ခမ်းနား ထည်ဝါ လှပသော Spiral Stair -ကြောင်လိမ်လှေခါး နှင့် Circular Stair တွက်နည်း
ခမ်းနား ထည်ဝါ လှပသော Spiral Stair -ကြောင်လိမ်လှေခါး နှင့် Circular Stair တွက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
27 Jan 2024 1:46 pm တွင် တင်ခဲ့သည်
1137 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ကျွန်တော် အင်/ယာတွေက လူနေအိမ်အဆောက်အဦးတွေ၊ Residential တွေ၊ University တွေ စသဖြင့် Public buildings အတော်များများမှာ လှပခမ်းနားသော ကြောင်လိမ်လှေခါးကြီးတွေကို အခန့်သား တွေ့မြင်ဖူးကြမှာပါ။ တွေ့ဖူး မြင်ဖူးနေသလို ဘယ်လိုတွက်ရလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်ဗျ။
ကြောင်လိမ်လှေခါးရဲ့ သဘောက လှပတယ်၊ခမ်းနားတယ်၊ထည်ဝါတယ်၊ ဝင့်ဝင့်ကြွားကြွားရှိတယ်၊ အမြင်တင့်တယ်၊ ကုန်ကျစရိတ်လည်းများတယ် ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့ သူတွေသာ များသောအားဖြင့် သုံးတာများပါတယ်။
ဘာဖြစ်ဖြစ် ကျွန်တော်တို့ အင်/ယာတွေက တွက်နည်း စဉ်းစားနည်းကို သိကိုသိထားသင့်ပါတယ်။ ဆိုပါတော့ဗျာ ...
ကိုယ့်အိမ်မှာ ကိုယ့်သမီးကို လာတောင်းရမ်းလို့ ပွဲထုတ်တော့မယ်ဆိုရင် .. ညေ့်ပရိတ်သတ်အစုံအလင်နဲ့ အိမ်အောက်ထပ်မှာ စောင့်နေစဉ် အခါမျိုးမှာ အိမ်အပေါ်ထပ် ကြောင်လိမ်လှေခါးကြီးဆီမှ ကျော့ကျော့လေး တစ်ထစ်ချင်း၊ တစ်လှမ်းချင်း ပတ်ကာ ဝေ့ကာ ဆင်းလာမယ့် မြင်ကွင်းက....စဉ်းစားသာကြည့်.....
> ( ကျော့ရှင်းသော ကညာပျိုရယ်၊ ခန့်ညားသော ကြောင်လှိမ်လှေခါးကြီးရယ်။ ကဲကဲ.. စာတွေမဖွဲ့နွဲ့တော့ပါဘူး တွက်နည်းလေးပြောပါတော့မယ်...ဒီလိုဗျ ဒီလို:-)
1. ကြောင်လိမ်တွက်တော့မယ်ဆို Circle (စက်ဝိုင်း) လိုအရင်စဉ်းစားပါ။
2. ထားရှိမယ့် Radius (r) စဉ်းစားပါ။
3. လှေခါးရဲ့ perpendicular Height စဉ်းစားပါ။
4. Riser (အကျော်) စဉ်းစားပါ။
5. Thread (အနင်း) စဉ်းစားပါ၊ တွက်ထုတ်ပါ။
6. လှေခါးထားရှိမယ့် အခန်းအကျယ် စဉ်းစားပါ။
7. ဘယ်ဝိုက်တက်မလား ၊ညာဝိုက်တက်မလား စဉ်းစားပါ။
8. လှေခါးရဲ့ ထားရှိမယ့် အကျယ် စဉ်းစားပါ။
မှတ်ချက်။ ။ ကြောင်လိမ်ထားမယ့်
Radius,r = 15' (at least) ရှိရပါမယ်။ Diameter , d = 30' (at least) ပေါ့။ လှေကားဆောက်ရမှာက Circle ရဲ့ 4 ပုံ 1 ပုံမှာပါ ( 1/4 x Circle ) Eg...ကြောင်လိမ်ထားမယ့်
(1). Radius, r = 16' ဆိုပါစို့..
(2). Perpendicular height, h = 12' Riser စဉ်းစားနည်း
> h=12' = 144"
>> 144" ÷ 6.5" = 22.15 ထစ် (စုံဂဏန်းဖြစ်နေတယ် ဆိုတော့ မ ဂဏန်းရအောင် ပြန်စဉ်းစားပါမယ်) 21 ထစ် >> 144" ÷ 21 = 6.86" (riser) (21 ထစ်ဆို အနင်းက 22 ခု )
(3). riser = 6.86"
Thread (အနင်း) စဉ်းစားနည်း
Circle(စက်ဝိုင်း) = ၂ ခု ဆွဲရပါမယ်
Large circle > Radius, R= 16'
Small circle > radius, r = 10'
( circle ၂ ခုက Centre (အလယ်မှတ်) တစ်ခုတည်းမှ ဆွဲရမှာပါ... အောက်ပါပုံကိုကြည့်ပါ။)
ဆိုတော့..လှေကားအကျယ်က>> 16' - 10' = 6' Large Circle ဘက်က Thread(အနင်း),> Thread, T = 2ΠR/4
= 2Πx 16/4
= 25.13
= 25.13' x 12 (ပေ ကို လက်မပြောင်း)
= 301.59"
= 301.59" ÷ 21 ( အထစ်)
= 14.36" (အနင်း)
Large Thread, T = 14.36" Small Circle ဘက်က Thread(အနင်း),> Thread, T = 2Πr/4 = 2Πx 10/4
= 15.7
= 15.7' x 12 (ပေ ကို လက်မပြောင်း)
= 188.5"
= 188.5" ÷ 21 ( အထစ်)
= 8.98" (အနင်း)
Small Thread, T = 8.98"
ကဲဗျာ.. အဖြေလေးတွေ ပြန်ကောက်ကြည့်ကြမယ်
1. Large radius, R = 16'
2. Small radius, r = 10'
3. perpendicular height, h = 12'
4. nos of Step = 21 nos
5. Riser = 6.86"
6. Large Thread, T = 14.36"
7. Small thread, T = 8.98"
အဆင်ပြေကြမယ် ထင်ပါတယ်ဗျ .....
ဒါကတော့ ကြောင်လိမ်လှေခါးမှာ ပါဝင်မယ့် Data တွေ စဉ်းစားနည်းနဲ့ တွက်နည်းအဆင့်တွေပါပဲ။
မှတ်ချက်။ ။ ညာ ဝိုက်အတက်ဆို ပြန်ဆင်းလာရင် အဆင်းဘက်က Thread (အနင်း) က 9" ထက်တော့ မနည်းစေနဲ့နော့် (ချော်ကြမှာစိုးလို့):-)
လူတစ်ယောက်ရဲ့ ခြေဖဝါး အရှည်က အနည်းဆုံး 9" လောက်ရှိလို့ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Sayar U Wynn Myint(Tgi)
[Zawgyi]
မှတ်ချက်။ ။ ကြောင်လိမ်ထားမယ့်
(1). Radius, r = 16' ဆိုပါစို့..
> h=12' = 144"
(3). riser = 6.86"
= 2Πx 16/4
= 25.13
= 301.59"
= 301.59" ÷ 21 ( အထစ်)
= 14.36" (အနင်း)
= 15.7
= 188.5"
= 188.5" ÷ 21 ( အထစ်)
= 8.98" (အနင်း)
Small Thread, T = 8.98"
1. Large radius, R = 16'
2. Small radius, r = 10'
4. nos of Step = 21 nos
5. Riser = 6.86"
6. Large Thread, T = 14.36"
7. Small thread, T = 8.98"
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service