အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ

အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
24 Jan 2025 10:28 am တွင် တင်ခဲ့သည်
472 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ

ဟယ်လင် ဟာရီကိန်းမုန်တိုင်းသည် အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားပြည်နယ်ကို လွန်ခဲ့သော ၃ လခန့်က ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့သတင်းများတွင် အခြားအကြောင်းအရာများဖြင့်သာ ဖုံးလွှမ်းနေပြီး မြောက်ကာရိုလိုင်းနားမှ တိတ်ဆိတ်သော တောင်ပေါ်မြို့လေးများ မုန်တိုင်းကြောင့် ရေလွှမ်းမိုးကာ အရာရာ ပျက်စီးသွားသည့် ဖြစ်ရပ်မှာမူ သတင်းများတွင် ရောက်မလာခဲ့။

သို့သော် အမျိုးသားတစ်ဦးမှာမူကာ အခြားသတင်းအကြောင်းအရာများအပေါ် အာရုံပြောင်းမသွား။

သူ၏ အာရုံတွင် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးနေသည့် မြို့လေး၏ အကြောင်းသာ အမြဲကြီးစိုးနေခဲ့သည်။

မြောက်ကာရိုလိုင်းနားမှ တစ်ခုသော ဒေသခံတို့က ထိုအမျိုးသားကို ‘ဘုရားသခင်စေလွှတ်လိုက်သူ’ ဟု တင်စားပြောဆို ချီးကျူးလျက်ရှိနေသည်။

ဂျိတ်ခ် ဂျာဗစ် (Jake Jarvis) အမည်ရှိ အမျိုးသားသည် ဆောက်လုပ်ရေးနှင့် အဆောက်အအုံများ ဖျက်သိမ်းပေးသည့် လုပ်ငန်းများ လုပ်ဆောင်သော Precision Grading အမည်ရှိ ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်နေသူ ဖြစ်သည်။

မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဟန်ဒါဆန်ခရိုင်တွင် တည်ရှိသော Bat Cave မြို့လေးသည် ဟယ်လင် ဟာရီကိန်းမုန်တိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရသော မြို့လေးဖြစ်သည်။

ဂျိတ်ခ် ဂျာဗစ်သည် Bat Cave မြို့လေးတွင် ပျက်စီးနေသောအိမ်များ ပြန်လည်ဆောက်လုပ်ပေးခြင်း၊ တံတားများ ဆောက်လုပ်ပေးခြင်းတို့ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများကို ဒေါ်လာ ထောင်သောင်းချီ အကုန်အကျခံ ဆောက်လုပ်ပေးလျက်ရှိသည်။

 

(ဂျာဗစ်က ၎င်းဆောက်လုပ်ပေးခဲ့သော တံတား၏ ကြံ့ခိုင်မှုကို စစ်ဆေးနေပုံ။ ဓာတ်ပုံ-Jake Javis)

 

ဂျိတ်ခ် ဂျာဗစ်သည် မုန်တိုင်းစတင်တိုက်ခတ်သည့်နေ့ကတည်းက Bat Cave မြို့လေးတွင် ရှိနေခဲ့သည်။

“အပျက်အစီးတွေ နေ့တိုင်းတွေ့နေရတာ စိတ်မသက်သာစရာပါ။ ဒါတွေနဲ့ ကျွန်တော်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတာပါ” ဟု ဂျာဗစ်က ပြောသည်။

Bat Cave တွင် နေရာတိုင်း အပျက်အစီးများချည်း ပြည့်နှက်နေသည်။

“ပြီးခဲ့တဲ့ညက အေးစက် မှောင်မဲနေတဲ့ကြားက ကျွန်တော်တို့ ည ၉ နာရီအထိ အလုပ်လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့မှာ မီးလုံးတွေပါလာပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြပါတယ်” ဟု ဂျာဗစ်က ပြောသည်။

(မိသားစုတစ်ခုအတွက် ဂျာဗစ်က ဆောက်လုပ်ပေးခဲ့သည့် တံတား။ ဓာတ်ပုံ-Jake Javis)

 

လက်ရှိအားဖြင့် ဂျာဗစ်သည် ရေစီးနောက် ပါသွားသော Paula Master ဆိုသော အမျိုးသမီး၏နေအိမ်ကို ဖြိုဖျက်ပေးနေသည်။

အိမ်ကို တစ်စစီဖျက်သိမ်းကာ သူ၏အဖွဲ့က ရှင်းလင်းသယ်ဆောင်နေသည်။

နေအိမ်ဖျက်သိမ်းခြင်းမှာ စက်ယန္တယားကြီးများ အသုံးပြုရပြီး ဒေါ်လာ ထောင်ချီကုန်ကျသည့် လုပ်ငန်းဖြစ်သည်။

နေအိမ်ဖျက်သိမ်းမှုကို Paula က သမီးဖြစ်သူနှင့်အတူ စောင့်ကြည့််နေခဲ့သည်။

မိသားစုနှင့် အမှတ်တရများစွာရှိခဲ့သော အိမ်လေးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

(နေအိမ်ဖျက်သိမ်းရာတွင် ပြန်လည်သိမ်းဆည်းပေးထားသော ပစ္စည်းတစ်ခုကို Paula ၏ သမီးဖြစ်သူက ပြုံးရွှင်စွာ လက်ခံရယူနေပုံ။ ဓာတ်ပုံ-WLOS Staff)

“ကျွန်မတို့မှာ ကံကောင်းထောက်မစွာနဲ့ ကယ်တင်မယ့် နတ်ဘုရားတွေ ပေါ်ပေါက်လာတယ်။ သူက အဲ့လို နတ်ဘုရားတစ်ပါးပါပဲ” ဟု Paula က ပြောသည်။

ဂျာဗစ်သည် သူ၏ စုဆောင်းငွေအပြင် အခြားသူတို့ လှူဒါန်းငွေများဖြင့် အခမဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

 

(ဟယ်လင်မုန်တိုင်းကြီး တိုက်ခတ်ပြီးနောက်ပိုင်း ဂျာဗစ်က စက်ယန္တရားကြီးများသုံးကာ အခမဲ့ ကူညီပေးနေသည်။ ဓာတ်ပုံ-WLOS Staff)

 

(ဂျာဗစ်ဖောက်လုပ်ပေးထားသည့် လမ်းပေါ်တွင် အမျိုးသားတစ်ဦး ကားမောင်းဖြတ်သန်းနေပုံ။ ဓာတ်ပုံ-Jake Javis)

Bat Cave မြို့လေး၏ မီးသတ်ဌာနအကြီးအကဲ စတိဗ် ဖရီးမန်းက ပြောသည်မှာ ဂျာဗစ်သည် မိမိတို့ဒေသအတွက် တန်ဖိုးမဖြတ်နိုင်သူတစ်ဦးဖြစ်ကြောင်း ပြောသည်။

“သူက ဘုရားသခင် စေလွှတ်လိုက်တဲ့သူပါ” ဟု ဖရီးမန်းက ဆိုသည်။

 

(နေအိမ်တစ်လုံး ဖျက်သိမ်းပေးနေသည်ကို ဒေသခံတို့ ကြည့်ရှုနေပုံ။ ဓာတ်ပုံ-WLOS Staff)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bat Cave community praises contractor for free construction work after Helene Photo Credit-WLOS Staff, Jake Javis

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service