ဂျနီဖာလိုပက်ဇ်က လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်မှ ပြင်သစ်ကျေးလက်ဟန် စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၄ သန်းဖြင့် ရောင်းချ
ဂျနီဖာလိုပက်ဇ်က လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်မှ ပြင်သစ်ကျေးလက်ဟန် စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၄ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
2 Nov 2023 10:03 am တွင် တင်ခဲ့သည်
772 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ ငယ်ချစ်ဟောင်းစုံတွဲသည် ပြီးခဲ့သောနှစ်က လက်ထပ်ခဲ့ကြပြီး ကြင်စဦး ဇနီးမောင်နှံအိမ်တွင် အတူတကွနေထိုင်ရန် ရည်ရွယ်ကာ ၎င်းတို့ ကိုယ်စီပိုင်ဆိုင်ထားကြသော စံအိမ်များကို ရောင်းထုတ်ခဲ့ကြသည်။
Wall Street ဂျာနယ်မှ မကြာသေးမီက ဖော်ပြခဲ့ရာတွင် ဂျနီဖာလိုပက်ဇ်သည် ယခုနှစ် ဖေဖော်ဝါရီလက ကန်ဒေါ်လာ ၄၂ ဒသမ ၅ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ထားသော ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘဲလ်အဲရ်အရပ်မှ ၈ ဧက ကျယ်သော ခြံဝန်းကို ဝယ်လက်ရှာတွေ့သွားပြီဖြစ်ကြောင်း ဖော်ပြသည်။
ပြင်သစ်ကျေးလက်ဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၄ သန်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ပြီး ခေါ်ဈေးအောက်နည်းပါးသော ပမာဏလည်း ဖြစ်သည်။
သို့သော် ဂျနီဖာလိုပက်ဇ်က စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းသော စံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ များစွာမြတ်စွန်းနေသေးသည်။
ယခုအခါ ဂျနီဖာလိုပက်ဇ်အနေဖြင့် နယူးယောက်မြို့၊ မန်ဟက်တန်ရှိ penthouse ခန်းကို ရောင်းထွက်ရန်သာ ကျန်တော့သည်။
ထိုအခန်းမှာ အရောင်းဈေးကွက်တွင် ဝင်ချည်ထွက်ချည်ဖြစ်နေသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။
နယူးယောက်မြို့၊ Madison Square ပန်းခြံကြီးအနီးရှိ ၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော ဂျော်ဂျီယာဗိသုကာဟန် အဆောက်အအုံကြီးတွင် တည်ရှိသော Penthouse ခန်းဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က ကန်ဒေါ်လာ ၂၅ သန်းအောက်ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
ဘင်အက်ဖလက်ကလည်း Pacific Palisades အရပ်ရှိ East Coast ဗိသုကာဟန်စံအိမ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်းဖြင့် ရောင်းထုတ်ထားသည်။
၎င်းတို့စုံတွဲသည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်အရပ်ရှိ ဂျော်ဂျီယာဗိသုကာဟန်စံအိမ်ကို ကန်ဒေါ်လာ ၆၁ သန်းဖြင့် ဝယ်ယူထားသည်။
အဆိုပါ စံအိမ်မှာ စတုရန်းပေ ၃၈၀၀၀ ကျယ်ဝန်းပြီး အပန်းဖြေစခန်းအသွင် amenities များပါဝင်ရာ indoor အားကစား complex ၊ ဆံပင်နှင့် ခြေသည်းလက်သည်းအလှပြင်ခန်း၊ အိမ်တွင်းရုပ်ရှင်ရုံ၊ အလျား ၁၅၅ ပေရှိ ရေကူးကန်ကြီးနှင့် ကား ၁၂ စင်းဆန့် ကားဂိုဒေါင်တို့ အပါအဝင် ဖြစ်သည်။
(ရောင်းထွက်သွားသောအိမ်မှ ဧည့်ခန်းနေရာ။ ဓာတ်ပုံ-Jeremy Spann)
အိပ်ခန်း ၉ ခန်းပါ စံအိမ်ကို ဝယ်ယူသွားသူ မည်သူဖြစ်သည်ကိုမူ မသိရချေ။
“ကျွန်တော်တို့ရဲ့ client က ဒီခြံကို အတော်သဘောကျနေပါတယ်”ဟု Beverly Hills Estates အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင် Lea Porter က ဝေါစထရိဂျာနယ်သို့ ပြောသည်။
ခြံဝန်းအတွင်း ရေကန်၊ ရေတံခွန်တစ်ခု၊ ဂေါက်ကျင်းတစ်ခု၊ ထိုင်ခုံ ၁၀၀ ဆန့် ဇာတ်ရုံ၊ မီးဖိုတစ်ခုပါ ဘုရား၊ ရေကူးကန်၊ ဧည့်ဂေဟာအိမ် ၂ လုံး၊ လူသွားလမ်းများပါဝင်သော ဧကများစွာကျယ်ဝန်းသည့် တောအုပ်တို့ ပါဝင်သည်။
(ရောင်းထွက်သွားသောစံအိမ်မှ မီးဖိုဆောင်။ ဓာတ်ပုံ-Jeremy Spann)
ကျောက်တုံးတို့ဖြင့် ဆောက်လုပ်ထားသောစံအိမ်အတွင်း ထိုင်ခုံ ၃၀ ဆန့် ရုပ်ရှင်ရုံ၊ အရက်ဘား၊ စာကြည့်တိုက်၊ မီးလင်းဖိုများပါသော နားနေ နေရာများ၊ ထုတ်တန်းဖော်မျက်နှာကြက်များနှင့် မြင့်မားသော မျက်နှာကြက်များ၊ လသာဆောင်များဆီပေါက်သော ပြင်သစ်တံခါးများရှိသည်။
ယခုအရောင်းအဝယ်တွင် ဂျနီဖာလိုပက်ဇ်ဘက်မှ အကျိုးဆောင်ပေးသူမှာ Carolwood Estates အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင် Brett Lawyer ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jennifer Lopez Sells French Country-Style Bel Air Mansion for $34 Million (architecturaldigest)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service