ကမ္ဘာကျော် သူဌေးကြီး မာ့ခ်ကျူဘန်ထံ အိမ်မရှိသောကြောင့် ကားပေါ်တွင်သာ နေထိုင်ရပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်နေရသူက အီးမေးလ်တစ်စောင် ပေးပို့ခဲ့ရာမှ ၎င်း၏ဘဝ အပြီးတိုင်ပြောင်းလဲသွားခဲ့ပုံ

ကမ္ဘာကျော် သူဌေးကြီး မာ့ခ်ကျူဘန်ထံ အိမ်မရှိသောကြောင့် ကားပေါ်တွင်သာ နေထိုင်ရပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်နေရသူက အီးမေးလ်တစ်စောင် ပေးပို့ခဲ့ရာမှ ၎င်း၏ဘဝ အပြီးတိုင်ပြောင်းလဲသွားခဲ့ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
4 Sep 2024 1:25 pm တွင် တင်ခဲ့သည်
536 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

(မာ့ခ်ကျူဘန် ဘယ်သူလဲ)

မာ့ခ်ကျူဘန် (မွေး-၁၉၅၈) သည် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး NBA မှ Dallas Mavericks ဘတ်စ်ကက်ဘောအသင်း ပိုင်ရှင်လည်းဖြစ်သည်။

ထို့အပြင် Shark Tank ရုပ်သံအစီအစဉ်၏ ဒိုင်အဖွဲ့ဝင်လည်း ဖြစ်သည်။

(မှတ်ချက်။ Shark Tank ရုပ်သံအစီအစဉ်မှာ စွန့်ဦးလုပ်ငန်းရှင်တို့က ၎င်းတို့၏ ထုတ်ကုန် (သို့မဟုတ်) ကုမ္ပဏီအကြောင်းကို သူဌေးများဖြင့် ဖွဲ့စည်းထားသော ဒိုင်အဖွဲ့ထံ ရှင်းလင်းတင်ပြပြောဆိုရပြီး ၎င်းတို့၏ ကုမ္ပဏီတွင် ဒိုင်အဖွဲ့က ရင်းနှီးမြှုပ်နှံကြရန် သင့်၊ မသင့် ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုကို ဒိုင်အဖွဲ့ဝင်များ၏ ကိုယ်ပိုင်ငွေဖြင့် ရင်းနှီးထည့်ဝင်ကြခြင်းဖြစ်သည်။ အဆိုပါ ရုပ်သံအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော လုပ်ငန်းရှင်ပေါင်း ၃၅,၀၀၀ မှ ၄၀,၀၀၀ ကြားရှိသည်။ ရွေးချယ်ခြင်းမခံရသည့် လုပ်ငန်းရှင်များသည်ပင်လျှင် ရုပ်သံအစီအစဉ်တွင် ပါဝင်ပြီး လူသိများကာ ရောင်းအား ၁၀ ဆမှ အဆ ၂၀ ခန့်အထိ မြင့်တက်လာလေ့ရှိသည်ဟု ဆိုသည်။ မာ့ခ် ကျူဘန်မှာ ထိုအစီအစဉ်၏ ဒိုင်အဖွဲ့ဝင် ဖြစ်သည်)

 

((ကားတစ်စီးပေါ်တွင်သာ နေထိုင်နေရသူအကြောင်း))

သင်သည် ကားပေါ်တွင်သာ နေထိုင်ရပြီး နေ့စဉ်ဘဝရပ်တည်နိုင်ရန် အနိုင်နိုင်ရုန်းကန်နေရကာ တစ်နေ့တွင်မူ ဘီလျံနာသူဌေးကြီးတစ်ဦးထံသို့ အီးမေးတစ်စောင်ပို့ရန် ဆုံးဖြတ်ခဲ့ပြီးနောက် သင်၏ဘဝ ပြောင်းလဲသွားသည့် ဖြစ်ရပ်မျိုး ကြုံရပါက မည်သို့ရှိမည်ကို မှန်းဆကြည့်ပါ။

မဖြစ်နိုင်ဟုပင် မှတ်ထင်ရလောက်သော ဖြစ်ရပ်မျိုးပင် မဟုတ်ပါလော။ ဒေါက် ဆာရာချီ (Doug Saraci) အတွက်မူ ကြက်ကန်းဆန်အိုးတိုးသည့် ဖြစ်ရပ်မျိုးဖြစ်ပြီး သူ၏ဘဝကို အပြီးတိုင်ပြောင်းလဲပစ်မည့် ဘဝစာမျက်နှာသစ် စတင်လိုက်ခြင်းလည်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်အတွင်း အလုပ်လက်မဲ့ဖြစ်နေသော ဆာရာချီနှင့် ဇနီးဖြစ်သူတို့သည် မိသားစုဝင်တစ်ဦးထံမှ ငွေချေးကာ အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်၊ Lake Park မြို့တွင် ကော်ဖီဆိုင်ငယ်လေးတစ်ခု ဖွင့်ခဲ့၏။

သူ၏ ကော်ဖီဆိုင်တွင် ကိုယ်တိုင်လုပ်သော ကျန်းမာရေးနှင့် ညီညွှတ်သည့် အုတ်ဂျုံကွတ်ကီးများ ရောင်းချပေးပြီး သမီးငယ်၏ နာမည်အတိုင်း Alyssa ဟု အမည်ပေးခဲ့သည်။

ထိုကွတ်ကီးမှာ ကော်ဖီဆိုင်လေး၏ လူကြိုက်အများဆုံးမုန့်တစ်ခုဖြစ်လာရာ ဆာရာချီတို့ ဇနီးမောင်နှံမှာ ကွတ်ကီးများအပေါ် များစွာ အာရုံစိုက်ပေးလာရသည်။

သို့သော် ရုန်းကန်ဖြတ်သန်းရသည့် ဘဝမှာ မလွယ်ကူ။

၂၀၁၂ ခုနှစ်တွင် ဒေါက် ဆာရာချီသည် ကားပေါ်တွင်သာ နေထိုင်နေရပြီး အခွင့်ကြုံသည့်နေရာတိုင်း ကွတ်ကီးများရောင်းရန် ကြိုးစားရသည်။

ဆာရာချီသည် Shark Tank ရုပ်သံအစီအစဉ်ကို အမြဲကြည့်ဖြစ်ပြီး ဒိုင်လူကြီးများထဲမှ မာ့ခ်ကျူဘန်ကို များစွာ သဘောကျနေသည်။

ယင်းနောက် ဆာရာချီက စွန့်စားမှုတစ်ခု ပြုလုပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

Shark Tank ရုပ်သံ အစီအစဉ်တွင် သူ၏ ကွတ်ကီးကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ မာ့ခ်ကျူဘန်ထံ အီးမေးလ်ပေးပို့ကာ သူ၏ ကွတ်ကီးမုန့်များလည်း နမူနာအဖြစ် ပေးပို့လိုက်ခြင်း ဖြစ်သည်။

မာ့ခ်ကျူဘန်သည် နေ့စဉ် အီးမေးအစောင်ရေ ၁၀၀၀ အထက် လက်ခံဖတ်ရှုနေရသော အလွန်အလုပ်များသူ ဖြစ်သော်လည်း ဆာရာချီ၏ ကွတ်ကီးကို မြည်းကြည့်ရန် စိတ်ဝင်စားခဲ့သည်။

“တစ်ယောက်ယောက်က ကျွန်တော့်ဆီကို စားသောက်ကုန်တစ်ခု ပို့လိုက်တယ်ဆိုရင် အရင်ဆုံး ကျွန်တော်လုပ်တာက အဲဒီစားသောက်ကုန်မှာပါတဲ့ အာဟာရပါဝင်မှု စာရင်းကို ကြည့်ရှုတာပါ။” ဟု မာ့ခ်ကျူဘန်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောဖူးသည်။

မာ့ခ်ကျူဘန်က ၎င်းတွေ့ရှိခဲ့မှုအပေါ် များစွာအံ့အားသင့်သွားသည်။

စပျစ်သီးခြောက်များပါသော အုတ်ဂျုံကွတ်ကီးတွင် ကယ်လိုရီ ၁၉၀ သာ ပါဝင်ပြီး အမျှင်နှင့် ပရိုတိန်းတို့ ပါဝင်ကာ သကြားမပါသည်ကို တွေ့ခဲ့သည်။

“အဲဒီမှာ ကျွန်တော်လည်း…ဘုရားရေ…ဒါက ကျန်းမာရေးနဲ့ ညီညွှတ်တယ်လေ..လို့ ရေရွတ်မိတာပေါ့”

ယင်းနောက် မာ့ခ်ကျူဘန်က ကွတ်ကီး၏ အရသာကို မြည်းကြည့်သောအခါတွင်လည်း အနံ့အရသာအပေါ် များစွာအထင်ကြီးသွားခဲ့သည်။

သို့သော် ကွတ်ကီးတွင် ကျိုးကြေလွယ်သည့် ပြဿနာကြီးရှိနေသည်ကို မာ့ခ်ကျူဘန်တွေ့ခဲ့သည်။

ကွတ်ကီး၏ အောင်မြင်မည့်အလားအလာကို အာရုံခံမိခဲ့သောကြောင့် မာ့ခ်ကျူဘန်က ယင်းလုပ်ငန်းတွင် ဒေါ်လာ ၇၅၀၀၀ ရင်းနှီးမြှုပ်နှံပေးခဲ့ရာ လုပ်ငန်းရှယ်ယာ၏ ၃ ပုံ ၁ ပုံ ဖြစ်သည်။

ရှယ်ယာထည့်ဝင်ပြီးနောက် မာ့ခ်ကျူဘန် ပထမဆုံးအကြံပေးသည်မှာ ကွတ်ကီးများ မကျိုးကြေစေရန် အရွယ်အစား ပိုမို သေးငယ်စွာ ထုတ်လုပ်ရေး အကြံပေးခဲ့သည်။

မာ့ခ်ကျူဘန်၏ အရင်းအနှီးမတည်ပေးမှုကြောင့် Alyssa’s Oatmeal Bites ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် ကျော်ကြားသွားသည်။

“ဒီကွတ်ကီးကို ကြော်ငြာဖို့ ကျွန်တော်တို့ တစ်ပြားတစ်ချပ်မှ အကုန်မခံခဲ့ရပါဘူး။ ကျွန်တော် မနက်စာအတွက် ဒီကွတ်ကီးကို မနက်တိုင်းနီးပါး စားပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက ကျန်းမာရေးနဲ့ ညီညွှတ်တယ်လေ။ ဟုတ်တယ်ဟုတ်။ သူတို့မှာ သကြားမပါဘူး။ အမျှင်ဓာတ်နဲ့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ဓာတ်တွေပဲ ပါတယ်” ဟု မာ့ခ်ကျူဘန်က ပြောသည်။

မာ့ခ်ကျူဘန်၏ ပြောပြချက်အရ အဆိုပါကုမ္ပဏီ၏ နှစ်စဉ်ရောင်းအားမှာ ကန်ဒေါ်လာ ၂၃ သန်းမှ ၂၄ သန်းကြားရှိပြီး အမြတ်အစွန်းမှာ ကန်ဒေါ်လာ ၁၂ သန်းခန့်ရှိကြောင်း ပြောသည်။

ကြော်ငြာစရိတ်များ မကုန်ကျခဲ့ရဘဲ ကွတ်ကီးမှာ ကုန်စုံဆိုင်တစ်ဆိုင်မှ တစ်ဆိုင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ကားပေါ်တွင် နေထိုင်ရင်း ဒေါ်လာ သန်းပေါင်းများစွာတန်ကြေးှရှိ စီးပွားရေးလုပ်ငန်းကို လည်ပတ်ခဲ့သူ ဆာရာချီ၏ ဘဝဖြစ်စဉ်မှာ ထုတ်ကုန်ကောင်းတစ်ခုရှိပြီး သတ္တိအနည်းငယ်ရှိမည်ဆိုက မိမိ၏ ဘဝကို ပြောင်းလဲနိုင်ကြောင်း ပြသနေသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Man Was Living In His Car When He Sent A Cold Email To Mark Cuban That Completely Changed His Life – 'One Of The Best Businesses Ever' (finance)

 

[Zawgyi]

ကမၻာေက်ာ္ သူေဌးၾကီး မာ့ခ္က်ဴဘန္ထံ အိမ္မရွိေသာေၾကာင့္ ကားေပၚတြင္သာ ေနထိုင္ရျပီး ဘဝကို ခက္ခဲစြာ ရုန္းကန္ေနရသူက အီးေမးလ္တစ္ေစာင္ ေပးပို႔ခဲ့ရာမွ ၎၏ဘဝ အျပီးတိုင္ေျပာင္းလဲသြားခဲ့ပံု

(မာ့ခ္က်ဴဘန္ ဘယ္သူလဲ)

မာ့ခ္က်ဴဘန္ (ေမြး-၁၉၅၈) သည္ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ျဖစ္ျပီး NBA မွ Dallas Mavericks ဘတ္စ္ကက္ေဘာအသင္း ပိုင္ရွင္လည္းျဖစ္သည္။

ထို႔အျပင္ Shark Tank ရုပ္သံအစီအစဥ္၏ ဒိုင္အဖြဲ႔ဝင္လည္း ျဖစ္သည္။

(မွတ္ခ်က္။ Shark Tank ရုပ္သံအစီအစဥ္မွာ စြန္႔ဦးလုပ္ငန္းရွင္တို႔က ၎တို႔၏ ထုတ္ကုန္ (သို႔မဟုတ္) ကုမၸဏီအေၾကာင္းကို သူေဌးမ်ားျဖင့္ ဖြဲ႔စည္းထားေသာ ဒိုင္အဖြဲ႔ထံ ရွင္းလင္းတင္ျပေျပာဆိုရျပီး ၎တို႔၏ ကုမၸဏီတြင္ ဒိုင္အဖြဲ႔က ရင္းႏွီးျမွဳပ္ႏွံၾကရန္ သင့္၊ မသင့္ ဆံုးျဖတ္ၾကျခင္းျဖစ္သည္။ ရင္းႏွီးျမွဳပ္ႏွံမႈကို ဒိုင္အဖြဲ႔ဝင္မ်ား၏ ကိုယ္ပိုင္ေငြျဖင့္ ရင္းႏွီးထည့္ဝင္ၾကျခင္းျဖစ္သည္။ အဆိုပါ ရုပ္သံအစီအစဥ္တြင္ ပါဝင္ယွဥ္ျပိဳင္ခဲ့ေသာ လုပ္ငန္းရွင္ေပါင္း ၃၅,၀၀၀ မွ ၄၀,၀၀၀ ၾကားရွိသည္။ ေရြးခ်ယ္ျခင္းမခံရသည့္ လုပ္ငန္းရွင္မ်ားသည္ပင္လွ်င္ ရုပ္သံအစီအစဥ္တြင္ ပါဝင္ျပီး လူသိမ်ားကာ ေရာင္းအား ၁၀ ဆမွ အဆ ၂၀ ခန္႔အထိ ျမင့္တက္လာေလ့ရွိသည္ဟု ဆိုသည္။ မာ့ခ္ က်ဴဘန္မွာ ထိုအစီအစဥ္၏ ဒိုင္အဖြဲ႔ဝင္ ျဖစ္သည္)

((ကားတစ္စီးေပၚတြင္သာ ေနထုိင္ေနရသူအေၾကာင္း))

သင္သည္ ကားေပၚတြင္သာ ေနထုိင္ရျပီး ေန႔စဥ္ဘဝရပ္တည္ႏိုင္ရန္ အႏုိင္ႏိုင္ရုန္းကန္ေနရကာ တစ္ေန႔တြင္မူ ဘီလ်ံနာသူေဌးၾကီးတစ္ဦးထံသို႔ အီးေမးတစ္ေစာင္ပို႔ရန္ ဆံုးျဖတ္ခဲ့ျပီးေနာက္ သင္၏ဘဝ ေျပာင္းလဲသြားသည့္ ျဖစ္ရပ္မ်ဳိး ၾကံဳရပါက မည္သို႔ရွိမည္ကို မွန္းဆၾကည့္ပါ။

မျဖစ္ႏိုင္ဟုပင္ မွတ္ထင္ရေလာက္ေသာ ျဖစ္ရပ္မ်ဳိးပင္ မဟုတ္ပါေလာ။ ေဒါက္ ဆာရာခ်ီ (Doug Saraci) အတြက္မူ ၾကက္ကန္းဆန္အုိးတိုးသည့္ ျဖစ္ရပ္မ်ဳိးျဖစ္ျပီး သူ၏ဘဝကို အျပီးတိုင္ေျပာင္းလဲပစ္မည့္ ဘဝစာမ်က္ႏွာသစ္ စတင္လိုက္ျခင္းလည္း ျဖစ္သည္။

၂၀၁၀ ျပည့္ႏွစ္အတြင္း အလုပ္လက္မဲ့ျဖစ္ေနေသာ ဆာရာခ်ီႏွင့္ ဇနီးျဖစ္သူတို႔သည္ မိသားစုဝင္တစ္ဦးထံမွ ေငြေခ်းကာ အေမရိကန္ျပည္၊ ဖေလာ္ရီဒါျပည္နယ္၊ Lake Park ျမိဳ႕တြင္ ေကာ္ဖီဆိုင္ငယ္ေလးတစ္ခု ဖြင့္ခဲ့၏။

သူ၏ ေကာ္ဖီဆိုင္တြင္ ကိုယ္တိုင္လုပ္ေသာ က်န္းမာေရးႏွင့္ ညီညႊတ္သည့္ အုတ္ဂ်ံဳကြတ္ကီးမ်ား ေရာင္းခ်ေပးျပီး သမီးငယ္၏ နာမည္အတိုင္း Alyssa ဟု အမည္ေပးခဲ့သည္။

ထိုကြတ္ကီးမွာ ေကာ္ဖီဆိုင္ေလး၏ လူၾကိဳက္အမ်ားဆံုးမုန္႔တစ္ခုျဖစ္လာရာ ဆာရာခ်ီတို႔ ဇနီးေမာင္ႏွံမွာ ကြတ္ကီးမ်ားအေပၚ မ်ားစြာ အာရံုစိုက္ေပးလာရသည္။

သို႔ေသာ္ ရုန္းကန္ျဖတ္သန္းရသည့္ ဘဝမွာ မလြယ္ကူ။

၂၀၁၂ ခုႏွစ္တြင္ ေဒါက္ ဆာရာခ်ီသည္ ကားေပၚတြင္သာ ေနထုိင္ေနရျပီး အခြင့္ၾကံဳသည့္ေနရာတိုင္း ကြတ္ကီးမ်ားေရာင္းရန္ ၾကိဳးစားရသည္။

ဆာရာခ်ီသည္ Shark Tank ရုပ္သံအစီအစဥ္ကို အျမဲၾကည့္ျဖစ္ျပီး ဒိုင္လူၾကီးမ်ားထဲမွ မာ့ခ္က်ဴဘန္ကို မ်ားစြာ သေဘာက်ေနသည္။

ယင္းေနာက္ ဆာရာခ်ီက စြန္႔စားမႈတစ္ခု ျပဳလုပ္ၾကည့္ရန္ ဆံုးျဖတ္ခဲ့သည္။

Shark Tank ရုပ္သံ အစီအစဥ္တြင္ သူ၏ ကြတ္ကီးကို ဝင္ေရာက္ယွဥ္ျပိဳင္ျခင္းမဟုတ္ဘဲ မာ့ခ္က်ဴဘန္ထံ အီးေမးလ္ေပးပို႔ကာ သူ၏ ကြတ္ကီးမုန္႔မ်ားလည္း နမူနာအျဖစ္ ေပးပို႔လိုက္ျခင္း ျဖစ္သည္။

မာ့ခ္က်ဴဘန္သည္ ေန႔စဥ္ အီးေမးအေစာင္ေရ ၁၀၀၀ အထက္ လက္ခံဖတ္ရႈေနရေသာ အလြန္အလုပ္မ်ားသူ ျဖစ္ေသာ္လည္း ဆာရာခ်ီ၏ ကြတ္ကီးကို ျမည္းၾကည့္ရန္ စိတ္ဝင္စားခဲ့သည္။

“တစ္ေယာက္ေယာက္က ကၽြန္ေတာ့္ဆီကို စားေသာက္ကုန္တစ္ခု ပို႔လိုက္တယ္ဆိုရင္ အရင္ဆံုး ကၽြန္ေတာ္လုပ္တာက အဲဒီစားေသာက္ကုန္မွာပါတဲ့ အာဟာရပါဝင္မႈ စာရင္းကို ၾကည့္ရႈတာပါ။” ဟု မာ့ခ္က်ဴဘန္က ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ေျပာဖူးသည္။

မာ့ခ္က်ဴဘန္က ၎ေတြ႔ရွိခဲ့မႈအေပၚ မ်ားစြာအံ့အားသင့္သြားသည္။

စပ်စ္သီးေျခာက္မ်ားပါေသာ အုတ္ဂ်ံဳကြတ္ကီးတြင္ ကယ္လိုရီ ၁၉၀ သာ ပါဝင္ျပီး အမွ်င္ႏွင့္ ပရိုတိန္းတို႔ ပါဝင္ကာ သၾကားမပါသည္ကို ေတြ႔ခဲ့သည္။

“အဲဒီမွာ ကၽြန္ေတာ္လည္း…ဘုရားေရ…ဒါက က်န္းမာေရးနဲ႔ ညီညႊတ္တယ္ေလ..လို႔ ေရရြတ္မိတာေပါ့”

ယင္းေနာက္ မာ့ခ္က်ဴဘန္က ကြတ္ကီး၏ အရသာကို ျမည္းၾကည့္ေသာအခါတြင္လည္း အနံ႔အရသာအေပၚ မ်ားစြာအထင္ၾကီးသြားခဲ့သည္။

သို႔ေသာ္ ကြတ္ကီးတြင္ က်ဳိးေၾကလြယ္သည့္ ျပႆနာၾကီးရွိေနသည္ကို မာ့ခ္က်ဴဘန္ေတြ႔ခဲ့သည္။

ကြတ္ကီး၏ ေအာင္ျမင္မည့္အလားအလာကို အာရံုခံမိခဲ့ေသာေၾကာင့္ မာ့ခ္က်ဴဘန္က ယင္းလုပ္ငန္းတြင္ ေဒၚလာ ၇၅၀၀၀ ရင္းႏွီးျမွဳပ္ႏွံေပးခဲ့ရာ လုပ္ငန္းရွယ္ယာ၏ ၃ ပံု ၁ ပံု ျဖစ္သည္။

ရွယ္ယာထည့္ဝင္ျပီးေနာက္ မာ့ခ္က်ဴဘန္ ပထမဆံုးအၾကံေပးသည္မွာ ကြတ္ကီးမ်ား မက်ဳိးေၾကေစရန္ အရြယ္အစား ပိုမို ေသးငယ္စြာ ထုတ္လုပ္ေရး အၾကံေပးခဲ့သည္။

မာ့ခ္က်ဴဘန္၏ အရင္းအႏွီးမတည္ေပးမႈေၾကာင့္ Alyssa’s Oatmeal Bites ထြက္ေပၚလာခဲ့ျပီး ခ်က္ခ်င္းပင္ ေက်ာ္ၾကားသြားသည္။

“ဒီကြတ္ကီးကို ေၾကာ္ျငာဖုိ႔ ကၽြန္ေတာ္တို႔ တစ္ျပားတစ္ခ်ပ္မွ အကုန္မခံခဲ့ရပါဘူး။ ကၽြန္ေတာ္ မနက္စာအတြက္ ဒီကြတ္ကီးကို မနက္တိုင္းနီးပါး စားပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒါေတြက က်န္းမာေရးနဲ႔ ညီညႊတ္တယ္ေလ။ ဟုတ္တယ္ဟုတ္။ သူတို႔မွာ သၾကားမပါဘူး။ အမွ်င္ဓာတ္နဲ႔ က်န္းမာေရးအတြက္ အက်ဳိးျပဳတဲ့ဓာတ္ေတြပဲ ပါတယ္” ဟု မာ့ခ္က်ဴဘန္က ေျပာသည္။

မာ့ခ္က်ဴဘန္၏ ေျပာျပခ်က္အရ အဆိုပါကုမၸဏီ၏ ႏွစ္စဥ္ေရာင္းအားမွာ ကန္ေဒၚလာ ၂၃ သန္းမွ ၂၄ သန္းၾကားရွိျပီး အျမတ္အစြန္းမွာ ကန္ေဒၚလာ ၁၂ သန္းခန္႔ရွိေၾကာင္း ေျပာသည္။

ေၾကာ္ျငာစရိတ္မ်ား မကုန္က်ခဲ့ရဘဲ ကြတ္ကီးမွာ ကုန္စံုဆိုင္တစ္ဆိုင္မွ တစ္ဆိုင္သို႔ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့သည္။

ကားေပၚတြင္ ေနထုိင္ရင္း ေဒၚလာ သန္းေပါင္းမ်ားစြာတန္ေၾကးွရွိ စီးပြားေရးလုပ္ငန္းကို လည္ပတ္ခဲ့သူ ဆာရာခ်ီ၏ ဘဝျဖစ္စဥ္မွာ ထုတ္ကုန္ေကာင္းတစ္ခုရွိျပီး သတၱိအနည္းငယ္ရွိမည္ဆိုက မိမိ၏ ဘဝကို ေျပာင္းလဲႏိုင္ေၾကာင္း ျပသေနသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This Man Was Living In His Car When He Sent A Cold Email To Mark Cuban That Completely Changed His Life – 'One Of The Best Businesses Ever' (finance)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီးနောက် ရူပီး ၅၇၃၈၃ ကုဋေတန်ကြေးရှိ ကုမ္ပဏီပိုင်ရှင်ဖြစ်လာသူ အိန္ဒိယလုပ်ငန်းရှင်ကြီး မေမင်း မတ်ပလိ...
ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီးနောက် ရူပီး ၅၇၃၈၃ ကုဋေတန်ကြေးရှိ ကုမ္ပဏီပိုင်ရှင်ဖြစ်လာသူ အိန္ဒိယလုပ်ငန်းရှင်ကြီး မေမင်း မတ်ပလိ...
နယူးဇီလန်နိုင်ငံတွင် ဆေးခန်းကလေးတစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီး နောင်အခါအတွင် တစ်နိုင်ငံလုံး၌ အကြီးမားဆုံး ဆေးရုံအုပ်စုကြီး ပိုင်ဆိုင်လာသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ရန်ဂျ်နာ ပတဲလ်က သူ၏ စည်းစိမ်များကို ...
နယူးဇီလန်နိုင်ငံတွင် ဆေးခန်းကလေးတစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီး နောင်အခါအတွင် တစ်နိုင်ငံလုံး၌ အကြီးမားဆုံး ဆေးရုံအုပ်စုကြီး ပိုင်ဆိုင်လာသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ရန်ဂျ်နာ ပတဲလ်က သူ၏ စည်းစိမ်များကို ...
ဆောက်လုပ်ရေးလုပ်သားနှင့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တို့၏သား၊ လမ်းဘေးတွင် မုန့်ရောင်းခဲ့ရသည့်ဘဝမှ စတိုးဆိုင်ပေါင်း ၂၆၀၀ ကျော်ပိုင်ဆိုင်လာသည့် မလေးရှား ဘီလျံနာကြီး၏ ဘဝရုန်းကန်ဖြတ်သန်းခဲ့ရပုံ...
ဆောက်လုပ်ရေးလုပ်သားနှင့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တို့၏သား၊ လမ်းဘေးတွင် မုန့်ရောင်းခဲ့ရသည့်ဘဝမှ စတိုးဆိုင်ပေါင်း ၂၆၀၀ ကျော်ပိုင်ဆိုင်လာသည့် မလေးရှား ဘီလျံနာကြီး၏ ဘဝရုန်းကန်ဖြတ်သန်းခဲ့ရပုံ...
တိုက်ခန်းဧရိယာများအား ပိုထွက်လာအောင်ပြုလုပ်ခြင်း
တိုက်ခန်းဧရိယာများအား ပိုထွက်လာအောင်ပြုလုပ်ခြင်း
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ဧရာမတိုင်ကြီးများသဖွယ်ထိုးထွက်နေသော ထူးခြားဆန်းပြားတောင်ထွတ်အလှနှင့် မြူဝေဝေရှုခင်းတွဲလျက် ကမ္ဘာ့သမိုင်းဝင်အမွေအနှစ် Zhangjiajie တောင်ထွတ်များ...
ဧရာမတိုင်ကြီးများသဖွယ်ထိုးထွက်နေသော ထူးခြားဆန်းပြားတောင်ထွတ်အလှနှင့် မြူဝေဝေရှုခင်းတွဲလျက် ကမ္ဘာ့သမိုင်းဝင်အမွေအနှစ် Zhangjiajie တောင်ထွတ်များ...
နှုတ်သက်သေခံချက်များ၊ စာချုပ်စာတမ်း သက်သေခံချက်များအကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။...
နှုတ်သက်သေခံချက်များ၊ စာချုပ်စာတမ်း သက်သေခံချက်များအကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။...
မီးဖိုချောင်ကို ဘယ်လိုပုံစံထားကြမလဲ
မီးဖိုချောင်ကို ဘယ်လိုပုံစံထားကြမလဲ
ပေါင်နှံခြင်းများဆောင်ရွက်သည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။...
ပေါင်နှံခြင်းများဆောင်ရွက်သည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။...
Jeff Bezos က မနက်ပိုင်းတွင် ဖုန်းမသုံးရသည့် စည်းမျဉ်းချမှတ်ထားကြောင်း ၎င်းနှင့်စေ့စပ်ထားသော အမျိုးသမီး လော်ရန် ဆန်းချက်ဇ်က ပြောကြား...
Jeff Bezos က မနက်ပိုင်းတွင် ဖုန်းမသုံးရသည့် စည်းမျဉ်းချမှတ်ထားကြောင်း ၎င်းနှင့်စေ့စပ်ထားသော အမျိုးသမီး လော်ရန် ဆန်းချက်ဇ်က ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် 21 အရွယ်မှာတင် self-made billionaire တစ်ဦးဖြစ်လာခဲ့သူ နာမည်ကြီး Influrenzer Kylie Jenner ရင်းနှီးမြုပ်နှံထားသော ဒေါ
အသက် 21 အရွယ်မှာတင် self-made billionaire တစ်ဦးဖြစ်လာခဲ့သူ နာမည်ကြီး Influrenzer Kylie Jenner ရင်းနှီးမြုပ်နှံထားသော ဒေါ
ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း။
ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း။
Apple ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော တတိယမြောက်ပုဂ္ဂိုလ်က သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သ
Apple ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော တတိယမြောက်ပုဂ္ဂိုလ်က သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သ
တချိန်က ရူပီး ၉၀ တန် ရထားလက်မှတ်ဖိုးပင် မရှိခဲ့သူ၊ နောင်အခါတွင် ကုမ္ပဏီကြီးတစ်ခုက ချမ်းသာကြွယ်ဝ သော ကလေးများကို စာသင်ပေး
တချိန်က ရူပီး ၉၀ တန် ရထားလက်မှတ်ဖိုးပင် မရှိခဲ့သူ၊ နောင်အခါတွင် ကုမ္ပဏီကြီးတစ်ခုက ချမ်းသာကြွယ်ဝ သော ကလေးများကို စာသင်ပေး
ဒူဘိုင်းတွင် ပြင်သစ်လူမျိုး ဇနီးမောင်နှံအတွက် သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်ရင်း အလုပ်ရှင်၏ အိမ်တွင်ပင် မုန့်လုပ်ရောင်း
ဒူဘိုင်းတွင် ပြင်သစ်လူမျိုး ဇနီးမောင်နှံအတွက် သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်ရင်း အလုပ်ရှင်၏ အိမ်တွင်ပင် မုန့်လုပ်ရောင်း
ဗီယက်နမ်တွင် ချစ်သူကောင်လေးက ဘဝရည်မှန်းချက်များရှိသောကြောင့် လက်မထပ်နိုင်သေးကြောင်း ပြောခဲ့သော်လည်း မိန်းကလေး၏ မိဘများက
ဗီယက်နမ်တွင် ချစ်သူကောင်လေးက ဘဝရည်မှန်းချက်များရှိသောကြောင့် လက်မထပ်နိုင်သေးကြောင်း ပြောခဲ့သော်လည်း မိန်းကလေး၏ မိဘများက
Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့
Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့
ရူပီး ကုဋေ ၁ သိန်းတန်ကြေးရှိ စီးပွားရေးလုပ်ငန်းကြီးကို ပိုင်ဆိုင်ခဲ့ပြီး ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဝန်ထမ်း အချို့အာ
ရူပီး ကုဋေ ၁ သိန်းတန်ကြေးရှိ စီးပွားရေးလုပ်ငန်းကြီးကို ပိုင်ဆိုင်ခဲ့ပြီး ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဝန်ထမ်း အချို့အာ
ကမ္ဘာကျော် သူဌေးကြီး မာ့ခ်ကျူဘန်ထံ အိမ်မရှိသောကြောင့် ကားပေါ်တွင်သာ နေထိုင်ရပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်နေရသူက အီးမေးလ်တ
ကမ္ဘာကျော် သူဌေးကြီး မာ့ခ်ကျူဘန်ထံ အိမ်မရှိသောကြောင့် ကားပေါ်တွင်သာ နေထိုင်ရပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်နေရသူက အီးမေးလ်တ
ဒေးဗစ်ကော့ပါးဖီးအား မန်ဟက်တန်ရှိ ၎င်းပိုင်သော penthouse ခန်း ဖျက်ဆီးမှုဖြင့် နယူးယောက်မြို့ ကွန်ဒိုဘုတ်အဖွဲ့က တရားစွဲ
ဒေးဗစ်ကော့ပါးဖီးအား မန်ဟက်တန်ရှိ ၎င်းပိုင်သော penthouse ခန်း ဖျက်ဆီးမှုဖြင့် နယူးယောက်မြို့ ကွန်ဒိုဘုတ်အဖွဲ့က တရားစွဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sweet-dream
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service