ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
31 Dec 2024 11:47 am တွင် တင်ခဲ့သည်
421 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ၂ ကြိမ်ရရှိထားပြီး လက်ဝှေ့လောကမှ အနားယူထားသူ ဖလွိုက်မေဝယ်သာသည် နယူးယောက်မြို့ မန်ဟက်တန်အရပ်ရှိ နေအိမ်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်းခဲ့သည်။

လူမှုကွန်ရက်တွင် Follower သန်း ၃၀ ရှိသူ မေဝယ်သာ ငှားရမ်းခဲ့သည်မှာ အနောက် ၅၃ လမ်း၊ အမှတ် ၂၀ ရှိ Baccarat Hotel and Residences မှ Duplex အခန်းဖြစ်သည်။

(ဖလွိုက်မေဝယ်သာ။ ဓာတ်ပုံ-Getty Images)

(မီးဖိုဆောင်။ ဓာတ်ပုံ-DDReps)

(အပန်းဖြေရန် နေရာများစွာ ရှိသည်။ ဓာတ်ပုံ-DDReps)

(စတုရန်းပေ ၃၁၀၀ ကျယ်ဝန်းသော သီးသန့်လသာဆောင် ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-DDReps)

(အိပ်ခန်း ၅ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-DDReps)

(အခန်းတွင်းမှ Column တိုင်များ။ ဓာတ်ပုံ-DDReps)

(အရက်ဘားနှင့် Wine fridge။ ဓာတ်ပုံ-DDReps)

မေဝယ်သာသည် နယူးယောက်မြို့တွင် နေအိမ်လိုက်လံရှာဖွေခဲ့ရာတွင် Uber တည်ထောင်သူ Travis Kalanick ပိုင်ဆိုင်သော တစ်လလျှင် ဒေါ်လာ ၁၅၀၀၀၀ ပေးရမည့်အခန်းအပြင် ဒေါ်လာ ၄၉ ဒသမ ၅ သန်းတန် နေအိမ်တစ်လုံးတို့ကိုလည်း ကြည့်ရှုခဲ့သေးသည်။

နောက်ဆုံးတွင် စတုရန်းပေ ၄၁၇၈ ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းပါသော ယခု Duplex ခန်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

Gemstone Terrace ဟု လူသိများသော ယခု duplex ခန်းမှာ အဆောက်အအုံ၏ ၁၈ ထပ်နှင့် ၁၉ ထပ်တို့တွင် ဖြန့်ကျက်တည်ရှိသည်။

(full bathroom ၅ ခန်းနှင့် half bathroom ၂ ခန်းပါဝင်သည်။ ဓာတ်ပုံ-DDReps)

(အိမ်ခန်းနောက်ဘက်မှ တွေ့မြင်ရသော နယူးယောက်မြို့ကြီး၏ မြင်ကွင်း။ ဓာတ်ပုံ-DDReps)

Duplex ခန်းတွင် eat-in kitchen ၊ ရေချိုးခန်း ၇ ခန်း၊ အပန်းဖြေဧည့်ခံရန် နေရာများစွာ၊ စတုရန်းပေ ၃၁၀၀ ကျယ်ဝန်းသော သီးသန့်လသာဆောင်တို့ ပါဝင်သည်။

Baccarat Residential ကွန်ဒိုခန်းနေထိုင်သူတစ်ဦးအဖြစ် မေဝယ်သာအနေဖြင့် အားကစားလေ့ကျင့်ခန်းမ၊ ရေကူးကန်နှင့် Concierge တို့အပါအဝင် Baccarat ဟိုတယ်၏ ဝန်ဆောင်မှုများ ရရှိမည် ဖြစ်သည်။

ဈေးကွက်တင်ပေးသော အကျိုးဆောင်များမှာ Compass အိမ်ခြံမြေကုမ္ပဏီမှ Ryan Garson နှင့် Brian K.Lewis တို့ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Floyd Mayweather Jr. inks a $100K/month deal for a home in NYC: ‘It’s a high price — a record — for a Midtown rental’ (nypost) Photo Credit-DDReps, Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ

American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service