ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jan 2025 10:14 am တွင် တင်ခဲ့သည်
500 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်ရှိ အမေရိကန်ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက်သွားလာသူ ၂ ဦး ဖမ်းဆီးခံလိုက်ရသည်။

လော့စ်အိန်ဂျလိ တောမီးကြောင့် ထိုဒေသမှာ evacuation zone အဖြစ် သတ်မှတ်ထားသည်။

လော့စ်အိန်ဂျလိ ရဲတပ်ဖွဲ့ (LAPD) သည် စနေနေ့မနက် ၄း၃၀ အချိန်တွင် ညမထွက်ရ အမိန့် ချိုးဖောက်သူ အမျိုးသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း NBC Los Angeles သတင်းဌာနက ဖော်ပြသည်။

“သူတို့ ဘယ်နေရာရောက်နေတယ်ဆိုတာကို သိပုံမရဘူး”ဟု LAPD သတင်းရင်းမြစ် တစ်ခုက ပြောသည်။

ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်တည်ရှိရာ ဘရန့်ဝုဒ်အရပ်မှာ တောမီးကြောင့် မဖြစ်မနေ ရွှေ့ပြောင်းကြရသည့် ဒေသအဖြစ် သတ်မှတ်ထားသည်။

(ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်တည်ရှိရာ ဘရန့်ဝုဒ်အရပ်။ ဓာတ်ပုံ-Google Maps)

လော့စ်အိန်ဂျလိ တောမီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေရာ ဒေသဝန်းကျင်နှင့် ကမ္ဘာကျော် ကြယ်ပွင့်တို့၏ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ စံအိမ်ကြီးများ တည်ရှိရာ နေရာတို့တွင် ည ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည်။

လော့စ်အိန်ဂျလိ တောမီးမှာ နှစ်သစ်ကူးညက မီးရှုးမီးပန်းများကြောင့် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ယူဆရသည်။

ခါမလာဟဲရစ်၏ ခင်ပွန်းဖြစ်သူ Douglas Emhoff သည် ယခုစံအိမ်ကို ၂၀၁၂ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Town and Country က ဖော်ပြသည်။

အိပ်ခန်း ၄ ခန်းပါဝင်ပြီး တန်ကြေး ကန်ဒေါ်လာ ၄ ဒသမ ၇၉ သန်း ရှိသည်။

(ဒုသမ္မတ ခါမလာဟဲရစ်နှင့် ကယ်လီဖိုးနီးယားမှ အုပ်ချုပ်ရေးပိုင်း အကြီးအကဲများ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ကြပုံ။ ဓာတ်ပုံ-AFP via Getty)

 

(Pacific Palisades အရပ်တွင် ဇန်နဝါရီ ၁၁ ရက်က အကြီးအကျယ် မီးလောင်ကျွမ်းနေပုံ။ ဓာတ်ပုံ-ZUMAPRESS.Com)

တောမီးကြောင့် လက်ရှိအချိန်အထိ လူ ၅ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

ဧကပေါင်း ၂၃၆၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီးဖြစ်ကာ ၁၁ ရာခိုင်နှုန်းသာ မီးထိန်းနိုင်သေးကြောင်း လော့စ်အိန်ဂျလိ အရာရှိတို့က ပြောသည်။

လော့စ်အိန်ဂျလိ တောမီးသည် Mandeville Canyon, Brentwood ,Bel Air တို့အထိ ဆက်လက်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံပေါင်း ၅၀၀၀ ကျော် မီးလောင်းပျက်စီးသွားခဲ့သည်။

(ဇန်နဝါရီ ၁၁ ရက်က မီးငြှိမ်းသတ်နေသော ရဟတ်ယာဉ်တစ်စီးကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-AFP)

 

(ခါမလာဟဲရစ်က အိမ်ဖြူတော်ရှိ ရုစဗဲ့ခန်းမတွင် လော့စ်အိန်ဂျလိ တောမီးအကြောင်း ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-AFP)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Two people arrested for violating curfew near Kamala Harris’ California home amid wildfires Photo Credit-AFP, zumapress.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service