တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
16 Jan 2025 10:35 am တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အနာဂတ်သည် တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အနာဂတ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ရန် တိုယိုတာက သင့်အား ဖိတ်ခေါ်နေသည်။

ကမ္ဘာ့ထိပ်သီး ကားကုမ္ပဏီကြီး တိုယိုတာက Woven City အမည်ရှိ အနာဂတ်ဆန်သော မြို့သစ်ကြီးကို ကန်ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဂျပန်နိုင်ငံ ရှိဇုအို့ကမြို့တွင် ဆောက်လုပ်ထားသည်။

တီထွင် ဆန်းသစ်မှုများစွာကို အခြေပြုထားပြီး အနာဂတ်နည်းပညာနှင့် ထိတွေ့ရန် အခြေချ နေထိုင်မည့်သူများ ရှာဖွေနေသည်။

ယခုမြို့သစ် စီမံကိန်းကို လွန်ခဲ့သော ၅ နှစ်ကတည်းက ချပြထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ၂၀၂၅ ကုန်စည်ပြပွဲ CES 2025 တွင် တိုယိုတာ၏ ဥက္ကဌ Akio Toyoda က ပြောသည်။

မြို့သစ်အကျယ်အဝန်းမှာ ၁၂ ဧကရှိပြီး သက်ရှိဓာတ်ခွဲခန်းဟု တင်စားထားသည်။ မြို့သစ်တွင် နေထိုင်သူတို့မှာ မြို့ပြနေထိုင်မှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အစရှိသည်တို့နှင့် စပ်လျဉ်းသည့် နည်းပညာသစ်များကို စမ်းသပ်မည့်သူများ ဖြစ်လာမည်ဖြစ်သည်။

(သက်ရှိ ဓာတ်ခွဲခန်းဟု အမည်ပေးထားသော မြို့သစ်မှာ နောက်ဆုံးပေါ် နည်းပညာများကို လက်တွေ့ကမ္ဘာတွင် စမ်းသပ်ရန် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး နေထိုင်မည့်သူတို့မှာ အဆိုပါ စမ်းသပ်ချက်တွင် မိမိတို့၏ စိတ်ဆန္ဒအလျောက် ပါဝင်မည့်သူများ ဖြစ်လာမည် ဖြစ်သည်။ ဓာတ်ပုံ-Jam Press)

“Woven City ဟာ နေထိုင်၊ အလုပ်လုပ်၊ ဆော့ကစားတဲ့ နေရာတစ်ခုဆိုတာထက် ပိုပါတယ်။ ဒီနေရာဟာ ထုတ်ကုန်နဲ့ စိတ်ကူးသစ်အားလုံးကို တီထွင် ထုတ်လုပ်နိုင်တဲ့နေရာ ဖြစ်ပါတယ်”ဟု Toyoda က ပြောသည်။

စီမံကိန်း ပထမဆင့်ကို ယခုဆောင်းတွင်းတွင် စတင်ရန် စီစဉ်ထားပြီး ကနဦး နေထိုင်မည့်သူ ၁၀၀ ဝန်းကျင်ခန့် ရှိမည် ဖြစ်သည်။

အဓိကအားဖြင့် Toyota ကုမ္ပဏီ၏ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်ကြမည် ဖြစ်သည်။

နောက်ပိုင်းတွင် အခြားသူများကိုပါ နေထိုင်ခွင့်ပေးရန် စီစဉ်ထားပြီး စီမံကိန်း တိုးတက်လာသည်နှင့်အမျှ လူဦးရေ ၂၀၀၀ အထိ နေထိုင်လာရန် စီစဉ်ထားသည်။

(တိုယိုတာ၏ ဥက္ကဌ Akio Toyoda က မြို့သစ်ကြီး ပြီးစီးကြောင်းကို CES 2025 တွင် ထုတ်ဖော်ကြေညာ ခဲ့သည်။ ဓာတ်ပုံ-Getty Images)

 

(အလိုအလျောက် မောင်းနှင်စနစ်သုံး မော်တော်ကားများမှသည် စွမ်းအင်သုံးစွဲမှု နည်းပါးသော နည်းပညာများ အထိ Daikin,NISSIN,UCC Japan တို့ကဲ့သို့ ကုမ္ပဏီများ၏ နည်းပညာများ စမ်းသပ်ရန် နေရာတစ်ခု ဖြစ်လာ မည် ဖြစ်သည်။ ဓာတ်ပုံ-Jam Press)

 

(“Woven City ဟာ နေထိုင်၊ အလုပ်လုပ်၊ ဆော့ကစားတဲ့ နေရာတစ်ခုဆိုတာထက် ပိုပါတယ်။ ဒီနေရာဟာ ထုတ်ကုန်နဲ့ စိတ်ကူးသစ်အားလုံးကို တီထွင် ထုတ်လုပ်နိုင်တဲ့နေရာ ဖြစ်ပါတယ်”ဟု Toyoda က ပြောသည်။ဓာတ်ပုံ-Jam Press)

 

(စီမံကိန်း ပထမဆင့်ကို ယခုဆောင်းတွင်းတွင် စတင်ရန် စီစဉ်ထားပြီး ကနဦး နေထိုင်မည့်သူ ၁၀၀ ဝန်းကျင်ခန့် ရှိမည် ဖြစ်သည်။ အဓိကအားဖြင့် Toyota ကုမ္ပဏီ၏ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပြောင်းရွှေ့ နေထိုင်ကြမည် ဖြစ်သည်။ ဓာတ်ပုံ-Jam Press)

 

(စီမံကိန်း ပထမဆင့်တွင် လူဦးရေ ၃၆၀ နေထိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ၂၀၀၀ ဦးခန့်အထိ နေထိုင်နိုင်ရန် မျှော်မှန်းထားသည်။ ဓာတ်ပုံ-Jam Press)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Toyota opens doors to $10B ‘City of the Future’ — and they’re recruiting residents Photo Credit-Jam Press

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service