ဆော်ဒီရှိ ကမ်းလွန်ရေနံတူးစင်ဟောင်းနေရာတွင် ဟိုတယ် ၃ လုံး၊ စားသောက်ဆိုင် ၁၁ ခုနှင့် ရိုလာကိုစတာ တို့ပါသော ရေပေါ်အပန်းဖြေနေရာအဖြစ် ပြောင်းလဲ

ဆော်ဒီရှိ ကမ်းလွန်ရေနံတူးစင်ဟောင်းနေရာတွင် ဟိုတယ် ၃ လုံး၊ စားသောက်ဆိုင် ၁၁ ခုနှင့် ရိုလာကိုစတာ တို့ပါသော ရေပေါ်အပန်းဖြေနေရာအဖြစ် ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com
4 Mar 2024 12:15 pm တွင် တင်ခဲ့သည်
521 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် Luxury ဟိုတယ် ၃ လုံး ၊ စားသောက်ဆိုင် ၁၁ ခုနှင့် ကြီးမားသော ရိုလာကိုစတာကြီးများ ပါဝင်သည့် ကမ္ဘာ့ပထမဆုံး Floating theme ကစားကွင်းကို ဆောက်လုပ်လျက်ရှိသည်။

The Rig ဟု အမည်ပေးထားသော အဆိုပါ ကစားကွင်းသို့ နှစ်စဉ်လာရောက်လည်ပတ်သူ သန်းနှင့်ချီ၍ ရှိမည် ဟု မျှော်မှန်းထားသည်။

 

 

(The Rig သည် အာရေးဗီးယားပင်လယ်ကွေ့ရှိ အနီးဆုံးကုန်းမြေမှ ၄၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ဓာတ်ပုံ-Public Investment Fund)

 

(ဟိုတယ် ၃ လုံး ၊ စားသောက်ဆိုင် ၁၁ ခု၊ ကြီးမားသော ရိုလာကိုစတာတစ်ခုနှင့် Activities လုပ်ဆောင်ဖွယ်ရာ ပေါင်း ၇၀ ကျော် ပါဝင်မည် ဖြစ်သည်။ ဓာတ်ပုံ-The Mega Agency)

 

(စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံ ရလိုသူများတွက် စွဲဆောင်နိုင်မည့်အရာပေါင်း ၇၀ ကျော် ရှိမည်ဖြစ်သည်။ ဓာတ်ပုံ-YouTube/The Rig)

 

ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်နိုင်ရန် ငွေကြေးအလုံးအရင်းသုံးစွဲကာ အကောင်အထည်ဖော်မည့် ဤနေရာသို့ လာရောက်လည်ပတ်မည့်သူများအနေဖြင့် ဖယ်ရီ ၊ ရွက်လှေ ၊ လေယာဉ် (သို့မဟုတ်) ရဟတ်ယာဉ်ဖြင့် လာရမည် ဖြစ်သည်။

၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ “အမှန်တကယ် စွန့်စားမှု အတွေ့အကြုံ။ ကမ်းလွန် ပင်လယ်ပြင်အတွင်းရှိ ရေနံတူးစင်နေရာတွင် တည်ရှိမည့် ကမ္ဘာ့ပထမဆုံး ကမ္ဘာလှည့်ခရီးသွားနေရာ”ဟု ဖော်ပြထားသည်။

The Rig ၏ စီမံကိန်းအကောင်အထည်ဖော်မည့် နေရာအကျယ်အဝန်းမှာ စတုရန်းမီတာ ၃၀၀,၀၀၀ ကျော် ရှိမည်ဖြစ်သည်။ ရေကစားနေရာ၊ စွန့်စားရမှုများသော အားကစားများ ၊ Adventure Park ၊ ကစားကွင်းများနှင့် ရေငုပ်သည့် နေရာတို့ ပါဝင်မည် ဖြစ်သည်။

စားသောက်ဆိုင်များအနက် တစ်ခုမှာ လေပေါ်တွင် ပေ ရာနှင့်ချီသောအမြင့်တွင် တည်ရှိမည် ဖြစ်သည်။

ကြယ် ၅ ပွင့်အဆင့် ဟိုတယ်များတွင် ပင်လယ်ပြင်ကို တွေ့မြင်နိုင်မည့် အခန်းပေါင်းများစွာ ပါဝင်မည်ဖြစ်ကာ စင်တင်တေးဂီတများလည်း ပါဝင်မည်ဖြစ်သည်။

The Rig ကို Oil Park Development ကုမ္ပဏီက အကောင်အထည် ဖော်မည်ဖြစ်သည်။

တမူထူးခြားသော အထင်ကရနေရာများဖြင့် ကမ္ဘာ့ထိပ်တန်း ခရီးသွားနေရာ ဖြစ်လာစေရန်ဟူသော ဆော်ဒီအာရေးဗီးယား၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအာရေးဗီးယားသည် ရေနံအပေါ် မှီခိုနေရမှုကို ကျောခိုင်းနိုင်ရန် ပေါင် ၁ ထရီလီယံကျော် သုံးစွဲကာ စီမံကိန်းများစွာ အကောင်အထည်ဖော်လျက်ရှိရာ ယခုစီမံကိန်းလည်း အပါအဝင် ဖြစ်သည်။

 

(ကမ္ဘာ့ပထမဆုံး ကမ်းလွန် အပန်းဖြေနေရာ။ ဓာတ်ပုံ- YouTube/The Rig)

 

(The Rig ရှိ ဟိုတယ် အိပ်ခန်း။ ဓာတ်ပုံ- YouTube/The Rig)

 

(ဤစီမံကိန်းကို ကမ်းလွန်ရေနံတူးစင်ဟောင်းတစ်ခုတွင် ဆောက်လုပ်မည်ဖြစ်သည်။ ဓာတ်ပုံ- Public Investment Fund)

 

(နားနေ နေရာနှင့် အရက်ဘား။ ဓာတ်ပုံ-YouTube/The Rig)

 

(စားသောက်ဆိုင်တစ်ခုမှာ လေပေါ် ပေရာနှင့်ချီသည့် အမြင့်တွင် တည်ရှိမည် ဖြစ်သည်။ ဓာတ်ပုံ- YouTube/The Rig)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside world’s first floating theme park with THREE hotels, 11 restaurants and rollercoaster – on an old Saudi oil rig (thesun)

Photo Credit: Public Investment Fund, The Mega Agency, YouTube/The Rig

 

 

 

 

 

[Zawgyi]

ေဆာ္ဒီရွိ ကမ္းလြန္ေရနံတူးစင္ေဟာင္းေနရာတြင္ ဟိုတယ္ ၃ လံုး၊ စားေသာက္ဆိုင္ ၁၁ ခုႏွင့္ ရိုလာကိုစတာ တို႔ပါေသာ ေရေပၚအပန္းေျဖေနရာအျဖစ္ ေျပာင္းလဲ

 

ေဆာ္ဒီအာေရးဗီးယားႏိုင္ငံတြင္ Luxury ဟိုတယ္ ၃ လံုး ၊ စားေသာက္ဆုိင္ ၁၁ ခုႏွင့္ ၾကီးမားေသာ ရိုလာကိုစတာၾကီးမ်ား ပါဝင္သည့္ ကမၻာ့ပထမဆံုး Floating theme ကစားကြင္းကို ေဆာက္လုပ္လ်က္ရွိသည္။

The Rig ဟု အမည္ေပးထားေသာ အဆိုပါ ကစားကြင္းသို႔ ႏွစ္စဥ္လာေရာက္လည္ပတ္သူ သန္းႏွင့္ခ်ီ၍ ရွိမည္ ဟု ေမွ်ာ္မွန္းထားသည္။

(The Rig သည္ အာေရးဗီးယားပင္လယ္ေကြ႔ရွိ အနီးဆံုးကုန္းေျမမွ ၄၀ ကီလိုမီတာအကြာတြင္ တည္ရွိသည္။ ဓာတ္ပံု-Public Investment Fund)

(ဟိုတယ္ ၃ လံုး ၊ စားေသာက္ဆိုင္ ၁၁ ခု၊ ၾကီးမားေသာ ရိုလာကိုစတာတစ္ခုႏွင့္ Activities လုပ္ေဆာင္ဖြယ္ရာ ေပါင္း ၇၀ ေက်ာ္ ပါဝင္မည္ ျဖစ္သည္။ ဓာတ္ပုံ-The Mega Agency)

(စိတ္လႈပ္ရွားဖြယ္အေတြ႔အၾကံဳ ရလိုသူမ်ားတြက္ စြဲေဆာင္ႏိုင္မည့္အရာေပါင္း ၇၀ ေက်ာ္ ရွိမည္ျဖစ္သည္။ ဓာတ္ပံု-YouTube/The Rig)

ကမၻာလွည့္ခရီးသည္မ်ားကို စြဲေဆာင္ႏိုင္ရန္ ေငြေၾကးအလံုးအရင္းသံုးစြဲကာ အေကာင္အထည္ေဖာ္မည့္ ဤေနရာသို႔ လာေရာက္လည္ပတ္မည့္သူမ်ားအေနျဖင့္ ဖယ္ရီ ၊ ရြက္ေလွ ၊ ေလယာဥ္ (သို႔မဟုတ္) ရဟတ္ယာဥ္ျဖင့္ လာရမည္ ျဖစ္သည္။

၎၏ တရားဝင္ ဝက္ဘ္ဆုိက္တြင္ ေဖာ္ျပခ်က္အရ “အမွန္တကယ္ စြန္႔စားမႈ အေတြ႔အၾကံဳ။ ကမ္းလြန္ ပင္လယ္ျပင္အတြင္းရွိ ေရနံတူးစင္ေနရာတြင္ တည္ရွိမည့္ ကမၻာ့ပထမဆံုး ကမၻာလွည့္ခရီးသြားေနရာ”ဟု ေဖာ္ျပထားသည္။

The Rig ၏ စီမံကိန္းအေကာင္အထည္ေဖာ္မည့္ ေနရာအက်ယ္အဝန္းမွာ စတုရန္းမီတာ ၃၀၀,၀၀၀ ေက်ာ္ ရွိမည္ျဖစ္သည္။ ေရကစားေနရာ၊ စြန္႔စားရမႈမ်ားေသာ အားကစားမ်ား ၊ Adventure Park ၊ ကစားကြင္းမ်ားႏွင့္ ေရငုပ္သည့္ ေနရာတို႔ ပါဝင္မည္ ျဖစ္သည္။

စားေသာက္ဆုိင္မ်ားအနက္ တစ္ခုမွာ ေလေပၚတြင္ ေပ ရာႏွင့္ခ်ီေသာအျမင့္တြင္ တည္ရွိမည္ ျဖစ္သည္။

ၾကယ္ ၅ ပြင့္အဆင့္ ဟိုတယ္မ်ားတြင္ ပင္လယ္ျပင္ကို ေတြ႔ျမင္ႏိုင္မည့္ အခန္းေပါင္းမ်ားစြာ ပါဝင္မည္ျဖစ္ကာ စင္တင္ေတးဂီတမ်ားလည္း ပါဝင္မည္ျဖစ္သည္။

The Rig ကို Oil Park Development ကုမၸဏီက အေကာင္အထည္ ေဖာ္မည္ျဖစ္သည္။

တမူထူးျခားေသာ အထင္ကရေနရာမ်ားျဖင့္ ကမၻာ့ထိပ္တန္း ခရီးသြားေနရာ ျဖစ္လာေစရန္ဟူေသာ ေဆာ္ဒီအာေရးဗီးယား၏ မူဝါဒႏွင့္အညီ အေကာင္အထည္ေဖာ္ခဲ့ျခင္း ျဖစ္သည္။

ေဆာ္ဒီအာေရးဗီးယားသည္ ေရနံအေပၚ မွီခိုေနရမႈကို ေက်ာခိုင္းႏိုင္ရန္ ေပါင္ ၁ ထရီလီယံေက်ာ္ သံုးစြဲကာ စီမံကိန္းမ်ားစြာ အေကာင္အထည္ေဖာ္လ်က္ရွိရာ ယခုစီမံကိန္းလည္း အပါအဝင္ ျဖစ္သည္။

(ကမၻာ့ပထမဆံုး ကမ္းလြန္ အပန္းေျဖေနရာ။ ဓာတ္ပံု- YouTube/The Rig)

(The Rig ရွိ ဟိုတယ္ အိပ္ခန္း။ ဓာတ္ပံု- YouTube/The Rig)

(ဤစီမံကိန္းကို ကမ္းလြန္ေရနံတူးစင္ေဟာင္းတစ္ခုတြင္ ေဆာက္လုပ္မည္ျဖစ္သည္။ ဓာတ္ပံု- Public Investment Fund)

(နားေန ေနရာႏွင့္ အရက္ဘား။ ဓာတ္ပံု-YouTube/The Rig)

(စားေသာက္ဆုိင္တစ္ခုမွာ ေလေပၚ ေပရာႏွင့္ခ်ီသည့္ အျမင့္တြင္ တည္ရွိမည္ ျဖစ္သည္။ ဓာတ္ပံု- YouTube/The Rig)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside world’s first floating theme park with THREE hotels, 11 restaurants and rollercoaster – on an old Saudi oil rig (thesun)

Photo Credit: Public Investment Fund, The Mega Agency, YouTube/The Rig

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...
ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service