အိမ်ဆောက်ခွင့် ပါမစ် ဘယ်လိုလျှောက်မလဲ ?

အိမ်ဆောက်ခွင့် ပါမစ် ဘယ်လိုလျှောက်မလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
14 Jan 2024 12:32 pm တွင် တင်ခဲ့သည်
1118 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အိုးအိမ်တိုက်တာဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်ခွင့်ပါမစ်လျှောက်ရန် လိုအပ်ပါသလား? ဘယ်လိုလျှောက်ထားရမလဲဆိုတဲ့ မေးခွန်းအပါအဝင်အမေးအဖြေသုံးခုကို ဒီကနေ့ညမှာ စုံလင်စွာတင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - အိမ်ငှါးလျှင် Commercial Tax 5% ကိုအိမ်ရှင်မှဆောင်ရမည်လား ၊ အိမ်ငှါးဘက်မှဆောင်ရမည်လား ။ အိမ်ရှင်ဘက်မှ Income Tax အပြင် မည်သည့်အခွန်တွေပါပေးဆောင်ရပါသလဲ။

ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ တိုက်ရိုက်ပေးဆောင်ရသည့် အခွန်အမျိုးအစား မဟုတ်ဘဲ၊ ထုတ်လုပ် ရောင်းချသူ၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ဆောင်ရွက်သူ၊ ကုန်စည်တင်သွင်းသူမှ တဆင့်ကောက်ခံသည့် သွယ်ဝိုက်ခွန် အမျိုးအစားဖြစ်ပါတယ်။ အိမ်ငှားရမ်းအား လုပ်ငန်းတစ်ရပ်အနေဖြင့် လုပ်ကိုင်ပါက စီးပွားဖြစ်လုပ်ကိုင်ခြင်းဖြစ်ကာ အခွန်ထမ်းဆောင်ရန်လဲ လိုအပ်ပါသည်။

ငှားရမ်းခြင်းအတွက် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ကာ ကုန်သွယ်ခွန်၊ ရောင်းသူ ထမ်းဆောင်ရသော ဝင်ငွေခွန်အပြင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် အက်ဥပဒေပုဒ်မ-၂၉(ဂ)အရ တံဆိပ်ခေါင်းခွန် ၀.၅% အားလဲ ငှားရမ်းခြင်း အတွက် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

မြေရှင် အိမ်ရှင်ဘက်မှလဲ အကောက်ခွန်ဥပဒေပုဒ်မ ၁၉(ဃ)အရ ငှားရမ်းခြင်းမှ ရရှိသော စုစုပေါင်း ငှားရမ်းခ ငွေအား သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေအပေါ်တွင် သတ်မှတ်ထားသည့် ဝင်ငွေခွန်ဥပဒေပုဒ်မ-(၆)အရ (၁၀%) ဝင်ငွေခွန် ပေးဆောင်ရပါမည်။

ကုန်သည်လုပ်ငန်းခွန်ဥပဒေပုဒ်မ၅(ခ)အရ ငှားရမ်းခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို ငှားရမ်းသူမှ ပေးဆောင်ရမည်ဖြစ်ကာ ငှားရမ်းသူထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅%အား ငှားရမ်းခလ ကုန်ဆုံး ပြီး (၁၀)ရက်အတွင်း ကောက်ခံကာ သက်ဆိုင်ရာမြို့နယ်ရုံးတွင် အငှားချထားသူမှ သွားရောက်ထမ်းဆောင် ပေးသွင်းရပါမည်။ စီးပွားရေးဖြစ်နေအိမ် ငှားရမ်းခြင်းလုပ်ငန်း လုပ်ဆောင်နေတာ မဟုတ်ရင်တော့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း မရှိပါဘူး။

ငှားရမ်းခြင်းအပြင် အရောင်းအဝယ်များတွင်လဲ ထုတ်လုပ်ရောင်းချသူ၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ဆောင်ရွက်သူ၊ ကုန်စည်တင်သွင်းသူတို့မှ ကျသင့်တန်ဖိုးငွေနှင့်အတူ ဝယ်ယူသူထံမှ ကုန်သွယ်လုပ်ငန်းခွန်ကိုပါ တပါတည်း ကောက်ခံ၍ အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါတယ်။

 

မေးခွန်း (၂) - မိမိအိမ်အား ကာယကံရှင်ခွင့်ပြုချက်မရှိပါဘဲအခြားအိမ်မှကိုယ်ကျိုးအလို့ငှာ သတ်မှတ်ထားသော စည်းကို ကျော်၍ မိမိပိုင်အိမ်အားကပ်၍ ဆောက်ထားသည်မှာတရားဝင်ပါသလား။

နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းမှ မိမိပိုင်နက်အတွင်း ကျူးကျော်ဆောက်လုပ်ပြီး မြေနယ်နိမိတ်နှင့် ပတ်သတ်၍ အငြင်းပွားမှုပေါ်ပေါက်လာသည့်အခါ လိုင်စင်ရမြေတိုင်းစာရေးဖြင့် မိမိ မြေကွက်အား တိုင်းတာခြင်းပြုလုပ်နိုင်ပါသည်။

ထို့အပြင် ကြေးတိုင်နှင့်မြေစာရင်းဌာနသို့ မြေတိုင်းတာခြင်းလျှောက်ထားကာ မြေတိုင်း ကော်မရှင် နှင့် တိုင်းတာမှုပြုပါကလဲ ပြေလည်ခြင်းများ ရှိပါသည်။ မိမိမြေကွက်ကို ကျူးကျော်ခြင်းခံရပါက ကာလစည်းကမ်းချက်အတွင်း ဖြေရှင်းဆောင်ရွက်ဖို့လိုပါသည်။ ဖြေရှင်းဆောင်ရွက်မှု အဆင်မပြေပါက တရားရုံး အမိန့်တစ်ရပ်ရယူရန် အမှုဖွင့်လှစ်ဆောင်ရွက်ရပါသည်။ တရားမမှုများတွင် မြေကွက်မှာ မိမိပိုင် နယ်နိမိတ် ဖြစ်ကြောင်း မြွတ်ဟကြေငြာပေးစေလိုမှု စွဲဆိုနိုင်ပါသည်။

မြေတိုင်းအရာရှိမှ မြေတိုင်းတာသည့်အချိန်တွင် နယ်နိမိတ်နှင့်စပ်ဆိုင်နေသည့် မြေရှင်များ (သို့) လက်ရှိမြေကွက်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် အိမ်နီးချင်းမြေပိုင်ရှင်များအား လာရောက်ကြရန် အုပ်ချုပ်ရေးမှူးမှ တဆင့် ကြိုတင်အကြောင်းကြားမှုပြုပါတယ်။

ထို့ပြင်နိနမိတ်တိုင်းတာရန်အတွက် လျှောက်ထားသည့်အခါ

၁။မြေအမည်ပေါက်သူ(သို့) မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာရသူ၏ မှတ်ပုံတင်မိတ္တူ

၂။ဂရန်မြေဖြစ်ပါက ဂရန်စာချုပ် မိတ္တူ

၃။ဘိုးဘပိုင်မြေဖြစ်ပါက မှတ်ပုံတင်မိတ္တူ

၄။မြို့ကွက်သစ်မြေဖြစ်ပါက မြေချထားမိန့်၊ငွေသွင်းပြေစာမိတ္တူ

၅။မီးလောင်မြေဖြစ်ပါက မီးလောင်မြေနေရာချထားမိန့် မိတ္တူတို့ လိုအပ်ပါသည်။

တရားရုံးတွင် ဖြေရှင်း ဆောင်ရွက်ရသည်ရှိသော တရားရင်ဆိုင်နေရသည့် အထောက်အထား၊ သက်ဆိုင်ရာ တရားရုံး ဆုံးဖြတ်ချက်၊ အမိန့်ဒီကရီ မိတ္တူများ ပါဝင်ကာ လျှောက်ထားရမည်။

အိမ်ဆောက်လုပ်ခြင်းများတွင်လဲ စည်ပင်သာယာရေးကော်မတီထံသို့ မြေပိုင်ဆိုင်မှု အထောက်အ ထားများ ပူးတွဲတင်ပြပြီး ဆောက်လုပ်ခွင့်ပါမစ် လျှောက်ထားရယူရမည်ဖြစ်ကာ မိမိအိမ်နီးချင်းမှ အိမ်ဆောက်သည့်အခါ စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ မြို့နယ်အလိုက် အထပ်အမြင့် အလိုက် သတ်မှတ်ပေအတိုင်း အဆောက်အအုံအား ခြံစည်းနှင့် ခွာဆောက်ရမည်ဖြစ်ပါသည်။ ဆောက်လုပ်ခွင့်တင်သည့်အခါ ဘေးပတ်ဝန်းကျင်၏ ထောက်ခံချက်လဲ တောင်းယူကြည့်ရှုပါသည်။ ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်ပါက ဖယ်ရှားပေးရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်သည်အထိ ဖယ်ရှားမှု မပြုပါက အရေးယူခံခြင်းလဲ ခံရမည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

 

 

မေးခွန်း (၃) - အိမ်ဆောက်ချင်လို့ အိမ်ဆောက်ခွင့်ပါမစ် ဘယ်လိုလျှောက်ရမယ်ဆိုတာ သိချင်ပါတယ်။

မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ မှန်ကန်မှုရှိသည့် မြေပေါ်တွင် (၃) ထပ်တိုက်ထိ အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ခွင့်ပြုမိန့်ရရှိရန် လျှောက်ထားလိုပါက ...

- (မြေရှင်(သို့မဟုတ်) GP/SP)ဖြင့် လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊ဂရန်မိတ္တူ၊ (၁) နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ (D/Map )မိတ္တူ၊ မိသားစုလုံးချင်းနှင့် စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ လက်မှတ်ရေးထိုးတင်ပြရန်၊ ကန်ထရိုက်တိုက်ပုံစံ ဆောက်လုပ်ရန်ဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရ ကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာတို့မှ လက်မှတ်ရေးထိုးကာ တင်ပြရန်၊ ကန်ထရိုက်တိုက်နှင့် စီးပွားရေးလုပ်ငန်းသုံး ဖြစ်ပါက မီးသတ်ဦး စီးဌာန၏ အကြံပြုချက် နှင့် အတည်ပြုမှုတို့ တင်ပြရပါမည်။

ထို့အပြင်

၁။ ဌာနမှ သတ်မှတ်ထားသော ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံ။

၂။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာမှ အဆောက်အအုံအား ကြီးကြပ်မည်ဖြစ်ကြောင်း တင်ပြလွှာ။

၃။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါကဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်။

၄။အရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်။

၅။ ဘေးဘက်အား ၃’ပေနှင့် အထက်မြေချန်ထားခြင်းမရှိပါက ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားမှတ်ချက်။

၆။ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံဖြစ်ပါက ဘေးပတ်ဝန်းကျင် မြေပိုင်ရှင်(၁၀) ဦး၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်လဲ ပူးတွဲ တင်ပြပေးရမည်။

၇။ အဆောက်အအုံခိုင်ခံ့မှုအား မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြ ချက်လိုအပ်ပါသည်။

၈။ အဆောက်အအုံဟောင်း ဖျက်သိမ်းခွင့် လျှောက်လွှာပုံစံ။

၉။ ဘေးကပ်လျက်ရှိသော အဆောက်အအုံများ ပျက်စီးမှုမရှိအောင် အဆောက်အအုံအား ဖျက်သိမ်းမည်ဖြစ် ကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာနှင့် မြေရှင်တို့၏ ခံဝန်ကတိ တင်ပြရမည်။

၁၀။ GP/SP ဖြင့် လျှောက်ထားမည်ဆိုပါက မြေရှင်သက်ရှိ ထင်ရှားရှိကြောင်း၊ ကိုယ်စားလှယ်စာ လွှဲအပ်ထား သည်မှာ မှန်ကန်ကြောင်း မြေရှင်က တင်ပြပေးရမည်။

၁၁။ ကန်ထရိုက်တိုက်ပုံစံ ဆောက်လုပ်မည်ဆိုပါက လျှောက်ထားသူ ၊ လိုင်စင်ရ ကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြချက်တို့ပါရှိကာ ဆောက်လုပ်ခွင့်တင်ရှိရမည်ဖြစ်ပါသည်။

(၄) ထပ်တိုက်နှင့် (၈) ထပ်တိုက် အဆောက်အအုံဆောက်လုပ်ခွင့်နှင့် ( ၉) ထပ်နှင့် အထက်အဆောက်အအုံများ ဆောက်လုပ်လိုပါကလဲ Proposal များ သီးခြားတင်ပြရကာ သတ်မှတ်ချက်များပြည့်မှီမှသာ ဆောက်လုပ်ခွင့် ပါမစ်အား မြိုတော်စည်ပင်သာယာရေးကော်မတီမှ ချပေးမှာဖြစ်ပါတယ်။

(၃ ) ထပ်နှင့်အောက် အဆောက်အအုံဆိုလျှင်တော့ မြို့ နယ်စည်ပင်တွင်ပင် လျှောက်ထားနိုင်ပြီး (၄) ထပ်မှစပြီး အထပ်မြင့်များ ဆောက်လုပ်လိုပါက မြို့တော်စည်ပင် သာယာရေးကောမတီထံတွင် လျှောက်ထားမှု ပြုရပါမည် ဆိုသည့်အကြောင်း ဖြေဆိုရေးသားပေးလိုက်ပါတယ်။

 

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

 

အိမ္ေဆာက္ခြင့္ ပါမစ္ ဘယ္လိုေလွ်ာက္မလဲ ?

 

အိုးအိမ္တိုက္တာေဆာက္လုပ္တဲ့အခါမွာ ေဆာက္လုပ္ခြင့္ပါမစ္ေလွ်ာက္ရန္ လိုအပ္ပါသလား? ဘယ္လိုေလွ်ာက္ထားရမလဲဆိုတဲ့ ေမးခြန္းအပါအဝင္အေမးအေျဖသုံးခုကို ဒီကေန႔ညမွာ စုံလင္စြာတင္ဆက္ေပးထားပါတယ္။

 

ေမးခြန္း (၁) - အိမ္ငွါးလွ်င္ Commercial Tax 5% ကိုအိမ္႐ွင္မွေဆာင္ရမည္လား ၊ အိမ္ငွါးဘက္မွေဆာင္ရမည္လား ။ အိမ္႐ွင္ဘက္မွ Income Tax အျပင္ မည္သည့္အခြန္ေတြပါေပးေဆာင္ရပါသလဲ။

 

ကုန္သြယ္လုပ္ငန္းခြန္ဆိုသည္မွာ တိုက္႐ိုက္ေပးေဆာင္ရသည့္ အခြန္အမ်ိဳးအစား မဟုတ္ဘဲ၊ ထုတ္လုပ္ ေရာင္းခ်သူ၊ ကုန္သြယ္မႈ၊ ဝန္ေဆာင္မႈ ေဆာင္႐ြက္သူ၊ ကုန္စည္တင္သြင္းသူမွ တဆင့္ေကာက္ခံသည့္ သြယ္ဝိုက္ခြန္ အမ်ိဳးအစားျဖစ္ပါတယ္။ အိမ္ငွားရမ္းအား လုပ္ငန္းတစ္ရပ္အေနျဖင့္ လုပ္ကိုင္ပါက စီးပြားျဖစ္လုပ္ကိုင္ျခင္းျဖစ္ကာ အခြန္ထမ္းေဆာင္ရန္လဲ လိုအပ္ပါသည္။

ငွားရမ္းျခင္းအတြက္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရမည္ျဖစ္ကာ ကုန္သြယ္ခြန္၊ ေရာင္းသူ ထမ္းေဆာင္ရေသာ ဝင္ေငြခြန္အျပင္ ျမန္မာႏိုင္ငံတံဆိပ္ေခါင္းခြန္ အက္ဥပေဒပုဒ္မ-၂၉(ဂ)အရ တံဆိပ္ေခါင္းခြန္ ၀.၅% အားလဲ ငွားရမ္းျခင္း အတြက္ ထမ္းေဆာင္ရမည္ျဖစ္ပါသည္။

ေျမ႐ွင္ အိမ္႐ွင္ဘက္မွလဲ အေကာက္ခြန္ဥပေဒပုဒ္မ ၁၉(ဃ)အရ ငွားရမ္းျခင္းမွ ရ႐ွိေသာ စုစုေပါင္း ငွားရမ္းခ ေငြအား သက္သာခြင့္မ်ားႏုတ္ပယ္ၿပီး က်န္ေငြအေပၚတြင္ သတ္မွတ္ထားသည့္ ဝင္ေငြခြန္ဥပေဒပုဒ္မ-(၆)အရ (၁၀%) ဝင္ေငြခြန္ ေပးေဆာင္ရပါမည္။

ကုန္သည္လုပ္ငန္းခြန္ဥပေဒပုဒ္မ၅(ခ)အရ ငွားရမ္းျခင္းအတြက္ ကုန္သြယ္လုပ္ငန္းခြန္ကို ငွားရမ္းသူမွ ေပးေဆာင္ရမည္ျဖစ္ကာ ငွားရမ္းသူထံမွ ကုန္သြယ္လုပ္ငန္းခြန္ ၅%အား ငွားရမ္းခလ ကုန္ဆုံး ၿပီး (၁၀)ရက္အတြင္း ေကာက္ခံကာ သက္ဆိုင္ရာၿမိဳ႕နယ္႐ုံးတြင္ အငွားခ်ထားသူမွ သြားေရာက္ထမ္းေဆာင္ ေပးသြင္းရပါမည္။ စီးပြားေရးျဖစ္ေနအိမ္ ငွားရမ္းျခင္းလုပ္ငန္း လုပ္ေဆာင္ေနတာ မဟုတ္ရင္ေတာ့ ကုန္သြယ္လုပ္ငန္းခြန္ က်သင့္ျခင္း မ႐ွိပါဘူး။

ငွားရမ္းျခင္းအျပင္ အေရာင္းအဝယ္မ်ားတြင္လဲ ထုတ္လုပ္ေရာင္းခ်သူ၊ ကုန္သြယ္မႈ၊ ဝန္ေဆာင္မႈ ေဆာင္႐ြက္သူ၊ ကုန္စည္တင္သြင္းသူတို႔မွ က်သင့္တန္ဖိုးေငြႏွင့္အတူ ဝယ္ယူသူထံမွ ကုန္သြယ္လုပ္ငန္းခြန္ကိုပါ တပါတည္း ေကာက္ခံ၍ အခြန္ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါတယ္။

 

 

ေမးခြန္း (၂) - မိမိအိမ္အား ကာယကံ႐ွင္ခြင့္ျပဳခ်က္မ႐ွိပါဘဲအျခားအိမ္မွကိုယ္က်ိဳးအလို႔ငွာ သတ္မွတ္ထားေသာ စည္းကို ေက်ာ္၍ မိမိပိုင္အိမ္အားကပ္၍ ေဆာက္ထားသည္မွာတရားဝင္ပါသလား။

နယ္နိမိတ္ထိစပ္ေနေသာ အိမ္နီးခ်င္းမွ မိမိပိုင္နက္အတြင္း က်ဴးေက်ာ္ေဆာက္လုပ္ၿပီး ေျမနယ္နိမိတ္ႏွင့္ ပတ္သတ္၍ အျငင္းပြားမႈေပၚေပါက္လာသည့္အခါ လိုင္စင္ရေျမတိုင္းစာေရးျဖင့္ မိမိ ေျမကြက္အား တိုင္းတာျခင္းျပဳလုပ္ႏိုင္ပါသည္။

ထို႔အျပင္ ေၾကးတိုင္ႏွင့္ေျမစာရင္းဌာနသို႔ ေျမတိုင္းတာျခင္းေလွ်ာက္ထားကာ ေျမတိုင္း ေကာ္မ႐ွင္ ႏွင့္ တိုင္းတာမႈျပဳပါကလဲ ေျပလည္ျခင္းမ်ား ႐ွိပါသည္။ မိမိေျမကြက္ကို က်ဴးေက်ာ္ျခင္းခံရပါက ကာလစည္းကမ္းခ်က္အတြင္း ေျဖ႐ွင္းေဆာင္႐ြက္ဖို႔လိုပါသည္။ ေျဖ႐ွင္းေဆာင္႐ြက္မႈ အဆင္မေျပပါက တရား႐ုံး အမိန္႔တစ္ရပ္ရယူရန္ အမႈဖြင့္လွစ္ေဆာင္႐ြက္ရပါသည္။ တရားမမႈမ်ားတြင္ ေျမကြက္မွာ မိမိပိုင္ နယ္နိမိတ္ ျဖစ္ေၾကာင္း ႁမြတ္ဟေၾကျငာေပးေစလိုမႈ စြဲဆိုႏိုင္ပါသည္။

ေျမတိုင္းအရာ႐ွိမွ ေျမတိုင္းတာသည့္အခ်ိန္တြင္ နယ္နိမိတ္ႏွင့္စပ္ဆိုင္ေနသည့္ ေျမ႐ွင္မ်ား (သို႔) လက္႐ွိေျမကြက္တြင္ အလုပ္လုပ္ကိုင္ေနသူမ်ားႏွင့္ အိမ္နီးခ်င္းေျမပိုင္႐ွင္မ်ားအား လာေရာက္ၾကရန္ အုပ္ခ်ဳပ္ေရးမႉးမွ တဆင့္ ႀကိဳတင္အေၾကာင္းၾကားမႈျပဳပါတယ္။

ထို႔ျပင္နိနမိတ္တိုင္းတာရန္အတြက္ ေလွ်ာက္ထားသည့္အခါ

၁။ေျမအမည္ေပါက္သူ(သို႔) မွတ္ပုံတင္ကိုယ္စားလွယ္လႊဲစာရသူ၏ မွတ္ပုံတင္မိတၱဴ

၂။ဂရန္ေျမျဖစ္ပါက ဂရန္စာခ်ဳပ္ မိတၱဴ

၃။ဘိုးဘပိုင္ေျမျဖစ္ပါက မွတ္ပုံတင္မိတၱဴ

၄။ၿမိဳ႕ကြက္သစ္ေျမျဖစ္ပါက ေျမခ်ထားမိန္႔၊ေငြသြင္းေျပစာမိတၱဴ

၅။မီးေလာင္ေျမျဖစ္ပါက မီးေလာင္ေျမေနရာခ်ထားမိန္႔ မိတၱဴတို႔ လိုအပ္ပါသည္။

တရား႐ုံးတြင္ ေျဖ႐ွင္း ေဆာင္႐ြက္ရသည္႐ွိေသာ တရားရင္ဆိုင္ေနရသည့္ အေထာက္အထား၊ သက္ဆိုင္ရာ တရား႐ုံး ဆုံးျဖတ္ခ်က္၊ အမိန္႔ဒီကရီ မိတၱဴမ်ား ပါဝင္ကာ ေလွ်ာက္ထားရမည္။

အိမ္ေဆာက္လုပ္ျခင္းမ်ားတြင္လဲ စည္ပင္သာယာေရးေကာ္မတီထံသို႔ ေျမပိုင္ဆိုင္မႈ အေထာက္အ ထားမ်ား ပူးတြဲတင္ျပၿပီး ေဆာက္လုပ္ခြင့္ပါမစ္ ေလွ်ာက္ထားရယူရမည္ျဖစ္ကာ မိမိအိမ္နီးခ်င္းမွ အိမ္ေဆာက္သည့္အခါ စည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံဌာနမွ ၿမိဳ႕နယ္အလိုက္ အထပ္အျမင့္ အလိုက္ သတ္မွတ္ေပအတိုင္း အေဆာက္အအုံအား ျခံစည္းႏွင့္ ခြာေဆာက္ရမည္ျဖစ္ပါသည္။ ေဆာက္လုပ္ခြင့္တင္သည့္အခါ ေဘးပတ္ဝန္းက်င္၏ ေထာက္ခံခ်က္လဲ ေတာင္းယူၾကည့္႐ႈပါသည္။ ခြင့္ျပဳခ်က္ မရ႐ွိဘဲ ေဆာက္လုပ္ပါက ဖယ္႐ွားေပးရမည္ျဖစ္ၿပီး သတ္မွတ္ရက္ေက်ာ္လြန္သည္အထိ ဖယ္႐ွားမႈ မျပဳပါက အေရးယူခံျခင္းလဲ ခံရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

 

 

ေမးခြန္း (၃) - အိမ္ေဆာက္ခ်င္လို႔ အိမ္ေဆာက္ခြင့္ပါမစ္ ဘယ္လိုေလွ်ာက္ရမယ္ဆိုတာ သိခ်င္ပါတယ္။

ေျမပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းမ်ား မွန္ကန္မႈ႐ွိသည့္ ေျမေပၚတြင္ (၃) ထပ္တိုက္ထိ အေဆာက္အအုံ ေဆာက္လုပ္ရန္အတြက္ ခြင့္ျပဳမိန္႔ရ႐ွိရန္ ေလွ်ာက္ထားလိုပါက ...

- (ေျမ႐ွင္(သို႔မဟုတ္) GP/SP)ျဖင့္ ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစီစစ္ေရးကတ္ျပားမိတၱဴ၊ဂရန္မိတၱဴ၊ (၁) ႏွစ္အတြင္း ထုတ္ေပးထားေသာ ေျမပုံ (D/Map )မိတၱဴ၊ မိသားစုလုံးခ်င္းႏွင့္ စီးပြားေရးလုပ္ငန္းသုံး အေဆာက္အအုံျဖစ္ပါက ေလွ်ာက္ထားသူႏွင့္ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ / ဗိသုကာတို႔မွ လက္မွတ္ေရးထိုးတင္ျပရန္၊ ကန္ထ႐ိုက္တိုက္ပုံစံ ေဆာက္လုပ္ရန္ျဖစ္ပါက ေလွ်ာက္ထားသူ၊ လိုင္စင္ရ ကန္ထ႐ိုက္တာ (LC) ႏွင့္ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ /ဗိသုကာတို႔မွ လက္မွတ္ေရးထိုးကာ တင္ျပရန္၊ ကန္ထ႐ိုက္တိုက္ႏွင့္ စီးပြားေရးလုပ္ငန္းသုံး ျဖစ္ပါက မီးသတ္ဦး စီးဌာန၏ အၾကံျပဳခ်က္ ႏွင့္ အတည္ျပဳမႈတို႔ တင္ျပရပါမည္။

ထို႔အျပင္

၁။ ဌာနမွ သတ္မွတ္ထားေသာ ေဆာက္လုပ္ခြင့္ ေလွ်ာက္လႊာပုံစံ။

၂။ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ / ဗိသုကာမွ အေဆာက္အအုံအား ႀကီးၾကပ္မည္ျဖစ္ေၾကာင္း တင္ျပလႊာ။

၃။ ျပႆနာတစ္စုံတစ္ရာ ေပၚေပါက္ပါကဌာန၏ ၫႊန္ၾကားခ်က္ကို လိုက္နာေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဝန္ခံကတိျပဳခ်က္။

၄။အ႐ႈပ္အ႐ွင္းကင္း႐ွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံခ်က္။

၅။ေဘးဘက္အား ၃’ေပႏွင့္ အထက္ေျမခ်န္ထားျခင္းမ႐ွိပါက ေဘးကပ္လ်က္ ေျမကြက္ပိုင္႐ွင္မ်ား၏ သေဘာထားမွတ္ခ်က္။

၆။ စီးပြားေရးလုပ္ငန္းသုံး အေဆာက္အအုံျဖစ္ပါက ေဘးပတ္ဝန္းက်င္ ေျမပိုင္႐ွင္(၁၀) ဦး၏ ကန္႔ကြက္ရန္ မ႐ွိေၾကာင္း ေထာက္ခံခ်က္လဲ ပူးတြဲ တင္ျပေပးရမည္။

၇။ အေဆာက္အအုံခိုင္ခံ့မႈအား မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာမွ တာဝန္ယူေၾကာင္း ခံဝန္ကတိတင္ျပ ခ်က္လိုအပ္ပါသည္။

၈။ အေဆာက္အအုံေဟာင္း ဖ်က္သိမ္းခြင့္ ေလွ်ာက္လႊာပုံစံ။

၉။ ေဘးကပ္လ်က္႐ွိေသာ အေဆာက္အအုံမ်ား ပ်က္စီးမႈမ႐ွိေအာင္ အေဆာက္အအုံအား ဖ်က္သိမ္းမည္ျဖစ္ ေၾကာင္း မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ / ဗိသုကာႏွင့္ ေျမ႐ွင္တို႔၏ ခံဝန္ကတိ တင္ျပရမည္။

၁၀။ GP/SP ျဖင့္ ေလွ်ာက္ထားမည္ဆိုပါက ေျမ႐ွင္သက္႐ွိ ထင္႐ွား႐ွိေၾကာင္း၊ ကိုယ္စားလွယ္စာ လႊဲအပ္ထား သည္မွာ မွန္ကန္ေၾကာင္း ေျမ႐ွင္က တင္ျပေပးရမည္။

၁၁။ ကန္ထ႐ိုက္တိုက္ပုံစံ ေဆာက္လုပ္မည္ဆိုပါက ေလွ်ာက္ထားသူ ၊ လိုင္စင္ရ ကန္ထ႐ိုက္တာ (LC) ႏွင့္ မွတ္ပုံတင္ လက္မွတ္ရ အင္ဂ်င္နီယာ / ဗိသုကာတို႔မွ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားအား လိုက္နာ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ခံဝန္ကတိတင္ျပခ်က္တို႔ပါ႐ွိကာ ေဆာက္လုပ္ခြင့္တင္႐ွိရမည္ျဖစ္ပါသည္။

(၄) ထပ္တိုက္ႏွင့္ (၈) ထပ္တိုက္ အေဆာက္အအုံေဆာက္လုပ္ခြင့္ႏွင့္ ( ၉) ထပ္ႏွင့္ အထက္အေဆာက္အအုံမ်ား ေဆာက္လုပ္လိုပါကလဲ Proposal မ်ား သီးျခားတင္ျပရကာ သတ္မွတ္ခ်က္မ်ားျပည့္မွီမွသာ ေဆာက္လုပ္ခြင့္ ပါမစ္အား ၿမိဳေတာ္စည္ပင္သာယာေရးေကာ္မတီမွ ခ်ေပးမွာျဖစ္ပါတယ္။

(၃ ) ထပ္ႏွင့္ေအာက္ အေဆာက္အအုံဆိုလွ်င္ေတာ့ ၿမိဳ႕ နယ္စည္ပင္တြင္ပင္ ေလွ်ာက္ထားႏိုင္ၿပီး (၄) ထပ္မွစၿပီး အထပ္ျမင့္မ်ား ေဆာက္လုပ္လိုပါက ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာမတီထံတြင္ ေလွ်ာက္ထားမႈ ျပဳရပါမည္ ဆိုသည့္အေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါတယ္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ
မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။...
မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။...
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှ
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟော
ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟော
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
Mark Zuckerberg က ရေလွှာလျှောစီးရင်း ဘီယာသောက်ခဲ့သည့် ဗွီဒီယိုထွက်ပေါ်လာပြီးနောက် Elon Musk က “ကျုပ်ကတော့ အလုပ်လုပ်ရတာကိ
Mark Zuckerberg က ရေလွှာလျှောစီးရင်း ဘီယာသောက်ခဲ့သည့် ဗွီဒီယိုထွက်ပေါ်လာပြီးနောက် Elon Musk က “ကျုပ်ကတော့ အလုပ်လုပ်ရတာကိ
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
sweet-dream
Pan Swal Taw Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service