အမေရိကန်ပြည် အတ္တလန္တာမြို့တွင် ကျူးကျော်နေထိုင်သူများက နေအိမ်ပေါင်း ၁၂၀၀ ကျော်ကို ဝင်ရောက် ကျူးကျော်နေထိုင်ကာ အဖော်အချွတ်ကလပ်များ ဖွင့်လှစ်

အမေရိကန်ပြည် အတ္တလန္တာမြို့တွင် ကျူးကျော်နေထိုင်သူများက နေအိမ်ပေါင်း ၁၂၀၀ ကျော်ကို ဝင်ရောက် ကျူးကျော်နေထိုင်ကာ အဖော်အချွတ်ကလပ်များ ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
14 Feb 2024 11:20 am တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာပြည်နယ် ၊ အတ္တလန္တာမြို့တွင် ကျူးကျော်နေထိုင်သူတို့သည် ဒေသ တစ်ခုလုံးကို ပျက်စီးစေလျက်ရှိပြီး ၎င်းတို့အား နှင်ထုတ်ရန် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုမှာလည်း နှေးကွေးလျက် ရှိလာသည်။

အချို့သောအိမ်ရှင်တို့မှာ ငွေပေးကာ နှင်ထုတ်ရလျက် ရှိသည်။

နေအိမ်ပေါင်း ၁၂၀၀ ကျော်ခန့်ကို ကျူးကျော်နေထိုင်နေကြခြင်း ဖြစ်သည်။

ယင်းအနက် အိမ်တစ်လုံးတွင် ကျူးကျော်သူတို့က တရားမဝင် အဖော်အချွတ်ကလပ်တစ်ခုပင် ဖွင့်လှစ်ထား ကြောင်း အမျိုးသားအငှားအိမ်များကောင်စီ (NRHC) က ထုတ်ပြန်သည်။

“အတ္တလန္တာမှာ ကျွန်တော့်အိမ်ကို အငှားချဖို့တောင် ကြောက်လန့်နေမိပါတယ်”ဟု ထိုဒေသတွင် အိမ်သန့်ရှင်းရေး ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသူ Matt Urbanski က Bloomberg သတင်းဌာနသို့ ပြောသည်။

၎င်း၏ ကုမ္ပဏီသည် အိမ်ရှင်တို့၏ အိမ်များကို သန့်ရှင်းရေးများ ပြုလုပ်ပေးပြီး အချို့သောနေရာများတွင် ကျူးကျော်သူတို့၏ ပစ္စည်းများကို ဖယ်ရှားရွှေ့ပြောင်းပေးခဲ့ရသည်။

မကြာသေးမီက ၎င်း၏ ဝန်ထမ်းတစ်ဦးသည် အိမ်တစ်လုံးရှိ ကျူးကျော်နေထိုင်သူတို့ကို ဖယ်ရှားရန် ကြိုးစားခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်။

Tiber Capital Group ၏ စီအီးအိုဖြစ်သူ Simon Frost က ပြောသည်မှာ ကျူးကျော်နေထိုင်သူတို့က လက်နက်များတကားကားဖြင့် အိမ်နီးချင်းတို့ကို ခြိမ်းခြောက်ခဲ့သည့် ဖြစ်ရပ်များရှိကြောင်း ပြောသည်။

အဆိုပါ ဖြစ်ရပ်များမှာ အိမ်နီးချင်းများနှင့် အနီးဝန်းကျင်တွင် နေထိုင်သူတို့၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများ ဖြစ်လာကြောင်းလည်း ၎င်းက ပြောသည်။

အတ္တလန္တာမြို့တွင် ကျူးကျော်သူတို့အား နှင်ထုတ်ရခြင်းမှာ မလွယ်ကူလှ။ တရားရုံးတွင် တိုင်တန်းရခြင်း ၊ အလုပ်အလွန်များသော ရဲတပ်ဖွဲ့ထံမှ အကူအညီယူရခြင်းတို့ လုပ်ဆောင်ရသည်။

အွန်လိုင်းမှ အိမ်ခြံမြေအရောင်းအငှား တင်မှုတို့မှတဆင့် ကျူးကျော်သူတို့က လူမရှိသော နေအိမ်တို့ကို အလွယ်တကူသိရှိကာ ကျူးကျော်ဝင်ရောက် နေထိုင်ကြသည်။

 

(ကျူးကျော်မှုဖြင့် ဖမ်းဆီးခံရသော တာဟတ်စ်ဂျေး ဖ်ို့ဒ (ယာ)နှင့် ဒီအန်သနီ မက်ဒေါ့ (ဝဲ)။ ဓာတ်ပုံ-Fulton County Jail)

 

(ကျူးကျော်နေထိုင်သောအိမ်တွင် တရားမဝင် အဖော်အချွတ်ကလပ်ဖွင့်လှစ်မှုဖြင့် ဖမ်းဆီးခံရသော ဂျရမီ ဝှိ (ဝဲ)နှင့် ကယ်လ်ဗင်ဟော (ယာ)။ ဓာတ်ပုံ-Fulton County Jail)

 

ပြီးခဲ့သောနှစ် အောက်တိုဘာလအတွင်း အတ္တလန္တာမြို့တစ်နေရာတွင် ကျူးကျော်နေထိုင်သူတို့က အဆိုပါ အိမ်တွင် တရားမဝင်အဖော်အချွတ်တစ်ခု ဖွင့်လှစ်ခဲ့ပြီး ရုံးပိတ်ရက်တိုင်း ပါတီပွဲများ ကျင်းပခဲ့သည်။

အဆိုပါအိမ်တွင် ဘိန်းဖြူများပင် သုံးစွဲခဲ့ကြသည်ဟု ဆိုသည်။

အတ္တလန္တာမြို့ South Futon ဒေသတွင် ဒီအန်သနီ မက်ဒေါ့ ၊ ဂျရမီ ဝှိ၊ ကယ်လ်ဗင်ဟောနှင့် တာဟတ်စ်ဂျေး ဖို့ဒ် အမည်ရှိ ၄ ဦးသည် နေအိမ်တစ်လုံးတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခဲ့ကြသည်။

စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်း ၊ ရေချိုးခန်း ၃ ခန်းပါဝင်သော နေအိမ်တွင် တရားမဝင် လှုပ်ရှားမှုများ ပေါ်ပေါက်နေသည့်အကြောင်း အိမ်နီးချင်းများက အနည်းငယ်သာ သိခဲ့ကြသည်။

ကျူးကျော်နေထိုင်သူတို့သည် တရားမဝင် အဖော်အချွတ်ကလပ်ဖွင့်လှစ်ကာ ပါတီပွဲများ ဆူညံစွာ ကျင်းပပြီး လမ်းထဲတွင် ကားပြိုင်ပွဲများပင် ပြုလုပ်ကြရာ ထိုဒေသ၏ အေးချမ်းမှုကို ပျက်စီးစေခဲ့သည်ဟု ဆိုသည်။

 

(အတ္တလန္တာမြို့၊ Wewatta လမ်း အမှတ် ၄၉၅၁ ၊ နေအိမ်တွင် ကျူးကျော်နေထိုင်သူ ၄ ဦးက အဖော်အချွတ် ကလပ်တစ်ခု ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ-Google Map)

 

(အဖော်အချွတ်ကလပ်ဖွင့်လှစ်ထားသောအိမ်သို့ SWAT အထူးတပ်ဖွဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပုံ။ ဓာတ်ပုံ-WSB-TV)

 

(အတ္တလန္တာမြို့တွင် ကျူးကျော်နေထိုင်သူတစ်ဦးဖြစ်သော ဗင်းဆင့် ဆိုင်မွန်မှာ လက်နက်၊ မူးယစ်ဆေးဝါး ၊ ခိုးမှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ဓာတ်ပုံ-Dekalb County Sheriff Office)

 

(ဒုဗိုလ်မှူးကြီး Dahlia Daure က ပြောသည်မှာ သူမ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အတ္တလန္တာရှိ သူမ၏ ဒေါ်လာ ၅၀၀,၀၀၀ တန် နေအိမ်သို့ မှုခင်းရာဇဝင်သမိုင်းကြောင်းရှိသော အမျိုးသားတစ်ဦး ကျူးကျော် နေထိုင်ခဲ့ကြောင်း ပြောသည်။ ဓာတ်ပုံ-Dahila Daure)

 

(ဒုဗိုလ်မှူးကြီး Dahila Daure။ ဓာတ်ပုံ-Linkedin)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Squatters take over 1,200 homes in Atlanta, open illegal strip clubs and terrorize neighbors: ‘is this even America?’ (nypost)

 

 

 

 

[Zawgyi]

အေမရိကန္ျပည္ အတၱလႏၱာျမိဳ႕တြင္ က်ဴးေက်ာ္ေနထိုင္သူမ်ားက ေနအိမ္ေပါင္း ၁၂၀၀ ေက်ာ္ကို ဝင္ေရာက္ က်ဴးေက်ာ္ေနထိုင္ကာ အေဖာ္အခၽြတ္ကလပ္မ်ား ဖြင့္လွစ္

 

အေမရိကန္ျပည္ေထာင္စု ၊ ေဂ်ာ္ဂ်ီယာျပည္နယ္ ၊ အတၱလႏၱာျမဳိ႕တြင္ က်ဴးေက်ာ္ေနထုိင္သူတို႔သည္ ေဒသ တစ္ခုလံုးကို ပ်က္စီးေစလ်က္ရွိျပီး ၎တို႔အား ႏွင္ထုတ္ရန္ ရဲတပ္ဖြဲ႔၏ လုပ္ေဆာင္မႈမွာလည္း ေႏွးေကြးလ်က္ ရွိလာသည္။

အခ်ဳိ႕ေသာအိမ္ရွင္တုိ႔မွာ ေငြေပးကာ ႏွင္ထုတ္ရလ်က္ ရွိသည္။

ေနအိမ္ေပါင္း ၁၂၀၀ ေက်ာ္ခန္႔ကို က်ဴးေက်ာ္ေနထိုင္ေနၾကျခင္း ျဖစ္သည္။

ယင္းအနက္ အိမ္တစ္လံုးတြင္ က်ဴးေက်ာ္သူတို႔က တရားမဝင္ အေဖာ္အခၽြတ္ကလပ္တစ္ခုပင္ ဖြင့္လွစ္ထား ေၾကာင္း အမ်ဳိးသားအငွားအိမ္မ်ားေကာင္စီ (NRHC) က ထုတ္ျပန္သည္။

“အတၱလႏၱာမွာ ကၽြန္ေတာ့္အိမ္ကို အငွားခ်ဖုိ႔ေတာင္ ေၾကာက္လန္႔ေနမိပါတယ္”ဟု ထိုေဒသတြင္ အိမ္သန္႔ရွင္းေရး ကုမၸဏီတစ္ခု လုပ္ကိုင္ေနသူ Matt Urbanski က Bloomberg သတင္းဌာနသို႔ ေျပာသည္။

၎၏ ကုမၸဏီသည္ အိမ္ရွင္တို႔၏ အိမ္မ်ားကို သန္႔ရွင္းေရးမ်ား ျပဳလုပ္ေပးျပီး အခ်ဳိ႕ေသာေနရာမ်ားတြင္ က်ဴးေက်ာ္သူတို႔၏ ပစၥည္းမ်ားကို ဖယ္ရွားေရႊ႕ေျပာင္းေပးခဲ့ရသည္။

မၾကာေသးမီက ၎၏ ဝန္ထမ္းတစ္ဦးသည္ အိမ္တစ္လံုးရွိ က်ဴးေက်ာ္ေနထိုင္သူတို႔ကို ဖယ္ရွားရန္ ၾကိဳးစားခဲ့ရာ ေသနတ္ျဖင့္ ပစ္ခတ္ျခင္း ခံခဲ့ရသည္။

Tiber Capital Group ၏ စီအီးအိုျဖစ္သူ Simon Frost က ေျပာသည္မွာ က်ဴးေက်ာ္ေနထုိင္သူတို႔က လက္နက္မ်ားတကားကားျဖင့္ အိမ္နီးခ်င္းတို႔ကို ျခိမ္းေျခာက္ခဲ့သည့္ ျဖစ္ရပ္မ်ားရွိေၾကာင္း ေျပာသည္။

အဆိုပါ ျဖစ္ရပ္မ်ားမွာ အိမ္နီးခ်င္းမ်ားႏွင့္ အနီးဝန္းက်င္တြင္ ေနထုိင္သူတို႔၏ လံုျခံဳေရးအေပၚ ျခိမ္းေျခာက္မႈမ်ား ျဖစ္လာေၾကာင္းလည္း ၎က ေျပာသည္။

အတၱလႏၱာျမဳိ႕တြင္ က်ဴးေက်ာ္သူတို႔အား ႏွင္ထုတ္ရျခင္းမွာ မလြယ္ကူလွ။ တရားရံုးတြင္ တိုင္တန္းရျခင္း ၊ အလုပ္အလြန္မ်ားေသာ ရဲတပ္ဖြဲ႔ထံမွ အကူအညီယူရျခင္းတုိ႔ လုပ္ေဆာင္ရသည္။

အြန္လိုင္းမွ အိမ္ျခံေျမအေရာင္းအငွား တင္မႈတို႔မွတဆင့္ က်ဴးေက်ာ္သူတို႔က လူမရွိေသာ ေနအိမ္တို႔ကို အလြယ္တကူသိရွိကာ က်ဴးေက်ာ္ဝင္ေရာက္ ေနထိုင္ၾကသည္။

 

(က်ဴးေက်ာ္မႈျဖင့္ ဖမ္းဆီးခံရေသာ တာဟတ္စ္ေဂ်း ဖို႔္ဒ္ (ယာ)ႏွင့္ ဒီအန္သနီ မက္ေဒါ့ (ဝဲ)။ ဓာတ္ပံု-Fulton County Jail)

(က်ဴးေက်ာ္ေနထိုင္ေသာအိမ္တြင္ တရားမဝင္ အေဖာ္အခၽြတ္ကလပ္ဖြင့္လွစ္မႈျဖင့္ ဖမ္းဆီးခံရေသာ ဂ်ရမီ ဝွိ (ဝဲ)ႏွင့္ ကယ္လ္ဗင္ေဟာ (ယာ)။ ဓာတ္ပံု-Fulton County Jail)

ျပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလအတြင္း အတၱလႏၱာျမဳိ႕တစ္ေနရာတြင္ က်ဴးေက်ာ္ေနထိုင္သူတို႔က အဆုိပါ အိမ္တြင္ တရားမဝင္အေဖာ္အခၽြတ္တစ္ခု ဖြင့္လွစ္ခဲ့ျပီး ရံုးပိတ္ရက္တိုင္း ပါတီပြဲမ်ား က်င္းပခ့ဲသည္။

အဆိုပါအိမ္တြင္ ဘိန္းျဖဴမ်ားပင္ သံုးစြဲခဲ့ၾကသည္ဟု ဆိုသည္။

အတၱလႏၱာျမဳိ႕ South Futon ေဒသတြင္ ဒီအန္သနီ မက္ေဒါ့ ၊ ဂ်ရမီ ဝွိ၊ ကယ္လ္ဗင္ေဟာႏွင့္ တာဟတ္စ္ေဂ်း ဖို႔ဒ္ အမည္ရွိ ၄ ဦးသည္ ေနအိမ္တစ္လံုးတြင္ ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္ေနထိုင္ခဲ့ၾကသည္။

စတုရန္းေပ ၄၀၀၀ က်ယ္ဝန္းကာ အိပ္ခန္း ၅ ခန္း ၊ ေရခ်ဳိးခန္း ၃ ခန္းပါဝင္ေသာ ေနအိမ္တြင္ တရားမဝင္ လႈပ္ရွားမႈမ်ား ေပၚေပါက္ေနသည့္အေၾကာင္း အိမ္နီးခ်င္းမ်ားက အနည္းငယ္သာ သိခဲ့ၾကသည္။

က်ဴးေက်ာ္ေနထုိင္သူတို႔သည္ တရားမဝင္ အေဖာ္အခၽြတ္ကလပ္ဖြင့္လွစ္ကာ ပါတီပြဲမ်ား ဆူညံစြာ က်င္းပျပီး လမ္းထဲတြင္ ကားျပဳိင္ပြဲမ်ားပင္ ျပဳလုပ္ၾကရာ ထိုေဒသ၏ ေအးခ်မ္းမႈကို ပ်က္စီးေစခဲ့သည္ဟု ဆိုသည္။

 

(အတၱလႏၱာျမဳိ႕၊ Wewatta လမ္း အမွတ္ ၄၉၅၁ ၊ ေနအိမ္တြင္ က်ဴးေက်ာ္ေနထိုင္သူ ၄ ဦးက အေဖာ္အခၽြတ္ ကလပ္တစ္ခု ဖြင့္လွစ္ခဲ့သည္။ ဓာတ္ပံု-Google Map)

(အေဖာ္အခၽြတ္ကလပ္ဖြင့္လွစ္ထားေသာအိမ္သို႔ SWAT အထူးတပ္ဖြဲ႔ ဝင္ေရာက္စီးနင္း ဖမ္းဆီးခဲ့ပံု။ ဓာတ္ပံု-WSB-TV)

(အတၱလႏၱာျမဳိ႕တြင္ က်ဴးေက်ာ္ေနထိုင္သူတစ္ဦးျဖစ္ေသာ ဗင္းဆင့္ ဆိုင္မြန္မွာ လက္နက္၊ မူးယစ္ေဆးဝါး ၊ ခိုးမႈမ်ားျဖင့္ ျပစ္ဒဏ္ခ်မွတ္ျခင္း ခံခဲ့ရသည္။ ဓာတ္ပံု-Dekalb County Sheriff Office)

(ဒုဗိုလ္မွဴးၾကီး Dahlia Daure က ေျပာသည္မွာ သူမ တာဝန္ထမ္းေဆာင္ေနစဥ္ကာလအတြင္း အတၱလႏၱာရွိ သူမ၏ ေဒၚလာ ၅၀၀,၀၀၀ တန္ ေနအိမ္သို႔ မႈခင္းရာဇဝင္သမိုင္းေၾကာင္းရွိေသာ အမ်ဳိးသားတစ္ဦး က်ဴးေက်ာ္ ေနထိုင္ခဲ့ေၾကာင္း ေျပာသည္။ ဓာတ္ပံု-Dahila Daure)

(ဒုဗိုလ္မွဴးၾကီး Dahila Daure။ ဓာတ္ပံု-Linkedin)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Squatters take over 1,200 homes in Atlanta, open illegal strip clubs and terrorize neighbors: ‘is this even America?’ (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service