Beatles အဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် ဂျွန်လင်နွန်၏ ကျန်ရစ်သူဇနီး ယိုကို အိုနိုက နှစ်ဦးအတူ နေထိုင်ခဲ့သော နယူးယောက်မြို့မှ အိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်လာ

Beatles အဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် ဂျွန်လင်နွန်၏ ကျန်ရစ်သူဇနီး ယိုကို အိုနိုက နှစ်ဦးအတူ နေထိုင်ခဲ့သော နယူးယောက်မြို့မှ အိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်လာ - Property News in Myanmar from iMyanmarHouse.com
24 May 2024 12:59 pm တွင် တင်ခဲ့သည်
343 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Beatles အဖွဲ့သည် ၁၉၆၀ ပြည့်နှစ်အတွင်း အင်္ဂလန်နိုင်ငံ ၊ လီဗာပူးမြို့၌ ဖွဲ့စည်းခဲ့သည့် ရော့ခ် ဂီတအဖွဲ့ကြီး ဖြစ်သည်။

ခေတ်ပေါ်တေးဂီတ လောကတွင် အအောင်မြင်ဆုံး အဖွဲ့တစ်ဖွဲ့အဖြစ် အသိအမှတ်ပြု ခံရဆဲဖြစ်သည်။

၁၉၆၂ ခုနှစ်မှစ၍ အဖွဲ့ဝင်များမှာ ဂျွန်လင်နွန် (ရစ်သမ်ဂစ်တာ ၊ အဆို) ၊ ပေါလ် မက္ကာတနေး (ဘေ့စ်ဂစ်တာ ၊အဆို)၊ ဂျော့ချ် ဟယ်ရစ်ဆန် (လိဒ်ဂစ်တာ ၊ အဆို) နှင့် ရင်ဂိုစတား (ဒရမ် ၊ အဆို) တို့ဖြစ်ကြသည်။

ရှေ့ထွက်အဆိုတော် ဂျွန်လင်နွန်မှာ ဒီဇင်ဘာလ ၈ ရက်တွင် နယူးယောက်မြို့လယ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရကာ ကွယ်လွန်သွားခဲ့သည်။

(ဆက်စပ်သတင်း)

နယူးယောက်မြို့လယ်တွင် နောက်ကျောမှ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော Beatles အဆိုတော် ဂျွန်လင်နွန် အပါအဝင် ဂီတကြယ်ပွင့် ၃ ဦး ပိုင်ဆိုင်ခဲ့ဖူးသော ရှားပါး ဂန္ထဝင် Mercedes ကား အရောင်းဈေးကွက်ဝင်လာ

https://www.carsdb.com/my/news/487

ဂျွန်လင်နွန်နှင့် ယိုကိုအိုနိုတို့ ၁၉၇၁ ခုနှစ်တွင် ဝယ်ယူခဲ့သော နှစ်ထပ်အိမ်မှာ ရာစုနှစ်ဝက်ခန့်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အရောင်းဈေးကွက်ဝင်လာသည်။

နယူးယောက်မြို့၊ Broome လမ်း၊ အမှတ် ၄၉၆ တွင် တည်ရှိပြီး အုတ်၊ bluestone ၊ terra cotta တို့ဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်သည်။

အဆိုပါအိမ်သည် ဂျွန်လင်နွန်တို့စုံတွဲ နယူးယောက်တွင် ပထမဆုံး ဝယ်ယူပိုင်ဆိုင်ခဲ့သောအိမ်ဖြစ်ပြီး ထိုအိမ်တွင် ၂ နှစ်ကြာနေထိုင်ခဲ့ကြသည်။

ယင်းနောက်ပိုင်း နယူးယောက်မြို့၊ Upper West Side အရပ်သို့ ပြောင်းရွှေ့ခဲ့ကြကာ ဂျွန်လင်နွန်မှာ ထိုဒေသတွင် လုပ်ကြံခံရပြီး ကွယ်လွန်သွားခဲ့သည်။

အဆိုပါအိမ်ကို ဝယ်ယူပြီးကတည်းက ယိုကိုအိုနိုနှင့် သားဖြစ်သူ ရှောင် အိုနို လင်နွန်တို့က မရောင်းချဘဲ ထိန်းသိမ်းထားခဲ့ကြကာ နှစ်ပေါင်း ၅၀ ကျော်အကြာ ယခုအခါတွင် အရောင်းဈေးကွက်တင်လာခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၅ ဒသမ ၅ သန်း ဈေးခေါ်ထားကြောင်း နယူးယောက်တိုင်းမ်းသတင်းစာကြီးက ဖော်ပြသည်။

(အဆောက်အအုံ မျက်နှာစာ။ ဓာတ်ပုံ-JLL)

“Broome လမ်းက အိမ်ဟာ သူတို့ရဲ့ အနုပညာလုပ်ငန်း အခြေစိုက်နေရာလိုမျိုးပါပဲ” ဟု ‘John Lennon:The Life’ စာအုပ်ကို ရေးသားခဲ့သော စာရေးဆရာ ဖိလစ်နော်မန်က နယူးယောက်တိုင်းမ် သတင်းစာကြီးသို့ ပြောသည်။

ဂျွန်လင်နွန်နှင့် ယိုကိုအိုနို (ယခု အသက် ၉၁ နှစ်) တို့သည် Broome လမ်း နေအိမ်ကို ဝယ်ယူစဉ်ကာလက အမှတ် ၁၀၅ ၊ Bank လမ်းရှိ လူနေခန်းတစ်ခန်းကိုလည်း ငှားရမ်းထားကြောင်း ဖိလစ်နော်မန်က ပြောသည်။

“Bank လမ်းအိမ်က သူတို့ရဲ့ ဧည့်ခန်းပေါ့။ အဲဒီမှာက လမ်းလျှောက်ဝင်သွားရုံပဲလေ”

အရောင်းဈေးကွက်တင်လာသော အဆောက်အအုံမှာ ၁၈၈၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြေညီထပ်မှာ ပြခန်းဆန်ကာ မျက်နှာကြက်အမြင့် ၁၄ ဒသမ ၄ ပေရှိသည်။

အခန်းဖွင့်ခင်းကျင်းထားသော မီးဖိုဆောင်နှင့် အိမ်နောက်ပိုင်းတွင် ထပ်ခိုးအိပ်ခန်းတို့ ပါဝင်သည်။

ဒုတိယထပ်တွင် နေထိုင်ရန်နှင့် အလုပ်လုပ်ရန်နေရာ၊ အသံဖမ်းစတူဒီယိုတစ်ခုတို့ရှိသည်။

(အသံဖမ်း စတူဒီယို။ ဓာတ်ပုံ-JLL)

(ရေစိမ်ကန်။ ဓာတ်ပုံ-JLL)

(၁၈၈၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-JLL)

(ဂျွန်လင်နွန်နှင့်အတူ ၁၉၇၁ ခုနှစ်အတွင်း ဤအိမ်ကို ဝယ်ယူပြီးကတည်းက ယိုကို အိုနိုက မရောင်းချဘဲ ထိန်းသိမ်းထားခဲ့သည်။ ဓာတ်ပုံ-JLL)

(မီးဖိုဆောင်။ ဓာတ်ပုံ-JLL)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Yoko Ono lists first NYC home she shared with John Lennon for $5.5M (nypost)

Photo Credit-JLL

[Zawgyi]

Beatles အဖြဲ႔ၾကီးမွ ေရွ႕ထြက္အဆိုေတာ္ ဂၽြန္လင္ႏြန္၏ က်န္ရစ္သူဇနီး ယိုကို အိုႏိုက ႏွစ္ဦးအတူ ေနထိုင္ခဲ့ေသာ နယူးေယာက္ျမိဳ႕မွ အိမ္ကို ကန္ေဒၚလာ ၅ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်ရန္ စီစဥ္လာ

Beatles အဖြဲ႔သည္ ၁၉၆၀ ျပည့္ႏွစ္အတြင္း အဂၤလန္ႏိုင္ငံ ၊ လီဗာပူးျမဳိ႕၌ ဖြဲ႔စည္းခဲ့သည့္ ေရာ့ခ္ ဂီတအဖြဲ႔ၾကီး ျဖစ္သည္။

ေခတ္ေပၚေတးဂီတ ေလာကတြင္ အေအာင္ျမင္ဆံုး အဖြဲ႔တစ္ဖြဲ႔အျဖစ္ အသိအမွတ္ျပဳ ခံရဆဲျဖစ္သည္။

၁၉၆၂ ခုႏွစ္မွစ၍ အဖြဲ႔ဝင္မ်ားမွာ ဂၽြန္လင္ႏြန္ (ရစ္သမ္ဂစ္တာ ၊ အဆုိ) ၊ ေပါလ္ မကၠာတေနး (ေဘ့စ္ဂစ္တာ ၊အဆို)၊ ေဂ်ာ့ခ်္ ဟယ္ရစ္ဆန္ (လိဒ္ဂစ္တာ ၊ အဆို) ႏွင့္ ရင္ဂိုစတား (ဒရမ္ ၊ အဆို) တို႔ျဖစ္ၾကသည္။

ေရွ႕ထြက္အဆိုေတာ္ ဂၽြန္္လင္ႏြန္မွာ ဒီဇင္ဘာလ ၈ ရက္တြင္ နယူးေယာက္ျမိဳ႕လယ္၌ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ၾကံခံရကာ ကြယ္လြန္သြားခဲ့သည္။

(ဆက္စပ္သတင္း)

နယူးေယာက္ျမိဳ႕လယ္တြင္ ေနာက္ေက်ာမွ ေသနတ္ျဖင့္ ၄ ခ်က္ ပစ္ခတ္လုပ္ၾကံျခင္းခံခဲ့ရေသာ Beatles အဆိုေတာ္ ဂၽြန္လင္ႏြန္ အပါအဝင္ ဂီတၾကယ္ပြင့္ ၃ ဦး ပိုင္ဆိုင္ခဲ့ဖူးေသာ ရွားပါး ဂႏၳဝင္ Mercedes ကား အေရာင္းေစ်းကြက္ဝင္လာ

https://www.carsdb.com/my/news/487

ဂၽြန္လင္ႏြန္ႏွင့္ ယိုကိုအိုႏိုတို႔ ၁၉၇၁ ခုႏွစ္တြင္ ဝယ္ယူခဲ့ေသာ ႏွစ္ထပ္အိမ္မွာ ရာစုႏွစ္ဝက္ခန္႔ကာလအတြင္း ပထမဆံုးအၾကိမ္အျဖစ္ အေရာင္းေစ်းကြက္ဝင္လာသည္။

နယူးေယာက္ျမိဳ႕၊ Broome လမ္း၊ အမွတ္ ၄၉၆ တြင္ တည္ရွိျပီး အုတ္၊ bluestone ၊ terra cotta တို႔ျဖင့္ ေဆာက္လုပ္ထားေသာ အေဆာက္အအံုျဖစ္သည္။

အဆိုပါအိမ္သည္ ဂၽြန္လင္ႏြန္တို႔စံုတြဲ နယူးေယာက္တြင္ ပထမဆံုး ဝယ္ယူပိုင္ဆိုင္ခဲ့ေသာအိမ္ျဖစ္ျပီး ထိုအိမ္တြင္ ၂ ႏွစ္ၾကာေနထိုင္ခဲ့ၾကသည္။

ယင္းေနာက္ပိုင္း နယူးေယာက္ျမိဳ႕၊ Upper West Side အရပ္သို႔ ေျပာင္းေရႊ႕ခဲ့ၾကကာ ဂၽြန္လင္ႏြန္မွာ ထိုေဒသတြင္ လုပ္ၾကံခံရျပီး ကြယ္လြန္သြားခဲ့သည္။

အဆိုပါအိမ္ကို ဝယ္ယူျပီးကတည္းက ယိုကိုအိုႏိုႏွင့္ သားျဖစ္သူ ေရွာင္ အိုႏို လင္ႏြန္တို႔က မေရာင္းခ်ဘဲ ထိန္းသိမ္းထားခဲ့ၾကကာ ႏွစ္ေပါင္း ၅၀ ေက်ာ္အၾကာ ယခုအခါတြင္ အေရာင္းေစ်းကြက္တင္လာျခင္းျဖစ္ျပီး ကန္ေဒၚလာ ၅ ဒသမ ၅ သန္း ေစ်းေခၚထားေၾကာင္း နယူးေယာက္တိုင္းမ္းသတင္းစာၾကီးက ေဖာ္ျပသည္။

(အေဆာက္အအံု မ်က္ႏွာစာ။ ဓာတ္ပံု-JLL)

“Broome လမ္းက အိမ္ဟာ သူတို႔ရဲ႕ အႏုပညာလုပ္ငန္း အေျခစိုက္ေနရာလိုမ်ဳိးပါပဲ” ဟု ‘John Lennon:The Life’ စာအုပ္ကို ေရးသားခဲ့ေသာ စာေရးဆရာ ဖိလစ္ေနာ္မန္က နယူးေယာက္တိုင္းမ္ သတင္းစာၾကီးသို႔ ေျပာသည္။

ဂၽြန္လင္ႏြန္ႏွင့္ ယိုကိုအိုႏို (ယခု အသက္ ၉၁ ႏွစ္) တို႔သည္ Broome လမ္း ေနအိမ္ကို ဝယ္ယူစဥ္ကာလက အမွတ္ ၁၀၅ ၊ Bank လမ္းရွိ လူေနခန္းတစ္ခန္းကိုလည္း ငွားရမ္းထားေၾကာင္း ဖိလစ္ေနာ္မန္က ေျပာသည္။

“Bank လမ္းအိမ္က သူတို႔ရဲ႕ ဧည့္ခန္းေပါ့။ အဲဒီမွာက လမ္းေလွ်ာက္ဝင္သြားရံုပဲေလ”

အေရာင္းေစ်းကြက္တင္လာေသာ အေဆာက္အအံုမွာ ၁၈၈၅ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေျမညီထပ္မွာ ျပခန္းဆန္ကာ မ်က္ႏွာၾကက္အျမင့္ ၁၄ ဒသမ ၄ ေပရွိသည္။

အခန္းဖြင့္ခင္းက်င္းထားေသာ မီးဖိုေဆာင္ႏွင့္ အိမ္ေနာက္ပိုင္းတြင္ ထပ္ခိုးအိပ္ခန္းတို႔ ပါဝင္သည္။

ဒုတိယထပ္တြင္ ေနထိုင္ရန္ႏွင့္ အလုပ္လုပ္ရန္ေနရာ၊ အသံဖမ္းစတူဒီယိုတစ္ခုတို႔ရွိသည္။

(အသံဖမ္း စတူဒီယို။ ဓာတ္ပုံ-JLL)

(ေရစိမ္ကန္။ ဓာတ္ပံု-JLL)

(၁၈၈၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု-JLL)

(ဂၽြန္လင္ႏြန္ႏွင့္အတူ ၁၉၇၁ ခုႏွစ္အတြင္း ဤအိမ္ကို ဝယ္ယူျပီးကတည္းက ယိုကို အိုႏိုက မေရာင္းခ်ဘဲ ထိန္းသိမ္းထားခဲ့သည္။ ဓာတ္ပံု-JLL)

(မီးဖုိေဆာင္။ ဓာတ္ပံု-JLL)

Ref: Yoko Ono lists first NYC home she shared with John Lennon for $5.5M (nypost)

Photo Credit-JLL

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး...
ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး...
ဂျွန်နီဒက်ပ်က အနောက်ဟောလိဝုဒ်ရှိ နေအိမ် ၂ လုံး သိမ်းယူခံရမည့်အရေးမှ ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၀ သန်း ချေးငွေထုတ်ယူခဲ့...
ဂျွန်နီဒက်ပ်က အနောက်ဟောလိဝုဒ်ရှိ နေအိမ် ၂ လုံး သိမ်းယူခံရမည့်အရေးမှ ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၀ သန်း ချေးငွေထုတ်ယူခဲ့...
စိမ်းညို့ရောင် တောတောင်သစ်ပင်များနဲ့ မိုးရာသီမှာ လွမ်းမောစရာ ဂျပန်နိုင်ငံက ဆုတောင်းပြည့် Takasumi ဘုရားကျောင်း...
စိမ်းညို့ရောင် တောတောင်သစ်ပင်များနဲ့ မိုးရာသီမှာ လွမ်းမောစရာ ဂျပန်နိုင်ငံက ဆုတောင်းပြည့် Takasumi ဘုရားကျောင်း...
စကော့တလန် ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် တေလာဆွစ်ဖ် တည်းခိုခဲ့သော တစ်ညလျှင် ပေါင် ၁၀၀၀ မျှသာ ပေးရသည့် ဟိုတယ်...
စကော့တလန် ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် တေလာဆွစ်ဖ် တည်းခိုခဲ့သော တစ်ညလျှင် ပေါင် ၁၀၀၀ မျှသာ ပေးရသည့် ဟိုတယ်...
နည်းပညာလုပ်ငန်းနယ်မှ ဘီလျံနာသူဌေးကြီးများ၏ လုံခြုံရေးအတွက် နှစ်စဉ်ကုန်ကျငွေများ။ Mark Zuckergerg မှာ ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ...
နည်းပညာလုပ်ငန်းနယ်မှ ဘီလျံနာသူဌေးကြီးများ၏ လုံခြုံရေးအတွက် နှစ်စဉ်ကုန်ကျငွေများ။ Mark Zuckergerg မှာ ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ...
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ်...
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ်...
တိုင်းမ်မဂ္ဂဇင်း၊ ဝေါစထရိဂျာနယ် အစရှိသော ကမ္ဘာကျော် သတင်းမီဒီယာများစွာ ပိုင်ဆိုင်ထားသူ အသက် ၉၃ နှစ်အရွယ် ရူးပတ်မားဒေါ့က ပဉ္စမမြောက် အိမ်ထောင်အဖြစ် အသက် ၆၇ နှစ်အရွယ် ဇီဝဗေဒပညာရှင် အမျိုးသမီးနှင့် လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့သော ဒေါ်လာ သန်း ၁၅၀ တန် စံအိ...

သြစတေးလျတွင် အိမ်ခြံမြေအကျပ်အတည်း ဆိုးရွားလာမှုကြောင့် သူနာပြုများအပါအဝင် မရှိမဖြစ် လုပ်သားများ အိမ်ရာမဲ့ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ...
သြစတေးလျတွင် အိမ်ခြံမြေအကျပ်အတည်း ဆိုးရွားလာမှုကြောင့် သူနာပြုများအပါအဝင် မရှိမဖြစ် လုပ်သားများ အိမ်ရာမဲ့ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ...
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလူနေအဆောက်အအုံကြီး...
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလူနေအဆောက်အအုံကြီး...
သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service