စင်္ကာပူတွင် ကားဝယ်လိုပါက ပိုင်ဆိုင်ခွင့်လက်မှတ်အတွက် ဒေါ်လာ ၈၀၀၀၀ (မြန်မာငွေ ၁၂၄၀ သိန်း) ပေးရ

စင်္ကာပူတွင် ကားဝယ်လိုပါက ပိုင်ဆိုင်ခွင့်လက်မှတ်အတွက် ဒေါ်လာ ၈၀၀၀၀ (မြန်မာငွေ ၁၂၄၀ သိန်း) ပေးရ - Property Knowledge in Myanmar from iMyanmarHouse.com
24 Aug 2023 11:25 am တွင် တင်ခဲ့သည်
560 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အမေရိကန်ပြည်ထောင်စုတွင် ကားဝါသနာအိုးတစ်ဦးဖြစ်ရခြင်းမှာ စိန်ခေါ်မှုများရှိသည်။ကားများကို အချို့သော modify ပြုလုပ်မှုများ တားမြစ်ပိတ်ပင်ထားသည်။

အသံဆူညံသော exhaust တပ်ဆင်ပါက သင်၏ယာဉ်မှာ လမ်းပေါ်တွင် မောင်းနှင်ခွင့် မရနိုင်ချေ။

သို့သော် စင်္ကာပူတွင်ဆိုလျှင် ထို့ထက်ဆိုးရွားသော အခြေအနေနှင့် သင်ရင်ဆိုင်ရမည် ဖြစ်သည်။

 

 

နာမည်ကြီး ဓာတ်ပုံဆရာ၊ ကားဝါသနာရှင် Larry Chen သည် စင်္ကာပူ၏ မယုံနိုင်ဖွယ် ကားဓလေ့ကို မီးမောင်းထိုးပြရန် စင်္ကာပူသို့ မကြာသေးမီက သွားခဲ့သည်။

“ကားဝါသနာအိုးတွေအားလုံး သဘောတူတဲ့ ကောက်ချက်တစ်ခုက စင်္ကာပူအစိုးရဟာ ခင်ဗျားတို့ကို ကားမရှိတာ ပိုသဘောကျတယ်ဆိုတာပါပဲ”ဟု ၎င်းက ပြောသည်။

“ဒါက သိပ်သိသာပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်္ကာပူမှာ ကားတစ်စီးပိုင်ဆိုင်ဖို့၊ အများပြည်သူသွားလာရာ လမ်းမတွေမှာ မောင်းနှင်ဖို့ဆိုရင် ….. ‘ပိုင်ဆိုင်ခွင့်လက်မှတ်- COE’ …ဆိုတာ ရှိနေပါတယ်”

 

 

စင်္ကာပူသည် အကျယ်အဝန်းကျဉ်းမြောင်းသေးငယ်သော နိုင်ငံငယ်ကလေးဖြစ်ရာ ကားအစင်းရေ ပမာဏကို ထိန်းချုပ်ရန်အတွက် အစိုးရက COE ဟူသည်ကို ထုတ်ပြန်လာခဲ့သည်။

ကားပိုင်ဆိုင်လိုသူတို့အနေဖြင့် အဆိုပါ COE လိုင်စင်ကို လျှောက်ထားရမည်ဖြစ်ပြီး ထိုလိုင်စင်ရှိမှသာ ကားမှတ်ပုံတင်ခွင့်နှင့် စင်္ကာပူတွင် ကားပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

သင်သည် ဈေးသက်သာသော Toyota Corolla ဝယ်သည်ဖြစ်စေ၊ ဈေးမြင့်သော Rolls-Royce Phantom ဝယ်သည်ဖြစ်စေ ကားပိုင်ဆိုင်ခွင့်ရရန် အလွန်များပြားလှသော ငွေများ ပေးဆောင်ရမည် ဖြစ်သည်။

 

 

ထို့အပြင် ထို COE လက်မှတ်မှာ သက်တမ်း ၁၀ နှစ်သာ ပေးထားသည်။

“ပေးဆောင်ရမယ့်ငွေ ဆက်မပေးဘူးဆိုရင် ကားကို ဖျက်ဆီးပစ်ခံရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကားကို စင်္ကာပူရဲ့ အပြင်ဘက်ကို ရောင်းထုတ်ပစ်ရမှာ ဖြစ်ပါတယ်”

ထိုအချက်ကြောင့်ပင် စင်္ကာပူမှ အသုံးပြုပြီးသော အရည်အသွေးမြင့် ကားများစွာကို သြစတေးလျ၊ နယူးဇီလန်တို့နှင့် အခြားသော ဒေသတွင်းနိုင်ငံများစွာတွင် တွေ့လာရခြင်း ဖြစ်သည်။

 

 

စင်္ကာပူတွင် ကားပိုင်ဆိုင်ရေးပြဿနာမှာ ဤမျှဖြင့် မပြီးသေး။ စင်္ကာပူ၏ ကားသစ်တစ်စီး ဈေးနှုန်းကို လေ့လာကြည့်ပါ။

စင်္ကာပူတွင် Luxury များထဲမှ အနိမ့်ဆုံးအဆင့် ကားတစ်စီးအတွက်ပင်လျှင် ဈေးနှုန်းမြင့်မားစွာ ပေးရသည်။

အောက်အဆင့် Mercedes-Benz C-Class (C180 Avantgarde ) ကားတစ်စီး၏ တန်ဖိုးမှာ စင်္ကာပူဒေါ်လာ ၃၁၅၈၈၈ (ကန်ဒေါ်လာ ၂၃၃၀၀၀) ခန့် ပေးရသည်။

ထိုသို့ ကုန်ကျစရိတ် ကြီးမားလှသော်လည်း စင်္ကာပူတွင် အကောင်းဆုံးဂျပန်ကားတစ်ချို့နှင့် ဥရောပမှ ကားဆန်းများ စင်္ကာပူတွင် နေရာတကာ၌ တွေ့နိုင်သည်။

Chen နှင့် သူ၏ လမ်းညွှန် Ben တို့သည် စင်္ကာပူရှိ ရွက်လှေကလပ်တွင် ပြုလုပ်ခဲ့သော ကားဝါသနာအိုးများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

 

 

ထိုပွဲတွင် Lamborghini Aventador များ ၊ Skyline GT-R များနှင့် အခြားသော တန်ဖိုးကြီးကားများစွာ တွေ့ရသည်။

စင်္ကာပူတွင် ထိုသို့သော ကားများ ပိုင်ဆိုင်ရမှုအတွက် မည်မျှကုန်ကျမည်ကို တွေးတောကြည့်နိုင်သည်။

ဈေးသက်သာသော Toyota AE86 ကားမျိုးပင်လျှင် စင်္ကာပူတွင် ဈေးနှုန်းမြင့်မားသည်။

နောက်ဆုံးရောင်းခဲ့သည့် တစ်စီးမှာ ဒေါ်လာ ၂၇၅၀၀၀ ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore Charges $80,000 For The Right To Own A Car (carbuzz)

 

 

 

[Zawgyi]

 

စကၤာပူတြင္ ကားဝယ္လိုပါက ပိုင္ဆိုင္ခြင့္လက္မွတ္အတြက္ ေဒၚလာ ၈၀၀၀၀ (ျမန္မာေငြ ၁၂၄၀ သိန္း) ေပးရ

 

အေမရိကန္ျပည္ေထာင္စုတြင္ ကားဝါသနာအိုးတစ္ဦးျဖစ္ရျခင္းမွာ စိန္ေခၚမႈမ်ားရွိသည္။

ကားမ်ားကို အခ်ဳိ႕ေသာ modify ျပဳလုပ္မႈမ်ား တားျမစ္ပိတ္ပင္ထားသည္။

အသံဆူညံေသာ exhaust တပ္ဆင္ပါက သင္၏ယာဥ္မွာ လမ္းေပၚတြင္ ေမာင္းႏွင္ခြင့္ မရႏိုင္ေခ်။

သို႔ေသာ္ စကၤာပူတြင္ဆိုလွ်င္ ထို႔ထက္ဆိုးရြားေသာ အေျခအေနႏွင့္ သင္ရင္ဆိုင္ရမည္ ျဖစ္သည္။

နာမည္ၾကီး ဓာတ္ပံုဆရာ၊ ကားဝါသနာရွင္ Larry Chen သည္ စကၤာပူ၏ မယံုႏိုင္ဖြယ္ ကားဓေလ့ကို မီးေမာင္းထိုးျပရန္ စကၤာပူသို႔ မၾကာေသးမီက သြားခဲ့သည္။

“ကားဝါသနာအိုးေတြအားလံုး သေဘာတူတဲ့ ေကာက္ခ်က္တစ္ခုက စကၤာပူအစိုးရဟာ ခင္ဗ်ားတို႔ကို ကားမရွိတာ ပိုသေဘာက်တယ္ဆိုတာပါပဲ”ဟု ၎က ေျပာသည္။

“ဒါက သိပ္သိသာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စကၤာပူမွာ ကားတစ္စီးပိုင္ဆိုင္ဖုိ႔၊ အမ်ားျပည္သူသြားလာရာ လမ္းမေတြမွာ ေမာင္းႏွင္ဖုိ႔ဆိုရင္ ….. ‘ပိုင္ဆိုင္ခြင့္လက္မွတ္- COE’ …ဆိုတာ ရွိေနပါတယ္”

စကၤာပူသည္ အက်ယ္အဝန္းက်ဥ္းေျမာင္းေသးငယ္ေသာ ႏိုင္ငံငယ္ကေလးျဖစ္ရာ ကားအစင္းေရ ပမာဏကို ထိန္းခ်ဳပ္ရန္အတြက္ အစိုးရက COE ဟူသည္ကို ထုတ္ျပန္လာခဲ့သည္။ ကားပိုင္ဆိုင္လိုသူတို႔အေနျဖင့္ အဆိုပါ COE လိုင္စင္ကို ေလွ်ာက္ထားရမည္ျဖစ္ျပီး ထိုလိုင္စင္ရွိမွသာ ကားမွတ္ပံုတင္ခြင့္ႏွင့္ စကၤာပူတြင္ ကားပိုင္ဆိုင္ခြင့္ရမည္ ျဖစ္သည္။

သင္သည္ ေစ်းသက္သာေသာ Toyota Corolla ဝယ္သည္ျဖစ္ေစ၊ ေစ်းျမင့္ေသာ Rolls-Royce Phantom ဝယ္သည္ျဖစ္ေစ ကားပိုင္ဆိုင္ခြင့္ရရန္ အလြန္မ်ားျပားလွေသာ ေငြမ်ား ေပးေဆာင္ရမည္ ျဖစ္သည္။

ထို႔အျပင္ ထုိ COE လက္မွတ္မွာ သက္တမ္း ၁၀ ႏွစ္သာ ေပးထားသည္။

“ေပးေဆာင္ရမယ့္ေငြ ဆက္မေပးဘူးဆိုရင္ ကားကို ဖ်က္ဆီးပစ္ခံရမွာ ျဖစ္ပါတယ္။ ဒါမွမဟုတ္ ကားကို စကၤာပူရဲ႕ အျပင္ဘက္ကို ေရာင္းထုတ္ပစ္ရမွာ ျဖစ္ပါတယ္”

ထိုအခ်က္ေၾကာင့္ပင္ စကၤာပူမွ အသံုးျပဳျပီးေသာ အရည္အေသြးျမင့္ ကားမ်ားစြာကို ၾသစေတးလ်၊ နယူးဇီလန္တို႔ႏွင့္ အျခားေသာ ေဒသတြင္းႏိုင္ငံမ်ားစြာတြင္ ေတြ႔လာရျခင္း ျဖစ္သည္။

စကၤာပူတြင္ ကားပိုင္ဆိုင္ေရးျပႆနာမွာ ဤမွ်ျဖင့္ မျပီးေသး။ စကၤာပူ၏ ကားသစ္တစ္စီး ေစ်းႏႈန္းကို ေလ့လာၾကည့္ပါ။

စကၤာပူတြင္ Luxury မ်ားထဲမွ အနိမ့္ဆံုးအဆင့္ ကားတစ္စီးအတြက္ပင္လွ်င္ ေစ်းႏႈန္းျမင့္မားစြာ ေပးရသည္။

ေအာက္အဆင့္ Mercedes-Benz C-Class (C180 Avantgarde ) ကားတစ္စီး၏ တန္ဖုိးမွာ စကၤာပူေဒၚလာ ၃၁၅၈၈၈ (ကန္ေဒၚလာ ၂၃၃၀၀၀) ခန္႔ ေပးရသည္။

ထိုသို႔ ကုန္က်စရိတ္ ၾကီးမားလွေသာ္လည္း စကၤာပူတြင္ အေကာင္းဆံုးဂ်ပန္ကားတစ္ခ်ဳိ႕ႏွင့္ ဥေရာပမွ ကားဆန္းမ်ား စကၤာပူတြင္ ေနရာတကာ၌ ေတြ႔ႏိုင္သည္။

Chen ႏွင့္ သူ၏ လမ္းညႊန္ Ben တို႔သည္ စကၤာပူရွိ ရြက္ေလွကလပ္တြင္ ျပဳလုပ္ခဲ့ေသာ ကားဝါသနာအိုးမ်ား ေတြ႔ဆံုပြဲသို႔ တက္ေရာက္ခဲ့သည္။

ထိုပြဲတြင္ Lamborghini Aventador မ်ား ၊ Skyline GT-R မ်ားႏွင့္ အျခားေသာ တန္ဖုိးၾကီးကားမ်ားစြာ ေတြ႔ရသည္။ စကၤာပူတြင္ ထိုသို႔ေသာ ကားမ်ား ပိုင္ဆိုင္ရမႈအတြက္ မည္မွ်ကုန္က်မည္ကို ေတြးေတာၾကည့္ႏိုင္သည္။

ေစ်းသက္သာေသာ Toyota AE86 ကားမ်ိဳးပင္လွ်င္ စကၤာပူတြင္ ေစ်းႏႈန္းျမင့္မားသည္။

ေနာက္ဆံုးေရာင္းခဲ့သည့္ တစ္စီးမွာ ေဒၚလာ ၂၇၅၀၀၀ ျဖင့္ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singapore Charges $80,000 For The Right To Own A Car (carbuzz)

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service