ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
26 Sep 2023 10:56 am တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့အစွန်းရှိ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဤရက်သတ္တပတ် အတွင်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အားကစားအတွက် စုဝေးမှုများနှင့် ကုမ္ပဏီပွဲလမ်းသဘင်များအတွက် နေရာကောင်းတစ်ခုဖြစ်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
ဧက ၅၀ ခန့်ကျယ်ဝန်းပြီး နေရာအများစုမှာ လူတို့၏ ပြုပြင်မွမ်းမံမှုများ မရှိသေးဘဲ ပင်လယ်ကွေ့၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ လူသူကင်းဝေးရာ တသီးတသန့် နိဗ္ဗာန်ဘုံတစ်ခု ဖြစ်သည်။
Bay Area တွင် ပြည်နယ် (သို့မဟုတ်) ပြည်ထောင်စုအစိုးရက ပိုင်ဆိုင်ခြင်းမရှိသော ကျွန်းအနည်းငယ်တွင် တစ်ခု အပါအဝင်ဖြစ်သည်။
ကျွန်းအမည်မှာ Point Buckler Island ဖြစ်ပြီး ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့မှ Sacramento-San Joaquinမြစ်ဝကျွန်းပေါ်အဖြစ် ကူးပြောင်းသွားသည့်နေရာ၏ အရှေ့ဘက် ပင်လယ်ရေပြင်အတွင်း တည်ရှိသည်။
ထိုနေရာတွင် စွန်ဖြင့်ရေလွှာလျှောစီးသူများ ၊ တောရိုင်းသဘာဝကို စောင့်ကြည့်သူများဖြင့် နာမည်ကြီးသည့်နေရာဖြစ်သည်။
“တကယ့်ကို သာယာကြည်နူးစရာနေရာလေးပါပဲ။ လူသူဝေးရာ ကိုယ်ပိုင်ကျွန်းလေးတစ်ခု ပိုင်ဆိုင်ချင်တဲ့လူတွေအတွက် နေရာကောင်းပါပဲ”ဟု အရောင်းဈေးကွက်တင်ပေးသော Keller Williams Realtyအိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Marianne Bordogna က ပြောသည်။
သို့သော် ဤကျွန်းသို့ သွားလိုပါက လှေတစ်စင်း (သို့မဟုတ်) ရဟတ်ယာဉ်တစ်စင်း ရှိထားရန် လိုသည်။
(ကျွန်းပေါ်တွင် ရဟတ်ယာဉ်ကွင်း ၂ ခုနှင့် ပေ ၄၀၀ ရေနက်ဆိပ်ခံတစ်ခု ပါဝင်သည်။)
ပိုင်ရှင်ဖြစ်သူ John Sweeney သည် အဆိုပါကျွန်းပေါ်တွင် စွန်လွှတ်ရေလွှာလျှောစီးသည့် လုပ်ငန်းတစ်ခုတည်ထောင်ထားသည်။
John Sweeney သည် လွန်ခဲ့သော နှစ်အနည်းငယ်က ရေကာတာ တာပေါင်ရိုးများကို ပြင်ဆင်ရန် စီစဉ်ချိန်တွင် ပြည်နယ်၊ ပြည်ထောင်စု အရာရှိတို့နှင့် ပြဿနာတက်ခဲ့သည်။
အရာရှိများက ပြောသည်မှာ တာပေါင်ရိုးများသည် ဒီရေစီးဆင်းမှုနှင့် တောရိုင်းတိရ စ္ဆာန်တို့အတွက် အနှောင့်အယှက် ဖြစ်နိုင်ကြောင်း ပြောကြပြီး John Sweeney က ပယ်ချထားသည်။
ကျွန်းပေါ်တွင် ကြီးမားသော သင်္ဘောကွန်တိန်နာပုံးကြီးများ ချထားပေးပြီး စွန်လွှတ်ရေလွှာလျှောစီးကြသည့် ဧည့်သည်များ နားနေရာ နေရာအဖြစ် အသုံးပြုသည်။
တာပေါင်ရိုးများ ကိစ္စဖြေရှင်းရန် ငွေမရှိတော့သောကြောင့် ကျွန်းကို ရောင်းထုတ်ရခြင်းဖြစ်ကြောင်း John Sweeney က ပြောသည်။
တာပေါင်ရိုးများ ဆောက်လုပ်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ၉ သန်းခန့် ကုန်ကျခဲ့ရကြောင်း ၎င်းက ခန့်မှန်းသည်။
John Sweeney သည် ဤကျွန်းကို ၂၀၁၁ ခုနှစ်က ကန်ဒေါ်လာ ၁၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခင်ကဘဲဖမ်းသည့် နေရာအဖြစ် လူသိများသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘Idyllic’ private island on edge of San Francisco Bay on sale for $75 million (sfchronicle)
[Zawgyi]
(ဓာတ်ပုံအားလုံးမှာ Point Buckler Island Facebook Page မှ ရယူထားခြင်း ဖြစ်ပါသည်)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service