးရင် မီးဖိုချောင်ကို သန့်သန့်ရှင်းရှင်းနဲ့ ခြောက်ခြောက်သွေ့သွေ့လေး ထားပေးပါ။ ဒီလိုထားပေးမယ်ဆိုရင်တော့ သင့်အနေနဲ့ သန့်ရှင်းပြောင်လတ်ပြီး အနံ့ဆိုးကင်းတဲ့ မီးဖိုချောင်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး ဈေးသွားတဲ့အခါ မုန့်ဖုတ်ဆိုဒါနည်းနည်းပဲဖြစ်ဖြစ်၊ ရှာလကာရည်တစ်ဘူးလောက်ပဲဖြစ်ဖြစ်ဝယ်လာပြီး ဒီနည်းလမ်းတွေအတိုင်း စမ်းသပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: goodlife

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပ
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service