ကမ္ဘာ့အမြင့်မားဆုံး သစ်သားမိုးမျှော်အဆောက်အအုံကြီး သြစတေးလျတွင် ဆောက်လုပ်မည်
ကမ္ဘာ့အမြင့်မားဆုံး သစ်သားမိုးမျှော်အဆောက်အအုံကြီး သြစတေးလျတွင် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
11 Oct 2023 10:15 am တွင် တင်ခဲ့သည်
922 ကြိမ် ကြည့်ရှု့ပြီး
 [Unicode]
သြစတေးလျနိုင်ငံ အနောက်ပိုင်းတွင် မကြာမီကာလများအတွင်း ကမ္ဘာ့အမြင့်မားဆုံး သစ်သား မိုးမျှော်အဆောက်အအုံကြီးတစ်ခု ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
သစ်ကို အဓိက အသုံးပြုကာ ကွန်ကရစ်လည်း သုံးစွဲပြီး Hybrid ဆောက်လုပ်မည်ဖြစ်သည်။
အမြင့် ၁၉၁ ဒသမ ၂ မီတာ (၆၂၇ ပေ) မြင့်မားမည့် အဆောက်အအုံကြီး ဆောက်လုပ်ရန် ပါ့သ် (Perth) မြို့အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။
သြစတေးလျအစိုးရ ဆောက်လုပ်ရေးစီမံကိန်းများ ကွပ်ကဲသည့်အဖွဲ့ဖြစ်သော Metro Inner-South Joint Development Assessment Panel (JDAP) က ယခုစီမံကိန်းကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
(မှတ်ချက်။ JDAP အဖွဲ့တွင် ပါ့သ်မြို့မှ အဖွဲ့ဝင်များလည်း ပါဝင်သည်။ JDAP သည် ဒေါ်လာ ၁၀ သန်းအထက် တန်ကြေးှရှိသော ဆောက်လုပ်ရေးစီမံကိန်းများ စိစစ်သုံးသပ်ကာ ခွင့်ပြုချက် ပေးမပေး အဆုံးအဖြတ်ပေး သည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်များကို စီမံကိန်းဝန်ကြီးက ခန့်အပ်သည်။)
ကမ္ဘာ့အမြင့်မားဆုံး သစ်အဆောက်အအုံကြီး ဆောက်လုပ်ခွင့် တင်ပြထားသည်မှာ Grange Development ကုမ္ပဏီဖြစ်ပြီး လက်ရှိအားဖြင့် ထိုအဆောက်အအုံကြီးကို C6 ဟု အမည်ပေးထားသည်။
ရည်မှန်းထားသည့် အဆောက်အအုံအမြင့်မှာ လက်ရှိ ကမ္ဘာ့စံချိန်တင်ထားသော သစ်အဆောက်အအုံကြီးထက် ၂ ဆနီးပါး ပိုမိုမြင့်မားသည်။ ဆောက်လုပ်မည့် developer ၏ ထုတ်ပြန်ချက်အရ အဆောက်အအုံ၏ ၄၂ ရာခိုင်နှုန်းကို သစ်ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး ကော်လံတိုင်များနှင့် ပင်မတိုင်များကို RC ကွန်ကရစ်ဖြင့် ဆောက်လုပ်မည်ဟု ဆိုသည်။
ဆောက်လုပ်ပြီးစီးချိန်တွင် လက်ရှိ ကမ္ဘာ့အမြင့်မားဆုံး သစ်-ကွန်ကရစ် Hybrid အဆောက်အအုံကြီးဖြစ်သော အမေရိကန်ပြည်၊ ဝစ္စကွန်ဆင်ပြည်နယ်၊ Milwaukee မြို့မှ Ascent တာဝါအဆောက်အအုံကို ကျော်ဖြတ်သွား မည်ဖြစ်ကြောင်း၊ Ascent တာဝါ၏ အမြင့်မာ ၈၆ မီတာ (၂၈၄ ပေ) ရှိကာ အထပ်ပေါင်း ၂၅ ထပ် ပါဝင်ကြောင်း Council on Tall Buildings and Urban Habitat ၏ အချက်အလက်များတွင် ဖော်ပြသည်။
South Perth မြို့၊ Charles လမ်းတွင် ဆောက်လုပ်မည့် ယခုသစ်အဆောက်အအုံကြီးသည် ဆစ်ဒနီမြို့တွင် ဆောက်လုပ်ရန် ရည်မှန်းထားသော Atlassian Headquarters သစ်-ကွန်ကရစ် hybrid အဆောက်အအုံကြီး ထက်လည်း ပိုမိုမြင့်မားမည် ဖြစ်သည်။
Atlassian Headquarters အဆောက်အအုံသည် အမေရိကန်မှ Ascent တာဝါအဆောက်အအုံထက် ပိုမိုမြင့်မားမည်ဟုဆိုသည်။
C6 တာဝါကြီးကို သစ်ထုတ်တန်းများအပြင် စတီးဖရိန်များဖြင့်လည်း ထောက်မပေးထားမည် ဖြစ်သည်။
(C6 တာဝါကြီးတွင်ပါဝင်မည့် အခန်းတစ်ခန်း၏ ဒီဇိုင်း။ )
Grange Development ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ C6 တာဝါကြီးသည် အထပ်ပေါင်း ၅၀ ပါဝင်မည်ဖြစ်ပြီး လူနေခန်းပေါင်းမှာ ၂၀၀ ကျော်ပါမည်ဖြစ်ကာ သြစတေးလျ၏ ပထမဆုံး ကာဗွန်ထုတ်လွှတ်မှုမရှိသော လူနေ အဆောက်အအုံဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Grange ၏ ထုတ်ပြန်ချက်အရ သစ်ပင်ပေါင်း ၆၀၀ မှ ထုတ်ယူမည့် သစ်ကုဗမီတာ ၇၄၀၀ ( ကုဗပေ ၂၆၀၀၀၀) ကို အသုံးပြုသွားမည်ဟု ဆိုသည်။
ယခုအဆောက်အအုံကြီးကို သစ်ဖြင့် အဓိကသုံးစွဲဆောက်လုပ်မှုအပြင် အမိုးပေါ် ပန်းဥယျာဉ်တစ်ခု၊ မြို့ပြစိုက်ခင်းတစ်ခုတို့လည်း ထည့်သွင်းသွားရန် Grange က စီစဉ်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World’s tallest wooden tower to be built in Australia (edition)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service