ဟန်ဆောင်စာချုပ်များအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
280 Views

ဟန်ဆောင်စာချုပ်များအကြောင်း

Knowledge | Posted by Si Thu Aung

မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား ပေါင်နှံခြင်းများ ဆောင်ရွက်ရာတွင် ပေါင်နှံခြင်းအတွက် သတ်မှတ်ထားသော အပေါင်လုပ်ငန်းလိုင်စင်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းလိုင်စင်များနှင့် ဘဏ်အဖွဲ့အစည်းများတွင်သာ အာမခံစာချုပ်စာတမ်းများထား၍ ငွေချေးငှားခြင်း၊ ပေါင်နှံခြင်းများ ဆောင်ရွက်နိုင်ပါသည်။

လုပ်ငန်းလိုင်စင်မရှိဘဲ အရပ်ထဲ၌ ပေါင်နှံခြင်း၊ ငွေချေးခြင်း ဆောင်ရွက်နေကြသည်များလဲရှိပြီး ပေါင်နှံခြင်း စာချုပ်မချုပ်ဆိုနိုင်ကြသည့်အတွက် ဟန်ဆောင်အရောင်းအဝယ် စာချုပ်များ ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေ ရပါသည်။ ပဋိညာဉ်တစ်ရပ်မှာ ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၂၃ နှင့် ညီညွှတ်ရန် လိုပါသည်။ ဟန်ဆောင်စာချုပ်မှာ အတည်ပြုနိုင်ခြင်းမရှိသဖြင့် ပဋိညာဉ်တစ်ရပ် မမြောက်ပါ။

ပေါင်နှံခြင်း၊ အရောင်းအဝယ် စာချုပ်ချုပ်ဆိုခြင်း ဟန်ဆောင်စာချုပ်အရ ငွေထုတ်ချေးသူမှာ ဥပဒေအကာ အကွယ်ယူကာ တရားစွဲဆိုရန် ခက်ပါသည်။ ထို့ပြင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုထားသော်လည်း အိမ်ခြံမြေအား လက်ရောက်ရယူရန် မလွယ်ကူပါ။ တရားစွဲဆိုသည့်အခါတွင်လဲ ဟန်ဆောင်စာချုပ်ချုပ်ကြကြောင်း ပေါ်ပေါက် လျှင် အမှုမှာ ရှုံးနိမ့်မည်ဖြစ်ပါသည်။

ချေးငွေရယူလိုသူမှ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးသည်ဆိုသော်လည်း ပေါင်နှံသူမှ ၎င်းအားအခက်တွေ့စေသည့် ဟန်ဆောင်စာချုပ်အား မချုပ်ဆိုသင့်ပါ။ မေတ္တာဖြင့် အကူအညီပြုသည့် သဘောသက်ရောက်စေသည့် စာချုပ်မျိုးသာ အမှန်အတိုင်း ချုပ်ဆိုသင့်ပြီး မိတ်ဆွေသဘောအရ အကူအညီမှုပြုလျှင် တရားရုံးမှ ဖြေရှင်း

ဆောင်ရွက်ပေးနိုင်ပါသည်။

သက်သေခံအက်ဥပဒေပုဒ်မ - ၉၂ ၌ စာချုပ်တစ်စောင်ချုပ်ဆိုပြီးပါက စာချုပ်ပါ စကားရပ်နှင့် ဆန့်ကျင် ကွဲလွဲစွာ စာချုပ်ချုပ်ဆိုသူများက သက်သေခံတင်ပြခွင့်မရှိဆိုသော်လည်း ခြွင်းချက်အရ ဟန်ဆောင်စာချုပ်ဖြစ်နေ လျှင် စာချုပ်ချုပ်ဆိုသူများနှင့် အသိသက်သေများက အမှန်တိုင်း သက်သေခံတင်ပြခွင့်ရှိပါသည်။ (မောင်ကျင်နှင့် မရွှေလပါ အများ၊ 9 L.B.R.114(P.C)နှင့် အဆိုပါစီရင်ထုံးစာအုပ် စာမျက်နှာ-၁၃၈မှ ၁၄၂) အမှုတွင် ကြည့်ရှုနိုင်ပါသည်။(ဦးသိန်းဟန်နှင့် ဦးဘသိုက်ပါ-၂ အမှု၊ ဦးခွေးနှင့် ဦးအေးပါ-၂) အမှုတွင်လဲ ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း ပေါ်ပေါက်ပါက အမှုမှာ ခိုင်မာမှုမရှိ၍ တရားရုံးမှ ပလပ်ကြောင်း ညွှန်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။

ချေးငွေရယူသူအနေဖြင့်လဲ အရောင်းအဝယ်စာချုပ်အား ချုပ်ဆိုမှုပြုခဲ့ခြင်းအတွက် မူလရည်ရွယ်ချက်ကို တရားရုံးတွင် သက်သေထင်ရှားမပြနိုင်လျှင် တရားရုံးမှ အရောင်းအဝယ်စာချုပ်အား အမှန်တကယ် လက်မှတ်ရေး ထိုးခဲ့ခြင်းကိုသာ အဆုံးအဖြတ်ပြုမည်ဖြစ်ပါသည်။

စာချုပ်တစ်စောင်အား ငွေချေးသူမှ မိမိ၏ လွတ်လပ်သော သဘောဆန္ဒနှင့်အညီ လက်မှတ်ရေးထိုးမှုပြုခြင်းမှာလဲ မိမိတွင် တာဝန်တစ်ရပ်ရှိစေပါသည်။ အမှုတွင် ငွေချေးခြင်း အကြောင်းအရာအား သက်သေထင်ရှားမပြနိုင်လျှင် ချေးငွေယူသူ အမှုရှုံးနိမ့်မည်ဖြစ်ပါသည်။

ထို့ကြောင့် ဟန်ဆောင်စာချုပ်ချုပ် ဆိုခြင်းမှာ ငွေပေးသူရော၊ ငွေချေးသူရော မည်သူ့အတွက်မျှ မကောင်းပါ။ ဟန်ဆောင်စာချုပ်နှင့်စပ်လျဉ်း၍ ဦးထွန်းချစ်နှင့် ဦးစိုးနိုင်(၎င်း၏ အခွင့်ရကိုယ်စားလှယ် ဒေါ်ဆယ်ရာထွန်း) အမှုတို့တွင်လဲ ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။ ပဋိညာဉ်တစ်ရပ်ဆောင်ရွက်ပြီးပါက ပဋိညာဉ် ချုပ်ဆိုသူ များမှ ကတိအတိုင်းဆောင်ရွက်ကြရပြီး ပျက်ကွက်သူထံမှ နစ်နာသူမှ ပဋိညာဉ်ဥပဒေပုဒ်မ - ၇၃ အရ လျော်ကြေးရ ထိုက်ခွင့်လဲရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service