ဂရိနိုင်ငံတွင် အိမ်နီးချင်းတို့၏ နေအိမ်များအတွင်း မကြာခဏ ဝင်ရောက်ကာ ဖိနပ်များ၏ အနံ့ကို ရှူကြည့်သော အမျိုးသား
ဂရိနိုင်ငံတွင် အိမ်နီးချင်းတို့၏ နေအိမ်များအတွင်း မကြာခဏ ဝင်ရောက်ကာ ဖိနပ်များ၏ အနံ့ကို ရှူကြည့်သော အမျိုးသား - Property Knowledge in Myanmar from iMyanmarHouse.com
31 Oct 2024 10:36 am တွင် တင်ခဲ့သည်
719 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ဂရိနိုင်ငံတွင် အိမ်နီးချင်းတို့၏ ဖိနပ်များကို အနံ့ခံရန်အတွက် နေအိမ်များအတွင်း အကြိမ်ကြိမ် ခိုးဝှက်ဝင်ရောက် ခဲ့သော အမျိုးသားတစ်ဦးကို ဂရိနိုင်ငံ မြောက်ပိုင်းရှိ တရားသူကြီးတစ်ဦးက ဆိုင်းငံ့ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
Thessaloniki မြို့ရှိ တရားရုံးတွင် ထိုအမျိုးသားက လျှောက်လှဲတင်ပြသည်မှာ မိမိ၏ ထူးဆန်းသော အပြုအမူ နှင့် စပ်လျဉ်းပြီး ရှင်းပြရန် မစွမ်းကြောင်း၊ ထိုဝါသနာကြောင့် မိမိမှာ ကြီးစွာအရှက်ရစေရကြောင်း ပြောသည်။
၎င်းက တရားရုံးတွင်ပြောသည်မှာ မိမိအနေဖြင့် ဥပဒေကို ချိုးဖောက်ရန် (သို့မဟုတ်) မည်သူ့ကိုမှ အန္တရာယ်ပြုရန် ကြံရွယ်ချက် မရှိကြောင်း ပြောသည်။
အိမ်နီးချင်းများက ထွက်ဆိုရာတွင်လည်း ထိုအမျိုးသား ညအခါ ကျူးကျော်ဝင်ရောက်မှုများတွင် ရန်လိုသည့် အရိပ်လက္ခဏာ မပြခဲ့ကြောင်း ထွက်ဆိုကြသည်။
ထိုအမျိုးသားကို Thessaloniki မြို့၏ အနောက်ဘက် ၁၅ ကီလိုမီတာ (၉ မိုင်) အကွာတွင် တည်ရှိသော Sindos အမည်ရှိ မြို့ငယ်လေး၌ အောက်တိုဘာလ ၈ ရက် နံနက် အရုဏ်မတက်မီ ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်။
အိမ်နီးချင်းတစ်ဦးက ပြောသည်မှာ ထိုအမျိုးသားကို မိမိ၏ အိမ်ရှေ့တွင် အိမ်သားများ၏ ဖိနပ်များအား နမ်းရှိုက်နေသည်ကို တွေ့ရကြောင်း၊ ထိုသို့ တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
အိမ်နီးချင်း မိသားစုက ဖိနပ်များ ခြောက်သွေ့စေရန် အိမ်အပြင်ဘက်၌ လေသလပ်ခံထားခဲ့ခြင်း ဖြစ်သည်။
အိမ်နီးချင်းတို့က ထိုအမျိုးသား၏ အိမ်သို့ သွားရောက်ကာ ထိုသို့ မပြုလုပ်ရန် ပြောကြားခဲ့သော်လည်း လွန်ခဲ့သော ၆ လတာကာလအတွင်း အလားတူဖြစ်ရပ်မျိုး အနည်းဆုံး ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။
ယင်းအမျိုးသားကို စိတ်ပညာကုထုံး ကုသမှုများ ခံယူရန် တရားရုံးက အမိန့်ချမှတ်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Greek man convicted of causing disturbance by entering neighbors’ properties to smell their shoes (ap)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service