ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျော် ခရီးထွက်ခဲ့မှု ဟိုးလေးတကြော်ဖြစ်နေ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျော် ခရီးထွက်ခဲ့မှု ဟိုးလေးတကြော်ဖြစ်နေ - Property Knowledge in Myanmar from iMyanmarHouse.com
11 Dec 2024 9:55 am တွင် တင်ခဲ့သည်
700 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျော် ခရီးထွက်ခဲ့မှု ဟိုးလေးတကြော်ဖြစ်နေ

ဂျပန်တွင် အမျိုးသားတစ်ဦးသည် ၎င်းနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ နေအိမ်တွင် လိုက်လံတည်းခို ခရီးထွက်နေသည့်ဖြစ်ရပ်မှာ ဟိုးလေးတကြော် နာမည်ကြီးနေသည်။

နားထောင်သမားကောင်းတစ်ဦးဖြစ်သည်ဟုလည်း နာမည်ကြီးသည်။

သူစိမ်းတို့၏ ဘဝဖြစ်ရပ်များ ပြောပြမှုကို စိတ်ရှည်လက်ရှည်နားထောင်ပေးပြီး အပြန်အလှန်အားဖြင့် ၎င်းကို တည်းခိုအိပ်စက်ခွင့် ပေးရသည်။

သူ၏ အမည်မှာ ရှူဒ အိရှိဒဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ဖြစ်သည်။

အိရှိဒသည် အလုပ်မှထွက်ပြီးချိန် လွန်ခဲ့သော ၅ နှစ်ခန့်က စတင်အကြံရခဲ့ခြင်း ဖြစ်သည်။

အိရှိဒသည် ခရီးထွက်ရန်အတွက် မရှိမဖြစ်လိုသော အသုံးအဆောင်ပစ္စည်းများကို ကျောပိုးအိတ်ထဲထည့်ကာ နိုင်ငံတဝန်း စတင်ခရီးထွက်ခဲ့သည်။ စုဆောင်းထားငွေများဖြင့် နှစ်ရှည်ခရီးစဉ် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

အိရှိဒက ပြောသည်မှာ ၎င်းသည် အခြားသူတို့နှင့် ရောရောနှောနှော နေတတ်သူတစ်ဦးမဟုတ်ကြောင်း ပြောသည်။

သို့သော် တက္ကသိုလ်ကျောင်းသားဘဝက ထိုင်ဝမ်သို့ ခရီးထွက်ခဲ့စဉ် မိတ်ဆွေများ ရခဲ့ကာ အရသာရှိသော ဟင်းလျာအမျိုးမျိုးကို ခံတွင်းတွေ့ခဲ့ပြီးနောက်ပိုင်း သူ၏ အမြင်များ ပြောင်းလဲသွားသည်။

မိမိတွင် ခရီးသွားလိုစိတ်၊ အခြားသူတို့နှင့် ထိတွေ့ပေါင်းသင်းဆက်ဆံလိုစိတ်များရှိသည်ကို သိသွားသည်။

အိရှိဒက ခရီးသွားရာတွင် နေရေးထိုင်ရေးအတွက် ကုန်ကျစရိတ်သက်သာစေရန် နည်းလမ်းတစ်မျိုး တီထွင်ခဲ့ပုံမှာ ထူးခြားနေသည်။

လူစည်ကားသော ဘူတာရုံနှင့် လမ်းများပေါ်တွင် ဆိုင်းဘုတ်တစ်ခုကိုင်ကာ အချိန်ကြာရှည် နေထိုင်လေ့ရှိသည်။

သူ၏ ဆိုင်းဘုတ်တွင် “ကျွန်တော့်မှာ ခရီးသွား အိပ်ယာတစ်ခုရှိပါတယ်။ ခင်ဗျားတို့ရဲ့အိမ်မှာ အခုည အိပ်ပါရစေ။ ကျွန်တော်…နေအိမ်ပေါင်း ၃၀၀ ကျော်မှာ အိပ်ခဲ့ပြီးပါပြီ။ အင်တာနက်မှာ ရှူဒ အိရှိဒလို့ ရှာကြည့်ရင် သိနိုင်ပါတယ်” ဟု ရေးသားထားသည်။

(အိရှိဒသည် လူစည်ကားသော နေရာများတွင် ဆိုင်းဘုတ်တစ်ခုကိုင်ကာ အချိန်ကြာရှည် နေထိုင်လေ့ရှိပြီး အိပ်စက်ရမည့်နေရာ ရှာဖွေလေ့ရှိသည်။ ဓာတ်ပုံ-Baidu)

လမ်းသွားလမ်းလာအများစုက မသိကျိုးကျွံပြုသွားလေ့ရှိသော်လည်း သူ၏ဆိုင်းဘုတ်မှ စာများကို ဖတ်ကာ ရင်ဘတ်သို့ ထိမှန်သွားသူအချို့မှာ အိရှိဒကို နေအိမ်သို့ ခေါ်သွားကာ အိပ်စက်ရန် နေရာပေးကြသည်။

ထို့အပြင် အိရှိဒသည် ၎င်းကို အိပ်စရာနေရာပေးခဲ့ဖူးသူများကို အခါအားလျော်စွာ ပြန်လည်ဆက်သွယ်လေ့ရှိပြီး ၎င်းတို့ထံတွင် ရက်ပေါင်းများစွာ ပြန်လည်နေထိုင်လေ့ရှိသည်။

အိပ်စရာ နေရာရရေးအတွက် လမ်းပေါ်တွင် မျှော်လင့်စောင့်စားနေရသည်မှာ စိတ်ပင်ပန်းကြောင်း အိရှိဒက ပြောသည်။

“ငါးစာကို ချထားပြီးရင် ငါးလာဟပ်တာကို စောင့်နေရသလိုမျိုးပါပဲ”

အိရှိဒက ပြောသည်မှာ မိမိအား အိပ်စက်ခွင့်ပေးသူ အများစုမှာ တကိုယ်တည်းနေထိုင်သူများဖြစ်ပြီး ၉၀ ရာခိုင်နှုန်းမှာ single အမျိုးသားများဖြစ်ကြောင်း၊ စကားပြောဖော် ရှာနေသူများဖြစ်ကြကြောင်း၊ ၎င်းတို့၏ ရင်ထဲတွင် ကာလကြာရှည် သိမ်းဆည်းထားရသော ခံစားချက်များ..လျှို့ဝှက်ချက်များနှင့် ခက်ခဲကြမ်းတမ်းမှုများကို ပြောပြလေ့ရှိကြောင်း ပြောသည်။

(အိရှိဒကို အိပ်စက်ခွင့်ပေးသူ ၉၀ ရာခိုင်နှုန်းမှာ single အမျိုးသားများဖြစ်ပြီး စကားပြောဖော် ရှာဖွေနေသူများ ဖြစ်သည်။ ဓာတ်ပုံ-Baidu)

သို့သော် အိရှိဒက ၎င်းတို့အပေါ် စာနာကြောင်း၊ သနားကြောင်း ပြောလေ့မရှိ။ ပြန်လည်မေးခွန်းထုတ်ခြင်းသာ ပြုလုပ်သည်။

အိပ်စက်ခွင့်ပေးသော အိမ်ရှင်တို့က အိရှိဒ၏ ရိုးသားမှုအပေါ် ချီးကျူးကြသည်။

“သူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေ နားထောင်ရတာ ကျွန်တော် သဘောကျပါတယ်။ ဒါက ညတိုင်း ဝတ္ထုစာအုပ် အမျိုးမျိုး ဖတ်နေရသလိုပါပဲ။ ဘယ်တော့မှ ပျင်းစရာမရှိဘူး” ဟု အိရှိဒက ပြောသည်။

(အိရှိဒက အိမ်ရှင်တို့၏ ဘဝဖြစ်ရပ်များ နားထောင်ရခြင်းကို သဘောကျသည်။ ဓာတ်ပုံ-Baidu)

ပြီးခဲ့သော ၅ နှစ်တာအတွင်း အိရှိဒသည် မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းတို့၏ နေအိမ်ပေါင်း ၅၀၀ ကျော်တွင် တည်းခိုအိပ်စက်ခဲ့ပြီးဖြစ်သည်။

သူ၏ စုဆောင်းထားငွေများမှာ ခရီးထွက်နေခြင်းကြောင့် ကုန်လုနီးပါးဖြစ်နေပြီဖြစ်သော်လည်း အိရှိဒက အိမ်ပြန်ရန် စိတ်ကူးမရှိသေးချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Good listener’ Japanese man travels for 5 years, stays in 500 strangers’ homes for free (scmp) Photo Credit-Baidu

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service