ထိုင်း-မြန်မာ သေမင်းတမန် ရထားလမ်းပေါ်တွင် တံတားတစ်စင်း ဆောက်လုပ်ခဲ့ပုံအကြောင်း ရိုက်ကူးထားသည့် The Bridge on the River Kwai ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာအဖြစ် အော်စကာဆုရခဲ့သည့် ဆာဘွဲ့ရ ရုပ်ရှင်ဒါရိုက်တာကြီး မွေးဖွားရာအိမ် အရောင်းဈေးကွက်ဝင်လာ
ထိုင်း-မြန်မာ သေမင်းတမန် ရထားလမ်းပေါ်တွင် တံတားတစ်စင်း ဆောက်လုပ်ခဲ့ပုံအကြောင်း ရိုက်ကူးထားသည့် The Bridge on the River Kwai ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာအဖြစ် အော်စကာဆုရခဲ့သည့် ဆာဘွဲ့ရ ရုပ်ရှင်ဒါရိုက်တာကြီး မွေးဖွားရာအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
2 Feb 2024 12:05 pm တွင် တင်ခဲ့သည်
805 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဤအိမ်မှာ ကမ္ဘာကျော် အင်္ဂလိပ်လူမျိုး ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦး မွေးဖွားခဲ့ရာအိမ် ဖြစ်သည်။
သူသည် The Bride on the River Kwai , Lawrence of Arabia , Doctor Zhivago နှင့် A Passage to India ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့သူ ဖြစ်သည်။
(မှတ်ချက်။ Doctor Zhivago ရုပ်ရှင်သည် နိုဘယ်ဆုရ စာရေးဆရာကြီး ဘောရစ် ပါစတာညက်၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်ပြီး ဝတ္ထုအမည်မှာလည်း Doctor Zhivago ပင် ဖြစ်သည်)
ဗြိတိန်ရုပ်ရှင်အင်စတီကျုက ၂၀၀၂ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်တွင် သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ရုပ်ရှင်ဒါရိုက်တာများ စာရင်း၌ ၎င်းကို နံပါတ် ၉ နေရာ၌ ရွေးချယ်ခြင်းခံခဲ့ရသည်။
သူသည် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာအဖြစ် အော်စကာဆုအတွက် ၇ ကြိမ် အမည်စာရင်းတင်သွင်းခံရပြီး The Bridge on the River Kwai နှင့် Lawrence of Arabia ဇာတ်ကားများဖြင့် အကောင်းဆုံး ဒါရိုက်တာ အော်စကာဆု ၂ ကြိမ် ရရှိခဲ့သည်။
(မှတ်ချက်။ The Bridge on the River Kwai ရုပ်ရှင်တွင် ဆောက်လုပ်ခဲ့သော တံတားသည် ထိုင်းနိုင်ငံ ဘန်ပေါင်ခရိုင်မှ မြန်မာနိုင်ငံ သံဖြူဇရပ်မြို့အကြား ဆက်သွယ်ပေးသည့် ၂၅၈ မိုင်ရှည်လျားသော သေမင်းတမန်ရထားလမ်းပေါ်တွင် တည်ရှိကြောင်း ရုပ်ရှင်ထဲတွင် ဖော်ပြသည်။)
(အော်စကာဆု ၂ ကြိမ်ရရှိထားသူ ရုပ်ရှင်ဒါရိုက်တာကြီးသည် အင်္ဂလန်နိုင်ငံ၊ South Croydon မြို့ရှိ ဤအိမ်တွင် မွေးဖွားခဲ့သည်။)
အင်္ဂလန်နိုင်ငံ၊ South Croydon မြို့၊ Blenheim Crescent လမ်းတွင် မွေးဖွားခဲ့သော အော်စကာဆုရှင် ရုပ်ရှင်ဒါရိုက်တာကြီးမှာ ဆာ ဒေးဗစ် လင်း (Sir David Lean) ဖြစ်သည်။
၎င်းသည် ၁၉၀၈ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် မွေးဖွားခဲ့ပြီး ရီးဒင်းမြို့ရှိ Leighton Park ကျောင်းတွင် တက်ရောက်ခဲ့သည်။
Sir David Lean သည် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာအဖြစ် အော်စကာဆုအတွက် ၇ ကြိမ် အမည်စာရင်း တင်သွင်းခံရပြီး The Bridge on the River Kwai နှင့် Lawrence of Arabia ဇာတ်ကားများဖြင့် အကောင်းဆုံး ဒါရိုက်တာ အော်စကာဆု ၂ ကြိမ် ရရှိခဲ့သည်။
(Sir David Lean မွေးဖွားခဲ့ရာ အဆောက်အအုံကြီး၏ မြေညီထပ်မှာ ပေါင် ၃၅၂၀၀၀ ဖြင့် အရောင်းဈေးကွက် ဝင်လာသည်။ ဈေးကွက်တင်ပေးသည်မှာ eXp World UK အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များ ဖြစ်သည်။)
၁၉၆၅ ခုနှစ်က ရုံတင်ခဲ့သော Doctor Zhivago ရုပ်ရှင်သည် သူ၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်အချက်အလက်များအရ အဆိုပါရုပ်ရှင်သည် သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်များ တွင် နံပါတ် ၉ နေရာ၌ ရပ်တည်နေသည်။
Sir David Lean မွေးဖွားခဲ့ရာ အဆောက်အအုံမှာ ယခုအခါ လူနေတိုက်ခန်းများအဖြစ် ပြောင်းလဲဖွဲ့စည်းထားသည်။
(အရောင်းဈေးကွက်ဝင်လာသည့်အခန်းတွင် အိပ်ခန်း ၂ ခန်းပါဝင်ပြီး ပန်းဥယျာဉ်ဆီသို့ပေါက်သည့် တံခါးတစ်ခု ရှိသည်)
ဂရန်ဖြင့် ချထားပေးသည့်အခန်းဖြစ်ပြီး စတုရန်းပေ ၆၉၇ ကျယ်ဝန်းသည်။ အဆောက်အအုံ၏ အပြင်ဘက်ဆီတွင် အပြာရောင်တံဆိပ်ပြားတစ်ခု ကပ်ထားပြီး Sir David Lean မွေးဖွားခဲ့ရာ နေရာဖြစ်ကြောင်း ရေးသားထားသည်။
အဆောက်အအုံ၏ နောက်ဘက်တွင် နေထိုင်သူများ မျှဝေသုံးစွဲနိုင်သော ပန်းဥယျာဉ်တစ်ခု ရှိသည်။
(အဆောက်အအုံနောက်ဘက်မှ ဥယျာဉ်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: An Oscar-winning director was born in this Croydon home... can you guess who? (dailymail)
Photo Credit: dailymail
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service