ရူပီး ၁၄၃၄ ကုဋေချမ်းသာသော ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် အေမာခန်း၏ မွမ်ဘိုင်းမြို့စံအိမ်နှင့် ၎င်းပိုင်ဆိုင်ထားသော များပြားလှသည့် အိမ်ခြံမြေများ ...
ရူပီး ၁၄၃၄ ကုဋေချမ်းသာသော ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် အေမာခန်း၏ မွမ်ဘိုင်းမြို့စံအိမ်နှင့် ၎င်းပိုင်ဆိုင်ထားသော များပြားလှသည့် အိမ်ခြံမြေများ ... - Property News in Myanmar from iMyanmarHouse.com
17 Apr 2023 4:10 pm တွင် တင်ခဲ့သည်
1489 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဘောလိဝုဒ်စူပါကြယ်ပွင့် အေမာခန်းသည် အိန္ဒိယနိုင်ငံတစ်ဝန်း အိမ်ခြံမြေများစွာပိုင်ဆိုင်ထားသော်လည်း သူအနှစ်သက်ဆုံးမှာ မွမ်ဘိုင်းမြို့နှင့် မွမ်ဘိုင်း၏အရှေ့တောင်ဘက် Panchgani တောင်ပေါ်ဒေသရှိ စံအိမ်များ ဖြစ်သည်။
အေမာခန်း၏ ကြွယ်ဝမှုမှာ ရူပီး ၁၄၃၄ ကုဋေ (ကန်ဒေါ်လာ ၂၀၄ သန်း) ခန့်ဖြစ်သည်။
အေမာခန်းသည် နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ Kiran Rao နှင့် လက်ထပ်ခဲ့သော်လည်း အိမ်ထောင်သက် ၁၅ နှစ်အကြာတွင် ကွာရှင်းပြတ်စဲခဲ့သည်။
(မွမ်ဘိုင်းမြို့၊ Carter လမ်း၊ Freeda Apartments ရှိ လူနေခန်း)
အေမာခန်းသည် မွမ်ဘိုင်းမြို့၊ နေအိမ်ခန်းဓာတ်ပုံများကို အင်စတာဂရမ်တွင် တင်ခဲ့ဖူးသည်။
Pali Hill အရပ်ရှိ စံအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေချိန်တွင် အေမာခန်းတို့မိသားစု အဆိုပါအခန်းတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။
အေမာခန်းသည် အဆိုပါစံအိမ်တွင် ဇနီး (ဟောင်း) Kiran Rao ၊ သမီးဖြစ်သူ Ira Khan ၊ ညီမများဖြစ်သော Farhat နှင့် Nikhat Khan ၊ သားဖြစ်သူ Azad Rao Khan တို့နှင့်အတူ သိုက်သိုက်ဝန်းဝန်းနေထိုင်ခဲ့သည်။
ဖော်ပြပါဓာတ်ပုံမှာ အေမာခန်း၏ မွမ်ဘိုင်းမြို့ စံအိမ် ဖြစ်သည်။
((မွမ်ဘိုင်းမြို့အရှေ့တောင်ဘက် Panchgani တောင်ကုန်းပေါ်မှ စံအိမ်))
အေမာခန်းတို့စုံတွဲသည် Panchgani မှ စံအိမ်တွင် အချိန်ကာလများစွာ နေထိုင်ခဲ့ဖူးသည်။ Kiran Rao နှင့် လက်ထပ်ပြီး လအနည်းငယ်အကြာတွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ရူပီး ၇ ကုဋေ ပေးခဲ့ရသည်။ ခြံအကျယ်မှာ ၂ ဧကကျော် (၉၇၈၇ စတုရန်းမီတာ) ရှိသည်။
အေမာခန်း၏ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့်ရုပ်ရှင် Raja Hindistani ဇာတ်ကားကို ယခုစံအိမ်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
((ဥတာ ပရာဒက်ရှ်ပြည်နယ်မှ စံအိမ်))
အေမာခန်းသည် မွမ်ဘိုင်းမှ စံအိမ်များအပြင် ဥတာပရာဒက်ရှ်ပြည်နယ်တွင်လည်း နေအိမ်ပေါင်း ၂၂ လုံး ပိုင်ဆိုင်ထားသည်။ အဆိုပါအိမ်များမှာ မိသားစုမျိုးရိုးစဉ်ဆက်ပိုင်ဆိုင်ခဲ့သည့် နေအိမ်များဖြစ်ပြီး ဦးလေးဖြစ်သူက ရောင်းချရန် စီစဉ်နေချိန်တွင် အေမာခန်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အေမာခန်းက ထိုအိမ်များကို ၎င်း၏ အမည်အပြင် ညီမများနှင့် ညီဖြစ်သူတို့၏ နာမည်များဖြင့်ပါ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အေမာခန်းသည် ယခုအိမ်များအပြင် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် အခြားနေအိမ်များစွာလည်း ပိုင်ဆိုင်ထားသေးသည်။
သို့သော် ပြည်ပတွင် နေအိမ်များ ဝယ်ယူထားမှုမရှိချေ။
၂၀၁၆ ခုနှစ်အတွင်း အေမာခန်း ပြောဖူးသည်မှာ “ရုပ်ရှင်ကြယ်ပွင့်တွေဟာ အိန္ဒိယရဲ့ အပြင်ဘက်မှာ နေအိမ်တွေ အများကြီးပိုင်ဆိုင်ထားကြတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြင်ပမှာ နေအိမ်မပိုင်တဲ့ ရုပ်ရှင်သရုပ်ဆောင်ဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲရှိပါတယ်”ဟု ပြောဖူးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Aamir Khan house in Mumbai and Panchgani: A look into the actor’s luxe properties (housing)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
shwe-wutthmone
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service