ရန်ဘီးကပူးမှသည် အမီတာဘဂျမ်းအထိ ဘောလိဝုဒ်ကြယ်ပွင့်တို့၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ

ရန်ဘီးကပူးမှသည် အမီတာဘဂျမ်းအထိ ဘောလိဝုဒ်ကြယ်ပွင့်တို့၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ - Property News in Myanmar from iMyanmarHouse.com
31 Oct 2024 10:57 am တွင် တင်ခဲ့သည်
580 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှု အချက်အခြာဖြစ်သော မွမ်ဘိုင်းသည် ဘီလျံနာသူဌေးကြီးများ၊ ဘောလိဝုဒ် အကျော်အမော်များနှင့် စက်မှုလုပ်ငန်းရှင်ကြီးများ၏ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြရာ ထိပ်တန်းနေရာ ဖြစ်လာနေသည်။

မွမ်ဘိုင်းသည် ပေကျင်းကို ဖြတ်ကျော်ပြီး အာရှတိုက်၏ ဘီလျံနာမြို့တော် ဖြစ်လာသည်။

အိမ်ခြံမြေဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာနေသည်နှင့်အမျှ ဘောလိဝုဒ် ကြယ်ပွင့်များ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုပ်ရှင်ဒါရိုက်တာများသည် မွမ်ဘိုင်းအိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ အင်တိုက်အားတိုက် ပြုလုပ်လာနေကြပြီး အိမ်ခြံမြေကဏ္ဍမှ မြိုးမြိုးမြက်မြက်ရလာကြသည်။

(၁) အဂျေး ဒေဗ်ဂန်

အဂျေး ဒေဗ်ဂန်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအစောပိုင်းတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရုံးခန်းနေရာ စတုရန်းပေ ၃၄၅၅ အကျယ်အဝန်းကို တစ်လလျှင် ရူပီး ၇ သိန်းဖြင့် ၅ နှစ် အငှားချခဲ့ကြောင်း Mint သတင်းဌာနက ဖော်ပြသည်။

ထိုအငှားချထားမှုတွင် လုံခြုံရေးစပေါ်ငွေ ရူပီး သိန်း ၃၀ လည်း ပေးရသည်ဟု ဆိုသည်။ News18 ၏ ဖော်ပြချက်အရ ဒေဗ်ဂန်သည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာရုံးခန်းအဆောက်အအုံ နေရာ ၅ ခုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ရူပီး ၄၅ ကုဋေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါရုံးခန်းနေရာများသည် မွမ်ဘိုင်းမြို့၊ Signature Tower ၏ ၁၆ ထပ်နှင့် ၁၇ ထပ်မြောက်တို့တွင် တည်ရှိသည်ဟု ဆိုသည်။

(၂) ရုပ်ရှင် ဒါရိုက်တာ Karan Johar

ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည့် Kuch Kuch Hota Hai (၁၉၉၆) ဇာတ်ကားမှာပင်လျှင် ဝက်ဝက်ကွဲ အောင်မြင်ကာ တစ်ကားတည်းဖြင့် တန်းဝင်ဒါရိုက်တာဖြစ်လာခဲ့သူ ကရန်း ဂျိုဟာ (Karan Johar) ကို ခင်မင်သူတို့က K Jo ဟု ခေါ်လေ့ရှိကြသည်။

ကရန်းဂျိုဟာသည် ရုပ်ရှင်ဒါရိုက်တာဘဝ ဖြတ်သန်းမှုကာလတလျှောက် ဆုပေါင်းများစွာ ရရှိခဲ့ရာ အိန္ဒိယအစိုးရက ချီးမြှင့်သော Padma Shri ဘွဲ့လည်း အပါအဝင်ဖြစ်သည်။

ကရန်းဂျိုဟာသည် စတင်ရိုက်ကူးသည့် ဇာတ်ကားမှာပင်လျှင် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာအဖြစ် Flimfare Award ရရှိခဲ့သည်။

ဒုတိယမြောက် အကောင်းဆုံးဒါရိုက်တာဆုကို My Name is Khan (၂၀၁၀) ဖြင့် ရရှိခဲ့သည်။

ကရန်းဂျိုဟာသည် အိမ်ခြံမြေကဏ္ဍမှ ဝင်ငွေများစွာရနေသည်။

၂၀၂၁ ခုနှစ်အတွင်း ကူးသန်းရောင်းဝယ်ရေးရုံးခန်း ၂ ခုကို ငှားရမ်းခ တစ်လလျှင် ရူပီး ၁၇ ဒသမ ၅၆ သိန်း၊ ရူပီး ၆ ဒသမ ၁၅ သိန်းတို့ဖြင့် အသီးသီး အငှားချခဲ့သည်။

ထို့အပြင် မွမ်ဘိုင်းမြို့၊ ဘန်ဒရအရပ်ရှိ ၃ ထပ်တိုက်ခန်းကိုလည်း ရုပ်ရှင်မင်းသား Imran Khan နှင့် သူ၏လက်တွဲဖော် Lekha Washington တို့အား တစ်လလျှင် ရူပီး ၉ သိန်းဖြင့် ငှားရမ်းထားသည်။

၃။ ကာဂျိုး

CNBC TV18 ၏ ဖော်ပြချက်အရ ကာဂျိုး၏ ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၂၄၀ ခန့်ရှိသည်ဟု ဆိုသည်။

News18 သတင်းဌာန၏ ဖော်ပြချက်အရ ကာဂျိုးသည် စတုရန်းပေ ၇၇၁ ကျယ်ဝန်းသောအခန်းကို ငှားရမ်းခ ရူပီး ၉၀၀၀၀ ဖြင့် အငှားချထားသည်ဟု ဆိုသည်။

ကာဂျိုး၏အခန်းမှာ Hiranandani Gardens မှ Atlantis project ရှိ ၂၁ ထပ်တွင် တည်ရှိသည်။

ထိုအခန်းငှားရမ်းမှုတွင် လုံခြုံရေးစပေါ်ငွေ ရူပီး ၃ သိန်းပါဝင်သေးသည်။

၄။ အမီတာ ဘဂျမ်း

အမီတာဘဂျမ်းသည် ဂျာလ်ဆာစံအိမ်ကြီးအနီးရှိ ဘန်ဂလိုအိမ်၏ မြေညီထပ်ကို ၂၀၂၁ ခုနှစ်အတွင်း State Bank of India (SBI) အား တစ်လလျှင် ရူပီး ၁၈ ဒသမ ၉၀ သိန်းဖြင့် ၁၅ နှစ်အငှားချထားခဲ့ကြောင်း Hindustan Times သတင်းဌာနက ဖော်ပြသည်။

ယခင်က Citibank ထံအငှားချထားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ပြောင်းရွှေ့သွားသည်။

SBI က ထိုငှားရမ်းမှုတွင် လုံခြုံရေးစပေါ် ရူပီး ၂ ဒသမ ၂၆ ကုဋေပေးခဲ့ရသည်။

(၅) ဆေ့ဖ်အလီခန်း

MoneyControl ၏ ဖော်ပြချက်အရ ဆေ့ဖ်အလီခန်းသည် မွမ်ဘိုင်းမြို့ ဘန်ဒရအရပ်ရှိ တိုက်ခန်းတစ်ခန်းကို Guilty by Association Media LLP အမည်ရှိ ကုမ္ပဏီအား ငှားရမ်းပေးခဲ့သည်။

စတုရန်းပေ ၁၅၀၀ ကျယ်ဝန်းသောအခန်းကို တစ်လလျှင် ရူပီး ၃ ဒသမ ၅ သိန်းဖြင့် အငှားချထားခြင်း ဖြစ်သည်။

(၆) ရန်ဘီးကပူး

သရုပ်ဆောင်နှင့် ကြော်ငြာအပြင် ရန်ဘီးကပူးသည် ထွန်းသစ်စကုမ္ပဏီများ၊ အားကစားနယ်ပယ်တို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

ရန်ဘီးကပူးသည် ပြွန်းမြို့၊ Trump Towers ရှိ စတုရန်းပေ ၆၁၀၀ ကျယ်ဝန်းသော အခန်းကို အငှားချထားရာတွင် တစ်လလျှင် ရူပီး ၄ သိန်းရနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: From Ranbir Kapoor to Amitabh Bachchan, here's a list of Bollywood actors who invested big in real estate. Check out how much they earn in rental income (gqindia)

[Zawgyi]

ရန္ဘီးကပူးမွသည္ အမီတာဘဂ်မ္းအထိ ေဘာလိဝုဒ္ၾကယ္ပြင့္တို႔၏ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈမ်ား

အိႏိၵယ၏ ရင္းႏွီးျမွဳပ္ႏွံမႈ အခ်က္အျခာျဖစ္ေသာ မြမ္ဘိုင္းသည္ ဘီလ်ံနာသူေဌးၾကီးမ်ား၊ ေဘာလိဝုဒ္ အေက်ာ္အေမာ္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္ၾကီးမ်ား၏ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ၾကရာ ထိပ္တန္းေနရာ ျဖစ္လာေနသည္။

မြမ္ဘိုင္းသည္ ေပက်င္းကို ျဖတ္ေက်ာ္ျပီး အာရွတိုက္၏ ဘီလ်ံနာျမိဳ႕ေတာ္ ျဖစ္လာသည္။

အိမ္ျခံေျမေစ်းႏႈန္းမ်ား တရိပ္ရိပ္ျမင့္တက္လာေနသည္ႏွင့္အမွ် ေဘာလိဝုဒ္ ၾကယ္ပြင့္မ်ား၊ ရုပ္ရွင္ထုတ္လုပ္သူမ်ား၊ ရုပ္ရွင္ဒါရိုက္တာမ်ားသည္ မြမ္ဘိုင္းအိမ္ျခံေျမေစ်းကြက္တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား အင္တိုက္အားတိုက္ ျပဳလုပ္လာေနၾကျပီး အိမ္ျခံေျမက႑မွ ျမိဳးျမိဳးျမက္ျမက္ရလာၾကသည္။

(၁) အေဂ်း ေဒဗ္ဂန္

အေဂ်း ေဒဗ္ဂန္သည္ ၂၀၂၄ ခုႏွစ္၊ စက္တင္ဘာလအေစာပိုင္းတြင္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ရံုးခန္းေနရာ စတုရန္းေပ ၃၄၅၅ အက်ယ္အဝန္းကို တစ္လလွ်င္ ရူပီး ၇ သိန္းျဖင့္ ၅ ႏွစ္ အငွားခ်ခဲ့ေၾကာင္း Mint သတင္းဌာနက ေဖာ္ျပသည္။

ထိုအငွားခ်ထားမႈတြင္ လံုျခံဳေရးစေပၚေငြ ရူပီး သိန္း ၃၀ လည္း ေပးရသည္ဟု ဆိုသည္။ News18 ၏ ေဖာ္ျပခ်က္အရ ေဒဗ္ဂန္သည္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာရံုးခန္းအေဆာက္အအံု ေနရာ ၅ ခုကို ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လအတြင္း ရူပီး ၄၅ ကုေဋျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

အဆိုပါရံုးခန္းေနရာမ်ားသည္ မြမ္ဘိုင္းျမိဳ႕၊ Signature Tower ၏ ၁၆ ထပ္ႏွင့္ ၁၇ ထပ္ေျမာက္တို႔တြင္ တည္ရွိသည္ဟု ဆိုသည္။

(၂) ရုပ္ရွင္ ဒါရိုက္တာ Karan Johar

ရုပ္ရွင္ေလာကသို႔ စတင္ဝင္ေရာက္ခဲ့သည့္ Kuch Kuch Hota Hai (၁၉၉၆) ဇာတ္ကားမွာပင္လွ်င္ ဝက္ဝက္ကြဲ ေအာင္ျမင္ကာ တစ္ကားတည္းျဖင့္ တန္းဝင္ဒါရိုက္တာျဖစ္လာခဲ့သူ ကရန္း ဂ်ဳိဟာ (Karan Johar) ကို ခင္မင္သူတို႔က K Jo ဟု ေခၚေလ့ရွိၾကသည္။

ကရန္းဂ်ဳိဟာသည္ ရုပ္ရွင္ဒါရိုက္တာဘဝ ျဖတ္သန္းမႈကာလတေလွ်ာက္ ဆုေပါင္းမ်ားစြာ ရရွိခဲ့ရာ အိႏိၵယအစိုးရက ခ်ီးျမွင့္ေသာ Padma Shri ဘြဲ႔လည္း အပါအဝင္ျဖစ္သည္။

ကရန္းဂ်ဳိဟာသည္ စတင္ရိုက္ကူးသည့္ ဇာတ္ကားမွာပင္လွ်င္ အေကာင္းဆံုးရုပ္ရွင္ဒါရိုက္တာအျဖစ္ Flimfare Award ရရွိခဲ့သည္။

ဒုတိယေျမာက္ အေကာင္းဆံုးဒါရိုက္တာဆုကို My Name is Khan (၂၀၁၀) ျဖင့္ ရရွိခဲ့သည္။

ကရန္းဂ်ဳိဟာသည္ အိမ္ျခံေျမက႑မွ ဝင္ေငြမ်ားစြာရေနသည္။

၂၀၂၁ ခုႏွစ္အတြင္း ကူးသန္းေရာင္းဝယ္ေရးရံုးခန္း ၂ ခုကို ငွားရမ္းခ တစ္လလွ်င္ ရူပီး ၁၇ ဒသမ ၅၆ သိန္း၊ ရူပီး ၆ ဒသမ ၁၅ သိန္းတို႔ျဖင့္ အသီးသီး အငွားခ်ခဲ့သည္။

ထို႔အျပင္ မြမ္ဘိုင္းျမိဳ႕၊ ဘန္ဒရအရပ္ရွိ ၃ ထပ္တိုက္ခန္းကိုလည္း ရုပ္ရွင္မင္းသား Imran Khan ႏွင့္ သူ၏လက္တြဲေဖာ္ Lekha Washington တို႔အား တစ္လလွ်င္ ရူပီး ၉ သိန္းျဖင့္ ငွားရမ္းထားသည္။

၃။ ကာဂ်ဳိး

CNBC TV18 ၏ ေဖာ္ျပခ်က္အရ ကာဂ်ဳိး၏ ၾကြယ္ဝမႈမွာ ရူပီး ကုေဋ ၂၄၀ ခန္႔ရွိသည္ဟု ဆိုသည္။

News18 သတင္းဌာန၏ ေဖာ္ျပခ်က္အရ ကာဂ်ဳိးသည္ စတုရန္းေပ ၇၇၁ က်ယ္ဝန္းေသာအခန္းကို ငွားရမ္းခ ရူပီး ၉၀၀၀၀ ျဖင့္ အငွားခ်ထားသည္ဟု ဆိုသည္။

ကာဂ်ဳိး၏အခန္းမွာ Hiranandani Gardens မွ Atlantis project ရွိ ၂၁ ထပ္တြင္ တည္ရွိသည္။

ထိုအခန္းငွားရမ္းမႈတြင္ လံုျခံဳေရးစေပၚေငြ ရူပီး ၃ သိန္းပါဝင္ေသးသည္။

၄။ အမီတာ ဘဂ်မ္း

အမီတာဘဂ်မ္းသည္ ဂ်ာလ္ဆာစံအိမ္ၾကီးအနီးရွိ ဘန္ဂလိုအိမ္၏ ေျမညီထပ္ကို ၂၀၂၁ ခုႏွစ္အတြင္း State Bank of India (SBI) အား တစ္လလွ်င္ ရူပီး ၁၈ ဒသမ ၉၀ သိန္းျဖင့္ ၁၅ ႏွစ္အငွားခ်ထားခဲ့ေၾကာင္း Hindustan Times သတင္းဌာနက ေဖာ္ျပသည္။

ယခင္က Citibank ထံအငွားခ်ထားျခင္းျဖစ္ျပီး ၂၀၁၉ ခုႏွစ္၊ ဇြန္လတြင္ ေျပာင္းေရႊ႕သြားသည္။

SBI က ထိုငွားရမ္းမႈတြင္ လံုျခံဳေရးစေပၚ ရူပီး ၂ ဒသမ ၂၆ ကုေဋေပးခဲ့ရသည္။

(၅) ေဆ့ဖ္အလီခန္း

MoneyControl ၏ ေဖာ္ျပခ်က္အရ ေဆ့ဖ္အလီခန္းသည္ မြမ္ဘိုင္းျမိဳ႕ ဘန္ဒရအရပ္ရွိ တိုက္ခန္းတစ္ခန္းကို Guilty by Association Media LLP အမည္ရွိ ကုမၸဏီအား ငွားရမ္းေပးခဲ့သည္။

စတုရန္းေပ ၁၅၀၀ က်ယ္ဝန္းေသာအခန္းကို တစ္လလွ်င္ ရူပီး ၃ ဒသမ ၅ သိန္းျဖင့္ အငွားခ်ထားျခင္း ျဖစ္သည္။

(၇) ရန္ဘီးကပူး

သရုပ္ေဆာင္ႏွင့္ ေၾကာ္ျငာအျပင္ ရန္ဘီးကပူးသည္ ထြန္းသစ္စကုမၸဏီမ်ား၊ အားကစားနယ္ပယ္တို႔တြင္လည္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္။

ရန္ဘီးကပူးသည္ ျပြန္းျမိဳ႕၊ Trump Towers ရွိ စတုရန္းေပ ၆၁၀၀ က်ယ္ဝန္းေသာ အခန္းကို အငွားခ်ထားရာတြင္ တစ္လလွ်င္ ရူပီး ၄ သိန္းရေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: From Ranbir Kapoor to Amitabh Bachchan, here's a list of Bollywood actors who invested big in real estate. Check out how much they earn in rental income (gqindia

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service