ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။
ဆရာရေ မြေတိုင်းတာခြင်းခြင်းနှင့်ပတ်သတ်ပြီး လေ့လာထားသင့်သည့်အချက်အလက်များ ဆွေးနွေးပေးစေလိုပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
7 Jul 2024 1:56 pm တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
- ဂရန်မြေ၊ပါမစ်မြေ၊ သက်တမ်းရှိ လိုင်စင်မြေ၊ မြေပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ Bမြေပိုင်မြေ၊ Bလ/န ၃(ခ)မြေ၊ Bလ/န ၃၉ မြေ၊ လယ်ယာမြေ၊ ၃(ခ)မြေ၊ R2,R3,R4မြေများ၊ ဥယာဉ်ခြံမြေများ၊ အခွန်လွတ်သာသနာ့ဂရန်မြေ၊ ဂရန်ရှိသာသနာမြေများကို မြေတိုင်းတာခြင်းအတွက် လျှောက်ထားနိုင်ပြီး အမည်ပေါက်(သို့) မှတ်ပုံတင်စာချုပ် အဆက်အစပ်၊တရားရုံးအမိန့်ရှိသူများတို့မှ အောက်ပါအချက်အလက်များပါဝင်ကာ လျှောက်ထားရပါမယ်။
မေး။ ။ ဘယ်လိုအချက်အလက်တွေပါဝင်ပြီးလျှောက်ထားရမှာလဲဆရာ။
- မြေပိုင်ဆိုင်မှုအထောက်အထားများ၊နိုင်ငံသားစီစစ်ရေးကတ်ပြား၊မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီဂရီ အမိန့်၊မြေငှားခပြေစာ၊ဘေးပတ်ဝန်းကျင်မြေတိုင်းတာခြင်းကိုသိရှိကြောင်း ထောက်ခံချက်တို့ လျှောက်ထားရမှာ ပါဝင်ရပါမယ်။
မေး။ ။ အဲလိုလျှောက်ထားပြီးရင်ဌာနကဘယ်လို ဆက်လက်ဆောင်ရွက်ပါသလဲဆရာ။
- ဌာနမှလုပ်ထုံးလုပ်နည်းအတိုင်း မူရင်းများတိုက်ဆိုင်စစ်ဆေးကာ အထောက်အထားများနှင့် ကိုက်ညီမှု ရှိမရှိ၊ မြေရာဇဝင်ပါ မှတ်ချက်များဖြစ်သော- မြေသိမ်းမှတ်ချက်ရှိမရှိ၊မြေတန်ဖိုးဖြတ်ရမရ၊ဌာနဆိုင်ရာ တားမြစ်ချက်ရှိ မရှိ၊တားဝရမ်း(သို့)ဘဏ်မှ ကန့်ကွက်စာရှိမရှိ၊မြေစာရင်းတွင် ကန့်ကွက်ချက်ရှိမရှိ၊ ဂရန်စည်းကမ်းပျက်မှတ်ချက်ရှိမရှိ၊ အခွန်ကြွေးကျန်ရှိမရှိ၊ မြေစာရင်းမှတ်ချက်များ အထောက်အထားများနှင့် ဆက်စပ်မှုရှိမရှိလဲ စီစစ်ပါတယ်။
မြေကွက်ကို အစိတ်အပိုင်းပဲ ပိုင်ဆိုင်ခွဲစိတ်ချင်ရောဆရာ မြေကွက်အား မှတ်ပုံတင်စာချုပ်ဖြင့် အစိတ်အပိုင်းပိုင်ဆိုင်လာရင် (သို့) အမည်ပေါက် ပိုင်ဆိုင်သူမှ ၎င်းပိုင်ဆိုင်ကျန်ရှိသည့်အစိတ်အပိုင်းအတွက်မြေတိုင်းတာလိုရင်
- ခံဝန်ကတိရယူခြင်းများ၊ မြန်မာအလင်း၊ ကြေးမုံ နှင့်မြို့တော်သတင်းစာတို့တွင် ကြော်ငြာခြင်းများဆောင်ရွက်ပြီး မြေကွက်တိုင်းတာ ခွဲစိတ်နိုင်ပါတယ်။ မြေတိုင်းတာလျှောက်ထားများအားလုံးအတွက် မြေတိုင်းမြေပုံ ထုတ်ပေးပါတယ်။
အပြန်အလှန်ကျူးကျော်ခြင်းများ၊ရှိရင်တော့ ရုံးတိုင်းတိုင်းတာ မြေပုံနဲ့ ဆောင်ရွက်ပေးပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service