ကနေဒါတွင် နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်ခွင့် တားမြစ်ပိတ်ပင်ထားမှုကို ၂ နှစ် သက်တမ်းတိုး
ကနေဒါတွင် နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်ခွင့် တားမြစ်ပိတ်ပင်ထားမှုကို ၂ နှစ် သက်တမ်းတိုး - Property News in Myanmar from iMyanmarHouse.com
9 Feb 2024 11:04 am တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကနေဒါနိုင်ငံ အိမ်ခြံမြေများ နိုင်ငံခြားသားပိုင်ဆိုင်မှု တားမြစ်ထားခြင်းကို ၂ နှစ် သက်တမ်းတိုးလိုက်ကြောင်း ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ကနေဒါအစိုးရက ကြေညာလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကနေဒါနိုင်ငံတလွှားရှိ မြို့ကြီးမြို့ငယ်များ၏ အိမ်ခြံမြေဈေးကွက်တွင် ကနေဒါနိုင်ငံသားများ ဈေးနှုန်း လက်လှမ်းမမှီမှုအပေါ် ရတက်မအေးဖြစ်နေမှုများအား ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကနေဒါအစိုးရက ထုတ်ပြန်သည်။
ကနေဒါသည် တန်ဖိုးသင့် လူနေအိမ် ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသည်။
ယင်းသို့ ဖြစ်ရခြင်းမှာ ကနေဒါသို့ ရွှေ့ပြောင်းနေထိုင်ကြသူများနှင့် နိုင်ငံတကာမှ ကျောင်းသားများကြောင့် ဖြစ်ကြောင်း အပြစ်ဖို့ကြသည်။
ပြည်ပမှ လာရောက် အခြေချသူများကြောင့် အိမ်ခြံမြေဝယ်လိုအား မြင့်တက်ခြင်းအပြင် ဈေးနှုန်းမြင့်တက်မှုများ ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ နှေးကွေးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
“ကနေဒါနိုင်ငံသားတွေအတွက် အိမ်ခြံမြေကဏ္ဍ ပိုမိုဈေးနှုန်းသက်သာစေရေး ဖြစ်နိုင်သမျှ နည်းလမ်းများ အားလုံး အသုံးပြုခြင်းရဲ့ တစိတ်တဒေသအနေနဲ့ နိုင်ငံခြားသားတွေ အိမ်ခြံမြေပိုင်ဆိုင်မှုကို တားမြစ်ခဲ့တာ ဖြစ်ပါ တယ်။” ဟု ကနေဒါ ဒုတိယဝန်ကြီးချုပ် Chrystia Freeland က ပြောသည်။
“အဲဒီ တားမြစ် ပိတ်ပင်ထားမှုဟာ လက်ရှိအချိန်မှာ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်ဆိုရင် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒါကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ သက်တမ်းတိုးမြှင့်တာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်မှုကြောင့် ကနေဒါနိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ်များရှိ အိမ်ခြံမြေဈေးကွက် များတွင် ကနေဒါနိုင်ငံသားများ ဈေးနှုန်း လက်လှမ်းမမှီမှု စိုးရိမ်စိတ်များ ပိုမိုမြင့်တက်စေကြောင်း ကနေဒါ အစိုးရက ပြောသည်။
ပြီးခဲ့သောလအတွင်း ကနေဒါအစိုးရက နိုင်ငံတကာ ကျောင်းသားများကို ၂ နှစ်သာ အကန့်အသတ်ဖြင့် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ထို့အပြင် အချို့ကျောင်းသားများ ကျောင်းပြီးချိန်တွင် အလုပ်အကိုင်ပါမစ် ထုတ်ပေးခြင်းများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ၊ ကနေဒါတွင် အခြေချလာသူများကြောင့် အိမ်ခြံမြေအကျပ်အတည်း မြင့်မားလာသောကြောင့် ဖြစ်ကြောင်း ကနေဒါအစိုးရ ထုတ်ပြန်သည်။
ကနေဒါတွင် လူဦးရေ လျင်မြန်စွာ မြင့်တက်လာသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး နယ်ပယ်တို့တွင် ဖိအားများပြားလာပြီး အိမ်ခြံမြေဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။
အဆိုပါ အကြောင်းရပ်များက ဝန်ကြီးချုပ် Justin Trudeau အပေါ် ထောက်ခံမှုများ ကျဆင်းလာစေပြီး အများပြည်သူ သဘောထား စစ်တမ်းများအရ ယခုအချိန်တွင်သာ ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ၎င်းအနေဖြင့် ရွေးကောက်ပွဲ ရှုံးနိမ့်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြနေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:  Canada extends ban on foreign ownership of housing by two years (reuters) 
Photo Credit: reuters
[Zawgyi] ကနေဒါတွင် နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်ခွင့် တားမြစ်ပိတ်ပင်ထားမှုကို ၂ နှစ် သက်တမ်းတိုး
Photo Credit: reuters
[Zawgyi]
Photo Credit: reuters
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service