ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်းသဘင် များစွာအား အခကြေးငွေများစွာယူကာ လက်မလည်အောင် ပွဲတက်နေ ရသော အိန္ဒိယမှ လမ်းဘေးလဘက်ရည်ဆရာ
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်းသဘင် များစွာအား အခကြေးငွေများစွာယူကာ လက်မလည်အောင် ပွဲတက်နေ ရသော အိန္ဒိယမှ လမ်းဘေးလဘက်ရည်ဆရာ - Property Knowledge in Myanmar from iMyanmarHouse.com
9 Sep 2024 10:19 am တွင် တင်ခဲ့သည်
1375 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရပ်ရှ်တရာပြည်နယ်၊ နာ့ဂ် ပူရ် (Nagpur) မြို့တွင် နာမည်ကျော် လဘက်ရည် ရောင်းသမား ဒေါ်လီ ချိုင်ဘာလာ (Dolly Chaiwala) နေထိုင်သည်။
ဒေါ်လီ ချိုင်ဘာလာသည် ဟိုက်ဒရာဘက်မြို့တွင် မိုက္ကရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်း မသိဘဲ လဘက်ရည် ရောင်းပေးခဲ့ပြီးနောက် အိန္ဒိယ လူမှုကွန်ရက်၌ နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် နာမည်ကြီးသွားသည်။
လူမှုရေး အခမ်းအနားများ ၊ ပွဲလမ်းများတွင် ဒေါ်လီကို အခကြေးငွေများစွာပေးကာ ဖိတ်ကြားမှုများ ပြုလုပ် လာကြသည်။
သူ၏ ထူးခြားသော စတိုင်က ကမ္ဘာ့သတ္တမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ်ကို အာရုံစိုက်သတိပြုမိစေ ခဲ့သည်။
ယခုအခါ ဒေါ်လီ၏ တမူထူးသော ရွှတ်နောက်နောက်ဓလေ့၊ လဘက်ရည်ဖျော်သည့် ထူးခြားသည့်ဟန်ပန်တို့ ကြောင့် Talk show များနှင့် အများပြည်သူပွဲလမ်းများတွင် ဖိတ်ခေါ်ခံရသည့်အပြင် လူမှုကွန်ရက်တွင်လည်း follower သန်းနှင့်ချီကာ များပြားလာခဲ့သည်။
ထိုသို့ ပွဲလမ်းအခမ်းအနားများသို့ တက်ရန် ဖိတ်ခေါ်မှုအတွက် ဒေါ်လီက တစ်ပွဲလျှင် ငွေမည်မျှတောင်းခံသည် ကို Food Blogger တစ်ဦးက ပြောပြလာသည်။
“ဒီလူ…ဒေါ်လီက ပွဲတွေတက်ဖို့ ဘယ်လောက်ယူလဲဆိုတာ ခင်ဗျားတို့သိလား။ ရူပီး ၅ သိန်းယူပါတယ်။ အဲဒီ ပွဲတက်ခအပြင် သူနဲ့အတူ လူတစ်ယောက်ပါလာဦးမှာဖြစ်ပါတယ်။ ပြီးတော့ ကြယ် ၄ ပွင့် (ဒါမှမဟုတ်) ကြယ် ၅ ပွင့်ဟိုတယ်မှာ အခန်းငှားပေးရမယ်လို့ ပြောပါတယ်။ ဒါတွေကို သူက ကျွန်တော့်ကို တိုက်ရိုက်ပြောခဲ့တာ မဟုတ်ပါဘူး။ သူ့မန်နေဂျာကတဆင့် ပြောခဲ့တာဖြစ်ပါတယ်။ ဒါက တစ်ရက်စာပဲ ဖြစ်ပါတယ်” ဟု AK Food Vlog အမည်ရှိ food blogger တစ်ဦးက ပြောသည်။
အဆိုပါ food blogger ၏ ဗွီဒီယိုကို ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေ ၁၈ ဒသမ ၇ သန်း ရှိခဲ့သည်။
ကန်ဒေါ်လာ ၁၃၇ ဘီလီယံ ချမ်းသာသည်ဟု ခန့်မှန်းရသူ ဘီလ်ဂိတ်သည် အိန္ဒိယနိုင်ငံသို့ ယခုနှစ် ဖေဖော်ဝါရီလက အလည်အပတ် ရောက်ရှိခဲ့စဉ် ဒေါ်လီ၏ လဘက်ရည်ဖျော်ပုံနှင့် ဝန်ဆောင်မှုပေးပုံတို့ကို များစွာ သဘောကျသွားခဲ့ပြီး ဒေါ်လီနှင့် တွေ့ဆုံခဲ့ပုံကို ဘီလ်ဂိတ်က ဗွီဒီယိုဖိုင်တစ်ခု တင်ခဲ့သည်။
ဒေါ်လီ ချိုင်ဗာလာသည် လမ်းဘေးတွင် တွန်းလှည်းဖြင့် လဘက်ရည်ရောင်းချခဲ့ခြင်းဖြစ်ပြီး ဘီလ်ဂိတ်က ဒေါ်လီ၏ တွန်းလှည်းဆိုင်တွင် လဘက်ရည်ဝယ်ယူခဲ့ပုံ၊ ဒေါ်လီက လဘက်ရည်ဖျော်ပေးနေပုံတို့ကို ဗွီဒီယို မှတ်တမ်းရိုက်ကူးထားခဲ့သည်။
ထိုဗွီဒီယိုထဲတွင် ဘီလ်ဂိတ်က One Chai Please (ချိုင်ရေ..လဘက်ရည်တစ်ခွက်လောက်…) ဟူ၍ တစ်ခွန်းတည်းသာ စကားပြောထားသည်။
ဘီလ်ဂိတ်ကို လဘက်ရည်ဝန်ဆောင်မှုပေးခဲ့သူ ဒေါ်လီက ၎င်းထံတွင် လဘက်ရည်ဝယ်သူမှာ မည်မျှ ချမ်းသာသည့် ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်သည်ကို မသိခဲ့။
“ကျွန်တော် သတိမထားမိခဲ့ဘူး။ ကျွန်တော်တွေးမိတာက …သူက နိုင်ငံခြားတိုင်းပြည်က ဘဲကြီးပဲလို့ ။ သူ့အတွက် လဘက်ရည်ဖျော်ပေးသင့်တယ်လို့ တွေးခဲ့ပါတယ်” ဟု ဒေါ်လီက ANI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဘီလ်ဂိတ်အား လဘက်ရည်ဖျော်ပေးခဲ့ရသည့် ဆုံစည်းမှုသည် သာမန်အညတရ လမ်းဘေး လဘက်ရည်သည် တစ်ဦးကို တံခါးသစ်များ ဖွင့်လှစ်ပေးကာ ဘဝသစ်တစ်ခုဆီသို့ ဆောင်ကြဉ်းပေးခဲ့သည့် မုတ်ဆိတ်ပျားစွဲ အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A random meeting with Bill Gates opened a fortune for an Indian tea seller (cnbctv18)
[Zawgyi]
ကန်ဒေါ်လာ ၁၃၇ ဘီလီယံ ချမ်းသာသည်ဟု ခန့်မှန်းရသူ ဘီလ်ဂိတ်သည် အိန္ဒိယနိုင်ငံသို့ ယခုနှစ် ဖေဖော်ဝါရီလက အလည်အပတ် ရောက်ရှိခဲ့စဉ် ဒေါ်လီိ၏ လဘက်ရည်ဖျော်ပုံနှင့် ဝန်ဆောင်မှုပေးပုံတို့ကို များစွာ သဘောကျသွားခဲ့ပြီး ဒေါ်လီနှင့် တွေ့ဆုံခဲ့ပုံကို ဘီလ်ဂိတ်က ဗွီဒီယိုဖိုင်တစ်ခု တင်ခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service