တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလူနေအဆောက်အအုံကြီး

တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလူနေအဆောက်အအုံကြီး - Property News in Myanmar from iMyanmarHouse.com
12 Jun 2024 11:23 am တွင် တင်ခဲ့သည်
5246 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက တရုတ်ပြည်မှ အလွန်တရာကြီးမားလှသော လူနေအဆောက်အအုံကြီး တစ်ခု၏ အတွင်းပိုင်းကို အခြားသူများတွေ့မြင်နိုင်စေရန် လူမှုကွန်ရက်မှ ထုတ်ဖော်ပြသလာသည်။

တည်နေရာမှာ တရုတ်ပြည်၊ ဟန်ကျိုးမြို့၏ ဗဟိုစီးပွားရေးရပ်ကွက်မှ Qianjiang Century City တွင် တည်ရှိပြီး Regent International ဟု အမည်ပေးထားသည်။

အဆောက်အအုံကြီးတွင် နေထိုင်သူများအတွက် amenities များ အလွန်များပြားစွာ ထည့်သွင်းဖြည့်ဆည်း ပေးထားသည်။

အားကစားလေ့ကျင့်ခန်းမများမှသည် ၊ စူပါမာ့ကက်များ၊ ရေကူးကန်များအထိ ပါဝင်ပြီး အလှပြင်ဆိုင်များပင် ပါရှိသည်။

နေ့စဉ်ဘဝလိုအပ်ချက်များအတွက် အပြင်ထွက်စရာ မလိုလောက်အောင် အဆောက်အအုံကြီးအတွင်း အရာရာ ရှိသည်ဟု ဆိုနိုင်သည်။

အဆောက်အအုံကြီးမှာ အလွန်ကြီးမားလှပြီး လူပေါင်း ၃၀၀၀၀ ကျော် နေထိုင်နိုင်သည့်နေရာရှိသည်။

လက်ရှိအားဖြင့် ၂၀၀၀၀ နီးပါးနေထိုင်လျက်ရှိသည်ဟု ဆိုသည်။

အဆောက်အအုံဝန်းကြီးအတွင်း ပါဝင်သော facilities များအနေဖြင့် စားသောက်တန်း၊ ဆံပင်ညှပ်ဆိုင်များ၊ လက်သည်းအလှပြင်ဆိုင်များ၊ စူပါမာ့ကက်များ၊ ရေကူးကန်များအပြင် အင်တာနက်ကဖေးများပင် ပါဝင်သည်။

 

(တရုတ်ပြည်မှ ကြီးမားလှသော လူနေအဆောက်အအုံကြီး၏ အတွင်းပိုင်းမြင်ကွင်းတစ်ခု။ ဓာတ်ပုံ-expat-home)

 

Regent International အဆောက်အအုံကြီးအတွင်း အလွန်များပြားလှသော amenities များအကြောင်း TikTok လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်များ ပျံ့နှံ့ဂယက်ရိုက်ခဲ့ဖူးသည်။

ယခုအခါ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက အဆောက်အအုံကြီးအတွင်း နေထိုင်သူများအတွက် မည်သည့် အရာများရှိကြောင်း ဓာတ်ပုံများဖြင့် ထုတ်ဖော်ဝေမျှလာသည်။

အဆောက်အအုံကြီးရှိ လူနေခန်းများမှာ ကွဲပြားသော ဖွဲ့စည်းခင်းကျင်းပုံများရှိပြီး အထင်ကြီးလောက်ဖွယ်ရာ အတွင်းပိုင်း မွမ်းမံမှုများကို တွေ့ရသည်။

အတွင်းပိုင်းတွင် စကျင်ကျောက်ပြားခင်း စင်္ကြန်များတွေ့ရရာ luxury ဖြစ်ပြီး ခမ်းနားသော ခံစားချက် ရရှိစေသည်။

အလွန်တရာကြီးမားလှသော လူနေအဆောက်အအုံ complex ကြီးတွင် နေထိုင်ရန် ငွေကြေးမည်မျှ သုံးစွဲရသနည်း။

 

(တရုတ်ပြည် ဟန်ကျိုးမြို့တွင် တည်ရှိသော Regent International ဟု အမည်ပေးထားသော အလွန်တရာ ကြီးမားလှသော လူနေအဆောက်အအုံကြီးတွင် လူပေါင်း ထောင်သောင်းချီ နေထိုင်လျက် ရှိသည်။ ဓာတ်ပုံ-TikTok/@fatheristheone)

 

သင့်အနေဖြင့် ပြတင်းပေါက်မရှိသော လူနေအခန်းကျဉ်းကို ရွေးချယ်မည်ဆိုပါက ကုန်ကျစရိတ် သက်သာမည် ဖြစ်သည်။

ထိုအခန်းမျိုးမှာ တစ်လလျှင် ယွမ် ၁၅၀၀ (ဒေါ်လာ ၂၂၀) ဝန်းကျင်သာ ပေးရသည်။

သို့သော် သင့်အနေဖြင့် နေအလင်းရောင်ကို မြင်တွေ့လိုသည်ဆိုပါက မည်မျှပေးရမည်နည်း။

လသာဆောင်ကဲ့သို့ outdoor နေရာများပါသော အခန်းကျယ်ဆိုလျှင် တစ်လလျှင် ယွမ် ၄၀၀၀ (ဒေါ်လာ ၅၅၀) ခန့် ပေးရသည်။

အဆောက်အအုံကြီးတွင် amenities များ အလွန်များပြားစွာ ထားရှိသနည်း။

ဤအဆောက်အအုံကြီးကို ဆောက်လုပ်ခဲ့သော The Broad Group က ရှင်းပြသည်မှာ ယာဉ်လမ်းကြော ပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ရန် ရည်ရွယ်ကာ amenities များ များပြားစွာ ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိမိတို့၏ လိုအပ်ချက်အသီးသီးအတွက် အခြားနေရာများသို့ ဝေးဝေးလံလံသွားစရာ မလိုတော့သောကြောင့် လမ်းများပေါ်တွင် ကားအစင်းရေ အနည်းဆုံး ၂၀၀၀ ခန့် လျှော့ချပေးနိုင်မည်ဟု အဆိုပါကုမ္ပဏီက ခန့်မှန်းသည်။

The Broad Group က ဤအဆောက်အအုံကြီးကို ဆောက်လုပ်ရာတွင် ဘွဲ့ရများ၊ ဘွဲ့ရတော့မည့်သူများကို ပစ်မှတ်ထားခဲ့သည်။

ယခုအဆောက်အအုံကြီးတွင် လူငယ်ပညာရှင်များ၊ လူမှုကွန်ရက်တွင် သြဇာလွှမ်းသူများ၊ ကိုယ်ပိုင်လုပ်ငန်းငယ် လုပ်ကိုင်သူများစွာလည်း နေထိုင်ကြသည်။

 

(ဓာတ်ပုံ-TikTok/@fatheristheone)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Realtor gives an inside look to ‘dystopian' building where 20,000 residents never need to go outside (unilad)

Photo Credit- TikTok/@fatheristheone

 

 

[Zawgyi]

တရုတ္ျပည္တြင္ ေဆာက္လုပ္ထားေသာ လံုးဝအျပင္ထြက္စရာမလိုေအာင္ အရာရာျပီးျပည့္စံုျပီး လူေပါင္း ၃၀၀၀၀ ေနထိုင္ႏိုင္သည့္ အံ့မခန္းလူေနအေဆာက္အအံုၾကီး

 

အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးက တရုတ္ျပည္မွ အလြန္တရာၾကီးမားလွေသာ လူေနအေဆာက္အအံုၾကီး တစ္ခု၏ အတြင္းပိုင္းကို အျခားသူမ်ားေတြ႔ျမင္ႏိုင္ေစရန္ လူမႈကြန္ရက္မွ ထုတ္ေဖာ္ျပသလာသည္။

တည္ေနရာမွာ တရုတ္ျပည္၊ ဟန္က်ဳိးျမိဳ႕၏ ဗဟိုစီးပြားေရးရပ္ကြက္မွ Qianjiang Century City တြင္ တည္ရွိျပီး Regent International ဟု အမည္ေပးထားသည္။

အေဆာက္အအံုၾကီးတြင္ ေနထိုင္သူမ်ားအတြက္ amenities မ်ား အလြန္မ်ားျပားစြာ ထည့္သြင္းျဖည့္ဆည္း ေပးထားသည္။

အားကစားေလ့က်င့္ခန္းမမ်ားမွသည္ ၊ စူပါမာ့ကက္မ်ား၊ ေရကူးကန္မ်ားအထိ ပါဝင္ျပီး အလွျပင္ဆိုင္မ်ားပင္ ပါရွိသည္။

ေန႔စဥ္ဘဝလိုအပ္ခ်က္မ်ားအတြက္ အျပင္ထြက္စရာ မလိုေလာက္ေအာင္ အေဆာက္အအံုၾကီးအတြင္း အရာရာ ရွိသည္ဟု ဆိုႏိုင္သည္။

အေဆာက္အအံုၾကီးမွာ အလြန္ၾကီးမားလွျပီး လူေပါင္း ၃၀၀၀၀ ေက်ာ္ ေနထိုင္ႏိုင္သည့္ေနရာရွိသည္။

လက္ရွိအားျဖင့္ ၂၀၀၀၀ နီးပါးေနထိုင္လ်က္ရွိသည္ဟု ဆိုသည္။

အေဆာက္အအံုဝန္းၾကီးအတြင္း ပါဝင္ေသာ facilities မ်ားအေနျဖင့္ စားေသာက္တန္း၊ ဆံပင္ညွပ္ဆိုင္မ်ား၊ လက္သည္းအလွျပင္ဆိုင္မ်ား၊ စူပါမာ့ကက္မ်ား၊ ေရကူးကန္မ်ားအျပင္ အင္တာနက္ကေဖးမ်ားပင္ ပါဝင္သည္။

 

(တရုတ္ျပည္မွ ၾကီးမားလွေသာ လူေနအေဆာက္အအံုၾကီး၏ အတြင္းပိုင္းျမင္ကြင္းတစ္ခု။ ဓာတ္ပံု-expat-home)

Regent International အေဆာက္အအံုၾကီးအတြင္း အလြန္မ်ားျပားလွေသာ amenities မ်ားအေၾကာင္း TikTok လူမႈကြန္ရက္တြင္ ဗြီဒီယိုဖိုင္မ်ား ပ်ံ႕ႏွံ႔ဂယက္ရိုက္ခဲ့ဖူးသည္။

ယခုအခါ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးက အေဆာက္အအံုၾကီးအတြင္း ေနထုိင္သူမ်ားအတြက္ မည္သည့္ အရာမ်ားရွိေၾကာင္း ဓာတ္ပံုမ်ားျဖင့္ ထုတ္ေဖာ္ေဝမွ်လာသည္။

အေဆာက္အအံုၾကီးရွိ လူေနခန္းမ်ားမွာ ကြဲျပားေသာ ဖြဲ႔စည္းခင္းက်င္းပံုမ်ားရွိျပီး အထင္ၾကီးေလာက္ဖြယ္ရာ အတြင္းပိုင္း မြမ္းမံမႈမ်ားကို ေတြ႔ရသည္။

အတြင္းပိုင္းတြင္ စက်င္ေက်ာက္ျပားခင္း စၾကၤန္မ်ားေတြ႔ရရာ luxury ျဖစ္ျပီး ခမ္းနားေသာ ခံစားခ်က္ ရရွိေစသည္။

အလြန္တရာၾကီးမားလွေသာ လူေနအေဆာက္အအံု complex ၾကီးတြင္ ေနထိုင္ရန္ ေငြေၾကးမည္မွ် သံုးစြဲရသနည္း။

(တရုတ္ျပည္ ဟန္က်ဳိးျမိဳ႕တြင္ တည္ရွိေသာ Regent International ဟု အမည္ေပးထားေသာ အလြန္တရာ ၾကီးမားလွေသာ လူေနအေဆာက္အအံုၾကီးတြင္ လူေပါင္း ေထာင္ေသာင္းခ်ီ ေနထိုင္လ်က္ ရွိသည္။ ဓာတ္ပံု-TikTok/@fatheristheone)

သင့္အေနျဖင့္ ျပတင္းေပါက္မရွိေသာ လူေနအခန္းက်ဥ္းကို ေရြးခ်ယ္မည္ဆိုပါက ကုန္က်စရိတ္ သက္သာမည္ ျဖစ္သည္။

ထိုအခန္းမ်ဳိးမွာ တစ္လလွ်င္ ယြမ္ ၁၅၀၀ (ေဒၚလာ ၂၂၀) ဝန္းက်င္သာ ေပးရသည္။

သို႔ေသာ္ သင့္အေနျဖင့္ ေနအလင္းေရာင္ကို ျမင္ေတြ႔လိုသည္ဆိုပါက မည္မွ်ေပးရမည္နည္း။

လသာေဆာင္ကဲ့သို႔ outdoor ေနရာမ်ားပါေသာ အခန္းက်ယ္ဆိုလွ်င္ တစ္လလွ်င္ ယြမ္ ၄၀၀၀ (ေဒၚလာ ၅၅၀) ခန္႔ ေပးရသည္။

အေဆာက္အအံုၾကီးတြင္ amenities မ်ား အလြန္မ်ားျပားစြာ ထားရွိသနည္း။

ဤအေဆာက္အအံုၾကီးကို ေဆာက္လုပ္ခဲ့ေသာ The Broad Group က ရွင္းျပသည္မွာ ယာဥ္လမ္းေၾကာ ပိတ္ဆို႔မႈကို အတိုင္းအတာတစ္ခုအထိ ေလွ်ာ့ခ်ေပးႏိုင္ရန္ ရည္ရြယ္ကာ amenities မ်ား မ်ားျပားစြာ ထည့္သြင္းေပးခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

မိမိတို႔၏ လိုအပ္ခ်က္အသီးသီးအတြက္ အျခားေနရာမ်ားသို႔ ေဝးေဝးလံလံသြားစရာ မလိုေတာ့ေသာေၾကာင့္ လမ္းမ်ားေပၚတြင္ ကားအစင္းေရ အနည္းဆံုး ၂၀၀၀ ခန္႔ ေလွ်ာ့ခ်ေပးႏိုင္မည္ဟု အဆိုပါကုမၸဏီက ခန္႔မွန္းသည္။

The Broad Group က ဤအေဆာက္အအံုၾကီးကို ေဆာက္လုပ္ရာတြင္ ဘြဲ႔ရမ်ား၊ ဘြဲ႔ရေတာ့မည့္သူမ်ားကို ပစ္မွတ္ထားခဲ့သည္။

ယခုအေဆာက္အအံုၾကီးတြင္ လူငယ္ပညာရွင္မ်ား၊ လူမႈကြန္ရက္တြင္ ၾသဇာလႊမ္းသူမ်ား၊ ကိုယ္ပိုင္လုပ္ငန္းငယ္ လုပ္ကိုင္သူမ်ားစြာလည္း ေနထိုင္ၾကသည္။

(ဓာတ္ပံု-TikTok/@fatheristheone)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Realtor gives an inside look to ‘dystopian' building where 20,000 residents never need to go outside (unilad)

Photo Credit- TikTok/@fatheristheone

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service