Spider-Man ရုပ်ရှင်ဇာတ်ကားတွင် ဗီလိန်အဖြစ် သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့သူ Willem Dafoe သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖြင့် အရောင်းဈေးကွက်တင်

Spider-Man ရုပ်ရှင်ဇာတ်ကားတွင် ဗီလိန်အဖြစ် သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့သူ Willem Dafoe သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
24 Nov 2023 10:19 am တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဝီလမ်ဒါဖိုး (Willem Dafoe) (မွေး-၁၉၅၅) ၏ အမည်အပြည့်အစုံမှာ ဝီလျံဂျိမ်းစ် ဝီလမ်ဒါဖိုး ဖြစ်ပြီး အမေရိကန် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

သရုပ်ဆောင် သက်တမ်းတလျှောက် ဆုပေါင်းများစွာရရှိခဲ့ရာ အကောင်းဆုံး ဇာတ်ဆောင်မင်းသားအဖြစ် Volpi Cup ၊ အော်စကာဆု ဇကာတင်စာရင်း ၄ ကြိမ် ၊ BAFTA Award တစ်ကြိမ်နှင့် ရွှေကမ္ဘာလုံးဆု ၃ ကြိမ်တို့ အပါအဝင် ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း ၂၀၀၂ ခုနှစ်တွင် ရုံတင်ခဲ့သော Spider-Man ဇာတ်ကားတွင် စူပါဗီလိန် Norman Osborn အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသည်။

ဝီလမ်ဒါဖိုးသည် အဆိုပါ ဇာတ်ရုပ်ဖြင့်ပင် Spider-Man 2 (2004) နှင့် Spider-Man 3 (2007) တို့တွင် လည်းကောင်း ၊ Marvel Cinematic Universe ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးသော Spider-Man: No Way Home (2021) တွင်လည်းကောင်း ထပ်မံ သရုပ်ဆောင်ခဲ့သည်။

 

 

(ဝီလမ်ဒါဖိုး၏ အရောင်းဈေးကွက်ဝင်လာသော အိမ်)

နေ့စဉ်နှင့်အမျှ ဆူညံလှုပ်ရှား ရုန်းကန်နေရသော မြို့ပြဘဝမှ ထွက်ပြေးလွတ်မြောက်လိုပါသလား။

အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ် ၊ ဟတ်ဒ်ဆန်တောင်ကြားရှိ ဝီလမ်ဒါဖိုး၏ သာယာလှပသော အပန်းဖြေနေရာကလေးမှ လွဲ၍ အခြားနေရာ လိုက်ရှာမနေပါနှင့်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဝီလမ်ဒါဖိုးက ခြံအကျယ် ၅ ဒသမ ၇ ဧကရှိသော သူ၏ နေအိမ်ခြံဝန်းကို ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ဝီလမ်ဒါဖိုးက ယခုအိမ်ကို ၂၀၀၈ ခုနှစ်တွင် ကန်ဒေါ်လာ ၄၀၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝယ်ယူပြီး ၅ နှစ်ခန့်အကြာတွင် နောက်ထပ် မြေ ၄ ဒသမ ၇ ဧကကို ကန်ဒေါ်လာ ၆၀,၀၀၀ ဖြင့် ထပ်မံဝယ်ယူကာ ခြံဝန်းချဲ့ထွင်ခဲ့သည်။

Mohonk Mountain House အပန်းဖြေစခန်း၏ အောက်ဘက် ထူထပ်သော သစ်တောမြေအလယ်တွင် တည်ရှိသည်။

ပင်မစံအိမ်မှာ စတုရန်းပေ ၁၈၀၀ ခန့်ရှိပြီး ပန်းသီးပင်တစ်ခုအောက်တွင် စပါးကျီတစ်ခု ရှိသည့်အပြင် ပင်မစံအိမ်နှင့် ကပ်လျက် အိမ်ကလေးတစ်လုံးကိုလည်း ကျောက်တုံးလမ်းဖြင့် ဆက်သွယ်ထားသည်။

၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော အိမ်ဖြစ်သည်။

 

(ပင်မစံအိမ်မှာ စတုရန်းပေ ၁၈၀၀ ကျယ်ဝန်းသည်။ ဓာတ်ပုံ- Brown Harris Stevens)

 

(အိမ်ရှေ့ဆင်ဝင်။ ဓာတ်ပုံ- Brown Harris Stevens)

 

(ခြံဝန်းအကျယ် ၅ ဒသမ ၇ ဧကရှိသည်။ ဓာတ်ပုံ-Brown Harris Stevens)

 

(ဧည့်ခန်း။ ဓာတ်ပုံ- Brown Harris Stevens)

 

(အခန်းဖွင့် အခင်းအကျင်း။ ဓာတ်ပုံ- Brown Harris Stevens)

 

(မီးဖိုဆောင်။ ဓာတ်ပုံ- Brown Harris Stevens)

 

(အိပ်ခန်း ၃ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ- Brown Harris Stevens)

 

(ရေချိုးခန်း ၂ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ- Brown Harris Stevens)

 

(နေဆာလှုံခန်း။ ဓာတ်ပုံ- Brown Harris Stevens)

 

အရောင်းဈေးကွက်တင်ပေးသည်မှာ Brown Harris Stevens အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Christopher Pomeroy နှင့် Nancy Felcetto တို့ ဖြစ်ကြသည်။

 

(ဆက်စပ်သတင်း)

စပိုက်ဒါမန်း သရုပ်ဆောင်နှင့် ဇန်ဒါယာတို့စုံတွဲ အတူနေရန် လန်ဒန်မှစံအိမ်ကို ဒေါ်လာ ၆ သန်းနီးပါးဖြင့် ဝယ်ယူ

https://www.imyanmarhouse.com/news/read/1003053

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Spider-Man’ star Willem Dafoe lists serene Hudson Valley retreat for $1.27M (nypost)

 

 

 

[Zawgyi]

 

Spider-Man ရုပ္ရွင္ဇာတ္ကားတြင္ ဗီလိန္အျဖစ္ သရုပ္ေဆာင္ကာ ကမၻာေက်ာ္ခဲ့သူ Willem Dafoe သူ၏ စံအိမ္ကို ကန္ေဒၚလာ ၁ ဒသမ ၂၇ သန္းျဖင့္ အေရာင္းေစ်းကြက္တင္

 

ဝီလမ္ဒါဖိုး (Willem Dafoe) (ေမြး-၁၉၅၅) ၏ အမည္အျပည့္အစံုမွာ ဝီလ်ံဂ်ိမ္းစ္ ဝီလမ္ဒါဖိုး ျဖစ္ျပီး အေမရိကန္ ရုပ္ရွင္သရုပ္ေဆာင္တစ္ဦး ျဖစ္သည္။

သရုပ္ေဆာင္ သက္တမ္းတေလွ်ာက္ ဆုေပါင္းမ်ားစြာရရွိခဲ့ရာ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသားအျဖစ္ Volpi Cup ၊ ေအာ္စကာဆု ဇကာတင္စာရင္း ၄ ၾကိမ္ ၊ BAFTA Award တစ္ၾကိမ္ႏွင့္ ေရႊကမၻာလံုးဆု ၃ ၾကိမ္တုိ႔ အပါအဝင္ ျဖစ္သည္။

ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ္လည္း ၂၀၀၂ ခုႏွစ္တြင္ ရံုတင္ခဲ့ေသာ Spider-Man ဇာတ္ကားတြင္ စူပါဗီလိန္ Norman Osborn အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ လူသိမ်ားသည္။

ဝီလမ္ဒါဖိုးသည္ အဆိုပါ ဇာတ္ရုပ္ျဖင့္ပင္ Spider-Man 2 (2004) ႏွင့္ Spider-Man 3 (2007) တို႔တြင္ လည္းေကာင္း ၊ Marvel Cinematic Universe ရုပ္ရွင္ထုတ္လုပ္ေရးမွ ရိုက္ကူးေသာ Spider-Man: No Way Home (2021) တြင္လည္းေကာင္း ထပ္မံ သရုပ္ေဆာင္ခဲ့သည္။

(ဝီလမ္ဒါဖိုး၏ အေရာင္းေစ်းကြက္ဝင္လာေသာ အိမ္)

ေန႔စဥ္ႏွင့္အမွ် ဆူညံလႈပ္ရွား ရုန္းကန္ေနရေသာ ျမဳိ႕ျပဘဝမွ ထြက္ေျပးလြတ္ေျမာက္လုိပါသလား။

အေမရိကန္ျပည္ေထာင္စု ၊ နယူးေယာက္ျပည္နယ္ ၊ ဟတ္ဒ္ဆန္ေတာင္ၾကားရွိ ဝီလမ္ဒါဖုိး၏ သာယာလွပေသာ အပန္းေျဖေနရာကေလးမွ လြဲ၍ အျခားေနရာ လိုက္ရွာမေနပါႏွင့္။

အသက္ ၆၈ ႏွစ္ရွိျပီျဖစ္ေသာ ဝီလမ္ဒါဖိုးက ျခံအက်ယ္ ၅ ဒသမ ၇ ဧကရွိေသာ သူ၏ ေနအိမ္ျခံဝန္းကို ကန္ေဒၚလာ ၁ ဒသမ ၂၇ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

ဝီလမ္ဒါဖိုးက ယခုအိမ္ကို ၂၀၀၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၄၀၀,၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ဝယ္ယူျပီး ၅ ႏွစ္ခန္႔အၾကာတြင္ ေနာက္ထပ္ ေျမ ၄ ဒသမ ၇ ဧကကို ကန္ေဒၚလာ ၆၀,၀၀၀ ျဖင့္ ထပ္မံဝယ္ယူကာ ျခံဝန္းခ်ဲ႕ထြင္ခဲ့သည္။

Mohonk Mountain House အပန္းေျဖစခန္း၏ ေအာက္ဘက္ ထူထပ္ေသာ သစ္ေတာေျမအလယ္တြင္ တည္ရွိသည္။

ပင္မစံအိမ္မွာ စတုရန္းေပ ၁၈၀၀ ခန္႔ရွိျပီး ပန္းသီးပင္တစ္ခုေအာက္တြင္ စပါးက်ီတစ္ခု ရွိသည့္အျပင္ ပင္မစံအိမ္ႏွင့္ ကပ္လ်က္ အိမ္ကေလးတစ္လံုးကိုလည္း ေက်ာက္တံုးလမ္းျဖင့္ ဆက္သြယ္ထားသည္။

၁၉၂၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာ အိမ္ျဖစ္သည္။

(ပင္မစံအိမ္မွာ စတုရန္းေပ ၁၈၀၀ က်ယ္ဝန္းသည္။ ဓာတ္ပံု- Brown Harris Stevens)

(အိမ္ေရွ႕ဆင္ဝင္။ ဓာတ္ပံု- Brown Harris Stevens)

(ျခံဝန္းအက်ယ္ ၅ ဒသမ ၇ ဧကရွိသည္။ ဓာတ္ပံု-Brown Harris Stevens)

(ဧည့္ခန္း။ ဓာတ္ပံု- Brown Harris Stevens)

(အခန္းဖြင့္ အခင္းအက်င္း။ ဓာတ္ပံု- Brown Harris Stevens)

(မီးဖိုေဆာင္။ ဓာတ္ပံု- Brown Harris Stevens)

(အိပ္ခန္း ၃ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု- Brown Harris Stevens)

(ေရခ်ဳိးခန္း ၂ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု- Brown Harris Stevens)

(ေနဆာလံႈခန္း။ ဓာတ္ပံု- Brown Harris Stevens)

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Brown Harris Stevens အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Christopher Pomeroy ႏွင့္ Nancy Felcetto တို႔ ျဖစ္ၾကသည္။

 

(ဆက္စပ္သတင္း)

စပိုက္ဒါမန္း သရုပ္ေဆာင္ႏွင့္ ဇန္ဒါယာတို႔စံုတြဲ အတူေနရန္ လန္ဒန္မွစံအိမ္ကို ေဒၚလာ ၆ သန္းနီးပါးျဖင့္ ဝယ္ယူ

https://www.imyanmarhouse.com/news/read/1003053

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Spider-Man’ star Willem Dafoe lists serene Hudson Valley retreat for $1.27M (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service