အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဂရန့်ကာဒွန်းက အမေရိကတွင် အိမ်ခြံမြေဈေးများ အကြီးအကျယ်ထိုးကျမည်ဖြစ်ပြီး ရုံးခန်းနှင့် လူနေခန်းများ၏ဈေးနှုန်းများ အလွန်ဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်မည်ဟု ဟောကိန်းထုတ်
အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဂရန့်ကာဒွန်းက အမေရိကတွင် အိမ်ခြံမြေဈေးများ အကြီးအကျယ်ထိုးကျမည်ဖြစ်ပြီး ရုံးခန်းနှင့် လူနေခန်းများ၏ဈေးနှုန်းများ အလွန်ဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်မည်ဟု ဟောကိန်းထုတ် - Property News in Myanmar from iMyanmarHouse.com
26 Dec 2023 10:33 am တွင် တင်ခဲ့သည်
1090 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စုတွင် အိမ်ခြံမြေဈေးနှုန်းများ သမိုင်းဝင် ထိုးကျမည်ဖြစ်ပြီး ရဲရင့်သော ဝယ်လက်များ အနေဖြင့် လျှော့ဈေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဂရန့်ကာဒွန်းက ဟောကိန်းထုတ်လိုက်သည်။
“ကျွန်တော့်ဘဝတလျှောက် အကြီးမားဆုံးသော အိမ်ခြံမြေဈေး ချိန်ညှိမှု ကာလထဲကို ဖြတ်သန်းနေကြပြီ ဖြစ်ပါတယ်”ဟု ဂရန့် ကာဒွန်းက Fox Business သတင်းဌာနနှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
(အိမ်ခြံမြေဈေးနှုန်းများ အလွန်တက်နေလျှင် အစိုးရက ဈေးထိန်း ချိန်ညှိပေးမှုများ ပြုလုပ်ရာ ငွေကြေးဖောင်းပွမှု ကို ထိန်းချုပ်သည့်အနေဖြင့် အတိုးနှုန်းကို မြှင့်တင်လေ့ရှိသည်။ အတိုးနှုန်းမြင့်မားနေပါက ငွေချေးယူရခြင်းမှာ ပေးဆပ်ရမည့်ပမာဏမြင့်မားလာမည် ဖြစ်သည်။ အိမ်ခြံမြေကဏ္ဍတွင်ဆိုလျှင် အိမ်ခြံမြေချေးငွေအတိုးနှုန်း (mortgage rates) များ မြင့်မားပါက ချေးငွေဖြင့် အိမ်ဝယ်မည့်သူများအတွက် တန်ဖိုးမသက်သာတော့ချေ။ ထိုအခါ အိမ်ခြံမြေဝယ်ယူမှု ကျဆင်းသွားပြီး ကာလအတန်ကြာ ဈေးကွက်အေးနေပြီးနောက် အိမ်ခြံမြေ ဈေးများ ကျဆင်းလာစေခြင်း ဖြစ်သည်)
“ဒီလို ဈေးနှုန်းကျဆင်းမှုမှာ လုံးချင်းအိမ်တွေ ပါဝင်လိမ့်မှာ မဟုတ်ပါဘူး။ ရုံးခန်းတွေ (လက်ရှိအားဖြင့်လည်း ကျဆင်းမှုတွေ တွေ့နေရပါပြီ) နဲ့ တိုက်ခန်းတွေအားလုံးမှာ တွေ့ရမှာ ဖြစ်ပါတယ်”ဟု ကာဒွန်းက ဆက်လက် ပြောကြားသည်။
“ဒါက သာမန်လူတွေအတွက် အိမ်ခြံမြေဝယ်ယူဖို့ အခွင့်ကောင်းကြီး ဖြစ်လာပါတော့မယ်။ ဒီနိုင်ငံမှာ ဒါမျိုး လုံးဝမဖြစ်ခဲ့ဖူးပါဘူး။ ဒါဟာ ကြီးမားတဲ့အတိုင်းအတာအထိ သွားပါလိမ့်မယ်”
ဂရန့်ကာဒွန်းသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Cardone Capital ၏ တည်ထောင်သူ၊ စီအီးအို ဖြစ်သည်။
Cardone Capital က စီမံခန့်ခွဲနေသော asset များ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိပြီး လူနေခန်း ပေါင်း ၁၂၀၀၀ ကျော်နှင့် ကူးသန်းရောင်းဝယ်ရေး ရုံးခန်းနေရာ စတုရန်းပေ ၅၀၀၀၀၀ ကျော် ပါဝင်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍမှာ ယခုနှစ်အတွင်း ဆိုးရွားသော ဖိအားများနှင့် ရင်ဆိုင်နေရသည်။
Developer တို့မှာ ဘဏ်ငယ်ကလေးများ၏ ချေးငွေပေါ်တွင် ကြီးမားစွာ မှီခိုနေကြရသည်။
ယခုနွေရာသီတွင် ပြည်တွင်း ဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့် ဘဏ်ငယ်များမှာ ချေးငွေထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့သည်။
ဗဟိုဘဏ်ကလည်း အတိုးနှုန်းကို ၀ ရာခိုင်နှုန်းနီးပါးမှ ၅ ရာခိုင်နှုန်းအထက် လွန်ခဲ့သောနွေဦးပေါက်ကတည်းက မြှင့်တင်ခဲ့သည်။
ထို့ကြောင့် ငွေချေးယူရမှုမှာ ပြန်လည်ပေးဆပ်ရမှု ပိုမိုကြီးမားလာသောကြောင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေတို့၏ ဈေးနှုန်းများကို ဆွဲချသွားခဲ့သည်။
ဂရန့် ကာဒွန်းက ရုံးခန်းနှင့် လူနေခန်းတို့၏ ဈေးနှုန်း ၂ ခုလုံး ထိုးကျမည်ဟု ဟောကိန်းထုတ်ထားသည်။
၎င်းသည် အဆိုပါ အိမ်ခြံမြေကဏ္ဍ ၂ ရပ်လုံးတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားသူ ဖြစ်သည်။
(ဆက်စပ်သတင်း)
ချမ်းသာချင်ရင် မနက် ၉ နာရီကနေ ညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူ အိမ်ခြံမြေသူဌေးကြီး ဂရန့်ကာဒွန်း
https://www.imyanmarhouse.com/news/read/545269
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Elite investor Grant Cardone predicts a historic real-estate slump will slash office and apartment values to bargain levels (businessinsider)
[Zawgyi]
“ကျွန်တော့်ဘဝတစ်ေလျှာက် အကြီးမားဆုံးသော အိမ်ခြံမြေဈေး ချိန်ညှိမှု ကာလထဲကို ဖြတ်သန်းနေကြပြီ ဖြစ်ပါတယ်”ဟု ဂရန့် ကာဒွန်းက Fox Business သတင်းဌာနနှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service