လူခြတောင်ပို့ (သို့မဟုတ်) ကမ္ဘာ့လူသူအများဆုံး လူနေတိုက်ခန်းအဆောက်အအုံ ဘယ်မှာရှိလဲ

လူခြတောင်ပို့ (သို့မဟုတ်) ကမ္ဘာ့လူသူအများဆုံး လူနေတိုက်ခန်းအဆောက်အအုံ ဘယ်မှာရှိလဲ - Property News in Myanmar from iMyanmarHouse.com
11 Sep 2024 11:43 am တွင် တင်ခဲ့သည်
527 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဤလူနေအိမ်ရာကြီးသည် ကမ္ဘာလူသူအများဆုံး လူနေတိုက်ခန်းအဆောက်အအုံဖြစ်ပြီး လူပေါင်း ၂၀,၀၀၀ ကျော် နေထိုင်သည်။

ထိုနေထိုင်သူများအတွက် လိုအပ်ချက် အားလုံးနီးပါးရှိရာ အခြားနေရာသို့ သွားရန် မလိုအပ်အောင် ပြီးပြည့်စုံ သည်။

ရုရှားနိုင်ငံတွင် တည်ရှိသော တိုက်ခန်းအိမ်ရာကြီးဖြစ်ပြီး တိုက်ခန်းပေါင်း ၃၇၀၈ ခန်းပါဝင်ကာ ဝင်ပေါက်ပေါင်း ၃၅ ခုနှင့် အထပ်ပေါင်း ၂၅ ထပ်ရှိသည်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့အနီးတွင် တည်ရှိပြီး ‘လူသား ခြတောင်ပို့’ ဟု တင်စားခေါ်ဝေါ်ကြသည်။

တိုက်ခန်းအများစုမှာ အိပ်ခန်း ၁ ခန်း (သို့မဟုတ်) ၂ ခန်းပါ အခန်းများဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်လွှာလျှင် လူနေခန်း ၄ ခန်းမှ ၆ ခန်း ရှိသည်။

(ရုရှားနိုင်ငံရှိ ဤအိမ်ရာတွင် လူပေါင်း ၂၀,၀၀၀ နေထိုင်သည်။ ဓာတ်ပုံ-Alamy)

နေထိုင်သူများ အဆင်ပြေစေရန်အတွက် အိမ်ရာရှိ အပိုင်းတစ်ခုစီတိုင်းတွင် မြန်နှုန်းမြင့် ဓာတ်လှေကား ၄ စင်းစီ တပ်ဆင်ပေးထားသည်ဟု ဆိုသည်။

ကြီးမားလှသော အဆိုပါအိမ်ရာကြီးအကြောင်း ၂၀၁၅ ခုနှစ်ကတည်းက သတင်းများ စတင်ထွက်ပေါ်လာခဲ့ပြီး လူနေခန်းများ စတင်ရောင်းချချိန်တွင် ပိုမိုကျော်ကြားလာခဲ့သည်။

အိမ်ရာကြီး၏ ပထမထပ်အားလုံးကို စီးပွားရေးလုပ်ငန်းများထံ အငှားချထားပေးခြင်းဖြစ်ရာ နေထိုင်သူများ အတွက် လိုအပ်ချက်အားလုံး ရနိုင်သည့် သီးခြားမြို့ငယ်တစ်ခုသဖွယ် ဖြစ်နေသည်။

ထိုလူနေအိမ်ရာကြီးတွင် မယုံနိုင်ဖွယ် facility များစွာရှိကြောင်း ရုရှားလူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အစားအသောက်ဆိုင် ၇ ခု၊ အလှပြင်ဆိုင် ၃ ခု၊ သီးသန့် မူကြိုကျောင်းတစ်ခု၊ ကော်ဖီဆိုင်များစွာအပြင် စာတိုက်တစ်ခုလည်း ရှိသည်။

(တိုက်ခန်းပေါင်း ၃၇၀၈ ခန်း ပါဝင်သည်။ ဓာတ်ပုံ-Shutterstock)

အိမ်ရာတွင် လိုအပ်သမျှ အားလုံးရှိသောကြောင့် တခါတရံတွင် ၆ လခန့် မည်သည့်နေရာမှ မသွားဘဲ နေခဲ့ကြောင်း အချို့သူတို့က မှတ်ချက်ပြုသည်။

အိမ်ရာအတွင်း ကားရပ်နားမှုမှာလည်း အခမဲ့ဖြစ်သည်။

အခန်းတစ်ခန်းနှင့် တစ်ခန်းကြားရှိ နံရံများမှာ ထူထဲသောကြောင့် အသံဗလံအနှောင့်အယှက်များ မရှိကြောင်း လည်း အိမ်ရာတွင် နေထိုင်သူတို့က ပြောသည်။

Reddit လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောသည်မှာ မိမိတို့သည် ယခုအိမ်ရာတွင် နေထိုင်သည်မှာ ၈ နှစ်ရှိပြီ ဖြစ်ကြောင်း၊ နေထိုင်သူများမှာ အိမ်ရာကို သဘောကျကြောင်း၊ အများစုမှာ ဝန်ထမ်းများဖြစ်ကြောင်း တိုက်ခန်းများရှိရာ နေရာမှာ သွားလာရေး အဆင်ပြေသော နေရာဖြစ်ကြောင်း ပြောသည်။

အခြားတစ်ဦးက ပြောသည်မှာ စိန့်ပီတာစဘတ်မြို့လယ်ရှိ တိုက်ခန်းများမှာ အိုမင်းဟောင်းနွမ်းပြီး ဈေးအလွန်ကြီးကြောင်း၊ ထို့ကြောင့် ယခုအိမ်ရာမှာ ဝန်ထမ်းများ ရွေးချယ်ရန် နေရာကောင်းတစ်ခု ဖြစ်လာပုံရ ကြောင်း ပြောသည်။

သို့သော် ထိုအိမ်ရာတွင် နေထိုင်သည့် ထောင်ပေါင်းများစွာသော နေထိုင်သူတို့ ရင်ဆိုင်နေရသည့် ပြဿနာများ လည်း ရှိသည်။

ဓာတ်လှေကားတွင် ညနေတိုင်း လူတန်းရှည်ကြီးဖြင့် တန်းစီရခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာများတွင် ကြာရှည်စွာ တန်းစီရခြင်းများ အပါအဝင် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside world’s most crowded apartment block (news) Photo Credit-Alamy, Shutterstock

[Zawgyi]

လူျခေတာင္ပို႔ (သို႔မဟုတ္) ကမၻာ့လူသူအမ်ားဆံုး လူေနတိုက္ခန္းအေဆာက္အအံု ဘယ္မွာရွိလဲ

ဤလူေနအိမ္ရာၾကီးသည္ ကမၻာလူသူအမ်ားဆံုး လူေနတိုက္ခန္းအေဆာက္အအံုျဖစ္ျပီး လူေပါင္း ၂၀,၀၀၀ ေက်ာ္ ေနထိုင္သည္။

ထိုေနထိုင္သူမ်ားအတြက္ လိုအပ္ခ်က္ အားလံုးနီးပါးရွိရာ အျခားေနရာသို႔ သြားရန္ မလိုအပ္ေအာင္ ျပီးျပည့္စံု သည္။

ရုရွားႏိုင္ငံတြင္ တည္ရွိေသာ တိုက္ခန္းအိမ္ရာၾကီးျဖစ္ျပီး တိုက္ခန္းေပါင္း ၃၇၀၈ ခန္းပါဝင္ကာ ဝင္ေပါက္ေပါင္း ၃၅ ခုႏွင့္ အထပ္ေပါင္း ၂၅ ထပ္ရွိသည္။

ရုရွားႏိုင္ငံ စိန္႔ပီတာစဘတ္ျမိဳ႕အနီးတြင္ တည္ရွိျပီး ‘လူသား ျခေတာင္ပို႔’ ဟု တင္စားေခၚေဝၚၾကသည္။

တိုက္ခန္းအမ်ားစုမွာ အိပ္ခန္း ၁ ခန္း (သို႔မဟုတ္) ၂ ခန္းပါ အခန္းမ်ားျဖစ္ျပီး ပ်မ္းမွ်အားျဖင့္ တစ္လႊာလွ်င္ လူေနခန္း ၄ ခန္းမွ ၆ ခန္း ရွိသည္။

(ရုရွားႏိုင္ငံရွိ ဤအိမ္ရာတြင္ လူေပါင္း ၂၀,၀၀၀ ေနထိုင္သည္။ ဓာတ္ပံု-Alamy)

ေနထိုင္သူမ်ား အဆင္ေျပေစရန္အတြက္ အိမ္ရာရွိ အပိုင္းတစ္ခုစီတိုင္းတြင္ ျမန္ႏႈန္းျမင့္ ဓာတ္ေလွကား ၄ စင္းစီ တပ္ဆင္ေပးထားသည္ဟု ဆိုသည္။

ၾကီးမားလွေသာ အဆိုပါအိမ္ရာၾကီးအေၾကာင္း ၂၀၁၅ ခုႏွစ္ကတည္းက သတင္းမ်ား စတင္ထြက္ေပၚလာခဲ့ျပီး လူေနခန္းမ်ား စတင္ေရာင္းခ်ခ်ိန္တြင္ ပိုမိုေက်ာ္ၾကားလာခဲ့သည္။

အိမ္ရာၾကီး၏ ပထမထပ္အားလံုးကို စီးပြားေရးလုပ္ငန္းမ်ားထံ အငွားခ်ထားေပးျခင္းျဖစ္ရာ ေနထုိင္သူမ်ား အတြက္ လိုအပ္ခ်က္အားလံုး ရႏိုင္သည့္ သီးျခားျမိဳ႕ငယ္တစ္ခုသဖြယ္ ျဖစ္ေနသည္။

ထိုလူေနအိမ္ရာၾကီးတြင္ မယံုႏိုင္ဖြယ္ facility မ်ားစြာရွိေၾကာင္း ရုရွားလူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

အစားအေသာက္ဆိုင္ ၇ ခု၊ အလွျပင္ဆိုင္ ၃ ခု၊ သီးသန္႔ မူၾကိဳေက်ာင္းတစ္ခု၊ ေကာ္ဖီဆိုင္မ်ားစြာအျပင္ စာတိုက္တစ္ခုလည္း ရွိသည္။

(တိုက္ခန္းေပါင္း ၃၇၀၈ ခန္း ပါဝင္သည္။ ဓာတ္ပံု-Shutterstock)

အိမ္ရာတြင္ လိုအပ္သမွ် အားလံုးရွိေသာေၾကာင့္ တခါတရံတြင္ ၆ လခန္႔ မည္သည့္ေနရာမွ မသြားဘဲ ေနခဲ့ေၾကာင္း အခ်ဳိ႕သူတု႔ိက မွတ္ခ်က္ျပဳသည္။ အိမ္ရာအတြင္း ကားရပ္နားမႈမွာလည္း အခမဲ့ျဖစ္သည္။

အခန္းတစ္ခန္းႏွင့္ တစ္ခန္းၾကားရွိ နံရံမ်ားမွာ ထူထဲေသာေၾကာင့္ အသံဗလံအေႏွာင့္အယွက္မ်ား မရွိေၾကာင္း လည္း အိမ္ရာတြင္ ေနထုိင္သူတို႔က ေျပာသည္။

Reddit လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက ေျပာသည္မွာ မိမိတုိ႔သည္ ယခုအိမ္ရာတြင္ ေနထိုင္သည္မွာ ၈ ႏွစ္ရွိျပီ ျဖစ္ေၾကာင္း၊ ေနထိုင္သူမ်ားမွာ အိမ္ရာကို သေဘာက်ေၾကာင္း၊ အမ်ားစုမွာ ဝန္ထမ္းမ်ားျဖစ္ေၾကာင္း တိုက္ခန္းမ်ားရွိရာ ေနရာမွာ သြားလာေရး အဆင္ေျပေသာ ေနရာျဖစ္ေၾကာင္း ေျပာသည္။

အျခားတစ္ဦးက ေျပာသည္မွာ စိန္႔ပီတာစဘတ္ျမဳိ႕လယ္ရွိ တိုက္ခန္းမ်ားမွာ အိုမင္းေဟာင္းႏြမ္းျပီး ေစ်းအလြန္ၾကီးေၾကာင္း၊ ထုိ႔ေၾကာင့္ ယခုအိမ္ရာမွာ ဝန္ထမ္းမ်ား ေရြးခ်ယ္ရန္ ေနရာေကာင္းတစ္ခု ျဖစ္လာပံုရ ေၾကာင္း ေျပာသည္။

သို႔ေသာ္ ထုိအိမ္ရာတြင္ ေနထုိင္သည့္ ေထာင္ေပါင္းမ်ားစြာေသာ ေနထုိင္သူတို႔ ရင္ဆိုင္ေနရသည့္ ျပႆနာမ်ား လည္း ရွိသည္။

ဓာတ္ေလွကားတြင္ ညေနတိုင္း လူတန္းရွည္ၾကီးျဖင့္ တန္းစီရျခင္း၊ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ေနရာမ်ားတြင္ ၾကာရွည္စြာ တန္းစီရျခင္းမ်ား အပါအဝင္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside world’s most crowded apartment block (news) Photo Credit-Alamy, Shutterstock

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service