သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟာသ သရုပ်ဆောင်များတွင် တစ်ဦးပါဝင်သူ Richard Pryor မိမိကိုယ်ကို ပြင်းအား ၁၅၁ ရှိသော ရမ်အရက်လောင်းကာ မီးရှို့ခဲ့ဖူးသည့်နေရာဖြစ်သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၄ ဒသမ ၂၃၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟာသ သရုပ်ဆောင်များတွင် တစ်ဦးပါဝင်သူ Richard Pryor မိမိကိုယ်ကို ပြင်းအား ၁၅၁ ရှိသော ရမ်အရက်လောင်းကာ မီးရှို့ခဲ့ဖူးသည့်နေရာဖြစ်သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၄ ဒသမ ၂၃၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
20 Mar 2024 12:19 pm တွင် တင်ခဲ့သည်
507 ကြိမ် ကြည့်ရှု့ပြီး

 

(Richard Pryor ဘယ်သူလဲ)

ရစ်ချတ် ပရိုင်ယာ (မွေး ၁၉၄၀-ကွယ်လွန် ၂၀၀၅) သည် အမေရိကန် လူရွှင်တော်၊ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟာသ သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ပရိုင်ယာသည် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် အဓိကအားဖြင့် ဟာသ ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။

 

 

Comedy Central က ဖော်ပြသော ပရိသတ်အား တိုက်ရိုက်ဖျော်ဖြေ တင်ဆက်သည့် သမိုင်းတလျှောက် အကြီးမြတ်ဆုံး လူရွှင်တော်များစာရင်းတွင် ပရိုင်ယာကို နံပါတ် ၁ နေရာတွင် ဖော်ပြခဲ့သည်။

ပရိုင်ယာသည် အိမ်ထောင် ၅ ဆက်ရှိခဲ့ပြီး သားသမီး ၇ ဦးရှိသည်။

 

(ရစ်ချတ် ပရိုင်ယာ မိမိကိုယ်ကို မီးရှို့ခဲ့သော စံအိမ်)

လော့စ်အိန်ဂျလိမြို့၊ Northridge အရပ်တွင် တချိန်က ရစ်ချတ် ပရိုင်ယာ ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်တစ်လုံး ရှိသည်။

အဆိုပါစံအိမ်သည် ရစ်ချတ် ပရိုင်ယာက ၁၉၈၀ ပြည့်နှစ်တွင် မိမိကိုယ်ကို မီးရှို့ခဲ့ဖူးသော အိမ်ဖြစ်ပြီး ယခုအခါ အရောင်းဈေးကွက်ဝင်လာသည်။

Hacienda de los Suenos ဟု အမည်ရသော စံအိမ်ဖြစ်ပြီး လက်ရှိပိုင်ဆိုင်ထားသူမှာ တချိန်က ဘောလုံးသမား ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် HBO ဇာတ်လမ်းတွဲ Ballers ၏ ဇာတ်ညွှန်းရေးသားခဲ့သူ Rashard Mendenhall ဖြစ်သည်။

((မှတ်ချက်။ HBO တွင် ၂၀၁၅ ခုနှစ်မှ စတင်ထုတ်လွှင့်ပြသခဲ့သော Ballers ဇာတ်လမ်းတွဲသည် Netflix တွင် ပြသခဲ့ပြီးနောက် အလွန်ကျော်ကြားခဲ့သော်လည်း Season 5 အပြီးတွင် ရပ်ဆိုင်းသွားခဲ့သည်။))

Mansion Global ၏ ဖော်ပြချက်အရ Mendenhall က ဤစံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Mendenhall က ယခုအခါ ကန်ဒေါ်လာ ၄ ဒသမ ၂၃၆ သန်း (ရောင်းဈေး) သတ်မှတ်ကာ ဈေးကွက်တင်လာသည်။

ထိုသို့ ရောင်းဈေး အတိအကျ သတ်မှတ်ရခြင်းတွင် အကြောင်းရင်းရှိနေသည်။

သူ၏ ကစားသမားဘဝအတွင်း ဘောလုံး ထိတွေ့သယ်ဆောင်ခဲ့သည့် စုစုပေါင်း အကွာအဝေး ၄၂၃၆ ကိုက်ကို ဂုဏ်ပြုမှတ်တမ်းတင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်က ရစ်ချတ် ပရိုင်ရာရဲ့ ပရိသတ်ပါ။ သူက တကယ့်အထင်ကရ ကြီးပါ။သူနဲ့ ကျွန်တော့်ကြား ဆက်နွယ်မှုရှိတယ်လို့ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ၂ ယောက်လုံးက အီလီနွိုက်စ် ပြည်နယ်သားတွေပါ။ ကျွန်တော်က Skokie ရွာက ၊ သူက Peoria မြို့ကပါ။ သူက အရမ်းတောက်ပ အောင်မြင် ခဲ့တယ်။ ဒီအိမ်ကို တွေ့လိုက်တဲ့အချိန်မှာ သူ့အတွက် လုံလောက်တဲ့အိမ်ဆိုရင် ငါ့အတွက်လည်း ပြီးပြည့်စုံတယ် လို့ တွေးမိပါတယ်။”

ပရိုင်ရာသည် ဤစံအိမ်ကို ၁၉၇၀ ပြည့်လွန် အလည်ပိုင်းကာလများတွင် ဝယ်ယူခဲ့ပြီး ကိုကင်းများ သုံးစွဲခဲ့သည်။

People မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ပရိုင်ရာသည် ဤစံအိမ်တွင် ပြင်းအား ၁၅၁ ရှိသော ရမ်အရက်ကို သူ၏ အင်္ကျီပေါ်လောင်းချကာ မီးခြစ်ဖြင့် မီးရှို့ခဲ့သည်။

သူ၏ ခန္ဓာကိုယ် ၅၀ ရာခိုင်နှုန်းကျော် မီးလောင်ခံခဲ့ရသည်။

ပရိုင်ရာက နောင်အခါတွင် သူ၏ ဟာသပြက်လုံးများ၌ ထိုဖြစ်ရပ်အကြောင်း မကြာခဏ ထည့်သွင်းပြောကြား ခဲ့သည်။

ပရိုင်ရာက ခြံဝန်းအကျယ် ၂ ဒသမ ၂ ဧကရှိသော ဤစံအိမ်ကို ၁၉၈၉ ခုနှစ်တွင် ကန်ဒေါ်လာ ၉၄၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်။

(ပရိုင်ရာ နေထိုင်ခဲ့သော စံအိမ်။ ဓာတ်ပုံ-CHAD KING)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: L.A. Estate Where Richard Pryor Set Himself on Fire Hits the Market for $4.236M (hollywoodreporter)

Photo Credit: CHAD KING/MELISSA DIMEGLIO

 

 

 

[Zawgyi]

သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဟာသ သရုပ္ေဆာင္မ်ားတြင္ တစ္ဦးပါဝင္သူ Richard Pryor မိမိကိုယ္ကို ျပင္းအား ၁၅၁ ရွိေသာ ရမ္အရက္ေလာင္းကာ မီးရိႈ႕ခဲ့ဖူးသည့္ေနရာျဖစ္ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ ကန္ေဒၚလာ ၄ ဒသမ ၂၃၆ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

(Richard Pryor ဘယ္သူလဲ)

ရစ္ခ်တ္ ပရိုင္ယာ (ေမြး ၁၉၄၀-ကြယ္လြန္ ၂၀၀၅) သည္ အေမရိကန္ လူရႊင္ေတာ္၊ သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဟာသ သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္သည္။

ပရိုင္ယာသည္ ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည့္အနက္ အဓိကအားျဖင့္ ဟာသ ဇာတ္ကားမ်ားတြင္ ပါဝင္ခဲ့သည္။

Comedy Central က ေဖာ္ျပေသာ ပရိသတ္အား တိုက္ရိုက္ေဖ်ာ္ေျဖ တင္ဆက္သည့္ သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး လူရႊင္ေတာ္မ်ားစာရင္းတြင္ ပရိုင္ယာကို နံပါတ္ ၁ ေနရာတြင္ ေဖာ္ျပခဲ့သည္။

ပရိုင္ယာသည္ အိမ္ေထာင္ ၅ ဆက္ရွိခဲ့ျပီး သားသမီး ၇ ဦးရွိသည္။

(ရစ္ခ်တ္ ပရိုင္ယာ မိမိကိုယ္ကို မီးရႈိ႕ခဲ့ေသာ စံအိမ္)

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Northridge အရပ္တြင္ တခ်ိန္က ရစ္ခ်တ္ ပရိုင္ယာ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္တစ္လံုး ရွိသည္။

အဆိုပါစံအိမ္သည္ ရစ္ခ်တ္ ပရိုင္ယာက ၁၉၈၀ ျပည့္ႏွစ္တြင္ မိမိကိုယ္ကို မီးရႈိ႕ခဲ့ဖူးေသာ အိမ္ျဖစ္ျပီး ယခုအခါ အေရာင္းေစ်းကြက္ဝင္လာသည္။

Hacienda de los Suenos ဟု အမည္ရေသာ စံအိမ္ျဖစ္ျပီး လက္ရွိပိုင္ဆိုင္ထားသူမွာ တခ်ိန္က ေဘာလံုးသမား ျဖစ္ခဲ့ျပီး ေနာက္ပိုင္းတြင္ HBO ဇာတ္လမ္းတြဲ Ballers ၏ ဇာတ္ညႊန္းေရးသားခဲ့သူ Rashard Mendenhall ျဖစ္သည္။

((မွတ္ခ်က္။ HBO တြင္ ၂၀၁၅ ခုႏွစ္မွ စတင္ထုတ္လႊင့္ျပသခဲ့ေသာ Ballers ဇာတ္လမ္းတြဲသည္ Netflix တြင္ ျပသခဲ့ျပီးေနာက္ အလြန္ေက်ာ္ၾကားခဲ့ေသာ္လည္း Season 5 အျပီးတြင္ ရပ္ဆိုင္းသြားခဲ့သည္။))

Mansion Global ၏ ေဖာ္ျပခ်က္အရ Mendenhall က ဤစံအိမ္ကို ၂၀၁၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

Mendenhall က ယခုအခါ ကန္ေဒၚလာ ၄ ဒသမ ၂၃၆ သန္း (ေရာင္းေစ်း) သတ္မွတ္ကာ ေစ်းကြက္တင္လာသည္။

ထိုသို႔ ေရာင္းေစ်း အတိအက် သတ္မွတ္ရျခင္းတြင္ အေၾကာင္းရင္းရွိေနသည္။

သူ၏ ကစားသမားဘဝအတြင္း ေဘာလံုး ထိေတြ႔သယ္ေဆာင္ခဲ့သည့္ စုစုေပါင္း အကြာအေဝး ၄၂၃၆ ကိုက္ကို ဂုဏ္ျပဳမွတ္တမ္းတင္ရန္ ရည္ရြယ္ျခင္းျဖစ္သည္ဟု ဆိုသည္။

“ကၽြန္ေတာ္က ရစ္ခ်တ္ ပရိုင္ရာရဲ႕ ပရိသတ္ပါ။ သူက တကယ့္အထင္ကရ ၾကီးပါ။သူနဲ႔ ကၽြန္ေတာ့္ၾကား ဆက္ႏြယ္မႈရွိတယ္လို႔ ခံစားရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ၂ ေယာက္လံုးက အီလီႏြိဳက္စ္ ျပည္နယ္သားေတြပါ။ ကၽြန္ေတာ္က Skokie ရြာက ၊ သူက Peoria ျမိဳ႕ကပါ။ သူက အရမ္းေတာက္ပ ေအာင္ျမင္ ခဲ့တယ္။ ဒီအိမ္ကို ေတြ႔လုိက္တဲ့အခ်ိန္မွာ သူ႔အတြက္ လံုေလာက္တဲ့အိမ္ဆိုရင္ င့ါအတြက္လည္း ျပီးျပည့္စံုတယ္ လို႔ ေတြးမိပါတယ္။”

ပရိုင္ရာသည္ ဤစံအိမ္ကို ၁၉၇၀ ျပည့္လြန္ အလည္ပိုင္းကာလမ်ားတြင္ ဝယ္ယူခဲ့ျပီး ကိုကင္းမ်ား သံုးစြဲခဲ့သည္။

People မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္အရ ပရိုင္ရာသည္ ဤစံအိမ္တြင္ ျပင္းအား ၁၅၁ ရွိေသာ ရမ္အရက္ကို သူ၏ အကၤ်ီေပၚေလာင္းခ်ကာ မီးျခစ္ျဖင့္ မီးရိႈ႕ခဲ့သည္။

သူ၏ ခႏၶာကိုယ္ ၅၀ ရာခုိင္ႏႈန္းေက်ာ္ မီးေလာင္ခံခဲ့ရသည္။

ပရိုင္ရာက ေနာင္အခါတြင္ သူ၏ ဟာသျပက္လံုးမ်ား၌ ထိုျဖစ္ရပ္အေၾကာင္း မၾကာခဏ ထည့္သြင္းေျပာၾကား ခဲ့သည္။

ပရုိင္ရာက ျခံဝန္းအက်ယ္ ၂ ဒသမ ၂ ဧကရွိေသာ ဤစံအိမ္ကို ၁၉၈၉ ခုႏွစ္တြင္ ကန္ေဒၚလာ ၉၄၀,၀၀၀ ျဖင့္ ေရာင္းခ်ခဲ့သည္။

(ပရိုင္ရာ ေနထိုင္ခဲ့ေသာ စံအိမ္။ ဓာတ္ပံု-CHAD KING)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: L.A. Estate Where Richard Pryor Set Himself on Fire Hits the Market for $4.236M (hollywoodreporter)

Photo Credit: CHAD KING/MELISSA DIMEGLIO

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service