တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှစ်ဦးပိုင် စံအိမ်တွေ ဘယ်လို ခွဲဝေမလဲ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှစ်ဦးပိုင် စံအိမ်တွေ ဘယ်လို ခွဲဝေမလဲ - Property News in Myanmar from iMyanmarHouse.com
6 Jan 2025 10:09 am တွင် တင်ခဲ့သည်
1130 ကြိမ် ကြည့်ရှု့ပြီး

(Zhao Wei ဘယ်သူလဲ)

Vicky Zhao ဟု လူသိများသူ ကျောက်ဝေ (Zhao Wei)

(မွေး-၁၉၇၆) သည် တရုတ် ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ ရုပ်ရှင် ဒါရိုက်တာ၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။

တရုတ်ပြည်တွင် Four Dan actress ဟု နာမည်ကြီးသော ထိပ်သီး ရုပ်ရှင်မင်းသမီး ၄ ဦးတွင် ပါဝင်သည်။

Four Dan actress တွင် ပါဝင်သူများမှာ ကျန်းဇယီ (Zhang Ziyi) ၊ ကျောက်ဝေ (Zhao Wei)၊ ကျိုးရှင်း (Zhou Xun) နှင့် ရှူကျင့်လိန် (Xu Jinglei) တို့ဖြစ်ကြသည်။

My Fair Princess အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့ရာမှ စတင်ကျော်ကြားခဲ့သည်။

My Fair Princess (၁၉၉၈-၁၉၉၉) ဇာတ်လမ်းတွဲကို တချိန်က မြန်မာပြည်တွင် မြဝတီရုပ်သံလိုင်းမှ ရွှေမင်းသမီး အမည်ဖြင့် ထုတ်လွှင့်ခဲ့ဖူးသည်။

ကျောက်ဝေသည် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် စတီဗင် ချောင်နှင့်အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော Shaolin Soccer (၂၀၀၁) မှာ အလွန်အောင်မြင် ခဲ့သည်။

((ခင်ပွန်းနှင့် ကွာရှင်းပြတ်စဲပြီ))

ကျောက်ဝေက ခင်ပွန်းဖြစ်သူ ဟွမ်ယိုလုံ (Huang Youlong) နှင့် ကွာရှင်းပြတ်စဲပြီဖြစ်ကြောင်း တရားဝင် အတည်ပြုပြောကြားလိုက်ပြီ ဖြစ်သည်။

ဟွမ်ယိုလုံသည် ငွေကြေးအရှုပ်အရှင်းများစွာတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကျောက်ဝေက ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျောက်ဝေက “ကျွန်မ ဟွမ်နဲ့ တရားဝင်ကွာရှင်းထားတာ နှစ်အတော်ကြာခဲ့ပါပြီ။ ကျွန်မတို့ အိမ်ထောင်ရေးက ပြီးဆုံးသွားခဲ့ပါပြီ” ဟု ပြောသည်။

ပရိသတ်များအနေဖြင့် မိမိကို ဟွမ်နှင့် ပတ်သက်သည့် အဖြစ်အပျက်များ၊ သတင်းများတွင် ဆက်စပ်ပြောကြားခြင်းမပြုရန် ကျောက်ဝေက တောင်းဆိုထားသည်။

Wise Choice Ventures Limited က ဟွမ်ယိုလုံအား ဒီဇင်ဘာလ ၂၃ ရက်က ဟောင်ကောင်တရားရုံးချုပ်တွင် တရားစွဲတင်ပြထားသည်မှာ ဟွမ်သည် ၎င်းတို့အပေါ် အတိုးအရင်းပေါင်း ဟောင်ကောင်ဒေါ်လာ ၇၅၃ သန်း အကြွေးတင်နေသည်ဟု ဆိုသည်။

တရားလိုက အကြွေးများ ပြန်လည်ပေးဆပ်ရန်အပြင် တရားရင်ဆိုင်နေစဉ်ကာလအတွင်း အတိုးများနှင့် တရားစရိတ်ကိုပါ တောင်းခံထားသည်။

ထို့အပြင် ဟွမ်ယိုလုံသည် ဟောင်ကောင်အနောက်ပိုင်း Tsuen Wan မြို့မှ The Westminster Terrace အဆောက်အအုံရှိ duplex ခန်းအတွက် အိမ်လခများ ၊ အခွန်အခများ မပေးဆောင်ခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံပိုင်ရှင်က ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၈ သန်း တောင်းခံနေကြောင်း သတင်းများရှိသည်။

ထိုမျှမက ဘဏ္ဍာရေးကုမ္ပဏီတစ်ခုကလည်း ဟွမ်ယိုလုံကို အကြွေး ဟောင်ကောင်ဒေါ်လာ သန်း ၃၀၀ ရလိုမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း တရားစွဲထားသေးသည်။

((လူမှုကွန်ရက်မှ ဖယ်ရှားခံရခြင်း))

ကျောက်ဝေသည် ၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့သောရုပ်ရှင်တွင် ထိုင်ဝမ်ရုပ်ရှင်မင်းသားတစ်ဦးကို ငှားရမ်းခြင်း၊ ၂၀၀၁ ခုနှစ်အတွင်း မဂ္ဂဇင်းတစ်ခုအတွက် ဓာတ်ပုံရိုက်ရာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်ဘက်က သုံးခဲ့သော အလံပုံပါသည့် ဝတ်စုံဝတ်ဆင်ခဲ့ခြင်းများအတွက် တရုတ်အစိုးရ၏ အရေးယူမှုများ ခံခဲ့ရသည်။

တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်တွင် ကျောက်ဝေ၏ အကောင့် ဖယ်ရှားခံရသည့်အပြင် သူ၏ fan page ပါ ဖယ်ရှားခံခဲ့ရသည်။

ထို့အပြင် လူမှုကွန်ရက်တွင် သူ၏နာမည်ကိုလည်း အပြီးတိုင် ဖယ်ရှားခဲ့ပြီး blacklist သတ်မှတ်ခြင်း ခံရသည်။

တရုတ်ပြည်တွင်း streaming ဝက်ဘ်ဆိုက်များတွင်လည်း ကျောက်ဝေ၏ ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်သံအစီအစဉ်များအားလုံး ဖြုတ်ချခံရပြီး သူ၏ ရုပ်ရှင်များအတွက် online credit များကိုလည်း ဖယ်ရှားခဲ့သည်။

((ပြင်သစ်နိုင်ငံတွင် ဝယ်ယူခဲ့သော စံအိမ်များ))

ကျောက်ဝေသည် တရုတ်ပြည်တွင်းတွင် အငြင်းပွားဖွယ်ဖြစ်ရပ်များ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ခင်ပွန်းဖြစ်သူ ဟွမ်ယိုလုံနှင့်အတူ ပြင်သစ်သို့ ထွက်ခွာခဲ့သည်။

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း St Emilion အရပ်ရှိ ကျေးလက်စံအိမ်ကြီးတစ်လုံးကို ဝယ်ယူခဲ့သည်။

ဈေးနှုန်းမည်မျှ ပေးခဲ့ရသည်ကိုမူ မသိရချေ။

Chateau Monlot အမည်ရှိ ၇ ဟက်တာ ကျယ်ဝန်းသော ခြံဝန်းကြီးနှင့် စံအိမ်ကို ကျောက်ဝေက ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့သည်ကို မသိရသော်လည်း ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်တို့က တန်ကြေး ယူရို ၄ သန်းမှ ၅ သန်းကြားရှိကြောင်း ပြောကြသည်။

ဒေသတွင်း အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော SAFER က ပြောသည်မှာ St Emilion အရပ်တွင် မြေဈေးမှာ တစ်ဟက်တာလျှင် ယူရို ၂၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကြားရှိကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese actress Zhao Wei confirms divorce from Huang Youlong following financial disputes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service