ဂျဝါဟလာနေရူး၊ သမိုင်းဝင်ကုတ်အင်္ကျီတစ်ထည်နှင့် နေရူးစီးသော မော်တော်ကား

ဂျဝါဟလာနေရူး၊ သမိုင်းဝင်ကုတ်အင်္ကျီတစ်ထည်နှင့် နေရူးစီးသော မော်တော်ကား - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2023 11:40 am တွင် တင်ခဲ့သည်
1162 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ဂျဝါဟလာ နေရူး (မွေး ၁၈၈၉- ကွယ်လွန် ၁၉၆၄) သည် ၂၀ ရာစု အလယ်ပိုင်းအိန္ဒိယသမိုင်းတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသောအခါ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

နေရူးသည် ကမ္ဘာ့အတိုင်းအတာ အထင်ကရ စာရေးဆရာတစ်ဦးလည်း ဖြစ်ပြီး အကျဉ်းထောင်ထဲတွင် ရေးသားခဲ့သော Letters from a Father to His Daughter (၁၉၂၉) ၊ An autobiography (၁၉၃၆) နှင့် The Discovery of India (၁၉၄၆) တို့မှာ ကမ္ဘာတစ်ဝန်းတွင် နာမည်ကျော်သည်။

အများက နေရူးအား ဂုဏ်ပြုသောအားဖြင့် သူ၏ အမည်ရှေ့တွင် ပန်ဒစ် (ပဏ္ဍိတ) ဟူသောအမည်ကို ထည့်သွင်းကာ ပန်ဒစ်နေရူးဟု ခေါ်ဝေါ်ကြလေ့ရှိသည်။

 

(မြန်မာဘာသာသို့ ပြန်ဆိုထားမှုများ)

နေရူး၏ Letters from a Father to His Daughter စာအုပ်ကို ဆရာပါရဂူက ‘ချစ်သမီးထံသို့’ ၊ The Discovery of India ကို ဆရာဘိုးလှိုင်က ‘အိန္ဒိယကို တွေ့ရှိခြင်း’ (ဆရာဘဝင်းနှင့် ဆရာသန်းစိုးနိုင်တို့လည်း ပြန်ဆိုဖူး) (ဆရာဘိုးလှိုင်သည် အဆိုပါစာအုပ်ဖြင့် ၂၀၀၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့သည်)၊ Glimpses of World History ကို ဆရာပါရဂူက ‘ကမ္ဘာ့အကြောင်း တစေ့တစောင်း’ (ဆရာဘိုးလှိုင်က လျှပ်တပြက် ကမ္ဘာ့သမိုင်း၊ ဆရာကျော်သက်ဟန်က ဖျတ်ခနဲ မြင်ရသော ကမ္ဘာ့သမိုင်းဟု ပြန်ဆိုထားကြသေးသည်) ဟု အသီးသီး မြန်မာဘာသာသို့ ပြန်ဆိုထားသည်။

 

 

 

 

(ဗိုလ်ချုပ်အောင်ဆန်းသို့ ပေးခဲ့သည့် ကုတ်အင်္ကျီတစ်ထည်)

 

၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ် ကလီမန့် အက်တလီက ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ရည်ရွယ်ကြောင်း အောက်လွှတ်တော်ကို အသိပေးခဲ့သည်။

ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိန်ဝန်ကြီးချုပ် ကလီမန့် အက်တလီနှင့် မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဗြိတိန်သို့ သွားရောက်သော ခရီးစဉ်တွင် အိန္ဒိယသို့ ဝင်ခဲ့ရာ ဒေလီမြို့တွင် နေရူးနှင့် တွေ့ဆုံခဲ့၏။

နေရူးက ဗိုလ်ချုပ်အောင်ဆန်းဝတ်စားထားပုံကို ကြည့်ကာ လန်ဒန်၏ အအေးဒဏ်နှင့် မသင့်တော်ကြောင်း သုံးသပ်မိသည်။

 

 

ထိုနှစ်က လန်ဒန်သည် သမိုင်းတလျှောက်အပြင်းထန်ဆုံး အအေးဓာတ်နှင့် ရင်ဆိုင်နေရချိန် ဖြစ်သည်။

နေရူးက ဗိုလ်ချုပ်အောင်ဆန်းအား ကုတ်အင်္ကျီကြီးတစ်ထည်အပြင် ပိတ်စအထူသားဖြင့် ချုပ်ထားသော ယူနီဖောင်းသစ် ၂ စုံကိုလည်း ပေးခဲ့သည်ဟု ဆိုသည်။

ထိုနှစ်က လန်ဒန်မြို့၏ အပူချိန်မှာ အနှုတ် ၂၁ ဒီဂရီ ဆဲလ်စီးယပ်အထိ ကျဆင်းခဲ့သည်။

နေရူးသည် မြန်မာပြည်၏ မိတ်ဆွေကြီးဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်မှသည် သူကွယ်လွန်ချိန် ၁၉၆၄ ခုနှစ်အထိ မြန်မာပြည်သို့ အကြိမ်ကြိမ်လာရောက်လည်ပတ်ခဲ့ဖူးသည်။

 

(နေရူး ကွယ်လွန်ခြင်း)

 

၁၉၆၂ ခုနှစ်မှစတင်ပြီး နေရူးကျန်းမာရေးချို့တဲ့လာသည်။ ၁၉၆၂ နွေဦးတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဧပြီလတွင် အိပ်ယာထဲတွင်သာ နေရတော့သည်။

၁၉၆၄ ခုနှစ်၊ မေလ ၂၆ ရက်တွင် ဟိမဝန္တာတောင်ခြေရှိ ဥတရာခန်ပြည်နယ်၏မြို့တော်၊ ဒေဟရ ဒွန်မြို့မှ ပြန်လာပြီးနောက် အလွန်နေရထိုင်ရမကောင်းဖြစ်မှု ခံစားခဲ့ရပြီး ထိုည ၁၁း၃၀ အချိန်တွင် ပုံမှန်အတိုင်း အိပ်ယာဝင်သွားခဲ့သည်။

ထိုညက နှစ်ခြိုက်စွာအိပ်မောကျခဲ့ပြီး မနက် ၆း၃၀ တွင် အိပ်ယာနိုးလာသည်။

ယင်းနောက် ရေချိုးခန်းမှ ပြန်လာချိန်တွင် နေရူးမှာ ရုတ်တရက်ကျောအောင့်မှု ခံစားလိုက်ရ၏။

 

 (Photo Credit: John F. Kennedy )

 

 

သူ၏ဆရာဝန်များကို ပြောပြပြီးနောက် ရုတ်တရက်လဲကျသွားခဲ့သည်။

ယင်းနောက်ပိုင်း သတိပြန်လည်မလာတော့ဘဲ နေ့လည် ၁း၄၄ တွင် ကွယ်လွန်သွားခဲ့သည်။

သေဆုံးရမှု အကြောင်းရင်းမှာ နှလုံးဖောက်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

မေလ ၂၈ ရက်တွင် ဟိန္ဒူဓလေ့ထုံးတမ်းအတိုင်း ယမုံနာမြစ်ကမ်းဘေးတွင် မီးသဂြိုဟ်ခဲ့ရာ နေရူးကို လွမ်းဆွတ်ဂါရဝပေးလိုသူပေါင်း ၁ ဒသမ ၅ သန်းမှာ မီးသဂြိုဟ်ရာနေရာနှင့် ဒေလီမြို့လမ်းများပေါ်တွင် စုရုံးခဲ့ကြသည်။

 

(ယနေ့တိုင် ကောင်းမွန်နေဆဲဖြစ်သော နေရူးစီးခဲ့သည့် မော်တော်ကား)

 

နေရူးနှင့် အခြား လွတ်လပ်ရေးတိုက်ပွဲဝင်သူများ စီးခဲ့သော အိန္ဒိယနိုင်ငံ လွတ်လပ်ရေးမရမီကာလက ထုတ်လုပ်ခဲ့သည့် ကားမှာ ယနေ့တိုင် အံ့အားသင့်ဖွယ် ကောင်းမွန်နေဆဲဖြစ်သည်။

နေရူးစီးခဲ့သောကားမှာ ၁၉၃၉ ခုနှစ်ထုတ် Chevrolet Master Deluxe ဖြစ်ပြီး ယခုအခါ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှ အမျိုးသားတစ်ဦး ပိုင်ဆိုင်ထားသည်။

လက်ရှိ ပိုင်ဆိုင်ထားသူအမည်မှာ မစ္စတာ တီကေ ရာဂျက်ရှ် (TK Rajesh) ဖြစ်သည်။

 

 

(နေရူးစီးခဲ့သည့် မော်တော်ကား)

 

ရာဂျက်ရှ်က ပြောသည်မှာ Chevrolet Master Deluxe သည် ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းရှိသည့်ကား ဖြစ်သောကြောင့် ဝယ်ယူလိုကြောင်း ကမ်းလှမ်းသူ များစွာရှိသော်လည်း မရောင်းဘဲ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ပြောသည်။

ရာဂျက်ရှ်၏ ကားဂိုဒေါင်တွင် တန်ဖိုးရှိသည့်ကားများစွာ စုဆောင်းထားသည့်အနက် နေရူး၏ကားလည်း အပါအဝင် ဖြစ်သည်။

(နေရူး၏ မော်တော်ကားကို လက်ရှိပိုင်ရှင်က မောင်းနှင်ပြထားသည့် ဗွီဒီယိုကို YouTube တွင် ကြည့်ရှုနိုင်ပါသည်။

https://youtu.be/Nk9LM3j4Q_k )

“ဒီကားက ကောင်းကောင်းမောင်းလို့ ရတုန်းပါ။ ဒါပေမယ့် လောင်စာဆီ အလေအလွင့်မရှိဘဲ ထိရောက်မှုမျိုး တော့ မရှိတော့ပါဘူး” ဟု ရာဂျက်ရှ်က Manorama News သတင်းဌာနသို့ ပြောသည်။

နေရူးသည် ကီရာလာပြည်နယ်ရှိ မလမ်ပူဇာဆည်သို့ အလည်အပတ်လာရောက်ခဲ့စဉ်ကလည်း ဤကားဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ကားကိုယ်ထည်မှာ အဝါရောင်ဖြစ်ပြီး အဖြူ၊ အနီရောင်တို့ ရောယှက်ထားသော တာယာများတပ်ဆင်ထားကာ ရှေ့ခန်း တံခါးဘောင်နှင့် ကိုယ်ထည်တစ်လျှောက် အနီစင်းလိုင်းတစ်ခုရှိသည်။

ကားပေါ်တက်ရ လွယ်ကူစေရန် တံခါး ၂ ဘက်လုံးတွင် ခြေနင်းခုံနှင့် ကြီးမားကျယ်ပြန့်သော ရွှံ့ကာများ တင်ဆင်ထားသည်။

 

 ( နေရူးစီးခဲ့သည့် မော်တော်ကား  Photo Credit:  Manorama News)

 

လက်ရှိကားနံပါတ်ပြားတွင် MDU 907 ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ဒက်ရှ်ဘုတ်မှာမူ သံတမန်အဆင့်အတွက်ပင်လျှင် သေးငယ်လှကာ မည်ကာမတ္တမျှဖြစ်နေသော်လည်း နောက်ခန်းခြေချရန်နေရာ ကျယ်ကျယ်ဝန်းဝန်းရှိကာ ထိုင်ခုံများမှာ အနီရောင်သားရေခုံများ ဖြစ်သည်။

Chevrolet Master Deluxe ကို အမျိုးအစားသတ်မှတ်မှုတွင် တံခါး ၄ ပေါက်ပါ sedan ကားအဖြစ် ဖော်ပြသော်လည်း တံခါး ၂ ပေါက် မော်ဒယ်များနှင့် စတေရှင်ဝက်ဂွန်း မျိုးခွဲများလည်း ထုတ်လုပ်သည်။

6 cylinder ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၈၅ အား ထုတ်လုပ်သည်

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Pre-independence car that carried Jawaharlal Nehru, freedom fighters ‘still runs’. Watch here (livemint)

 

 

[Zawgyi]

ဂ်ဝါဟလာေနရူး၊ သမိုင္းဝင္ကုတ္အကၤ်ီတစ္ထည္ႏွင့္ ေနရူးစီးေသာ ေမာ္ေတာ္ကား

 

ဂ်ဝါဟလာ ေနရူး (ေမြး ၁၈၈၉- ကြယ္လြန္ ၁၉၆၄) သည္ ၂၀ ရာစု အလယ္ပိုင္းအိႏိၵယသမိုင္းတြင္ အေရးပါေသာ ပုဂၢိဳလ္တစ္ဦးျဖစ္သည္။

၁၉၄၇ ခုႏွစ္တြင္ အိႏိၵယႏိုင္ငံ လြတ္လပ္ေရးရေသာအခါ ဝန္ၾကီးခ်ဳပ္ျဖစ္လာခဲ့ျပီး ၁၆ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သည္။

ေနရူးသည္ ကမၻာ့အတိုင္းအတာ အထင္ကရ စာေရးဆရာတစ္ဦးလည္း ျဖစ္ျပီး အက်ဥ္းေထာင္ထဲတြင္ ေရးသားခဲ့ေသာ Letters from a Father to His Daughter (၁၉၂၉) ၊ An autobiography  (၁၉၃၆) ႏွင့္ The Discovery of India (၁၉၄၆) တို႔မွာ ကမၻာတစ္ဝန္းတြင္ နာမည္ေက်ာ္သည္။

အမ်ားက ေနရူးအား ဂုဏ္ျပဳေသာအားျဖင့္ သူ၏ အမည္ေရွ႕တြင္ ပန္ဒစ္ (ပ႑ိတ) ဟူေသာအမည္ကို ထည့္သြင္းကာ ပန္ဒစ္ေနရူးဟု ေခၚေဝၚၾကေလ့ရွိသည္။

(ျမန္မာဘာသာသို႔ ျပန္ဆိုထားမႈမ်ား)

ေနရူး၏ Letters from a Father to His Daughter စာအုပ္ကို ဆရာပါရဂူက ‘ခ်စ္သမီးထံသို႔’ ၊ The Discovery of India ကို ဆရာဘိုးလႈိင္က ‘အိႏိၵယကို ေတြ႔ရွိျခင္း’ (ဆရာဘဝင္းႏွင့္ ဆရာသန္းစိုးႏိုင္တို႔လည္း ျပန္ဆိုဖူး) (ဆရာဘိုးလႈိင္သည္ အဆိုပါစာအုပ္ျဖင့္ ၂၀၀၉ ခုႏွစ္အတြက္ အမ်ဳိးသားစာေပဆု ရရွိခဲ့သည္)၊ Glimpses of World History ကို ဆရာပါရဂူက ‘ကမၻာ့အေၾကာင္း တေစ့တေစာင္း’ (ဆရာဘိုးလႈိင္က လွ်ပ္တျပက္ ကမၻာ့သမိုင္း၊ ဆရာေက်ာ္သက္ဟန္က ဖ်တ္ခနဲ ျမင္ရေသာ ကမၻာ့သမိုင္းဟု ျပန္ဆိုထားၾကေသးသည္) ဟု အသီးသီး ျမန္မာဘာသာသို႔ ျပန္ဆိုထားသည္။

(ဗိုလ္ခ်ဳပ္ေအာင္ဆန္းသို႔ ေပးခဲ့သည့္ ကုတ္အကၤ်ီတစ္ထည္)

၁၉၄၆ ခုႏွစ္၊ ဒီဇင္ဘာလ ၂၀ ရက္တြင္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ကလီမန္႔ အက္တလီက ျဗိတိန္အေနျဖင့္ ျမန္မာႏိုင္ငံမွ ျပန္လည္ထြက္ခြာရန္ ရည္ရြယ္ေၾကာင္း ေအာက္လႊတ္ေတာ္ကို အသိေပးခဲ့သည္။ ထိုအခါ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ျဗိတိန္ဝန္ၾကီးခ်ဳပ္ ကလီမန္႔ အက္တလီႏွင့္ ျမန္မာ့လြတ္လပ္ေရးအတြက္ ေဆြးေႏြးရန္ ျဗိတိန္သို႔ သြားေရာက္ေသာ ခရီးစဥ္တြင္ အိႏိၵယသို႔ ဝင္ခဲ့ရာ ေဒလီျမိဳ႕တြင္ ေနရူးႏွင့္ ေတြ႔ဆံုခဲ့၏။

ေနရူးက ဗိုလ္ခ်ဳပ္ေအာင္ဆန္းဝတ္စားထားပံုကို ၾကည့္ကာ လန္ဒန္၏ အေအးဒဏ္ႏွင့္ မသင့္ေတာ္ေၾကာင္း သံုးသပ္မိသည္။

ထိုႏွစ္က လန္ဒန္သည္ သမိုင္းတေလွ်ာက္အျပင္းထန္ဆံုး အေအးဓာတ္ႏွင့္ ရင္ဆိုင္ေနရခ်ိန္ ျဖစ္သည္။

ေနရူးက ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား ကုတ္အကၤ်ီၾကီးတစ္ထည္အျပင္ ပိတ္စအထူသားျဖင့္ ခ်ဳပ္ထားေသာ ယူနီေဖာင္းသစ္ ၂ စံုကိုလည္း ေပးခဲ့သည္ဟု ဆိုသည္။

ထိုႏွစ္က လန္ဒန္ျမိဳ႕၏ အပူခ်ိန္မွာ အႏႈတ္ ၂၁ ဒီဂရီ ဆဲလ္စီးယပ္အထိ က်ဆင္းခဲ့သည္။

ေနရူးသည္ ျမန္မာျပည္၏ မိတ္ေဆြၾကီးျဖစ္ျပီး ၁၉၃၀ ျပည့္ႏွစ္မွသည္ သူကြယ္လြန္ခ်ိန္ ၁၉၆၄ ခုႏွစ္အထိ ျမန္မာျပည္သို႔ အၾကိမ္ၾကိမ္လာေရာက္လည္ပတ္ခဲ့ဖူးသည္။

(ေနရူး ကြယ္လြန္ျခင္း)

၁၉၆၂ ခုႏွစ္မွစတင္ျပီး ေနရူးက်န္းမာေရးခ်ဳိ႕တဲ့လာသည္။ ၁၉၆၂ ေႏြဦးတြင္ ဗိုင္းရပ္စ္ကူးစက္ခံရျပီး ဧျပီလတြင္ အိပ္ယာထဲတြင္သာ ေနရေတာ့သည္။

၁၉၆၄ ခုႏွစ္၊ ေမလ ၂၆ ရက္တြင္ ဟိမဝႏၱာေတာင္ေျခရွိ ဥတရာခန္ျပည္နယ္၏ျမဳိ႕ေတာ္၊ ေဒဟရ ဒြန္ျမိဳ႕မွ ျပန္လာျပီးေနာက္ အလြန္ေနရထိုင္ရမေကာင္းျဖစ္မႈ ခံစားခဲ့ရျပီး ထိုည ၁၁း၃၀ အခ်ိန္တြင္ ပံုမွန္အတိုင္း အိပ္ယာဝင္သြားခဲ့သည္။

ထိုညက ႏွစ္ျခိဳက္စြာအိပ္ေမာက်ခဲ့ျပီး မနက္ ၆း၃၀ တြင္ အိပ္ယာႏိုးလာသည္။

ယင္းေနာက္ ေရခ်ဳိးခန္းမွ ျပန္လာခ်ိန္တြင္ ေနရူးမွာ ရုတ္တရက္ေက်ာေအာင့္မႈ ခံစားလိုက္ရ၏။

သူ၏ဆရာဝန္မ်ားကို ေျပာျပျပီးေနာက္ ရုတ္တရက္လဲက်သြားခဲ့သည္။

ယင္းေနာက္ပိုင္း သတိျပန္လည္မလာေတာ့ဘဲ ေန႔လည္ ၁း၄၄ တြင္ ကြယ္လြန္သြားခဲ့သည္။

ေသဆံုးရမႈ အေၾကာင္းရင္းမွာ ႏွလံုးေဖာက္ျခင္းေၾကာင့္ ျဖစ္သည္ဟု ဆိုၾကသည္။

ေမလ ၂၈ ရက္တြင္ ဟိႏၵဴဓေလ့ထံုးတမ္းအတိုင္း ယမုံနာျမစ္ကမ္းေဘးတြင္ မီးသျဂိဳဟ္ခဲ့ရာ ေနရူးကို လြမ္းဆြတ္ဂါရဝေပးလိုသူေပါင္း ၁ ဒသမ ၅ သန္းမွာ မီးသျဂိဳဟ္ရာေနရာႏွင့္ ေဒလီျမိဳ႕လမ္းမ်ားေပၚတြင္ စုရံုးခဲ့ၾကသည္။

(ယေန႔တိုင္ ေကာင္းမြန္ေနဆဲျဖစ္ေသာ ေနရူးစီးခဲ့သည့္ ေမာ္ေတာ္ကား)

ေနရူးႏွင့္ အျခား လြတ္လပ္ေရးတိုက္ပြဲဝင္သူမ်ား စီးခဲ့ေသာ အိႏိၵယႏိုင္ငံ လြတ္လပ္ေရးမရမီကာလက ထုတ္လုပ္ခဲ့သည့္ ကားမွာ ယေန႔တိုင္ အံ့အားသင့္ဖြယ္ ေကာင္းမြန္ေနဆဲျဖစ္သည္။

ေနရူးစီးခဲ့ေသာကားမွာ ၁၉၃၉ ခုႏွစ္ထုတ္ Chevrolet Master Deluxe ျဖစ္ျပီး ယခုအခါ အိႏိၵယႏိုင္ငံ၊ ကီရာလာျပည္နယ္မွ အမ်ဳိးသားတစ္ဦး ပိုင္ဆိုင္ထားသည္။

လက္ရွိ ပိုင္ဆိုင္ထားသူအမည္မွာ မစၥတာ တီေက ရာဂ်က္ရွ္ (TK Rajesh) ျဖစ္သည္။

ရာဂ်က္ရွ္က ေျပာသည္မွာ Chevrolet Master Deluxe သည္ ဂုဏ္ယူဖြယ္ရာ သမိုင္းေၾကာင္းရွိသည့္ကား ျဖစ္ေသာေၾကာင့္ ဝယ္ယူလိုေၾကာင္း ကမ္းလွမ္းသူ မ်ားစြာရွိေသာ္လည္း မေရာင္းဘဲ ထိန္းသိမ္းထားမည္ျဖစ္ေၾကာင္း ေျပာသည္။

ရာဂ်က္ရွ္၏ ကားဂိုေဒါင္တြင္ တန္ဖိုးရွိသည့္ကားမ်ားစြာ စုေဆာင္းထားသည့္အနက္ ေနရူး၏ကားလည္း အပါအဝင္ ျဖစ္သည္။

(ေနရူး၏ ေမာ္ေတာ္ကားကို လက္ရွိပိုင္ရွင္က ေမာင္းႏွင္ျပထားသည့္ ဗြီဒီယိုကို YouTube တြင္ ၾကည့္ရႈႏိုင္ပါသည္။

https://youtu.be/Nk9LM3j4Q_k )

“ဒီကားက ေကာင္းေကာင္းေမာင္းလို႔ ရတုန္းပါ။ ဒါေပမယ့္ ေလာင္စာဆီ အေလအလြင့္မရွိဘဲ ထိေရာက္မႈမ်ဳိး ေတာ့ မရွိေတာ့ပါဘူး” ဟု ရာဂ်က္ရွ္က Manorama News သတင္းဌာနသို႔ ေျပာသည္။ ေနရူးသည္ ကီရာလာျပည္နယ္ရွိ မလမ္ပူဇာဆည္သို႔ အလည္အပတ္လာေရာက္ခဲ့စဥ္ကလည္း ဤကားျဖင့္ လာေရာက္ခဲ့ျခင္း ျဖစ္သည္။

ကားကိုယ္ထည္မွာ အဝါေရာင္ျဖစ္ျပီး အျဖဴ၊ အနီေရာင္တို႔ ေရာယွက္ထားေသာ တာယာမ်ားတပ္ဆင္ထားကာ ေရွ႕ခန္း တံခါးေဘာင္ႏွင့္ ကိုယ္ထည္တစ္ေလွ်ာက္ အနီစင္းလိုင္းတစ္ခုရွိသည္။

ကားေပၚတက္ရ လြယ္ကူေစရန္ တံခါး ၂ ဘက္လံုးတြင္ ေျခနင္းခံုႏွင့္ ၾကီးမားက်ယ္ျပန္႔ေသာ ရႊံ႕ကာမ်ား တင္ဆင္ထားသည္။ လက္ရွိကားနံပါတ္ျပားတြင္ MDU 907 ဟု ေဖာ္ျပထားသည္ကို ေတြ႔ရသည္။

ဒက္ရွ္ဘုတ္မွာမူ သံတမန္အဆင့္အတြက္ပင္လွ်င္ ေသးငယ္လွကာ မည္ကာမတၱမွ်ျဖစ္ေနေသာ္လည္း ေနာက္ခန္းေျခခ်ရန္ေနရာ က်ယ္က်ယ္ဝန္းဝန္းရွိကာ ထိုင္ခံုမ်ားမွာ အနီေရာင္သားေရခံုမ်ား ျဖစ္သည္။

Chevrolet Master Deluxe ကို အမ်ဳိးအစားသတ္မွတ္မႈတြင္ တံခါး ၄ ေပါက္ပါ sedan ကားအျဖစ္ ေဖာ္ျပေသာ္လည္း တံခါး ၂ ေပါက္ ေမာ္ဒယ္မ်ားႏွင့္ စေတရွင္ဝက္ဂြန္း မ်ဳိးခြဲမ်ားလည္း ထုတ္လုပ္သည္။

6 cylinder ဓာတ္ဆီအင္ဂ်င္တပ္ဆင္ထားျပီး ျမင္းေကာင္ေရ ၈၅ အား ထုတ္လုပ္သည္။

(Livemint, lostfootsteps, wikipedia)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Pre-independence car that carried Jawaharlal Nehru, freedom fighters ‘still runs’. Watch here (livemint)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service