သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ - Property Knowledge in Myanmar from iMyanmarHouse.com
14 Apr 2024 3:23 pm တွင် တင်ခဲ့သည်
1628 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

နွေရာသီရဲ့ နေရောင်ခြည်ဟာ ချစ်စရာကောင်းပေမဲ့ ဈေးကြီးတဲ့ လေအေးပေးစက်မပါဘဲ သင့်အိမ်ကို အေးမြအောင်ထားဖို့ ခက်ခဲစေနိုင်ပါတယ်။ သင့်အခန်းတွေကို အေးမြစေဖို့ အောက်ဖော်ပြပါ ထိပ်တန်းအကြံပြုချက်တွေကိုအသုံးချပြီး အပူဒဏ်မှ မြန်မြန်ကင်းဝေးစေလိုက်ပါ!

 

၁။ ခန်းဆီးများနှင့် ပြတင်းပေါက်များကို ပိတ်ပါ

 

သင့်ပြတင်းပေါက်များကို ဖွင့်ထားရင် လေရတယ်ဆိုပေမဲ့ နေ့အပူဆုံးအချိန်မှာ ပိတ်ထားပါက အိမ်ကို အေးမြစေမှာဖြစ်ပါတယ်။ ဒါကြောင့် နံနက်ခင်းနဲ့ ညနေမှပဲ လေရအောင် လုပ်ပါ။ အရောင်ဖျော့ဖျော့နှင့် ထူသော အထည်စဖြင့်ပြုလုပ်ထားသောခန်းဆီး ကန့်လန့်ကာ လိုက်ကာတွေဟာ အပူဒဏ်ခံနိုင်တဲ့ အခြေအနေကို ပေးစွမ်းနိုင်ပါတယ်။

၂။ လေအေးပေးစက်အချို့ကို ကြံဖန်ဖန်တီးပါ

ဖွင့်ထားသော ပြတင်းပေါက်တစ်ခုရှေ့ ရေစိုအဝတ်စကြီးကြီးမားမား (ဥပမာ ပုဆိုး) ချိတ်ဆွဲထားခြင်းအားဖြင့် သင့်အိမ်ထဲသို့ ဝင်လာတဲ့ လေပူတွေကို အေးမြစေပြီး ပန်ကာမပါဘဲ သင့်အိမ်ကို အေးမြစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

၃။ အခန်းတံခါးများကိုပိတ်ထားပါ။

 

နေ့ခင်းဘက်မှာ အသုံးမပြုတဲ့ အခန်းတွေကို အခန်းတံခါးနဲ့ပြတင်းပေါက်တွေ ပိတ်ထားခြင်းဖြင့် အိမ်ထဲ နွေရာသီတွင် အိမ်အေးစေမည်ဖြစ်သည်။ အလားတူ ညနေခင်းတွင် တံခါးဖွင့်ခြင်းသည် လေ၀င်လေထွက်ကောင်းစေပြီး သင့်အိမ်တွင် အိုက်စပ်ခြင်းကို ရပ်တန့်စေမည်ဖြစ်သည်။

 

၄။ ရောင်ပြန်ပြတင်းပေါက်ဖလင် တပ်ပါ

 

၎င်းရောင်ပြန်ဖလင်ပြားတွေဟာ နေရောင်ခြည်ကို တားဆီးခြင်းဖြင့် သင့်အိမ်ကို နွေရာသီမှာ အပူစုပ်နည်းစေဖို့အတွက် အလွန်ထိရောက်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ စျေးသိပ်မကြီးဘဲ ပူပြင်းတဲ့ရာသီဥတုမှာ အပူနဲ့ အလင်းရောင်ကို ၉၉% အထိ လျှော့ချပေးနိုင်ပါတယ်။

 

၅။ ဝါးဖျာသုံးပါ

 

နှီးဖျာထက် ဝါးဖျာတွေရဲ့ ပိုသာတဲ့အချက်ကတော့ သူတို့ကိုယ်တိုင်က အေးမြသလို သင့်ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်မှ အပူတွေကို စုပ်ယူရာမှာပါ အလွန်ထိရောက်ပါတယ်။

 

၆။ ဆိုဖာခုံတွေကို အေးအောင်ထားပါ။

 

သားရေဆိုဖာတွေပေါ်မှာ ပေါ့ပါးတဲ့ သဘာဝအမျှင်များဖြင့် ပြုလုပ်ထားတဲ့ အထည်စအကာစတွေ အစွပ်တွေ တင်ခြင်းဖြင့် အေးအောင်ထားပါ။ စျေးကြီးတဲ့ အေးမြတဲ့ဆိုဖာအသစ်တွေ၊ ထိုင်ခုံစွပ်အသစ်တွေကို ဝယ်စရာမလိုပါဘူး - အိပ်ရာခင်းတစ်ခုနဲ့လည်း ကြံဖန်ဖန်တီးလို့ရပါတယ်။ ချည်သားလိုမျိုး လေ၀င်လေထွက်ကောင်းတဲ့ အထည်တွေဟာ ပူတဲ့အခါမှာ သင့်အား အမြဲတမ်း သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။

 

၇။ အပြင်မှာချက်ပါ

 

မီးဖို (သို့) မီးဖိုချောင်သုံးခြင်းက ပူနွေးမှုကို ဖန်တီးနိုင်တာကြောင့် သင့်မီးဖိုချောင်ကို မလိုအပ်ဘဲ အပူပေးမယ့်အစား အခြေအနေပေးတယ်ဆိုရင် အဆောက်အအုံအပြင်ဘက် လေဟာပြင်မှာ ချက်ပြုတ်ပါ။

၈။ ကိုယ့်ကိုယ်ကိုလည်း အေးအောင်ထားပါ

 

ချည်သားနဲ့ ပိတ်ချောလိုမျိုး သဘာဝအမျှင်တွေနဲ့ ပြုလုပ်ထားတဲ့ ပေါ့ပါးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ရေခဲအိတ်၊ အအေးခံထားတဲ့ ရေနွေးပုလင်း ဒါမှမဟုတ် အအေးခံထားတဲ့ အဝတ်စကို သင့်လက်ကောက်ဝတ်နဲ့ ခြေဖဝါးမှာ ခဏအအေးခံလိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 9 ingenious ways to keep your home cool (britishgas.co.uk)

 

 

 

 

[Zawgyi]

သင့္အိမ္ေလးကို အပူသက္သာေစမယ့္ အၾကံအဖန္ေလးမ်ား

 

ေႏြရာသီရဲ႕ ေနေရာင္ျခည္ဟာ ခ်စ္စရာေကာင္းေပမဲ့ ေဈးႀကီးတဲ့ ေလေအးေပးစက္မပါဘဲ သင့္အိမ္ကို ေအးျမေအာင္ထားဖို႔ ခက္ခဲေစႏိုင္ပါတယ္။ သင့္အခန္းေတြကို ေအးျမေစဖို႔ ေအာက္ေဖာ္ျပပါ ထိပ္တန္းအၾကံျပဳခ်က္ေတြကိုအသုံးခ်ၿပီး အပူဒဏ္မွ ျမန္ျမန္ကင္းေဝးေစလိုက္ပါ!

၁။ ခန္းဆီးမ်ားႏွင့္ ျပတင္းေပါက္မ်ားကို ပိတ္ပါ

သင့္ျပတင္းေပါက္မ်ားကို ဖြင့္ထားရင္ ေလရတယ္ဆိုေပမဲ့ ေန႔အပူဆုံးအခ်ိန္မွာ ပိတ္ထားပါက အိမ္ကို ေအးျမေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ နံနက္ခင္းနဲ႔ ညေနမွပဲ ေလရေအာင္ လုပ္ပါ။ အေရာင္ေဖ်ာ့ေဖ်ာ့ႏွင့္ ထူေသာ အထည္စျဖင့္ျပဳလုပ္ထားေသာခန္းဆီး ကန္႔လန္႔ကာ လိုက္ကာေတြဟာ အပူဒဏ္ခံႏိုင္တဲ့ အေျခအေနကို ေပးစြမ္းႏိုင္ပါတယ္။

၂။ ေလေအးေပးစက္အခ်ိဳ႕ကို ၾကံဖန္ဖန္တီးပါ

ဖြင့္ထားေသာ ျပတင္းေပါက္တစ္ခုေ႐ွ႕ ေရစိုအဝတ္စႀကီးႀကီးမားမား (ဥပမာ ပုဆိုး) ခ်ိတ္ဆြဲထားျခင္းအားျဖင့္ သင့္အိမ္ထဲသို႔ ဝင္လာတဲ့ ေလပူေတြကို ေအးျမေစၿပီး ပန္ကာမပါဘဲ သင့္အိမ္ကို ေအးျမေစမယ့္ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

၃။ အခန္းတံခါးမ်ားကိုပိတ္ထားပါ။

ေန႔ခင္းဘက္မွာ အသုံးမျပဳတဲ့ အခန္းေတြကို အခန္းတံခါးနဲ႔ျပတင္းေပါက္ေတြ ပိတ္ထားျခင္းျဖင့္ အိမ္ထဲ ေႏြရာသီတြင္ အိမ္ေအးေစမည္ျဖစ္သည္။ အလားတူ ညေနခင္းတြင္ တံခါးဖြင့္ျခင္းသည္ ေလ၀င္ေလထြက္ေကာင္းေစၿပီး သင့္အိမ္တြင္ အိုက္စပ္ျခင္းကို ရပ္တန္႔ေစမည္ျဖစ္သည္။

၄။ ေရာင္ျပန္ျပတင္းေပါက္ဖလင္ တပ္ပါ

၎ေရာင္ျပန္ဖလင္ျပားေတြဟာ ေနေရာင္ျခည္ကို တားဆီးျခင္းျဖင့္ သင့္အိမ္ကို ေႏြရာသီမွာ အပူစုပ္နည္းေစဖို႔အတြက္ အလြန္ထိေရာက္တဲ့ ကိရိယာတစ္ခုျဖစ္ပါတယ္။ ေစ်းသိပ္မႀကီးဘဲ ပူျပင္းတဲ့ရာသီဥတုမွာ အပူနဲ႔ အလင္းေရာင္ကို ၉၉% အထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၅။ ဝါးဖ်ာသုံးပါ

ႏွီးဖ်ာထက္ ဝါးဖ်ာေတြရဲ႕ ပိုသာတဲ့အခ်က္ကေတာ့ သူတို႔ကိုယ္တိုင္က ေအးျမသလို သင့္ခႏၶာကိုယ္နဲ႔ ပတ္ဝန္းက်င္မွ အပူေတြကို စုပ္ယူရာမွာပါ အလြန္ထိေရာက္ပါတယ္။

၆။ ဆိုဖာခုံေတြကို ေအးေအာင္ထားပါ။

သားေရဆိုဖာေတြေပၚမွာ ေပါ့ပါးတဲ့ သဘာဝအမွ်င္မ်ားျဖင့္ ျပဳလုပ္ထားတဲ့ အထည္စအကာစေတြ အစြပ္ေတြ တင္ျခင္းျဖင့္ ေအးေအာင္ထားပါ။ ေစ်းႀကီးတဲ့ ေအးျမတဲ့ဆိုဖာအသစ္ေတြ၊ ထိုင္ခုံစြပ္အသစ္ေတြကို ဝယ္စရာမလိုပါဘူး - အိပ္ရာခင္းတစ္ခုနဲ႔လည္း ၾကံဖန္ဖန္တီးလို႔ရပါတယ္။ ခ်ည္သားလိုမ်ိဳး ေလ၀င္ေလထြက္ေကာင္းတဲ့ အထည္ေတြဟာ ပူတဲ့အခါမွာ သင့္အား အၿမဲတမ္း သက္ေတာင့္သက္သာ႐ွိေစမွာျဖစ္ပါတယ္။

၇။ အျပင္မွာခ်က္ပါ

မီးဖို (သို႔) မီးဖိုေခ်ာင္သုံးျခင္းက ပူေႏြးမႈကို ဖန္တီးႏိုင္တာေၾကာင့္ သင့္မီးဖိုေခ်ာင္ကို မလိုအပ္ဘဲ အပူေပးမယ့္အစား အေျခအေနေပးတယ္ဆိုရင္ အေဆာက္အအုံအျပင္ဘက္ ေလဟာျပင္မွာ ခ်က္ျပဳတ္ပါ။

၈။ ကိုယ့္ကိုယ္ကိုလည္း ေအးေအာင္ထားပါ

ခ်ည္သားနဲ႔ ပိတ္ေခ်ာလိုမ်ိဳး သဘာဝအမွ်င္ေတြနဲ႔ ျပဳလုပ္ထားတဲ့ ေပါ့ပါးတဲ့ အဝတ္အစားေတြကို ဝတ္ဆင္ပါ။ ေရခဲအိတ္၊ အေအးခံထားတဲ့ ေရေႏြးပုလင္း ဒါမွမဟုတ္ အေအးခံထားတဲ့ အဝတ္စကို သင့္လက္ေကာက္ဝတ္နဲ႔ ေျခဖဝါးမွာ ခဏအေအးခံလိုက္ပါ။

 

Ref: 9 ingenious ways to keep your home cool (britishgas.co.uk)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service