၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး

၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
28 Dec 2024 4:23 pm တွင် တင်ခဲ့သည်
443 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

နှစ်ဟောင်းမှနှစ်သစ်ဆီသို့ ကူးပြောင်းတဲ့အချိန်မှာ လူတိုင်းကတော့ ကံကောင်းမှု၊ငွေကြေး၊အပေါင်းအသင်းမိတ်ဆွေ၊ပညာရေး၊လာဘ်လာဘ၊ကျန်းမာရေးအလှအပစတဲ့ ကဏ္ဍရပ်တိုင်းကို လာမယ့်နှစ်သစ်အတွင်း တဆင့်တိုးကောင်းမွန်လာတာကိုပဲ ဖြစ်ချင်ကြမှာပါပဲ။ ဒီလိုပဲ မိတ်ဆွေသူငယ်ချင်းအချင်းချင်း ပိုမိုကံကောင်းစေဖို့ ဆုတောင်းပေးလေ့ရှိကြပါတယ်။

၂၀၂၄ ရဲ့နောက်ဆုံးပိတ်လက်ဆောင်အနေနဲ့ နှစ်သစ်မှာ ပိုမို Smart ကျ အောင်မြင်တဲ့ Better Self ဖြစ်လာစေဖို့ ဖုန်းထဲထည့်သွင်းအသုံးပြုသင့်တဲ့ Application ကောင်းလေးတွေကို ပြောပြပေးသွားမယ်။ လူဟာ စိတ်ထောင်းရင် ကိုယ်ကြေနိုင်တယ်ဆိုသလိုပဲ စိတ်ကျန်းမာနေမှ လူမှုရေး၊စီးပွားရေး၊အချစ်ရေး၊ကျန်းမာရေးကိစ္စတွေကို နေ့စဉ်ပုံမှန်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ အပြင်ပန်းအလှထက် ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာစေမယ့် Self-Care Application လေးများကို မျှဝေချင်ပါတယ် ။

 

StretchIt

ပထမဆုံး Application လေးကတော့ ကျန်းမာရေးအတွက်အထောက်အကူဖြစ်မယ့် Application ပါ။ နေ့စဉ်ပုံမှန်လှုပ်ရှားနေရတဲ့ဘဝမှာ ငွေကြေးနောက်လိုက်ရင်း ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုအတွက် GYM ရုံသီးသန့်မသွားနိုင်သူများအတွက် ရည်ရွယ်ပါတယ်။ Application လေးတစ်ခုပေမယ့် GYM ဆရာတစ်ယောက် ကိုယ့်ဘေးနားရောက်နေသလို ကျန်းမာရေးကိုယ်လက်လှုပ်ရှားမှုကျင့်စဉ်များကို သင့်အတွက်ပြောပြပေးသွားမှာပါ ။ App ထဲဝင်လိုက်ရုံနဲ့ Personal Trainer က ဘာအတွက် ကိုယ်လက်လှုပ်ရှားမှုပြုချင်သလဲမေးပါမယ်။ Health, Achieve Splits, Mobility and Flexibility, Improve Fitness Performance, Reduce Stress ကြိုက်နှစ်သက်ရာရွေးချယ်လို့ရပြီး တစ်နေ့ကုန် အလုပ်မှာစိတ်ပင်ပန်း၊လူပင်ပန်းလာသမျှ အကြောလဲဖြေ စိတ်လဲဖြေနိုင်မယ့် App လေးတစ်ခုဖြစ်ပါတယ်။

 

Calm

တစ်နေ့တာရဲ့ပင်ပန်းမှုတွေအပြီးမှာ ကိုယ့်စိတ်ကိုအနားပေးမယ့် Application လေး လာပါပြီ ။ Calm လို့ ခေါ်ပါတယ် ။ Play Store မှာရော App Store မှာပါ Download ယူနိုင်ပြီး Calm မှာ ဘာတွေရနိုင်လဲဆိုတာကတော့ စိတ်ကိုငြိမ်းချမ်းစေမယ့် Exercise လေးတွေ ပါဝင်ပါတယ်။ တရားထိုင်ဖို့အတွက် Timer , အသက်ရှူထုတ် ရှုသွင်း Exercise, အိပ်ရာဝင်ပုံပြင်၊ ချော့တေးနဲ့ စိတ်ဖိစီးမှု မသိစိတ်က စိုးရိမ်ပူပန်မှုများကို တိုက်ဖျက်ပေးပါတယ်။

 

Feel Better

 

ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုကို ရရှိအောင်အစားအသောက်လေးတွေကတစ်ဆင့် သွားကြရအောင်။ ဝိတ်ချချင်တာပဲဖြစ်ဖြစ် ကိုယ်အလေးချိန်တိုးချင်တာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ကိုက်ညီမှုရှိတဲ့အစားအသောက်ကိုပြင်ဆင်စားသောက်ချင်တာပဲဖြစ်ဖြစ် ဒီ Feel Better ဆိုတဲ့ App လေးက ကူညီပေးပါလိမ့်မယ်။ Feel Better App ထဲမှာကျန်းမာရေးနဲ့ကိုက်ညီမှုရှိရှိ အစားအသောက်ချက်ပြုတ်နည်းများ မြောက်များစွာပါဝင်ပြီး မိသားစုကျန်းမာရေးအတွက် အလေးထားတတ်တဲ့အိမ်ရှင်မများ ဆောင်ထားသင့်သော App ဖြစ်ပြီး တစ်ကိုယ်ရည်တစ်ကာယ နေတတ်တဲ့ FA များ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ရရှိအောင် လိုက်နာသုံးစွဲသင့်တဲ့ App ပဲဖြစ်ပါတယ်။

 

Shwe Note

 

ဒီ App လေးကတော့ စာဖတ်တတ်သူများအတွက် ရည်ရွယ်ပါတယ်။ စာအုပ်ကိုင်ဖတ်ဖို့အချိန်မရှိ အာရုံမစိုက်နိုင်သူများအတွက် စာအုပ်တစ်အုပ်ရဲ့အတိုချုပ်ကို မိနစ်သုံးဆယ်စာ အသံဖြင့်နားထောင်နိုင်မယ့် App ဖြစ်ပါတယ်။ အနှစ်ချုပ် မကြိုက်သူများအတွက်လည်း စာအုပ်တစ်အုပ်လုံးကို အသံဖိုင်နဲ့နားထောင်နိုင်တာမို့ စာအုပ်ဖတ်နေရသလို အသိဉာဏ်ကြွယ်နိုင်မယ့် Application ဖြစ်ပါတယ်။

Duolingo

 

ဘာသာစကားတစ်မျိုးမျိုးကိုတတ်မြောက်ထားတဲ့သူဟာ သာမန်လူထက်ခေါင်းတစ်လုံးအမြဲသာသလို သူ့အတွက်အခွင့်အရေးတွေကလည်း လက်တကမ်းမှာအမြဲပါပဲ။ ဘာသာစကားသင်ကြားဖို့အကောင်းဆုံး Application ကတော့ အားလုံးသိတဲ့ Duolingo Application ပါ ။ ကမ္ဘာ့အကောင်းဆုံး Learning application ဖြစ်ပြီး စာသင်နေရတာမဟုတ်ပဲ ဂိမ်းဆောနေရသလို စိတ်လက်ပေါ့ပါးစွာ Stress မရှိပဲ ဘာသာစကားကိုလေ့လာနိုင်တဲ့ Application ဖြစ်လို့ Free Download ယူပြီး သင်ယူနိုင်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service