သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှစ်ကြာသည်အထိ မသိခဲ့၊ သေသည်အထိ သားဖြစ်သူကို စကားမပြောခဲ့ရ

သားဖြစ်သူနှင့် ဇနီးကို ထားခဲ့သော ဖခင်က သားဖြစ်သူမှာ Amazon တည်ထောင်သူ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်ကို ၄၇ နှစ်ကြာသည်အထိ မသိခဲ့၊ သေသည်အထိ သားဖြစ်သူကို စကားမပြောခဲ့ရ - Property News in Myanmar from iMyanmarHouse.com
29 Sep 2023 10:48 am တွင် တင်ခဲ့သည်
1930 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

[Unicode]

 

ဂျက်ဘေးဇော့စ် (Jeff Bezos) သည် Amazon.com Inc ကို တည်ထောင်သူဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် များတွင် ထိပ်တန်းနေရာမှ ပါဝင်သူဖြစ်ကာ ကမ္ဘာပေါ်တွင် မသိသူ မရှိလောက်အောင် ကျော်ကြားသူ ဖြစ်သည်။

သို့သော် ဂျက်ဘေးဇော့စ်တွင် ဖခင်ရင်းနှင့် ပတ်သက်သည့် လူသိနည်းသော ဖြစ်ရပ်တစ်ခု ရှိနေသည်။

ဂျက်ဘေးဇော့စ်သည် သူ၏ဖခင်ရင်းမည်သူဖြစ်သည်ကို လုံးဝမသိချေ။

သူ၏ဖခင်မှာ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှ စက်ဘီးအရောင်းဆိုင်ပိုင်ရှင် တက်ဒ် ဂျော်ဂင်ဆန် (Ted Jorgensen) ဖြစ်သည်။

 

 

ဖခင်ဖြစ်သူ ဂျော်ဂင်ဆန် (Ted Jorgensen)

 

ဂျော်ဂင်ဆန်သည် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်မှာ မိမိ၏သားဖြစ်သည်ကို သူ၏ဘဝကာလ အများစု မသိရှိခဲ့။

ဂျက်ဘေးဇော့စ် အခါလည်သား အရွယ်တွင်ပင် မိခင်နှင့်ဖခင် လမ်းခွဲခဲ့ကြပြီး မိခင်ဖြစ်သူ ဂျက်ကီမှာ ဂျက်ဘေးဇော့စ်နှင့်အတူ ထွက်လာခဲ့ရာ ၎င်းတို့၏ ဘဝလမ်းများ ခြားနားဝေးကွာ သွားခဲ့ကြသည်။

ဖခင်ဖြစ်သူ ဂျော်ဂင်ဆန်မှာ ထိုအချိန်က ၁၈ နှစ်အရွယ်သာ ရှိသေးပြီး ဂျက်ဘေးဇော့စ်၏ မိခင်နှင့် အချိန်ခဏတာ လက်ထပ်ပေါင်းသင်းခဲ့ပြီး လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

ဂျော်ဂင်ဆန်သည် အရီဇိုးနားပြည်နယ်မှ မြို့ငယ်လေးတစ်ခုတွင် ကြီးပြင်းခဲ့ပြီး အားကစားသမားကောင်းတစ်ဦး ဖြစ်သည်။

သူသည် စက်ဘီးများကို ရူးသွပ်ပြီး အရီဇိုးနားပြည်နယ် ၊ Glendale မြို့တွင် စက်ဘီးဆိုင်တစ်ခု ဖွင့်လှစ်ခဲ့သည်။

ဂျော်ဂင်ဆန်သည် ကြင်နာတတ်ကာ ရက်ရောသူတစ်ဦးဖြစ်ပြီး သူ၏ ဖောက်သည်များနှင့် မိတ်ဆွေများက ခင်မင်ကြသည်ဟု ဆိုသည်။

ဂျက်ဘေးဇော့စ်ကို ဆယ်ကျော်သက်အရွယ်သာရှိသေးသော မိခင်နှင့် မိခင်၏ နောက်အိမ်ထောင် မီဂွဲ ဘေးဇော့စ် (Miguel Bezos) တို့က ပြုစုပျိုးထောင်ပေးခဲ့သည်။

 

 

ဂျက်ဘေးဇော့စ်ကို မိခင်နှင့် မိခင်၏နောက်အိမ်ထောင်ကွဲ မီဂွဲ ဘေးဇော့စ် (Miguel Bezos)တို့နှင့်အတူ တွေ့ရစဉ်

 

မီဂွဲသည် ကျူးဘားနိုင်ငံသားတစ်ဦးဖြစ်ပြီး အမေရိကန်သို့ လက်ဗလာဖြင့် လာရောက်ခဲ့သူ ဖြစ်သည်။

မီဂွဲက သူနှင့် မိသားစုအတွက် ကောင်းမွန်သော ဘဝ တည်ထောင်နိုင်ရန် အလုပ်အပြင်းအထန် ကြိုးစားခဲ့သည်။

ဂျက်ဘေးဇော့စ်က ပြောသည်မှာ မီဂွဲမှာ မိမိအတွက် ဖခင်ကောင်းတစ်ဦးဖြစ်ပြီး သူ့ထံမှ အတုယူထိုက်သည်များ များစွာရရှိခဲ့ကြောင်း ပြောသည်။

ဂျက်ဘေးဇော့စ် Amazon တည်ထောင်ရာတွင် လိုအပ်သည့် ငွေရရှိစေရန် မီဂွဲနှင့် မိခင်ကြီးတို့က ချေးငှား၍ ပေးခဲ့ရသည်။

 

ဂျက်ဘေးဇော့စ် (Jeff Bezos) နှင့် မီဂွဲ ဘေးဇော့စ် (Miguel Bezos)

 

 

မှတ်ချက်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်အချက်အလက်များအရ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅ ဦးမှာ...

 

၁။ Elon Musk (ကြွယ်ဝမှု-ကန်ဒေါ်လာ ၂၄၀ ဒသမ ၇ ဘီလီယံ)၊

၂။ Bernard Arnault (ကြွယ်ဝမှု- ကန်ဒေါ်လာ ၂၃၁ ဒသမ ၄ ဘီလီယံ)၊

၃။ Jeff Bezos (ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၅၄ ဒသမ ၉ ဘီလီယံ)၊

၄။ Larry Elison (ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၄၆ ဒသမ ၁ ဘီလီယံ)၊

၅။ Bill Gates (ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၁၉ ဒသမ ၃ ဘီလီယံ) တို့ဖြစ်ကြသည်။)

 

ဂျက်ဘေးဇော့စ်က ၁၉၉၉ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောခဲ့သည်မှာ ဖခင်ရင်းကို လုံးဝ ပြန်မတွေ့ခဲ့ကြောင်း ၊ ဂျော်ဂင်ဆန်နှင့် တစ်နှစ်သားအရွယ်ထိသာ နေထိုင်ခဲ့ဖူးကြောင်း ပြောကြားသည်။

The Everything Store:Jeff Bezos and Amazon ဟူသောအမည်ဖြင့် ဂျက်ဘေးဇော့စ်အကြောင်း စာအုပ်ရေးသားခဲ့သည့် စာရေးဆရာ Brad Stone က ၂၀၁၂ ခုနှစ်အတွင်း ဂျက်ဘေးဇော့စ်၏ ဖခင် ဂျော်ဂင်ဆန်ကို ခြေရာခံမိခဲ့ပြီး အရီဇိုးနားပြည်နယ်တွင် စက်ဘီးဆိုင်တစ်ခု ဖွင့်လှစ်ထားသည်ကို တွေ့ခဲ့သည်။

ဂျော်ဂင်ဆန်သည် စီးပွားရေးလောကတွင် ဒိတ်ဒိတ်ကြဲအောင်မြင်နေသူ ဂျက်ဘေးဇော့စ်မှာ မိမိ၏ သားဖြစ်သူကို မသိရှိကြောင်း တွေ့ခဲ့ရသည်။

သားဖြစ်သူ မည်သူဖြစ်ကြောင်း သိလိုက်ရချိန်တွင် ဂျော်ဂင်ဆန်မှာ များစွာ တုန်လှုပ်သွားခဲ့သည်ဟု ဆိုသည်။

ဂျော်ဂင်ဆန်သည် ၂၀၁၃ ခုနှစ်သို့ ရောက်သောအချိန်တွင်မှ သူ၏သားမှာ Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်ဖြစ်သည်ကို သိခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် သူ၏အသက်မှာ ၆၉ နှစ်ရှိပြီ ဖြစ်သည်။

သားဖြစ်သူ၏ ဓာတ်ပုံများကို မြင်ရချိန်တွင် ဂျော်ဂင်ဆန် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့သည်ဟု ဆို၏။

စာရေးဆရာ Brad Stone ၏ စာအုပ်ထဲတွင် ရေးသားဖော်ပြချက်အရ “ကျွန်တော်က ဖခင်ကောင်း ၊ ခင်ပွန်းကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး” ဟု ဂျော်ဂင်ဆန်က ပြောခဲ့သည်ဟု ဆိုသည်။

ထိုအချိန်က ဂျော်ဂင်ဆန်က ပြောခဲ့သည်မှာ ဂျက်ဘေးဇော့စ်နှင့် ပြန်လည်ဆက်သွယ်ရန် ကြိုးစားခဲ့ကြောင်း ပြောခဲ့သည်။ 

 

 

ဂျော်ဂင်ဆန်က ပြောသည်မှာ ဂျက်ဘေးဇော့စ်သည် မိမိ၏ တစ်ဦးတည်းသော ရင်သွေးဖြစ်ကြောင်း ၊ ဒိုက်ဘာထဲတွင် ရှိခဲ့သည့် နောက်ပိုင်းကတည်းက မတွေ့ရတော့ကြောင်း ပြောသည်။

ဂျက်ဘေးဇော့စ်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်နေပြီ ဖြစ်သော်လည်း သားထံမှ အဖေဟု အသိအမှတ်ပြုခြင်းမှ လွဲ၍ မည်သည့်အရာမျှ မလိုချင်ကြောင်းလည်း ဂျော်ဂင်ဆန်က ပြောသည်။

စာရေးဆရာ Brad Stone ကြောင့် သားအကြောင်း သိရှိခဲ့ပြီးနောက်ပိုင်း ဂျော်ဂင်ဆန်က MailOnline သတင်းဌာနသို့ ပြောသည်မှာ “ကျွန်တော့်ဆီကို သူလာလိမ့်မယ်လို့ မထင်ပါဘူး။ သူ ကျွန်တော်နဲ့ အဆက်အသွယ်ပြန်လုပ်မယ့် အရိပ်လက္ခဏာ မကြားရပါဘူး။ ဒါပေမဲ့ သူ့ကို အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်က ဖခင်ကောင်းတစ်ယောက်မဟုတ်ပါဘူး”ဟု ဆိုသည်။

ဂျော်ဂင်ဆန်သည် အသက် ၇၀ အရွယ် ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး သားဖြစ်သူနှင့် စကားမပြောခဲ့ ရသော လေးလံသည့် ဝန်ထုပ်ဝန်ပိုးကြီး သယ်ဆောင်သွားခဲ့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos's Biological Father Didn't Know He Was The Billionaire Founder Of Amazon Until 47 Years After Giving Him Up For Adoption — He Died Without Ever Speaking To His Son (finance)

 

 

 

[Zawgyi]

သားျဖစ္သူႏွင့္ ဇနီးကို ထားခဲ့ေသာ ဖခင္က သားျဖစ္သူမွာ Amazon တည္ေထာင္သူ ကမၻာ့တတိယ အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္ေနသည္ကို ၄၇ ႏွစ္ၾကာသည္အထိ မသိခဲ့၊ ေသသည္အထိ သားျဖစ္သူကို စကားမေျပာခဲ့ရ

 

 

ဂ်က္ေဘးေဇာ့စ္ (Jeff Bezos) သည္ Amazon.com Inc ကို တည္ေထာင္သူျဖစ္ျပီး ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ မ်ားတြင္ ထိပ္တန္းေနရာမွ ပါဝင္သူျဖစ္ကာ ကမၻာေပၚတြင္ မသိသူ မရွိေလာက္ေအာင္ ေက်ာ္ၾကားသူ ျဖစ္သည္။

သို႔ေသာ္ ဂ်က္ေဘးေဇာ့စ္တြင္ ဖခင္ရင္းႏွင့္ ပတ္သက္သည့္ လူသိနည္းေသာ ျဖစ္ရပ္တစ္ခု ရွိေနသည္။

ဂ်က္ေဘးေဇာ့စ္သည္ သူ၏ဖခင္ရင္းမည္သူျဖစ္သည္ကို လံုးဝမသိေခ်။ သူ၏ဖခင္မွာ အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္မွ စက္ဘီးအေရာင္းဆိုင္ပိုင္ရွင္ တက္ဒ္ ေဂ်ာ္ဂင္ဆန္ (Ted Jorgensen) ျဖစ္သည္။

ေဂ်ာ္ဂင္ဆန္သည္ Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္မွာ မိမိ၏သားျဖစ္သည္ကို သူ၏ဘဝကာလ အမ်ားစု မသိရွိခဲ့။

ဂ်က္ေဘးေဇာ့စ္ အခါလည္သား အရြယ္တြင္ပင္ မိခင္ႏွင့္ဖခင္ လမ္းခြဲခဲ့ၾကျပီး မိခင္ျဖစ္သူ ဂ်က္ကီမွာ ဂ်က္ေဘးေဇာ့စ္ႏွင့္အတူ ထြက္လာခဲ့ရာ ၎တို႔၏ ဘဝလမ္းမ်ား ျခားနားေဝးကြာ သြားခဲ့ၾကသည္။

ဖခင္ျဖစ္သူ ေဂ်ာ္ဂင္ဆန္မွာ ထိုအခ်ိန္က ၁၈ ႏွစ္အရြယ္သာ ရွိေသးျပီး ဂ်က္ေဘးေဇာ့စ္၏ မိခင္ႏွင့္ အခ်ိန္ခဏတာ လက္ထပ္ေပါင္းသင္းခဲ့ျပီး လမ္းခြဲခဲ့ျခင္း ျဖစ္သည္။

ေဂ်ာ္ဂင္ဆန္သည္ အရီဇိုးနားျပည္နယ္မွ ျမဳိ႕ငယ္ေလးတစ္ခုတြင္ ၾကီးျပင္းခဲ့ျပီး အားကစားသမားေကာင္းတစ္ဦး ျဖစ္သည္။

သူသည္ စက္ဘီးမ်ားကုိ ရူးသြပ္ျပီး အရီဇိုးနားျပည္နယ္ ၊ Glendale ျမဳိ႕တြင္ စက္ဘီးဆိုင္တစ္ခု ဖြင့္လွစ္ခဲ့သည္။

ေဂ်ာ္ဂင္ဆန္သည္ ၾကင္နာတတ္ကာ ရက္ေရာသူတစ္ဦးျဖစ္ျပီး သူ၏ ေဖာက္သည္မ်ားႏွင့္ မိတ္ေဆြမ်ားက ခင္မင္ၾကသည္ဟု ဆိုသည္။

ဂ်က္ေဘးေဇာ့စ္ကို ဆယ္ေက်ာ္သက္အရြယ္သာရွိေသးေသာ မိခင္ႏွင့္ မိခင္၏ ေနာက္အိမ္ေထာင္ မီဂြဲ ေဘးေဇာ့စ္ (Miguel Bezos) တို႔က ျပဳစုပ်ဳိးေထာင္ေပးခဲ့သည္။

မီဂြဲသည္ က်ဴးဘားႏိုင္ငံသားတစ္ဦးျဖစ္ျပီး အေမရိကန္သုိ႔ လက္ဗလာျဖင့္ လာေရာက္ခဲ့သူ ျဖစ္သည္။

မီဂြဲက သူႏွင့္ မိသားစုအတြက္ ေကာင္းမြန္ေသာ ဘဝ တည္ေထာင္ႏိုင္ရန္ အလုပ္အျပင္းအထန္ ၾကိဳးစားခဲ့သည္။

ဂ်က္ေဘးေဇာ့စ္က ေျပာသည္မွာ မီဂြဲမွာ မိမိအတြက္ ဖခင္ေကာင္းတစ္ဦးျဖစ္ျပီး သူ႔ထံမွ အတုယူထုိက္သည္မ်ား မ်ားစြာရရွိခဲ့ေၾကာင္း ေျပာသည္။ ဂ်က္ေဘးေဇာ့စ္ Amazon တည္ေထာင္ရာတြင္ လိုအပ္သည့္ ေငြရရွိေစရန္ မီဂြဲႏွင့္ မိခင္ၾကီးတို႔က ေခ်းငွား၍ ေပးခဲ့ရသည္။

(မွတ္ခ်က္။ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၂၂ ရက္အခ်က္အလက္မ်ားအရ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ ၅ ဦးမွာ ၁။ Elon Musk (ၾကြယ္ဝမႈ-ကန္ေဒၚလာ ၂၄၀ ဒသမ ၇ ဘီလီယံ)၊ ၂။ Bernard Arnault (ၾကြယ္ဝမႈ- ကန္ေဒၚလာ ၂၃၁ ဒသမ ၄ ဘီလီယံ)၊ ၃။ Jeff Bezos (ၾကြယ္ဝမႈ- ကန္ေဒၚလာ ၁၅၄ ဒသမ ၉ ဘီလီယံ)၊ ၄။ Larry Elison (ၾကြယ္ဝမႈ- ကန္ေဒၚလာ ၁၄၆ ဒသမ ၁ ဘီလီယံ)၊ ၅။ Bill Gates (ၾကြယ္ဝမႈ- ကန္ေဒၚလာ ၁၁၉ ဒသမ ၃ ဘီလီယံ) တို႔ျဖစ္ၾကသည္။)

ဂ်က္ေဘးေဇာ့စ္က ၁၉၉၉ ခုႏွစ္အတြင္း ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ေျပာခဲ့သည္မွာ ဖခင္ရင္းကို လံုးဝ ျပန္မေတြ႔ခဲ့ေၾကာင္း ၊ ေဂ်ာ္ဂင္ဆန္ႏွင့္ တစ္ႏွစ္သားအရြယ္ထိသာ ေနထိုင္ခဲ့ဖူးေၾကာင္း ေျပာၾကားသည္။

The Everything Store:Jeff Bezos and Amazon ဟူေသာအမည္ျဖင့္ ဂ်က္ေဘးေဇာ့စ္အေၾကာင္း စာအုပ္ေရးသားခဲ့သည့္ စာေရးဆရာ Brad Stone က ၂၀၁၂ ခုႏွစ္အတြင္း ဂ်က္ေဘးေဇာ့စ္၏ ဖခင္ ေဂ်ာ္ဂင္ဆန္ကို ေျခရာခံမိခဲ့ျပီး အရီဇိုးနားျပည္နယ္တြင္ စက္ဘီးဆိုင္တစ္ခု ဖြင့္လွစ္ထားသည္ကို ေတြ႔ခဲ့သည္။

ေဂ်ာ္ဂင္ဆန္သည္ စီးပြားေရးေလာကတြင္ ဒိတ္ဒိတ္ၾကဲေအာင္ျမင္ေနသူ ဂ်က္ေဘးေဇာ့စ္မွာ မိမိ၏ သားျဖစ္သူကို မသိရွိေၾကာင္း ေတြ႔ခဲ့ရသည္။

သားျဖစ္သူ မည္သူျဖစ္ေၾကာင္း သိလိုက္ရခ်ိန္တြင္ ေဂ်ာ္ဂင္ဆန္မွာ မ်ားစြာ တုန္လႈပ္သြားခဲ့သည္ဟု ဆိုသည္။

ေဂ်ာ္ဂင္ဆန္သည္ ၂၀၁၃ ခုႏွစ္သို႔ ေရာက္ေသာအခ်ိန္တြင္မွ သူ၏သားမွာ Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္ျဖစ္သည္ကို သိခဲ့ျခင္းျဖစ္ျပီး ထုိအခ်ိန္တြင္ သူ၏အသက္မွာ ၆၉ ႏွစ္ရွိျပီ ျဖစ္သည္။

သားျဖစ္သူ၏ ဓာတ္ပံုမ်ားကို ျမင္ရခ်ိန္တြင္ ေဂ်ာ္ဂင္ဆန္ မ်က္ရည္ျဖိဳင္ျဖဳိင္က်ခဲ့သည္ဟု ဆို၏။

စာေရးဆရာ Brad Stone ၏ စာအုပ္ထဲတြင္ ေရးသားေဖာ္ျပခ်က္အရ “ကၽြန္ေတာ္က ဖခင္ေကာင္း ၊ ခင္ပြန္းေကာင္းတစ္ေယာက္ မဟုတ္ခဲ့ပါဘူး” ဟု ေဂ်ာ္ဂင္ဆန္က ေျပာခဲ့သည္ဟု ဆိုသည္။

ထိုအခ်ိန္က ေဂ်ာ္ဂင္ဆန္က ေျပာခဲ့သည္မွာ ဂ်က္ေဘးေဇာ့စ္ႏွင့္ ျပန္လည္ဆက္သြယ္ရန္ ၾကိဳးစားခဲ့ေၾကာင္း ေျပာခဲ့သည္။

ေဂ်ာ္ဂင္ဆန္က ေျပာသည္မွာ ဂ်က္ေဘးေဇာ့စ္သည္ မိမိ၏ တစ္ဦးတည္းေသာ ရင္ေသြးျဖစ္ေၾကာင္း ၊ ဒိုက္ဘာထဲတြင္ ရွိခဲ့သည့္ ေနာက္ပိုင္းကတည္းက မေတြ႔ရေတာ့ေၾကာင္း ေျပာသည္။

ဂ်က္ေဘးေဇာ့စ္မွာ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္မ်ားတြင္ ပါဝင္ေနျပီ ျဖစ္ေသာ္လည္း သားထံမွ အေဖဟု အသိအမွတ္ျပဳျခင္းမွ လြဲ၍ မည္သည့္အရာမွ် မလိုခ်င္ေၾကာင္းလည္း ေဂ်ာ္ဂင္ဆန္က ေျပာသည္။

စာေရးဆရာ Brad Stone ေၾကာင့္ သားအေၾကာင္း သိရွိခဲ့ျပီးေနာက္ပိုင္း ေဂ်ာ္ဂင္ဆန္က MailOnline သတင္းဌာနသုိ႔ ေျပာသည္မွာ “ကၽြန္ေတာ့္ဆီကုိ သူလာလိမ့္မယ္လို႔ မထင္ပါဘူး။ သူ ကၽြန္ေတာ္နဲ႔ အဆက္အသြယ္ျပန္လုပ္မယ့္ အရိပ္လကၡဏာ မၾကားရပါဘူး။ ဒါေပမဲ့ သူ႔ကို အျပစ္တင္လုိ႔ မရပါဘူး။ ကၽြန္ေတာ္က ဖခင္ေကာင္းတစ္ေယာက္မဟုတ္ပါဘူး”ဟု ဆုိသည္။ ေဂ်ာ္ဂင္ဆန္သည္ အသက္ ၇၀ အရြယ္ ၂၀၁၅ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ျပီး သားျဖစ္သူႏွင့္ စကားမေျပာခဲ့ ရေသာ ေလးလံသည့္ ဝန္ထုပ္ဝန္ပိုးၾကီး သယ္ေဆာင္သြားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos's Biological Father Didn't Know He Was The Billionaire Founder Of Amazon Until 47 Years After Giving Him Up For Adoption — He Died Without Ever Speaking To His Son (finance)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ၁၂၀၅ ဧကကျယ်သော ခြံကြီးကို အများပြည်သူအပန်းဖြေရန် အမည်မဖော်သောပိုင်ရှင်က လှူဒါန်း...
အမေရိကန်တွင် ၁၂၀၅ ဧကကျယ်သော ခြံကြီးကို အများပြည်သူအပန်းဖြေရန် အမည်မဖော်သောပိုင်ရှင်က လှူဒါန်း...
အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့ ပိုင်ဆိုင်ခဲ့သော နယူးအော်လင်းမှ စံအိမ်ကြီး လေလံတင်ရောင်းချမည်...
အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့ ပိုင်ဆိုင်ခဲ့သော နယူးအော်လင်းမှ စံအိမ်ကြီး လေလံတင်ရောင်းချမည်...
iMyanmarHouse ၊ eMediaLinks နှင့် တရုတ်နိုင်ငံ၏ အကြီးဆုံးလူမှုကွန်ယက်ဖြစ်သော Weibo တို့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုး...
iMyanmarHouse ၊ eMediaLinks နှင့် တရုတ်နိုင်ငံ၏ အကြီးဆုံးလူမှုကွန်ယက်ဖြစ်သော Weibo တို့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုး...
လူသူအလှမ်းကွာသော နေရာတွင် ရေမီးလိုင်းများ မရှိသော အိမ်ငယ်လေး၌ ပျော်ရွှင်စွာ ဘဝဖြတ်သန်းနေ သော ထိုင်းနိုင်ငံသူနှင့် အမေရိကန်နိုင်ငံသား စုံတွဲ...
လူသူအလှမ်းကွာသော နေရာတွင် ရေမီးလိုင်းများ မရှိသော အိမ်ငယ်လေး၌ ပျော်ရွှင်စွာ ဘဝဖြတ်သန်းနေ သော ထိုင်းနိုင်ငံသူနှင့် အမေရိကန်နိုင်ငံသား စုံတွဲ...
အင်္ဂလန်နိုင်ငံအနောက်ပိုင်း ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ ဘလက်ပူးတွင် အိပ်ခန်း ၈ ခန်းပါ နေအိမ်တစ်လုံး ကို ပေါင် ၄၀၀၀၀ မျှဖြင့် ရောင်းမည်...
အင်္ဂလန်နိုင်ငံအနောက်ပိုင်း ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ ဘလက်ပူးတွင် အိပ်ခန်း ၈ ခန်းပါ နေအိမ်တစ်လုံး ကို ပေါင် ၄၀၀၀၀ မျှဖြင့် ရောင်းမည်...
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၁၁၂ ဧကကျယ်ဝန်းသော ဝတ်လစ်စလစ် အပန်းဖြေစခန်း ကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၁၁၂ ဧကကျယ်ဝန်းသော ဝတ်လစ်စလစ် အပန်းဖြေစခန်း ကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ က ဆောက်လုပ်ခဲ့သော ဗြိတိန်ရှိ ခံတပ်စခန်း ပေါင် ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူနိုင်မည်...
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ က ဆောက်လုပ်ခဲ့သော ဗြိတိန်ရှိ ခံတပ်စခန်း ပေါင် ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူနိုင်မည်...
လန်ဒန်မြို့ရှိ တိုက်ခန်းတစ်ခန်း တစ်လလျှင် ပေါင် ၂၁၈၀ ဖြင့် ငှားမည် ၊ အိမ်မွေးတိရ စ္ဆာန်ရှိသူဆိုပါက တစ်ကောင်လျှင် တစ်လ ၇၅ ပေါင် အိမ်ငှားခ ထပ်ပေးရမည်ဟုဆို...
လန်ဒန်မြို့ရှိ တိုက်ခန်းတစ်ခန်း တစ်လလျှင် ပေါင် ၂၁၈၀ ဖြင့် ငှားမည် ၊ အိမ်မွေးတိရ စ္ဆာန်ရှိသူဆိုပါက တစ်ကောင်လျှင် တစ်လ ၇၅ ပေါင် အိမ်ငှားခ ထပ်ပေးရမည်ဟုဆို...
ဟယ်ရီပေါ်တာက မှော်ကျောင်းတော်သို့ Hogwarts Express ရေနွေးငွေ့ရထားကြီး စီး၍ သွားရာတွင် နောက်ခံအဖြစ် ပါဝင်ခဲ့သော စကော့တလန်မှ အိပ်ခန်း ၂ ခန်းပါ ဘူတာရုံ ပေါင် ၂၃၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဟယ်ရီပေါ်တာက မှော်ကျောင်းတော်သို့ Hogwarts Express ရေနွေးငွေ့ရထားကြီး စီး၍ သွားရာတွင် နောက်ခံအဖြစ် ပါဝင်ခဲ့သော စကော့တလန်မှ အိပ်ခန်း ၂ ခန်းပါ ဘူတာရုံ ပေါင် ၂၃၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် ပါဝင်ပြီး သာယာလှပသော်လည်း လာရောက်လည်ပတ်သော ကမ္ဘာ့လှည့် ခရီးသည် အလွန်နည်းပါးသော နိုင်ငံကလေး...
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် ပါဝင်ပြီး သာယာလှပသော်လည်း လာရောက်လည်ပတ်သော ကမ္ဘာ့လှည့် ခရီးသည် အလွန်နည်းပါးသော နိုင်ငံကလေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂတ်စ်မီးဖိုများ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာအန္တရာယ်များ
ဂတ်စ်မီးဖိုများ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာအန္တရာယ်များ
မန္တလေးအိမ်ခြံမြေဈေးကွက် အငှားပြန်သွက်လာ
မန္တလေးအိမ်ခြံမြေဈေးကွက် အငှားပြန်သွက်လာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုမည်ဆိုပါက သိရှိထားသင့်သည့်အချက်အလက်များ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုမည်ဆိုပါက သိရှိထားသင့်သည့်အချက်အလက်များ
စင်္ကာပူမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးကို ဝယ်ယူထားသည့်ဈေးအောက် ၃၀ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချရန် စီစဉ်နေ
စင်္ကာပူမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးကို ဝယ်ယူထားသည့်ဈေးအောက် ၃၀ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချရန် စီစဉ်နေ
ဥပဒေရေးရာ သိမှတ်ဖွယ်အဖြာဖြာ
ဥပဒေရေးရာ သိမှတ်ဖွယ်အဖြာဖြာ
အမေရိကန်ပြည် ၊ ဒင်ဗာမြို့တွင် စတုရန်းပေ ၇၅၀ သာရှိသော အိမ်ငယ်ကလေးကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ခဲ့ရာ ဈေးအလွန်များသော်
အမေရိကန်ပြည် ၊ ဒင်ဗာမြို့တွင် စတုရန်းပေ ၇၅၀ သာရှိသော အိမ်ငယ်ကလေးကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ခဲ့ရာ ဈေးအလွန်များသော်
လန်ဒန်မြို့တွင် ကားတံခါးဖွင့်ကာ ထွက်နိုင်သည် ဆိုရုံမျှ အကျယ်အဝန်းရှိသော နှစ်ပေါင်း ၉၅၀ ဂရန်သက်တမ်းရှိ ကားဂိုဒေါင်ခန်းလေး
လန်ဒန်မြို့တွင် ကားတံခါးဖွင့်ကာ ထွက်နိုင်သည် ဆိုရုံမျှ အကျယ်အဝန်းရှိသော နှစ်ပေါင်း ၉၅၀ ဂရန်သက်တမ်းရှိ ကားဂိုဒေါင်ခန်းလေး
ရင်သားကင်ဆာဆဲလ်တွေတောင် ရပ်တန့်ပေးနိုင်တဲ့ ကြက်ဟင်းခါးသီးရဲ့ ဆေးဖက်ဝင်ပုံ
ရင်သားကင်ဆာဆဲလ်တွေတောင် ရပ်တန့်ပေးနိုင်တဲ့ ကြက်ဟင်းခါးသီးရဲ့ ဆေးဖက်ဝင်ပုံ
အိန္ဒိယနိုင်ငံမှ ဈေးအကြီးဆုံးစံအိမ်ကြီး (၁၀) လုံးအကြောင်း
အိန္ဒိယနိုင်ငံမှ ဈေးအကြီးဆုံးစံအိမ်ကြီး (၁၀) လုံးအကြောင်း
ဘရစ်တနေ စပီးယားစ် ကိုယ်တိုင်ရေးဆွဲခဲ့သည့် ယေရှုခရစ်ပုံ ပန်းချီကားနှင့် ကိုယ်တိုင်အလှဆင်ထားသည့် ပရိဘောဂများ ပါဝင်သော ကလေး
ဘရစ်တနေ စပီးယားစ် ကိုယ်တိုင်ရေးဆွဲခဲ့သည့် ယေရှုခရစ်ပုံ ပန်းချီကားနှင့် ကိုယ်တိုင်အလှဆင်ထားသည့် ပရိဘောဂများ ပါဝင်သော ကလေး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

thukha-garden-residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service