အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
1 Jan 2025 12:47 pm တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ကနေဒါနိုင်ငံသို့ သွားရောက်ကာ ပန်းဥယျာဉ်စိုက်ပျိုးရေးသမားအဖြစ် အလုပ်လုပ်ကိုင်ပြီး ၎င်း၏မျိုးနွယ်စုများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေးရှာဖွေလျက်ရှိသည်။

အဲရစ် မာနူးသည် သူ၏ အသက် ၆၇ နှစ်အရွယ် ဦးလေးဖြစ်သူ ပြီးခဲ့သောနှစ်အတွင်း ကွယ်လွန်သွားပြီး နောက်ပိုင်း မျိုးနွယ်စုအကြီးအကဲ တော်ဝင်ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။

မာနူးသည် ယခင်က ကနေဒါနိုင်ငံတွင် ပန်းဥယျာဉ်စိုက်ပျိုးရေးလုပ်သားတစ်ဦးအဖြစ် လုပ်ကိုင်ကာ ဇနီး၊ သားငယ်တို့နှင့်အတူ ၃ နှစ်ခန့် နေထိုင်လျက်ရှိရာမှ ဦးလေးကွယ်လွန်ချိန် ၂၀၁၅ ခုနှစ်တွင် ဂါနာနိုင်ငံတောင်ပိုင်းသို့ ပြန်လာခဲ့ကာ မျိုးနွယ်စုဘုရင် အရိုက်အရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။

မာနူးသည် အဒန်စီ အဘိုအာဘို နံပါတ် ၂ ကျေးရွာတွင်ရှိသော အာကန်မျိုးနွယ်စု၏ ဘုရင်ဖြစ်သည်။

ယခုအခါတွင်မူ မာနူးက ဆင်းရဲမွဲတေလှသော မျိုးနွယ်စုအား စောင့်ရှောက်နိုင်ရန် ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်သို့ ပြန်လာခဲ့ပြီး မူလ အလုပ်ဟောင်းတွင် ဝင်ရောက်လုပ်ကိုင်နေသည်။

CBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မာနူးက ပြောသည်မှာ ဂါနာသို့ ရောက်ရှိချိန်တွင် မျိုးနွယ်စု၏ ဆင်းရဲလှသည့် အခြေအနေများ၊ ဂါနာအစိုးရ၏ ပြုမူပုံများကို စိတ်မချမ်းမသာဖြစ်ခဲ့ရကြောင်း ပြောသည်။

(မျိုးနွယ်စုအကြီးအကဲ မာနူးကို သူ၏မျိုးနွယ်စု ဘုရင်အဆင်တန်ဆာ ဝတ်ရုံဖြင့် မကြာသေးမီ အချိန်ကာလက ရိုက်ကူးထားသော ဓာတ်ပုံ။)

“ဂါနာအစိုးရက ဒီလိုရွာလေးတွေကို တကယ်အာရုံမစိုက်ပါဘူး။ သူတို့အဓိက အာရုံစိုက်တာက မြို့ကြီးတွေပါ။ ဒါက တကယ်ကို စိတ်ပျက်ဖိို့ ကောင်းပါတယ်” ဟု မာနူးက On The Cast အစီအစဉ်တွင် ပြောကြားသည်။

“သူတို့တွေမှာ အဝီစိတွင်းရေစနစ်၊ လျှပ်စစ်မီး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ ဆေးရုံ အစရှိတာတွေ မရှိကြဘူး”

မာနူးသည် ၂၀၁၂ ခုနှစ်တွင် ကနေဒါနိုင်ငံသူတစ်ဦးနှင့် လက်ထပ်ပြီးနောက် ကနေဒါသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

အဆိုပါ အမျိုးသမီးနှင့် ဂါနာနိုင်ငံတွင် ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

ဦးလေးဖြစ်သူ ကွယ်လွန်သွားပြီးနောက်ပိုင်း ဂါနာသို့ ပြန်ခဲ့ကာ မျိုးနွယ်စုကို ဦးဆောင်ရန်အတွက် ဘုရင်အရိုက်အရာကို ဆက်ခံခဲ့သည်။

“ကျွန်တော့်ဘဝဟာ တခြားသူတွေအတွက်ဖြစ်တယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော့်မှာ တာဝန်တွေ၊ ဝတ္တရားတွေရှိပါတယ်။ သူတို့က ကျွန်တော့်ကို မျှော်ကိုးနေကြပါတယ်”

(အဲရစ် မာနူးသည် ဦးလေးဖြစ်သူ ကွယ်လွန်ချိန်တွင် ဂါနာသို့ ပြန်ခဲ့ကာ မျိုးနွယ်စု အကြီးအကဲ အရိုက်အရာကို ဆက်ခံခဲ့သည်။ သို့သော် ကနေဒါတွင် စိုက်ပျိုးရေးသမားအဖြစ် လုပ်ကိုင်ဝင်ငွေရှာကာ မျိုးနွယ်စုကို ကူညီခြင်းမှာ ပိုမိုထိရောက်ကြောင်း မာနူးက ယူဆသည်။)

(ဂါနာတွင် မျိုးနွယ်စု အကြီးအကဲဘဝဖြင့် နေထိုင်ရသော်လည်း မာနူးမှာ ကနေဒါသို့ ပြန်လာကာ မြေယာအလှပြုပြင်ရေးအလုပ်သမားတစ်ဦးအဖြစ် ပြန်လည်လုပ်ကိုင်ခဲ့သည်)

 

(ပုံတွင်တွေ့ရသည့် သေတ္တာများ၊ အိတ်များမှာ To The Moon and Back ဖောင်ဒေးရှင်းမှ လှူဒါန်းထားသော ပစ္စည်းများ ဖြစ်သည်)

မာနူးက ဂါနာရှိ အကြီးအကဲ တာဝန်များကို ခေတ္တစွန့်လွှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောသော်လည်း ကနေဒါသို့ ပြန်လည်ရောက်ရှိလာမှုကို ကနေဒါတွင်ရှိသော ခင်မင်ရင်းနှီးသူတို့က များစွာ အံ့အားသင့်ကြသည်။

“တခါတလေ အလုပ်နေရာတွေကို သွားတဲ့အခါမှာ …ခင်ဗျားက အကြီးအကဲတစ်ယောက်ပဲ။ ကျွန်တော်ခင်ဗျားကို ရုပ်မြင်သံကြားသတင်းမှာ မြင်ဖူးတယ်။ ဘာကြောင့် ဒီအလုပ်တွေ လုပ်နေတာလဲ..လို့ မေးကြပါတယ်” ဟု မာနူးက CTV News သတင်းဌာနသို့ ပြောသည်။

“ကနေဒါမှာ ရှိနေချိန်အတွင်း ကျွန်တော့်ရဲ့အလုပ်ရှင်အတွက် အလုပ်လုပ်ပေးရတာ ကျွန်တော်ဂုဏ်ယူပါတယ်” ဟု မာနူးက ပြောသည်။

 

(မာနူး၏ အလုပ်ရှင်အမျိုးသမီး Susan Watson က မာနူး၏ မျိုးနွယ်စုအား ထောက်ပံ့ရန် To the Moon and Back အမည်ရှိ ဖောင်ဒေးရှင်းကို တည်ထောင်ထားသည်)

အဆိုပါ ဖောင်ဒေးရှင်းသည် မာနူး၏ မျိုးနွယ်စုအတွက် ကွန်တိန်နာတစ်ပုံးစာ ဆေးဝါးပစ္စည်းများ၊ ကျောင်းသုံးပစ္စည်းများနှင့် အဝတ်အထည်များကို ဂါနာသို့ တင်ပို့လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။

“တစ်ရွာလုံးက တော်တော်လေး ဆင်းရဲပါတယ်။ ဆေးခန်းမှာ ဝမ်းဆွဲဆရာမတစ်ယောက်နဲ့ သူနာပြုတချို့ပဲ ရှိပါတယ်။ ဆရာဝန်မရှိပါဘူး” ဟု အလုပ်ရှင် Susan က ပြောသည်။

(ကနေဒါမှ ဂါနာသို့ ပေးပို့လှူဒါန်းခဲ့သော အစားအစာ၊ အဝတ်အထည်၊ စာအုပ်များနှင့် အခြားပစ္စည်းများ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: King of West African tribe returns to gardening job in Canada (dailymail) Photo Credit-Dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service