ဆောင်းဟေကို (သို့မဟုတ်) အွန်စော၏ စံအိမ် ဝယ်ယူခဲ့သောဈေးထက် ဝမ်ငွေ ၆ ဘီလီယံ ပိုမို တန်ဖိုး တက်လာ

ဆောင်းဟေကို (သို့မဟုတ်) အွန်စော၏ စံအိမ် ဝယ်ယူခဲ့သောဈေးထက် ဝမ်ငွေ ၆ ဘီလီယံ ပိုမို တန်ဖိုး တက်လာ - Property News in Myanmar from iMyanmarHouse.com
8 Oct 2024 11:30 am တွင် တင်ခဲ့သည်
1242 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဆောင်းဟေကို ဘယ်သူလဲ)

ကိုရီးယားရုပ်ရှင်ကြယ်ပွင့် ဆောင်းဟေကိုအား မြန်မာပရိသတ်များအကြား ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်ကားမှ အွန်စောဟူသောအမည်ဖြင့် လူသိများသည်။

ဆောင်းဟေကို (မွေး-၁၉၈၁) သည် တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး ဖြစ်သည်။ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်သော Autumn in my heart ( ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ဖြင့် ကမ္ဘာသိသရုပ်ဆောင် ဖြစ်လာခဲ့သည်။

၂၀၁၆ ခုနှစ်က ထုတ်လွှင့်ခဲ့သော Descendants of the Sun မှာလည်း များစွာ နာမည်ကျော်ခဲ့သည်။ ထို့အပြင် အခြားရုပ်သံဇာတ်လမ်းတွဲများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း Forbes မဂ္ဂဇင်းကြီး၏ ကိုရီးယားထိပ်တန်းအကျော်အမော်များစာရင်းတွင် ဆောင်းဟေကိုမှာ နံပါတ် ၇ နေရာတွင်ဖော်ပြခံခဲ့ရသည်။

ဆောင်းဟေကို မွေးစက မိဘများနှင့် ဆရာဝန်တို့က အသက်မရှင်တော့ဟု ဆုံးဖြတ်ခဲ့သည်အထိ ကျန်းမာရေးအခြေအနေဆိုးရွားခဲ့သည်။

သို့သော် မသေဆုံးခဲ့ဘဲ သေတွင်းမှ လွတ်မြောက်လာချိန်မှသာ ဆောင်းဟေကို၏ မိဘများက ၁၉၈၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်ကို မွေးနေ့အဖြစ် စာရင်းသွင်းခဲ့ခြင်း ဖြစ်ပြီး အမှန်တကယ်မွေးနေ့မှာ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် ဖြစ်သည်။

ဆောင်းဟေကို ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွာရှင်းပြတ်စဲခဲ့ကြပြီး မိခင်ဖြစ်သူက အုပ်ထိန်းခဲ့သည်။

သူ၏ ဇာတိ ဒေဂူးမှ ဆိုးလ်မြို့တော်၊ ဂမ်းနမ်းခရိုင်သို့ ပြောင်းရွှေ့အခြေချကြသည်။

ဆောင်းဟေကိုသည် Sejong တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ရုပ်ရှင်ပညာအဓိကဖြင့် ကျောင်းပြီးသည်။

(အိမ်ထောင်ရေး)

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် Descendants of the Sun ရုပ်သံဇာတ်လမ်းတွဲတွင် တွဲဖက်သရုပ်ဆောင် ခဲ့သည့် Song Joong-Ki က ဆောင်းဟေကိုနှင့် စေ့စပ်ကြောင်း ကြေညာသည်။

ဆိုးလ်မြို့တော်ရှိ Hotel Shilla တွင် သီးသန့်အခမ်းအနားတစ်ခုဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် တွင် လက်ထပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများတေက်ရောက်ခဲ့ပြီး သရုပ်ဆောင် Park Bo-gum က ဆောင်းဟေကို၏ မင်္ဂလာပွဲတွင် ပီယာနိုတီးခတ်ပေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် Song Joong-Ki က ဆောင်းဟေကိုနှင့် ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

((၃ နှစ်အတွင်း ဝမ်ငွေ ၆ ဘီလီယံ တန်ဖိုးတက်ခဲ့သော စံအိမ်))

ကိုရီးယား ပြည်တွင်းသတင်းဌာနတို့၏ ဖော်ပြချက်များအရ ကိုရီးယားရုပ်ရှင်မင်းသမီး ဆောင်းဟေကို ၂၀၂၁ ခုနှစ်အတွင်းက ဝယ်ယူခဲ့သော စံအိမ်မှာ ယခုအခါ ဝမ်ငွေ ၆ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ပိုမို တန်ဖိုးမြင့်တက်လာကြောင်း ဖော်ပြကြသည်။

တောင်ကိုရီးယားသတင်းစာ News 1 က Building Road Real Estate အိမ်ခြံမြေ developer ၏ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြခဲ့သည်မှာ ဆောင်းဟေကိုသည် ဆိုးလ်မြို့တော်၊ Hannam The Hill လူနေအိမ်ရာရှိ စံအိမ်ကြီးကို ၂၀၂၁ ခုနှစ်အတွင်း ဝမ်ငွေ ၁၉ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြ သည်။

ခြံအကျယ် ၄၉၄ စတုရန်းမီတာရှိသော စံအိမ်၏ လက်ရှိတန်ဖိုးမှာ ဝမ်ငွေ ၂၅ ဒသမ ၅ ဘီလီယံရှိနေပြီဖြစ်ရာ ဝယ်ယူပြီး နှစ်အနည်းငယ်မျှအတွင်း ဆောင်းဟေကို၏ ပိုင်ဆိုင်မှု မြင့်တက်လာခြင်းလည်း ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်ပြီး ပြုပြင်မွမ်းမံမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ၂၀၁၄ ခုနှစ်အတွင် အဆောက်အအုံတစ်ခုလုံး ပြန်လည်ဆောက်လုပ်မှု ပြုလုပ်ခဲ့သည်။

လက်ရှိအားဖြင့် မြေပေါ် ၄ ထပ်နှင့် မြေအောက် ၂ ထပ်ပါဝင်ဖွဲ့စည်းထားသည်။

လက်ရှိတွင် စားသောက်ဆိုင်တစ်ခုနှင့် စတူဒီယိုတစ်ခုတို့ကို အငှားချထားသည်။

ဆောင်းဟေကိုသည် ယခုအဆောက်အအုံအပြင် ဆိုးလ်မြို့တော်၏ လူကုံထံရပ်ကွက် Gangnam ခရိုင်တွင် လူနေခန်းတစ်ခု၊ နယူးယောက်မြို့တွင် နေအိမ်တစ်လုံး အပါအဝင် အခြားအိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည်။

အသက် ၄၃ နှစ် ရှိပြီဖြစ်သူ ဆောင်းဟေကိုသည် Autumn in my heart (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ)၊ All in ၊ Full House (ချစ်စံအိမ်)၊ That winter, the wind blows (ဆောင်းလေညင်းရဲ့ ချစ်သံစဉ်)၊ Descendants of The Sun (နေမင်းရဲ့ မျိုးဆက်များ)၊ Encounter (ဆန်းကြယ်သော ဖူးစာ)နှင့် လက်စားချေ ဇာတ်လမ်းဖြစ်သော The Glory တို့ကဲသို့ ရုပ်သံဇာတ်လမ်းတွဲများဖြင့် နာမည်ကြီးခဲ့သည်။

Forbes မဂ္ဂဇင်းကြီးက ဖော်ပြသော Korea Power Celebrity 40 စာရင်းတွင် ဆောင်းဟေကိုသည် ၂၀၁၇ ခုနှစ်တွင် နံပါတ် ၇ နေရာတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် နံပါတ် ၆ နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်ခဲ့သည်။

GQ India ၏ ဖော်ပြချက်အရ ဆောင်းဟေကို၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၂၀ ကျော်ရှိကြောင်း ခန့်မှန်း ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: South Korean actress Song Hye Kyo’s real estate value surges by $4.5M (vnexpress)

[Zawgyi]

ေဆာင္းေဟကို (သို႔မဟုတ္) အြန္ေစာ၏ စံအိမ္ ဝယ္ယူခဲ့ေသာေစ်းထက္ ဝမ္ေငြ ၆ ဘီလီယံ ပိုမို တန္ဖုိး တက္လာ

(ေဆာင္းေဟကို ဘယ္သူလဲ)

ကိုရီးယားရုပ္ရွင္ၾကယ္ပြင့္ ေဆာင္းေဟကိုအား ျမန္မာပရိသတ္မ်ားအၾကား ေဆာင္းဦးရြက္ေႂကြ ခ်စ္သက္ေသ ဇာတ္ကားမွ အြန္ေစာဟူေသာအမည္ျဖင့္ လူသိမ်ားသည္။

ေဆာင္းေဟကို (ေမြး-၁၉၈၁) သည္ ေတာင္ကိုရီးယား ရုပ္ရွင္မင္းသမီး ျဖစ္သည္။ ရုပ္သံဇာတ္လမ္းတြဲတစ္ခု ျဖစ္ေသာ Autumn in my heart ( ေဆာင္းဦးရြက္ေၾကြ ခ်စ္သက္ေသ) ျဖင့္ ကမၻာသိသရုပ္ေဆာင္ ျဖစ္လာခဲ့သည္။

၂၀၁၆ ခုႏွစ္က ထုတ္လႊင့္ခဲ့ေသာ Descendants of the Sun မွာလည္း မ်ားစြာ နာမည္ေက်ာ္ခဲ့သည္။ ထို႔အျပင္ အျခားရုပ္သံဇာတ္လမ္းတြဲမ်ားစြာတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

၂၀၁၇ ခုႏွစ္အတြင္း Forbes မဂၢဇင္းၾကီး၏ ကိုရီးယားထိပ္တန္းအေက်ာ္အေမာ္မ်ားစာရင္းတြင္ ေဆာင္းေဟကိုမွာ နံပါတ္ ၇ ေနရာတြင္ေဖာ္ျပခံခဲ့ရသည္။

ေဆာင္းေဟကို ေမြးစက မိဘမ်ားႏွင့္ ဆရာဝန္တို႔က အသက္မရွင္ေတာ့ဟု ဆံုးျဖတ္ခဲ့သည္အထိ က်န္းမာေရးအေျခအေနဆိုးရြားခဲ့သည္။

သို႔ေသာ္ မေသဆံုးခဲ့ဘဲ ေသတြင္းမွ လြတ္ေျမာက္လာခ်ိန္မွသာ ေဆာင္းေဟကို၏ မိဘမ်ားက ၁၉၈၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၆ ရက္ကို ေမြးေန႔အျဖစ္ စာရင္းသြင္းခဲ့ျခင္း ျဖစ္ျပီး အမွန္တကယ္ေမြးေန႔မွာ ၁၉၈၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၂ ရက္ ျဖစ္သည္။

ေဆာင္းေဟကို ငယ္စဥ္ကတည္းက မိဘႏွစ္ပါး ကြာရွင္းျပတ္စဲခဲ့ၾကျပီး မိခင္ျဖစ္သူက အုပ္ထိန္းခဲ့သည္။

သူ၏ ဇာတိ ေဒဂူးမွ ဆိုးလ္ျမိဳ႕ေတာ္၊ ဂမ္းနမ္းခရိုင္သို႔ ေျပာင္းေရႊ႕အေျခခ်ၾကသည္။

ေဆာင္းေဟကိုသည္ Sejong တကၠသိုလ္သို႔ တက္ေရာက္ခဲ့ျပီး ရုပ္ရွင္ပညာအဓိကျဖင့္ ေက်ာင္းျပီးသည္။

(အိမ္ေထာင္ေရး)

၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၅ ရက္တြင္ Descendants of the Sun ရုပ္သံဇာတ္လမ္းတြဲတြင္ တြဲဖက္သရုပ္ေဆာင္ ခဲ့သည့္ Song Joong-Ki က ေဆာင္းေဟကိုႏွင့္ ေစ့စပ္ေၾကာင္း ေၾကညာသည္။

ဆိုးလ္ျမိဳ႕ေတာ္ရွိ Hotel Shilla တြင္ သီးသန္႔အခမ္းအနားတစ္ခုျဖင့္ ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္ တြင္ လက္ထပ္ခဲ့ၾကသည္။

အဆိုပါအခမ္းအနားသို႔ မိသားစုဝင္မ်ားႏွင့္ မိတ္ေဆြသူငယ္ခ်င္းမ်ားေတက္ေရာက္ခဲ့ျပီး သရုပ္ေဆာင္ Park Bo-gum က ေဆာင္းေဟကို၏ မဂၤလာပြဲတြင္ ပီယာႏိုတီးခတ္ေပးခဲ့သည္။

၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၇ ရက္တြင္ Song Joong-Ki က ေဆာင္းေဟကိုႏွင့္ ကြာရွင္းျပတ္စဲေတာ့မည္ျဖစ္ေၾကာင္း ေၾကညာခဲ့ျပီး ၂၀၁၉ ခုႏွစ္ ဇူလိုင္လတြင္ ကြာရွင္းျပတ္စဲခဲ့ၾကသည္။

((၃ ႏွစ္အတြင္း ဝမ္ေငြ ၆ ဘီလီယံ တန္ဖုိးတက္ခဲ့ေသာ စံအိမ္))

ကိုရီးယား ျပည္တြင္းသတင္းဌာနတို႔၏ ေဖာ္ျပခ်က္မ်ားအရ ကိုရီးယားရုပ္ရွင္မင္းသမီး ေဆာင္းေဟကို ၂၀၂၁ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ေသာ စံအိမ္မွာ ယခုအခါ ဝမ္ေငြ ၆ ဘီလီယံ (ကန္ေဒၚလာ ၄ ဒသမ ၅ သန္း) ပိုမို တန္ဖုိးျမင့္တက္လာေၾကာင္း ေဖာ္ျပၾကသည္။

ေတာင္ကိုရီးယားသတင္းစာ News 1 က Building Road Real Estate အိမ္ျခံေျမ developer ၏ ထုတ္ျပန္ခ်က္ကို ကိုးကားေဖာ္ျပခဲ့သည္မွာ ေဆာင္းေဟကိုသည္ ဆိုးလ္ျမိဳ႕ေတာ္၊ Hannam The Hill လူေနအိမ္ရာရွိ စံအိမ္ၾကီးကို ၂၀၂၁ ခုႏွစ္အတြင္း ဝမ္ေငြ ၁၉ ဒသမ ၅ ဘီလီယံျဖင့္ ဝယ္ယူခဲ့ေၾကာင္း ေဖာ္ျပ သည္။

ျခံအက်ယ္ ၄၉၄ စတုရန္းမီတာရွိေသာ စံအိမ္၏ လက္ရွိတန္ဖိုးမွာ ဝမ္ေငြ ၂၅ ဒသမ ၅ ဘီလီယံရွိေနျပီျဖစ္ရာ ဝယ္ယူျပီး ႏွစ္အနည္းငယ္မွ်အတြင္း ေဆာင္းေဟကို၏ ပိုင္ဆိုင္မႈ ျမင့္တက္လာျခင္းလည္း ျဖစ္သည္။

၁၉၈၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ အေဆာက္အအံုျဖစ္ျပီး ျပဳျပင္မြမ္းမံမႈ အၾကိမ္ၾကိမ္ျပဳလုပ္ခဲ့ကာ ၂၀၁၄ ခုႏွစ္အတြင္ အေဆာက္အအံုတစ္ခုလံုး ျပန္လည္ေဆာက္လုပ္မႈ ျပဳလုပ္ခဲ့သည္။

လက္ရွိအားျဖင့္ ေျမေပၚ ၄ ထပ္ႏွင့္ ေျမေအာက္ ၂ ထပ္ပါဝင္ဖြဲ႔စည္းထားသည္။

လက္ရွိတြင္ စားေသာက္ဆိုင္တစ္ခုႏွင့္ စတူဒီယိုတစ္ခုတို႔ကို အငွားခ်ထားသည္။

ေဆာင္းေဟကိုသည္ ယခုအေဆာက္အအံုအျပင္ ဆိုးလ္ျမိဳ႕ေတာ္၏ လူကံုထံရပ္ကြက္ Gangnam ခရိုင္တြင္ လူေနခန္းတစ္ခု၊ နယူးေယာက္ျမဳိ႕တြင္ ေနအိမ္တစ္လံုး အပါအဝင္ အျခားအိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားသည္။

အသက္ ၄၃ ႏွစ္ ရွိျပီျဖစ္သူ ေဆာင္းေဟကိုသည္ Autumn in my heart (ေဆာင္းဦးရြက္ေၾကြ ခ်စ္သက္ေသ)၊ All in ၊ Full House (ခ်စ္စံအိမ္)၊ That winter, the wind blows (ေဆာင္းေလညင္းရဲ႕ ခ်စ္သံစဥ္)၊ Descendants of The Sun (ေနမင္းရဲ႕ မ်ဳိးဆက္မ်ား)၊ Encounter (ဆန္းၾကယ္ေသာ ဖူးစာ)ႏွင့္ လက္စားေခ် ဇာတ္လမ္းျဖစ္ေသာ The Glory တုိ႔ကဲသို႔ ရုပ္သံဇာတ္လမ္းတြဲမ်ားျဖင့္ နာမည္ၾကီးခဲ့သည္။

Forbes မဂၢဇင္းၾကီးက ေဖာ္ျပေသာ Korea Power Celebrity 40 စာရင္းတြင္ ေဆာင္းေဟကိုသည္ ၂၀၁၇ ခုႏွစ္တြင္ နံပါတ္ ၇ ေနရာတြင္လည္းေကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ နံပါတ္ ၆ ေနရာတြင္လည္းေကာင္း အသီးသီး ရပ္တည္ခဲ့သည္။

GQ India ၏ ေဖာ္ျပခ်က္အရ ေဆာင္းေဟကို၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၂၀ ေက်ာ္ရွိေၾကာင္း ခန္႔မွန္း ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: South Korean actress Song Hye Kyo’s real estate value surges by $4.5M (vnexpress)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service