ဂင်းနက်စ်စံချိန်တင်သွားသော ဖိလစ်ပိုင်က ကြက်ဖဟိုတယ်ကြီး

ဂင်းနက်စ်စံချိန်တင်သွားသော ဖိလစ်ပိုင်က ကြက်ဖဟိုတယ်ကြီး - Property Knowledge in Myanmar from iMyanmarHouse.com
11 Nov 2024 1:49 pm တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဖိလစ်ပိုင်နိုင်ငံရှိ ဟိုတယ်တစ်ခုမှာ ကမ္ဘာ့အကြီးမားဆုံး ကြက်ဖပုံ အဆောက်အအုံအဖြစ် ဂင်းနက်စ် စံချိန်တင်သွားသည်။

တည်ရှိသည့်နေရာမှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Negros Occidental ပြည်နယ်မှ Campuestohan Highland အပန်းဖြေစခန်းတွင် တည်ရှိသည်။

ကြက်ဖပုံ အဆောက်အအုံကြီးမှာ အမြင့် ၃၄ ဒသမ ၉၃၁ မီတာ (၁၁၅ ပေခန့်)၊ အကျယ် ၁၂ ဒသမ ၁၂၇ မီတာ (ပေ ၄၀ နီးပါး)၊ အလျား ၂၈ ဒသမ ၁၇၂ မီတာ (၉၂ ပေခန့်) ရှိကြောင်း ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ကြက်ဖပုံ ဟိုတယ်အဆောက်အအုံကြီးတွင် အခန်း ၁၅ ခန်းပါဝင်ပြီး လေအေးပေးစက်များ၊ ကြီးမားသော အိပ်ရာကြီးများ၊ ရုပ်မြင်သံကြားစက်များနှင့် ရေပန်းများပါဝင်သည်။ အထပ်တိုင်းမှာ ၂ ဒသမ ၆ မီတာအမြင့်ရှိပြီး ၁၃ ထပ်အဆောက်အအုံတစ်လုံး၏ အမြင့်ခန့်ရှိသည်။

ကြက်ဖပုံဟိုတယ်ကို ဆောက်လုပ်ရန် စီစဉ်ခဲ့သူ ရီကာဒို ကာနို ဂွါပို တန်က ပြောသည်မှာ ၎င်းသည် အိပ်မက်ကြီးကြီးမက်လေ့ရှိသူဖြစ်ပြီး အများမထင်ထားသည့်အရာတစ်ခု ဖန်တီးလိုစိတ်ရှိခဲ့ကြောင်း ပြောသည်။

“ပြည်သူတွေ တကယ်သဘောကျသွားမယ့်၊ ဟာခနဲ ဟင်ခနဲဖြစ်သွားစေမယ့်အရာမျိုးလုပ်ဖို့ ကျွန်တော်ရည်မှန်းခဲ့ပါတယ်”

(ရီကာဒိုက သူ၏အိပ်မက်ကို လျင်မြန်စွာ အကောင်အထည်ဖော်ခဲ့ရာ နမူနာပုံဖော်ခြင်းနှင့် စီမံကိန်းချခြင်း တို့အတွက် ၆ လသာကြာမြင့်ခဲ့သည်။ ဓာတ်ပုံ-Guinness World Record)

 

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတင်ခံခဲ့ရသည်။

အခန်း ၁၅ ခန်းပါဟိုတယ်ဖြစ်ပြီး မိသားစုဝင်များသူများ၊ အုပ်စုလိုက် ခရီးသွားသူများ သက်တောင့်သက်သာ အပန်းဖြေနိုင်သော နေရာဖြစ်သည်။

(ထူးခြားစွာ ပုံဖော်ဆောက်လုပ်သည့် အဆောက်အအုံဖြစ်ခြင်းကြောင့် စိန်ခေါ်မှုများကား ရှိနေသည်)

အဆောက်အအုံတည်ရှိသည့်ဒေသမှာ တိုင်ဖွန်းမုန်တိုင်းများ မကြာခဏတိုက်ခတ်သည့်ဒေသဖြစ်ရာ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

ထိုသို့ စိန်ခေါ်မှုများရှိသော်လည်း ဆောက်လုပ်မှုကာလ ၄၅၆ ရက်သာ ကြာမြင့်ခဲ့သည်။

 

 

(ကြက်ဖဟိုတယ်ကြီး၏ မြင်ကွင်း)

အဘယ်ကြောင့် ကြက်ဖပုံဆောက်လုပ်ရန် ရွေးချယ်ခဲ့သနည်း။

ရီကာဒိုက ပြောသည်မှာ “Negros Occidental ပြည်နယ်မှာက တိုက်ကြက်လုပ်ငန်းတွင်ကျယ်ပါတယ်။ ဒီလောကဟာ ဖိလစ်ပိုင်မှာ လူသန်းပေါင်းများစွာကို အလုပ်အကိုင်တွေ ပေးထားတာ ဖြစ်ပါတယ်။ ကြက်ဖတစ်ကောင်ကို ကြည့်မယ်ဆိုရင် အေးဆေးတည်ငြိမ်မှု၊ အမိန့်ပေးကွပ်ကဲနိုင်မှု၊ ခန့်ညားမှု၊ ကြံ့ခိုင်မှု အစရှိတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။

ရီကာဒို၏ ဇနီးဖြစ်သူ နီတာက Campuestohan Highland အပန်းဖြေစခန်းမြေနေရာကို ဝယ်ယူခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် မြေကွက်နေရာရှင်းလင်းခြင်းများ ပြုလုပ်ခဲ့သည်။

ထိုနေရာရှိ တောင်တန်းအလှ၏ ညှို့ယူဖမ်းစားနိုင်မှုကို မိမိတို့ အံ့အားသင့်ခဲ့ကြရကြောင်း ရီကာဒိုက ပြောသည်။

ထိုနေရာတွင် လမ်းကြမ်းကာ လျှပ်စစ်မီးမရှိသော်လည်း ရီကာဒိုက အပန်းဖြေစခန်းတစ်ခု စတင်ဆောက်လုပ်ခဲ့သည်။

ယနေ့အခါတွင်ကား ရီကာဒို၏ အပန်းဖြေစခန်းတွင် လှိုင်းလုံးထုတ်စက်များ တပ်ဆင်ထားသော ကြီးမားသည့် ရေကူးကန်ကြီးတစ်ခု၊ စားသောက်ဆိုင်ကြီးတစ်ခု၊ ကော်ဖီဆိုင်၊ ရေကူးကန် ၃ ခု၊ ဟိုတယ်ခန်းများ၊ သေသပ်လှပသော တဲကလေးများ၊ ရာနှင့်ချီသော ဒိုင်နိုဆော-ကာတွန်းရုပ်များ၊ ကမ္ဘာ့အကြီးမားဆုံး ကြက်ဖပုံ အဆောက်အအုံကြီးတို့ ရှိနေပြီဖြစ်သည်။

ကမ္ဘာ့အကြီးမားဆုံးကြက်ဖပုံအဆောက်အအုံကြီးမှာ ထိုဒေသ၏ ပြယုဂ်တစ်ခုဖြစ်လာနေပြီး ဒေသခံတို့ ဂုဏ်ယူစရာတစ်ခု ဖြစ်လာသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Philippine hotel named biggest chicken-shaped building in the world in Guinness records (gwr, straitstimes, indianexpress,vnexpress)

Photo Credit-Guinness World Record

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service