Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Mar 2024 11:09 am တွင် တင်ခဲ့သည်
1295 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အချို့သော အိမ်ခြံမြေအရောင်းအဝယ်များမှာ ဟိုးလေးတကြော်ရှိပြီး အချို့မှာမူ လူမသိ သူမသိဖြင့် ပြီးဆုံးသွားတတ်သည်။

ဖေ့စ်ဘုတ်၏ စီအီးအို Mark Zuckerberg ၏ စံအိမ်အရောင်းအဝယ်မှာ ဒုတိယဖြစ်ရပ်မျိုးဖြစ်သည်။

Real Deal ၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ Woodside မြို့ရှိ အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်ပြီး ခြံအကျယ် ၃ ဒသမ ၅ ဧကရှိသော စံအိမ် ၁ လုံး ပြီးခဲ့သော ရက်သတ္တပတ်အနည်းငယ်က ကုမ္ပဏီတစ်ခုမှ အခြားကုမ္ပဏီတစ်ခုထံ ကန်ဒေါ်လာ ၂၉ ဒသမ ၆ သန်းဖြင့် အလွှဲအပြောင်း ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ အရောင်းအဝယ်နှင့် ပတ်သက်သည့် အချက်အလက်များကို အနည်းငယ်မျှသာ သိရသည်။

သို့သော် ထိုအိမ်မှာ Mark Zuckerberg ပိုင်ဆိုင်ထားသော အိမ်ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲတွင် ပါဝင်သူ Mark Zuckerberg သည် ယခုစံအိမ်အနီးရှိ Palo Alto မြို့နှင့် ဟာဝိုင်အီတို့တွင် ကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ ပိုင်ဆိုင်ထားသည်။

 

(၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

(ရိုးရာနှင့် ကယ်လီဖိုးနီးယားဟန်တို့ ပေါင်းစပ်မွမ်းမံထားသည်။ ဓာတ်ပုံ-Realtor)

 

(မီးဖိုဆောင်တွင် ကြီးမားသော မီးဖိုခုံနှင့် Double Oven များ ပါဝင်သည်။ ဓာတ်ပုံ-Realtor)

 

(ပင်မအိပ်ခန်းတွင် ပုံမှန်ထက် မြင့်မားသော မျက်နှာကြက်ရှိခြင်းကြောင့် လေဝင်လေထွက်ပိုမိုကောင်းမွန်သော ခံစားချက် ရရှိစေသည်။ ဓာတ်ပုံ-Realtor)

 

(ပင်မရေချိုးခန်းတွင် ရေစိမ်ကန်တစ်ခု ပါသည်။ ဓာတ်ပုံ-Realtor)

 

(ခြံအကျယ် ၃ ဒသမ ၅ ဧကရှိပြီး လှပသော ရေကူးကန်တစ်ခု ရှိသည်။ ဓာတ်ပုံ-Realtor)

Mark Zuckerberg သည် ဤစံအိမ်ကို ပိုင်ဆိုင်ထားသည်မှာ မကြာသေး။

ဆန်ဖရန်စစ္စကိုမြို့၏ တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိပြီး စတုရန်းပေ ၄၈၀၀ ကျယ်ဝန်းသော စံအိမ်ကို Mark Zuckerberg က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အခန်းဖွင့် ခင်းကျင်းထားပြီး နေအိမ်ခံစားချက်ပေးစွမ်းသည့် မီးဖိုဆောင် ၊ ညစာစားနေရာ၊ စန္ဒယားငယ်တစ်ခု ထားနိုင်သည့် ဧည့်ခန်းတို့ ပါဝင်သောအိမ်ကို Mark Zuckerberg နှစ်သက်ခဲ့ဖွယ်ရှိသည်။

မီးဖိုဆောင်ဘေးတွင် မှန်တံခါးများအပြည့်ကာရံထားသော တံခါးများမှတဆင့် အပြင်ဘက် ညစာစားနေရာနှင့် စိမ်းလန်းသော ခြံဝန်းကို စီးမိုးတွေ့မြင်ရသည်။

မီးလင်းဖို၊ လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုခန်း၊ နားနေ နေရာငယ်တစ်ခုတို့ ပါဝင်သော ပင်မအိပ်ခန်းမှတဆင့် နောက်ဘက်ခြံဝန်းသို့ ရောက်နိုင်သည်။

ကပ်လျက်ရေချိုးခန်းတွင် double sink များ၊ ရေစိမ်ကန်နှင့် ကြီးမားသော ရေပန်းရေချိုးခန်းတို့ ပါသည်။

ကျယ်ဝန်းသော မြက်ခင်းပြင်မှာ ကလေးငယ်များနှင့် ခွေးများအတွက် ဆော့ကစားရန် အထူးကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။

ထို့အပြင် သစ်သားဘောလုံးဖြင့် ကစားရသော bocce ball ကွင်းတစ်ခုလည်း ပါဝင်သေးသည်။

ကား ၈ စင်းရပ်နားရန် နေရာရှိပြီး အိမ်အနီးဝန်းကျင်တစ်ခုလုံးတွင် လျှပ်စစ်ကား အားသွင်းစခန်းများရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mark Zuckerberg Appears To Have Quietly Sold His NorCal Home for Nearly $30M (realtor)

Photo Credit-realtor

 

[Zawgyi]

 

Mark Zuckerberg က ကယ္လီဖိုးနီးယားရွိ သူ၏ စံအိမ္ကို ကန္ေဒၚလာ သန္း ၃၀ နီးပါးျဖင့္ တိတ္တဆိတ္ ေရာင္းခ်

 

အခ်ဳိ႕ေသာ အိမ္ျခံေျမအေရာင္းအဝယ္မ်ားမွာ ဟိုးေလးတေၾကာ္ရွိျပီး အခ်ဳိ႕မွာမူ လူမသိ သူမသိျဖင့္ ျပီးဆံုးသြားတတ္သည္။

ေဖ့စ္ဘုတ္၏ စီအီးအို Mark Zuckerberg ၏ စံအိမ္အေရာင္းအဝယ္မွာ ဒုတိယျဖစ္ရပ္မ်ဳိးျဖစ္သည္။

Real Deal ၏ ေဖာ္ျပခ်က္အရ အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖိုးနီးယားျပည္နယ္ ၊ Woodside ျမိဳ႕ရွိ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါဝင္ျပီး ျခံအက်ယ္ ၃ ဒသမ ၅ ဧကရွိေသာ စံအိမ္ ၁ လံုး ျပီးခဲ့ေသာ ရက္သတၱပတ္အနည္းငယ္က ကုမၸဏီတစ္ခုမွ အျခားကုမၸဏီတစ္ခုထံ ကန္ေဒၚလာ ၂၉ ဒသမ ၆ သန္းျဖင့္ အလႊဲအေျပာင္း ျဖစ္ခဲ့ေၾကာင္း ေဖာ္ျပသည္။

အဆိုပါ အေရာင္းအဝယ္ႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားကို အနည္းငယ္မွ်သာ သိရသည္။

သို႔ေသာ္ ထိုအိမ္မွာ Mark Zuckerberg ပိုင္ဆိုင္ထားေသာ အိမ္ျဖစ္သည္။ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္မ်ားထဲတြင္ ပါဝင္သူ Mark Zuckerberg သည္ ယခုစံအိမ္အနီးရွိ Palo Alto ျမဳိ႕ႏွင့္ ဟာဝိုင္အီတို႔တြင္ ကန္ေဒၚလာ သန္း ၃၀၀ ေက်ာ္ တန္ေၾကးရွိ အိမ္ျခံေျမမ်ား ပိုင္ဆိုင္ထားသည္။

(၁၉၉၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္သည္။ ဓာတ္ပံု-Realtor) (ရိုးရာႏွင့္ ကယ္လီဖုိးနီးယားဟန္တုိ႔ ေပါင္းစပ္မြမ္းမံထားသည္။ ဓာတ္ပံု-Realtor)

(မီးဖုိေဆာင္တြင္ ၾကီးမားေသာ မီးဖိုခံုႏွင့္ Double Oven မ်ား ပါဝင္သည္။ ဓာတ္ပံု-Realtor)

(ပင္မအိပ္ခန္းတြင္ ပံုမွန္ထက္ ျမင့္မားေသာ မ်က္ႏွာၾကက္ရွိျခင္းေၾကာင့္ ေလဝင္ေလထြက္ပိုမိုေကာင္းမြန္ေသာ ခံစားခ်က္ ရရွိေစသည္။ ဓာတ္ပံု-Realtor)

(ပင္မေရခ်ဳိးခန္းတြင္ ေရစိမ္ကန္တစ္ခု ပါသည္။ ဓာတ္ပံု-Realtor)

(ျခံအက်ယ္ ၃ ဒသမ ၅ ဧကရွိျပီး လွပေသာ ေရကူးကန္တစ္ခု ရွိသည္။ ဓာတ္ပံု-Realtor)

Mark Zuckerberg သည္ ဤစံအိမ္ကို ပိုင္ဆုိင္ထားသည္မွာ မၾကာေသး။ ဆန္ဖရန္စစၥကိုျမဳိ႕၏ ေတာင္ဘက္ မိုင္ ၃၀ ခန္႔အကြာတြင္ တည္ရွိျပီး စတုရန္းေပ ၄၈၀၀ က်ယ္ဝန္းေသာ စံအိမ္ကို Mark Zuckerberg က ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အခန္းဖြင့္ ခင္းက်င္းထားျပီး ေနအိမ္ခံစားခ်က္ေပးစြမ္းသည့္ မီးဖိုေဆာင္ ၊ ညစာစားေနရာ၊ စႏၵယားငယ္တစ္ခု ထားႏိုင္သည့္ ဧည့္ခန္းတုိ႔ ပါဝင္ေသာအိမ္ကို Mark Zuckerberg ႏွစ္သက္ခဲ့ဖြယ္ရွိသည္။

မီးဖိုေဆာင္ေဘးတြင္ မွန္တံခါးမ်ားအျပည့္ကာရံထားေသာ တံခါးမ်ားမွတဆင့္ အျပင္ဘက္ ညစာစားေနရာႏွင့္ စိမ္းလန္းေသာ ျခံဝန္းကို စီးမိုးေတြ႔ျမင္ရသည္။

မီးလင္းဖို၊ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုခန္း၊ နားေန ေနရာငယ္တစ္ခုတို႔ ပါဝင္ေသာ ပင္မအိပ္ခန္းမွတဆင့္ ေနာက္ဘက္ျခံဝန္းသို႔ ေရာက္ႏိုင္သည္။

ကပ္လ်က္ေရခ်ဳိးခန္းတြင္ double sink မ်ား၊ ေရစိမ္ကန္ႏွင့္ ၾကီးမားေသာ ေရပန္းေရခ်ဳိးခန္းတို႔ ပါသည္။

က်ယ္ဝန္းေသာ ျမက္ခင္းျပင္မွာ ကေလးငယ္မ်ားႏွင့္ ေခြးမ်ားအတြက္ ေဆာ့ကစားရန္ အထူးေကာင္းမြန္ေသာ ေနရာတစ္ခု ျဖစ္သည္။

ထို႔အျပင္ သစ္သားေဘာလံုးျဖင့္ ကစားရေသာ bocce ball ကြင္းတစ္ခုလည္း ပါဝင္ေသးသည္။

ကား ၈ စင္းရပ္နားရန္ ေနရာရွိျပီး အိမ္အနီးဝန္းက်င္တစ္ခုလံုးတြင္ လွ်ပ္စစ္ကား အားသြင္းစခန္းမ်ားရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mark Zuckerberg Appears To Have Quietly Sold His NorCal Home for Nearly $30M (realtor)

Photo Credit-realtor

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service