ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် ပါဝင်ပြီး သာယာလှပသော်လည်း လာရောက်လည်ပတ်သော ကမ္ဘာ့လှည့် ခရီးသည် အလွန်နည်းပါးသော နိုင်ငံကလေး

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် ပါဝင်ပြီး သာယာလှပသော်လည်း လာရောက်လည်ပတ်သော ကမ္ဘာ့လှည့် ခရီးသည် အလွန်နည်းပါးသော နိုင်ငံကလေး - Property News in Myanmar from iMyanmarHouse.com
4 Dec 2023 10:22 am တွင် တင်ခဲ့သည်
900 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဤနိုင်ငံကလေးသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အလယ်ခေတ်ရဲတိုက်များ ၊ တောင်တန်းရှုမျှော်ခင်းများဖြင့် လူသိများသည်။

ထိုနိုင်ငံလေး၏ အမည်မှာ လက်တင်စတိုင်း (Liechtenstein) ဖြစ်သည်။ လက်တင်စတိုင်းသည် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှု အနည်းပါးဆုံးနိုင်ငံများတွင် ပါဝင်ပြီး ၂၀၂၃ ခုနှစ်အတွင်း လာရောက်လည်ပတ်သူ ၈၅၀၀၀ မျှသာရှိသည်။

Lonely Planet တွင် ဖော်ပြချက်အရ လက်တင်စတိုင်းသည် နိုင်ငံငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ဒဏ္ဍာရီ များဖြင့် ပြည့်နှက်နေကြောင်း ၊ တောင်တန်းများကြားတွင် တည်ရှိပြီး ရဲတိုက်ကြီးများ အတိပြီးကာ မင်းသား တစ်ပါးက အုပ်ချုပ်ကြောင်း ဖော်ပြသည်။

လက်တင်စတိုင်းသည် ၆၂ စတုရန်းမိုင် (၁၆၀ ကီလိုမီတာ) သာရှိသော နိုင်ငံငယ်လေးဖြစ်ပြီး မြန်မာနိုင်ငံမှ မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ် ၂ ခုပေါင်းအကျယ်အဝန်းမျှသာ ရှိသည်။

လက်တင်စတိုင်းသည် နိုင်ငံသက်တမ်း နည်းပါးသောနိုင်ငံလည်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံသက်တမ်း နှစ် ၃၀၀ သာ ရှိသေးသည်။

သို့သော် ကမ္ဘာလှည့်ခရီးသည်တို့အား စွဲဆောင်နိုင်သောနေရာ အများအပြားရှိရာ Schloss Vaduz ရဲတိုက်၊ Burg Gutenberg ရဲတိုက်နှင့် St Florin ဘုရားကျောင်းတို့ အပါအဝင်ဖြစ်သည်။

လူဦးရေမှာ ၄၀၀၀၀ အောက်သာရှိပြီး တစ်ဦးချင်းဝင်ငွေမှာ ပေါင် ၁၄၈၀၀၀ (ကန်ဒေါ်လာ ၁၈၄၀၀၀) ရှိရာ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးနိုင်ငံများတွင် အပါအဝင် ဖြစ်သည်။

 

 

(St Florin ဘုရားကျောင်း။ ဓာတ်ပုံ-Getty)

 

 

Theculturetrip.com ၏ ဖော်ပြချက်အရ လက်တင်စတိုင်းသည် ညစာစားရန် အကောင်းဆုံး ထိပ်တန်းနေရာ တစ်ခုဖြစ်ပြီး အရသာထူးကဲသော ဥရောပဟင်းလျာများ ရရှိကြောင်း ဖော်ပြသည်။

ထိုဝက်ဘ်ဆိုက်၏ လမ်းညွှန်ချက်အရ လက်တင်စတိုင်း၏ မြို့တော် Vaduz ရှိ Burg Brasserie, Restaurant Alder, Restaurant Torkel နှင့် Maree စားသောက်ဆိုင်များကို ထောက်ခံထားသည်။

ခရီးသွား Blog တစ်ခုဖြစ်သော Onestep4ward.com ၏ ဖော်ပြချက်အရ လက်တင်စတိုင်းသည် ရက်အနည်းငယ် နေထိုင်လည်ပတ်ရန် ကောင်းမွန်သော သာယာလှပသည့် နေရာတစ်ခုဖြစ်ကြောင်း ၊ အစားအသောက်များမှာ ဈေးအလွန်ကြီးသော်လည်း အရသာရှိကြောင်း ဖော်ပြသည်။

လက်တင်စတိုင်းသို့ ရောက်လျှင် တည်းခိုနေထိုင်ရန် ကောင်းမွန်သောနေရာများကို Booking.com က ရွေးချယ်ဖော်ပြရာတွင် သာယာလှပသော တောင်ပေါ်ကျေးရွာကလေး Triesenberg ရှိ Hotel Restaurant Kulm ကို ဖော်ပြသည်။

Hotel TURNA Malbun, Gorfion Familotel နှင့် Hotel Oberland ဟိုတယ်တို့မှာလည်း ခရီးသွား ဝက်ဘ်ဆိုက်၏ ထိပ်တန်းရွေးချယ်မှုများတွင် ပါဝင်သည်။

 

 

 

(ဆွစ်ဇာလန်မှ လက်တင်စတိုင်းဘက်သို့ တွေ့မြင်ရသည့် ရှုခင်း။ ဓာတ်ပုံ-Getty)

 

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများတွင် ပါဝင်သော်လည်း လက်တင်စတိုင်းတွင် လေဆိပ်မရှိ။

အနီးဆုံးလေဆိပ်မှာ ဆွစ်ဇာလန်နိုင်ငံ ၊ ဇူးရစ်မြို့တွင် ဖြစ်သည်။ လန်ဒန်မှ ဇူးရစ်သို့ လေယာဉ်ဖြင့် တစ်နာရီ မိနစ် ၄၀ သွားရပြီး ဇူးရစ်မှ လက်တင်စတိုင်းသို့ မော်တော်ကားဖြင့် တစ်နာရီကျော်သာ မောင်းရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: The beautiful little country that's one of the world's richest but gets few tourists (express)

 

 

 

[Zawgyi]

ကမၻာ့အခ်မ္းသာဆံုးႏိုင္ငံမ်ားတြင္ ပါဝင္ျပီး သာယာလွပေသာ္လည္း လာေရာက္လည္ပတ္ေသာ ကမၻာ့လွည့္ ခရီးသည္ အလြန္နည္းပါးေသာ ႏိုင္ငံကေလး

 

ဤႏိုင္ငံကေလးသည္ ကမၻာ့အခ်မ္းသာဆံုးႏုိင္ငံမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ျပီး အလယ္ေခတ္ရဲတုိက္မ်ား ၊ ေတာင္တန္းရႈေမွ်ာ္ခင္းမ်ားျဖင့္ လူသိမ်ားသည္။

ထိုႏိုင္ငံေလး၏ အမည္မွာ လက္တင္စတိုင္း (Liechtenstein) ျဖစ္သည္။ လက္တင္စတုိင္းသည္ ကမၻာေပၚတြင္ ကမၻာလွည့္ခရီးသည္ လည္ပတ္မႈ အနည္းပါးဆံုးႏိုင္ငံမ်ားတြင္ ပါဝင္ျပီး ၂၀၂၃ ခုႏွစ္အတြင္း လာေရာက္လည္ပတ္သူ ၈၅၀၀၀ မွ်သာရွိသည္။

Lonely Planet တြင္ ေဖာ္ျပခ်က္အရ လက္တင္စတုိင္းသည္ ႏိုင္ငံငယ္ေလးတစ္ခုသာ ျဖစ္ေသာ္လည္း ဒ႑ာရီ မ်ားျဖင့္ ျပည့္ႏွက္ေနေၾကာင္း ၊ ေတာင္တန္းမ်ားၾကားတြင္ တည္ရွိျပီး ရဲတုိက္ၾကီးမ်ား အတိျပီးကာ မင္းသား တစ္ပါးက အုပ္ခ်ဳပ္ေၾကာင္း ေဖာ္ျပသည္။

လက္တင္စတုိင္းသည္ ၆၂ စတုရန္းမိုင္ (၁၆၀ ကီလိုမီတာ) သာရွိေသာ ႏိုင္ငံငယ္ေလးျဖစ္ျပီး ျမန္မာႏိုင္ငံမွ မဂၤလာဒံုႏွင့္ အင္းစိန္ျမဳိ႕နယ္ ၂ ခုေပါင္းအက်ယ္အဝန္းမွ်သာ ရွိသည္။

လက္တင္စတုိင္းသည္ ႏိုင္ငံသက္တမ္း နည္းပါးေသာႏိုင္ငံလည္းျဖစ္ျပီး ၂၀၁၉ ခုႏွစ္တြင္ ႏိုင္ငံသက္တမ္း ႏွစ္ ၃၀၀ သာ ရွိေသးသည္။

သို႔ေသာ္ ကမၻာလွည့္ခရီးသည္တို႔အား စြဲေဆာင္ႏိုင္ေသာေနရာ အမ်ားအျပားရွိရာ Schloss Vaduz ရဲတုိက္၊ Burg Gutenberg ရဲတုိက္ႏွင့္ St Florin ဘုရားေက်ာင္းတုိ႔ အပါအဝင္ျဖစ္သည္။

လူဦးေရမွာ ၄၀၀၀၀ ေအာက္သာရွိျပီး တစ္ဦးခ်င္းဝင္ေငြမွာ ေပါင္ ၁၄၈၀၀၀ (ကန္ေဒၚလာ ၁၈၄၀၀၀) ရွိရာ ကမၻာေပၚရွိ အခ်မ္းသာဆံုးႏိုင္ငံမ်ားတြင္ အပါအဝင္ ျဖစ္သည္။

(St Florin ဘုရားေက်ာင္း။ ဓာတ္ပံု-Getty)

Theculturetrip.com ၏ ေဖာ္ျပခ်က္အရ လက္တင္စတိုင္းသည္ ညစာစားရန္ အေကာင္းဆံုး ထိပ္တန္းေနရာ တစ္ခုျဖစ္ျပီး အရသာထူးကဲေသာ ဥေရာပဟင္းလ်ာမ်ား ရရွိေၾကာင္း ေဖာ္ျပသည္။

ထိုဝက္ဘ္ဆုိက္၏ လမ္းညႊန္ခ်က္အရ လက္တင္စတုိင္း၏ ျမဳိ႕ေတာ္ Vaduz ရွိ Burg Brasserie, Restaurant Alder, Restaurant Torkel ႏွင့္ Maree စားေသာက္ဆုိင္မ်ားကို ေထာက္ခံထားသည္။

ခရီးသြား Blog တစ္ခုျဖစ္ေသာ Onestep4ward.com ၏ ေဖာ္ျပခ်က္အရ လက္တင္စတိုင္းသည္ ရက္အနည္းငယ္ ေနထုိင္လည္ပတ္ရန္ ေကာင္းမြန္ေသာ သာယာလွပသည့္ ေနရာတစ္ခုျဖစ္ေၾကာင္း ၊ အစားအေသာက္မ်ားမွာ ေစ်းအလြန္ၾကီးေသာ္လည္း အရသာရွိေၾကာင္း ေဖာ္ျပသည္။

လက္တင္စတုိင္းသို႔ ေရာက္လွ်င္ တည္းခိုေနထိုင္ရန္ ေကာင္းမြန္ေသာေနရာမ်ားကို Booking.com က ေရြးခ်ယ္ေဖာ္ျပရာတြင္ သာယာလွပေသာ ေတာင္ေပၚေက်းရြာကေလး Triesenberg ရွိ Hotel Restaurant Kulm ကို ေဖာ္ျပသည္။

Hotel TURNA Malbun, Gorfion Familotel ႏွင့္ Hotel Oberland ဟိုတယ္တို႔မွာလည္း ခရီးသြား ဝက္ဘ္ဆိုက္၏ ထိပ္တန္းေရြးခ်ယ္မႈမ်ားတြင္ ပါဝင္သည္။

(ဆြစ္ဇာလန္မွ လက္တင္စတုိင္းဘက္သို႔ ေတြ႔ျမင္ရသည့္ ရႈခင္း။ ဓာတ္ပံု-Getty)

ကမၻာ့အခ်မ္းသာဆံုး ႏိုင္ငံမ်ားတြင္ ပါဝင္ေသာ္လည္း လက္တင္စတိုင္းတြင္ ေလဆိပ္မရွိ။

အနီးဆံုးေလဆိပ္မွာ ဆြစ္ဇာလန္ႏိုင္ငံ ၊ ဇူးရစ္ျမဳိ႕တြင္ ျဖစ္သည္။ လန္ဒန္မွ ဇူးရစ္သုိ႔ ေလယာဥ္ျဖင့္ တစ္နာရီ မိနစ္ ၄၀ သြားရျပီး ဇူးရစ္မွ လက္တင္စတိုင္းသို႔ ေမာ္ေတာ္ကားျဖင့္ တစ္နာရီေက်ာ္သာ ေမာင္းရသည္။

 

 

Ref: The beautiful little country that's one of the world's richest but gets few tourists (express)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service