ဘောလိဝုဒ်ကြယ်ပွင့် အေမာခန်း ပိုင်ဆိုင်ထားသော တိုက်ခန်းများရှိသည့် မွန်ဘိုင်းမြို့မှ လူနေအဆောက်အအုံကြီး အသစ်ပြန်လည် ဆောက်လုပ်ရန်စီစဉ်
ဘောလိဝုဒ်ကြယ်ပွင့် အေမာခန်း ပိုင်ဆိုင်ထားသော တိုက်ခန်းများရှိသည့် မွန်ဘိုင်းမြို့မှ လူနေအဆောက်အအုံကြီး အသစ်ပြန်လည် ဆောက်လုပ်ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
27 Oct 2023 10:15 am တွင် တင်ခဲ့သည်
861 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဘောလိဝုဒ်ကြယ်ပွင့် အေမာခန်း (မွေး ၁၉၆၅) ၏ အမည်အပြည့်အစုံမှာ မိုဟာမက် အေမာ ဟူစိန် ခန်းဖြစ်ပြီး သတင်းမီဒီယာများတွင် Mr Perfectionist ဟု ခေါ်လေ့ရှိကြသည်။
အရေအတွက်ထက် အရည်အချင်းက ပိုမိုအရေးကြီးသည်ဟု မီဒီယာတို့အား မကြာခဏပြောလေ့ရှိ သောကြောင့် အေမာခန်းအား ထိုသို့ အမည်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
အေမာခန်း၏ ရုပ်ရှင်လောကဖြတ်သန်းမှု နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ဆုပေါင်းများစွာရရှိခဲ့ရာ Flimfare ဆု ၁ ကြိမ်၊ အမျိုးသားရုပ်ရှင်ဆု ၄ ကြိမ်၊ AACTA ဆု ၁ ကြိမ်တို့အပြင် သူထုတ်လုပ်ခဲ့သော ရုပ်ရှင်များအနက်တစ်ခုမှာ အော်စကာ ဇကာတင်စာရင်းဝင်ခဲ့ဖူးသည်။
အိန္ဒိယအစိုးရက အေမာခန်းကို ၂၀၀၃ ခုနှစ်တွင် Padma Shri ဘွဲ့၊ ၂၀၁၀ ပြည့်နှစ်တွင် Padma Bhushan ဘွဲ့များ ချီးမြှင့်ခဲ့ပြီး တရုတ်အစိုးရကလည်း အေမာခန်းကို ၂၀၁၇ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ချီးမြှင့်ခဲ့သည်။
နယူးစ်ဝိ မဂ္ဂဇင်းကြီးက အေမာခန်းကို ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံး ရုပ်ရှင်ကြယ်ပွင့်ဟု သတ်မှတ်ခဲ့သည်။
တိုင်းမ်မဂ္ဂဇင်းကြီး၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် အေမာခန်းကို ထည့်သွင်းဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ ဘန်ဒရာအရပ်ရှိ အဆောက်အအုံကြီးတစ်ခု အသစ်ပြန်လည် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
Bella Vista နှင့် Marina ဟု အမည်ရသော လူနေအဆောက်အအုံ ၂ ခုတွင် အခန်းပေါင်း ၂၄ ခန်းရှိသည့် အနက် ဘောလိဝုဒ်စူပါစတား အေမာခန်းက ၉ ခန်း ပိုင်ဆိုင်ထားသည်။
Bella Vista အဆောက်အအုံမှာ အေးချမ်းကာ သီးသန့်ဖြစ်သည့် ဝန်းကျင်တွင် တည်ရှိပြီး စိမ်းလန်းစိုပြည်သော ဝန်းကျင်တွင် တည်ရှိသည်။
Marina လူနေအဆောက်အအုံသည်ကား အခြားသော တန်ဖိုးကြီး လူနေအဆောက်အအုံတစ်ခုဖြစ်ပြီး ဘောလိဝုဒ် အကျော်အမော်များနှင့် ချမ်းသာကြွယ်ဝသူတို့ လူနေခန်းများ ပိုင်ဆိုင်ထားသည့်နေရာ ဖြစ်သည်။
Money Control ၏ ဖော်ပြချက်အရ အဆိုပါ အဆောက်အအုံများကို ဖြိုချ ဖျက်သိမ်းကာ ဆောက်လုပ်ရေး စီမံကိန်းသစ်တစ်ခု အကောင်အထည်ဖော်ရန်စီစဉ်နေသည်ဟု ဆိုသည်။
အဆောက်အအုံသစ် ဆောက်လုပ်မည့် စိတ်ကူးအကြံဉာဏ်တွင် အေမာခန်းလည်း ပါဝင်ခဲ့သည်ဟု ဆိုကြသည်။
လက်ရှိ အခန်းပိုင်ရှင်တို့က အဆောက်အအုံသစ်တွင် နေအိမ်များရရှိမည့်ဖြစ်သည့်အပြင် အပိုနေရာ ၅၅ မှ ၆၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။
အဆောက်အအုံသစ်များရှိ လူနေခန်းများ၏ ဈေးနှုန်းမှာ ၁ စတုရန်းပေလျှင် ရူပီး ၈၀၀၀၀ မှ ၁၂၅၀၀၀ ကြား ရှိမည်ဖြစ်သည်။
Bella Vista လူနေအဆောက်အအုံသည် အေမာခန်းနှင့် မိသားစုအတွက် တစ်ကိုယ်ရည် လုံခြုံမှုနှင့် Luxury ဖြစ်မှုတို့ ပေးစွမ်းသည်။
ထိုအချက်မှာ ထိုဒေသဝန်းကျင်ရှိ High-end လူနေအဆောက်အအုံများစွာတွင် တွေ့ရလေ့ရှိသော အချက်ဖြစ်သည်။
Marina လူနေအဆောက်အအုံသည်ကား အာရေဗျပင်လယ်၏ လှပသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားပြီး အခြေချနေထိုင်ရန် ပိုမိုကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။
အေမာခန်းသည် သူ၏ နေအိမ်များအကြောင်း ကြွားဝါလေ့မရှိဘဲ သူ၏ တကိုယ်ရည်လုံခြုံမှုကို ထိန်းသိမ်းလေ့ ရှိသည်။
(ဆက်စပ်သတင်း)
ရူပီး ၁၄၃၄ ကုဋေချမ်းသာသော ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် အေမာခန်း၏ မွမ်ဘိုင်းမြို့စံအိမ်နှင့် ၎င်းပိုင်ဆိုင်ထားသော များပြားလှသည့် အိမ်ခြံမြေများ
https://www.imyanmarhouse.com/news/read/1061398
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Aamir Khan's Pali Hill buildings set to go for redevelopment .. (timesofindia)
[Zawgyi]
အဆောက်အအုံသစ် ဆောက်လုပ်မည့် စိတ်ကူးအကြံဥာဏ်တွင် အေမာခန်းလည်း ပါဝင်ခဲ့သည်ဟု ဆိုကြသည်။
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service