အင်္ဂလန်တွင် သာယာလှပသော ပင်လယ်ကမ်းခြေတွင် ဆောက်လုပ်ထားသည့် အဆောက်အအုံတစ်လုံး ပေါင် ၂၀၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ၊ သို့သော် လူနေအိမ်မဟုတ်ဘဲ အများသုံးအိမ်သာဟောင်းတစ်ခု ဖြစ်နေ

အင်္ဂလန်တွင် သာယာလှပသော ပင်လယ်ကမ်းခြေတွင် ဆောက်လုပ်ထားသည့် အဆောက်အအုံတစ်လုံး ပေါင် ၂၀၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ၊ သို့သော် လူနေအိမ်မဟုတ်ဘဲ အများသုံးအိမ်သာဟောင်းတစ်ခု ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
28 Mar 2024 10:59 am တွင် တင်ခဲ့သည်
416 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပင်လယ်ကမ်းခြေတွင် ဆောက်လုပ်ထားသော အသုံးမပြုတော့သည့် အများသုံးအိမ်သာဟောင်းတစ်ခုကို ပေါင် ၂၀,၀၀၀ မျှဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေသည်။

အိမ်သာဟောင်းနေရာမှ တဆင့် ပင်လယ်သဲသောင်ကမ်းခြေကို အပေါ်စီးမှ စီးမိုးတွေ့မြင်ရပြီး အဝေးဆီတွင် ရဲတိုက်ကြီးတစ်ခုကို တွေ့မြင်ရသည်။

(အသုံးမပြုတော့သော အများသုံးအိမ်သာဟောင်းကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ရည်ညွှန်းဈေး ပေါင် ၂၀,၀၀၀ ဖြင့် ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ-Droneman/Pictureexclusive.com)

(ကွန်းဝေါခရိုင်၊ Penzance မြို့အနီးတွင် တည်ရှိပြီး မြေအကျယ်မှာ ၀ ဒသမ ၁၂ ဧကရှိသည်။ ဓာတ်ပုံ-Droneman/ Pictureexclusive.com)

ဤအဆောက်အအုံသည် ကွန်းဝေါခရိုင်တွင် ပင်လယ်မြင်ကွင်း ပိုင်ဆိုင်ထားသော အိမ်ခြံမြေများအနက် ဈေးအသက်သာဆုံးဖြစ်ပြီး St Michael’s Mount ရဲတိုက်ကြီးကို တွေ့မြင်ရသည်။

ဤအများသုံး အိမ်သာဟောင်းကို ဗုဒ္ဓဟူးနေ့တွင် အွန်လိုင်းမှတဆင့် ရည်ညွှန်းဈေး ပေါင် ၂၀,၀၀၀ မျှဖြင့် လေလံတင် ရောင်းချမည် ဖြစ်သည်။

ဤအိမ်သာဟောင်းအနီးတွင် ပင်လယ်မြင်ကွင်း ပိုင်ဆိုင်ခြင်းမရှိသော အိပ်ခန်း ၁ ခန်းပါ လူနေခန်း၏ ရောင်းဈေးမှာ ပေါင် ၂၀၀,၀၀၀ ခန့် ရှိသည်။

Clive Emson Land and Property Auctioneers လေလံအဖွဲ့မှ Katie Semmens က ပြောသည်မှာ “ဒါဟာ ရှားပါးပြီး စိတ်လှုပ်ရှားစရာ အခွင့်အလမ်းတစ်ခုပါပဲ”ဟု ဆိုသည်။

“ပင်လယ်ကမ်းခြေ တကယ့်ကို လှပတဲ့နေရာမှာ ရှိပြီး အံ့မခန်းရှုမျှော်ခင်းတွေ ပိုင်ဆိုင်ထားပါတယ်။”

“ဒီအိမ်သာတွေဟာ အနာဂတ်မှာ ပုံစံအမျိုးမျိုး ပြောင်းလဲအသုံးပြုလို့ ရပါတယ်”ဟု သူမက ဖြည့်စွက် ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်းက ဝယ်လက်တစ်ဦးသည် ကွန်းဝေါခရိုင်၊ Newlyn မြို့ရှိ အိမ်သာခန်းတွဲတစ်ခုကို ပေါင် ၇၃,၀၀၀ ပေးကာ ဝယ်ယူခဲ့ဖူးသည်။ ၂၀၂၂ ခုနှစ်ကလည်း Saltash မြို့ရှိ အိမ်သာတစ်လုံး ပေါင် ၃၀,၀၀၀ ကျော်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ဖူးသည်။

(အိမ်သာဟောင်းနေရာမှ တဆင့် St Michael’s Mount ရဲတိုက်ကြီးကို တွေ့မြင်ရပုံ။ ဓာတ်ပုံ-Alamy)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Building selling for just £20,000 is Cornwall’s cheapest beachfront property – but there’s a catch (thesun)

Photo Credit- Droneman / Pictureexclusive.com, Alamy

[Zawgyi]

အဂၤလန္တြင္ သာယာလွပေသာ ပင္လယ္ကမ္းေျခတြင္ ေဆာက္လုပ္ထားသည့္ အေဆာက္အအံုတစ္လံုး ေပါင္ ၂၀၀၀၀ မွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ၊ သို႔ေသာ္ လူေနအိမ္မဟုတ္ဘဲ အမ်ားသံုးအိမ္သာေဟာင္းတစ္ခု ျဖစ္ေန

ပင္လယ္ကမ္းေျခတြင္ ေဆာက္လုပ္ထားေသာ အသံုးမျပဳေတာ့သည့္ အမ်ားသံုးအိမ္သာေဟာင္းတစ္ခုကို ေပါင္ ၂၀,၀၀၀ မွ်ျဖင့္ ဝယ္ယူပိုင္ဆိုင္ႏုိင္မည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္ေနသည္။

အိမ္သာေဟာင္းေနရာမွ တဆင့္ ပင္လယ္သဲေသာင္ကမ္းေျခကို အေပၚစီးမွ စီးမိုးေတြ႔ျမင္ရျပီး အေဝးဆီတြင္ ရဲတိုက္ၾကီးတစ္ခုကို ေတြ႔ျမင္ရသည္။

(အသံုးမျပဳေတာ့ေသာ အမ်ားသံုးအိမ္သာေဟာင္းကို လာမည့္ ဗုဒၶဟူးေန႔တြင္ ရည္ညႊန္းေစ်း ေပါင္ ၂၀,၀၀၀ ျဖင့္ ေရာင္းခ်မည္ ျဖစ္သည္။ ဓာတ္ပံု-Droneman/Pictureexclusive.com)

(ကြန္းေဝါခရုိင္၊ Penzance ျမဳိ႕အနီးတြင္ တည္ရွိျပီး ေျမအက်ယ္မွာ ၀ ဒသမ ၁၂ ဧကရွိသည္။ ဓာတ္ပံု-Droneman/ Pictureexclusive.com) ဤအေဆာက္အအံုသည္ ကြန္းေဝါခရိုင္တြင္ ပင္လယ္ျမင္ကြင္း ပိုင္ဆိုင္ထားေသာ အိမ္ျခံေျမမ်ားအနက္ ေစ်းအသက္သာဆံုးျဖစ္ျပီး St Michael’s Mount ရဲတုိက္ၾကီးကို ေတြ႔ျမင္ရသည္။

ဤအမ်ားသံုး အိမ္သာေဟာင္းကို ဗုဒၶဟူးေန႔တြင္ အြန္လိုင္းမွတဆင့္ ရည္ညႊန္းေစ်း ေပါင္ ၂၀,၀၀၀ မွ်ျဖင့္ ေလလံတင္ ေရာင္းခ်မည္ ျဖစ္သည္။

ဤအိမ္သာေဟာင္းအနီးတြင္ ပင္လယ္ျမင္ကြင္း ပိုင္ဆိုင္ျခင္းမရွိေသာ အိပ္ခန္း ၁ ခန္းပါ လူေနခန္း၏ ေရာင္းေစ်းမွာ ေပါင္ ၂၀၀,၀၀၀ ခန္႔ ရွိသည္။

Clive Emson Land and Property Auctioneers ေလလံအဖြဲ႔မွ Katie Semmens က ေျပာသည္မွာ “ဒါဟာ ရွားပါးျပီး စိတ္လႈပ္ရွားစရာ အခြင့္အလမ္းတစ္ခုပါပဲ”ဟု ဆိုသည္။

“ပင္လယ္ကမ္းေျခ တကယ့္ကို လွပတဲ့ေနရာမွာ ရွိျပီး အံ့မခန္းရႈေမွ်ာ္ခင္းေတြ ပိုင္ဆိုင္ထားပါတယ္။”

“ဒီအိမ္သာေတြဟာ အနာဂတ္မွာ ပံုစံအမ်ဳိးမ်ဳိး ေျပာင္းလဲအသံုးျပဳလုိ႔ ရပါတယ္”ဟု သူမက ျဖည့္စြက္ ေျပာၾကားသည္။

၂၀၁၈ ခုႏွစ္အတြင္းက ဝယ္လက္တစ္ဦးသည္ ကြန္းေဝါခရိုင္၊ Newlyn ျမဳိ႕ရွိ အိမ္သာခန္းတြဲတစ္ခုကို ေပါင္ ၇၃,၀၀၀ ေပးကာ ဝယ္ယူခဲ့ဖူးသည္။ ၂၀၂၂ ခုႏွစ္ကလည္း Saltash ျမဳိ႕ရွိ အိမ္သာတစ္လံုး ေပါင္ ၃၀,၀၀၀ ေက်ာ္ျဖင့္ အေရာင္းအဝယ္ ျဖစ္ခဲ့ဖူးသည္။

(အိမ္သာေဟာင္းေနရာမွ တဆင့္ St Michael’s Mount ရဲတုိက္ၾကီးကို ေတြ႔ျမင္ရပံု။ ဓာတ္ပံု-Alamy)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Building selling for just £20,000 is Cornwall’s cheapest beachfront property – but there’s a catch (thesun)

Photo Credit- Droneman / Pictureexclusive.com, Alamy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service