Knowledge | Posted by Aye Myat Thu
အိမ်နေရာထိုင်ခင်း အသစ်တစ်ခုအတွက် တစ်နေရာနဲ့ တစ်နေရာ ပြောင်းရွှေ့ကြတဲ့အခါ အိမ်ရဲ့ပရိဘောအသုံးအဆောင်တွေ ထုပ်ပိုးသယ်ဆောင်ရတဲ့နေရာတွေမှာ ဘယ်လိုအစီအစဉ်တကျ ထုပ်ပိုးပြီးပြောင်းရွှေ့ကြမလဲ ဆိုတာနဲ့ လွယ်လွယ်ကူကူ ပြောင်းရွှေ့နိုင်ကြမယ်ဆိုတာက တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။
အိမ်ထောင်ပရိဘောဂအကြီးကြီးတွေကစလို့ ဟိုးအသေးဆုံး အသေးအမွှားလေးတွေအထိထုပ်ပိုးသိမ်း ဆည်းတဲ့နေရာမှာ လွယ်ကူတဲ့အပိုင်းရှိသလို တချို့ ပစ္စည်းတွေက ထုပ်ပိုးသယ်ဆောင်တဲ့နေရာမှာ ခက်ခဲတဲ့ အနေအထားတွေလည်း ရှိပါတယ်။ ထုပ်ပိုးမှုမလုံခြုံလို့ စနစ်မကျလို့ အချို့တန်ဖိုးကြီးပစ္စည်းတွေကျိုးပဲ့ ပျက်စီးရတာတွေ၊ ပြောင်းရွှေ့မှုစနစ်မကျလို့ အခေါက် ခေါက်အခါခါ ပြောင်းရွှေ့နေရလို့ လူပင်ပန်း၊ စိတ်ပင်ပန်းရတာတွေစသဖြင့် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတတ်ပါတယ်။
ဒါ့ကြောင့် ဒီလိုမျိုးနေအိမ်တွေပြောင်းရွှေ့တဲ့အခါ အသုံးအဆောင် ပစ္စည်းတွေကို ဘယ်လိုမျိုးစည်းစနစ်တကျ ထုပ်ပိုးပြီး အလွယ်တကူ ပြောင်းရွှေ့လို့ရနိုင်မယ်ဆိုတဲ့ နည်းလမ်းကောင်းလေးတချို့ကိုပြောပြပေးချင်ပါတယ်။
၁။ အိမ်ပြောင်းရွှေ့မှုအတွက် မနက်ပိုင်းစောစောအချိန်ကတည်းကစတင်ပါ။ မိုးလင်းအချိန်ကတည်းကနေ ည နေပိုင်း မိုးချုပ်တဲ့အချိန် အထိယူထားတယ်ဆိုတော့ ပြောင်းရွေ့ဖို့အတွက် လောက်ငတဲ့ အချိန်ကိုရရှိနိုင်မှာ ဖြစ်ပြီး နေ့ဘက်ဆိုတော့ပိုပြီးတော့ပြောင်းရွှေ့ရအဆင်ပြေနိုင်မှာပါ။
၂။ ပြောင်းရွှေ့ရမယ့်ပစ္စည်းတွေရဲ့ စာရင်းလုပ်ပါ။ တကယ်တမ်းအရေးပါတဲ့ တန်ဖိုးကြီးအသုံးအဆောင်၊ ဂရုတစိုက်သယ်ဆောင်မယ့် ကွဲရှလွယ်၊ ပျက်စီးလွယ် ပစ္စည်းစာရင်း၊ အရင်ပြောင်းရွှေ့ရမယ့် ပရိဘောဂကြီး ကြီးမားမားနဲ့ အိမ်ခန်းနေရာသစ်မှာ ထားရှိမယ့်ယာယီ အထားအသို၊ နောက်ပြီး ဟောင်းနွမ်းပျက်စီးနေလို့ စွန့်ပစ်ချန်ထားမယ့် အပျက်အစီးတွေ စတာတွေအတွက် စာရင်းလုပ်ပါ။
၃။ ပရိဘောဂ အသုံးအဆောင်တွေကို စနစ်တကျလုံ လုံခြုံခြုံထုပ်ပိုးပါ။ ကတ်ထူ စက္ကူပုံးတွေ၊ ပလက်စတစ် ခြင်းတောင်း၊ ပုံးတွေ၊ နောက် ခိုင်ခိုင်ခံ့ခံ့ရှိတဲ့ အိတ်တွေ စတာတွေက ဒီနေရာမှာအရမ်းကို အသုံးဝင်ပါတယ်။ ခိုင်ခံ့တဲ့ ကြိုးခွေတွေ၊ ပလက်စတစ်တိတ်တွေ၊ ပါကင် တိတ်တွေ၊ စတဲ့ အရာတွေကို မဖြစ်မနေအသုံးပြုရမှာ ဖြစ်တဲ့အတွက် ဆောင်ထားသင့်ပါတယ်။
၄။ ထိခိုက်ကွယ်အက်လွယ်တဲ့ ပန်းအိုး၊ ကြွေထည် ပစ္စည်း၊ပန်းကန်၊ မီးလုံး၊ဖန်ချောင်း၊ မှန်ဘောင်တွေ၊ ဖန်ချပ် စတဲ့အရာတွေကို ထူထူထဲထဲရှိတဲ့ ပလက်စတစ် အိပ်တွေ၊ဖော့လိပ်တွေ၊စက္ကူရွက်တွေက ထုပ်ပိုးသိမ်းဆည်းရလွယ်ကူပြီး လုံလုံခြုံခြုံရှိစေပါတယ်။
၅။ တိုလီမိုလီ ပစ္စည်းအတိုအစတွေကို တစ်စုတစ်စည်းထဲအမျိုးအစားအလိုက်သိမ်းဆည်းထုပ်ပိုးပါ။ ဥပမာ - အလှပြင် ပစ္စည်း၊ ဆေးဝါးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း အိုးခွက်စသည်၊ အပ်ချုပ်စက်ပစ္စည်း အသုံးအဆောင် ပစ္စည်း၊ ချည်လုံး၊ ပိတ်စ၊ လျှပ်စစ်ပစ္စည်း၊ အသုံးအဆောင် မီးကြိုး၊ မီးခွေ၊ စာအုပ်စာတန်းနဲ့ ပတ်သက်တဲ့ အသုံးအဆောင်၊ အိမ်မွေးတိရစာ္ဆန်မွေးထားသူတွေက သူတို့လေးတွေရဲ့အသုံးအဆောင် စသဖြင့် သီးခြားထုပ်ပိုးပြီး သိမ်းဆည်းပြောင်းရွှေ့မယ်ဆိုရင် နေရာအသစ်ပြန်ချတဲ့ အခါရှာဖွေရလွယ်ကူပြီး မြန်မြန်ဆန်ဆန်ပဲ နေရာပြန်ချရလွယ်ကူမှာလည်း ဖြစ်ပါတယ်။
၆။ အိမ်ပြောင်းရွှေ့မှုလုပ်ငန်း ကိုယ်ကိုတိုင်ပြောင်းရွှေ့တာပဲဖြစ်ဖြစ်၊ ဒီနေ့မှာခေတ်စားလာတဲ့ ပြောင်းရွှေ့မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ပဲဖြစ်ဖြစ် လုပ်ဆောင်ကြတော့မယ်ဆိုရင် ပစ္စည်းတွေရဲ့လုံခြုံစိတ်ချရမှုကို အဓိက ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းအသုံးအဆောင်၊ အရေးတကြီးအသုံးဝင်တဲ့အရာတွေ ပျောက်ရှကွဲအက်တာတို့ ဖြစ်သွားမယ်ဆိုရင် အစားထိုးပြန်ရဖို့ မလွယ်ကူနိုင်တော့တာကြောင့် ဂရုတစိုက်ပြောင်းရွှေ့သင့်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com